Channel Myanmar

Philip Wiegratz

Ruby Red (2013) 6.0
Ruby Red (2013) အချိန်ခရီးသွားတဲ့ ဇာတ်လမ်းမျိုးတွေ ကြည့်ချင်သူတွေအတွက်ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းကတော့ Kerstin Gierရဲ့ ruby red ဝတ္တု trilogyကိုပြန်လည်းရိုက်ကူးထားတဲ့ ဇာတ်ကားသုံးကားထဲကမှပထမဆုံး ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့မွန်ထရို့စ်နဲ့ ဗီလီယဲ မိသားစုနှစ်ခုအကြောင်းကနေ စပြောရမှာပါ။ဒီမိသားစုနှစ်ခုဟာ အချိန်ခရီးသွားနိုင်တဲ့အစွမ်းကို မျိုးရိုးဗီဇအရ မျိုးဆက်တစ်ခုမှာ တစ်ယောက်စီဆက်ခံခဲ့ကြတာပါ။မွန်ထရို့စ်မိသားစုမှာတော့ မိန်းကလေးတွေက ဒီအစွမ်းကိုပိုင်ဆိုင်ပြီး ဗီလီယဲ မိသားစုမှာတော့ ယောက်ျားလေးတွေက ပိုင်ဆိုင်ပါတယ်။ဂွမ်ဒိုလင်ဆိုတဲ့ ကောင်မလေးကတော့ မွန်ထရို့စ်မိသားစုမှာနေထိုင်သူဖြစ်ပြီး ဒီကိစ္စတွေကို အယုံအကြည်မရှိတဲ့သူပါ။တစ်နေ့မှာတော့ မွန်ထရို့စ်မိသားစုဝင်တစ်ဦးဖြစ်တဲ့ ချားလော့တ်ဟာသူ့ရဲ့မွေးနေ့မှာ အချိန်ခရီးသွားဗီဇကို စတင်ရရှိဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ဒါပေမယ့် အားလုံးထင်ထားသလို ဒီမျိုးရိုးဗီဇကိုဆက်ခံသူဟာ ချားလော့တ်မဟုတ်ပဲ ဂွမ်ဒိုလင်ဖြစ်နေတဲ့အခါမှာတော့ဂွမ်ဒိုလင်တစ်ယောက် သူ့ရဲ့အစွမ်းတွေကို ဘယ်လိုထိန်းချုပ်မလဲ၊ဒီမိသားစုတွေကြားမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာစိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းလို့ပြောလိုက်တာနဲ့အများစုကတော့ Dark seriesကို ပြေးမြင်မိကြမှာပါ။ဒီ movie trilogyကတော့ darkလို အရမ်းကြီးရှုပ်ထွေးမနေပဲပေါ့ပေါ့ပါးပါးနဲ့ darkလိုပဲ အချိတ်အဆက်မိမိကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။ပြီးတော့ adventureဇာတ်လမ်း အမျိုးအစားလည်းဖြစ်တာကြောင့်Funဖြစ်ပြီး ...
movie

Ruby Red (2013)

2013
Charlie and the Chocolate Factory(2005) 6.7
Charlie and the Chocolate Factory(2005) Charlie and the Chocolate Factory(2005)IMDb....6.7,,,,Rotten...82%ဝီလီဝန်ကာဟာ အကောင်းဆုံး ချောကလက်လုပ်တဲ့လူပါ...သူရဲ့ သူမတူတဲ့ချောကလက်လုပ်နည်းတွေကြောင့် လူတိုင်းသူ့ချောကလက်တွေကိုနှစ်သက်ခဲ့ကြတယ်။ ဆိုင်ကလေးကနေ စက်ရုံကြီး တည်ထောင်နိုင်တဲ့အထိအကြီးအကျယ်အောင်မြင်ခဲ့တဲ့ ချောကလက်လုပ်တဲ့သူ ဖြစ်ခဲ့တယ်။အောင်မြင်မှုတိုင်းမှာ တန်ဖိုးဆိုတာ ရှိပါတယ်....ဒီလိုနဲ့ သူရဲ့ အကျနေ့တွေရောက်လာခဲ့တယ်။ တခြား ချောကလက်လုပ်သူတွေဟာ ဝီလီရဲ့ နည်းတွေကိုသူလျှိုထည်ပြီး ခိုးခဲ့ကြပါတယ်...ဝန်ကာဟာ သိပ်မကြာခင်မှာပဲချောကလက်စက်ရုံကို ထာဝရ ပိတ်သိမ်းလိုက်ပါပြီလို့ကြေညာခဲ့ပါတယ်..။ထာဝရဆိုတာ...အချိန်အကြာကြီးဆိုတာကို ပြောတဲ့ နာမ်စားတစ်ခုပါပဲ...လူတွေကတော့ ထာဝရ ပိတ်သွားပြီပဲထင်ခဲ့ကြပါတယ်...စက်ရုံထဲကချောကလက်တွေ ထွက်မလာခင်အထိပေါ့.....။ပြန်မွေးဖွားလာတဲ့ဝန်ကာရဲ့ စက်ရုံနဲ့ အတူ ပဟေဠိတွေ ပေါ်ပေါက်ခဲ့ပါတယ်...စက်ရုံထဲမှာ ဘယ်သူတွေ အလုပ်လုပ်နေကြာတာလဲ.... မစ္စတာဝန်ကာရော ဘာဖြစ်သွားခဲ့တာလဲ....။စက်ရုံတံခါးကြီးကတော့ ပိတ်ဆဲ..လူတွေလည်း အံ့သြမြဲ..တစ်နေ့မှာ တော့...နှစ်ပေါင်းများစွာ လူအဝင်မခံခဲ့တဲ့ သူရဲ့ ချောကလက်စက်ရုံကြီးထဲကိုဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်စာကတော့ ရွှေရောင် လက်မှတ် ၅စောင် ဖြစ်ပြီးဒီ လက်မှတ်တွေကို ချောကလက်တွေရဲ့ အခွံံအောက်မှာ ထည့်သွင်းထားပါတယ်။၅ယောက်ထဲက တစ်ယောက်ကိုလည်း အထူးဆု တစ်ခုပေးဦးမယ်လို့ ပြောခဲ့တယ်။တစ်ကမ္ဘာလုံးက ကလေးတွေ... ဒီ လက်မှတ် ...
movie

Charlie and the Chocolate Factory(2005)

2005