Channel Myanmar

Philip Winchester

Flyboys(2006) 6.7
Flyboys(2006) Flyboys(2006)*************ဒီဇာတ်လမ်းဟာ ပထမကမ္ဘာစစ်စတင်ပြီး 1916 ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်‌ကိုပြန်ရိုက်ကူးထားတာပါ။ဒီကာလမှာက အမေရိကန်ဟာ စစ်ထဲဝင်မပါ‌သေးတော့ စစ်တိုက်ချင်တဲ့၊‌ လေယာဉ်မောင်းချင်တဲ့အမေရိကန်လူငယ်အချို့ဟာ စစ်ပညာသင်ပေးမယ့်ပြင်သစ်ကိုသွားပြီး စစ်ထဲဝင်ကြရပါတယ်။ အကြောင်းကြောင်းနဲ့ စစ်ထဲဝင်လာတဲ့သူတွေရှိသလို ကျဆုံးသွားသူတွေလည်း ဒုနဲ့ဒေးပါပဲ။ လေယာဉ်နဲ့ မစ်ရှင်လုပ်ရတိုင်း ဘယ်တော့သေမယ် မသိတဲ့ရတဲ့ လေယာဉ်မှူးတွေအတွက်ကတော့ကျဆုံးသတင်းဆိုတာ ထူးမခြားနားလိုဖြစ်နေပါပြီ။ မနေ့ကအတူရှိနေပြီး ဒီနေ့ကျဆုံးသွား၊ သူ့အတွက်လက်စားချေနိုင်မယ့်အချိန်ကိုစောင့်ရင်းအရက်တွေပဲသောက် ‌နောက်လူတွေကိုကာကွယ်ပေး အသက်ကိုစတေးခံ စတဲ့ သရုပ်တွေကိုကွက်ကွက်ကွင်းကွင်းမြင်ရမယ့်အပြင် လေယာဉ်အချင်းချင်း စီးချင်းတိုက်တာ‌တွေကိုတဝကြီးကြည့်ရှုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။File Size :(2.7GB) (1.1 GB) and (335MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:20:00 Genre : Action, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Flyboys(2006)

A Week In Paradise (2022) 5.2
A Week In Paradise (2022) A Week In Paradise (2022)===================Have you ever got out of complicated relationships like get away and find yourself again? အခုတစ်ခေါက် CM ရဲ့ ပရိသတ်ကြီးတွေကို မိတ်ဆက်ပေးချင်တာကတော့ Rom-com အမျိုးအစားဖြစ်တဲ့ ဒရာမာလေးပဲ ဖြစ်ပါတယ်။ မက်ဂီဆိုတဲ့ နာမည်ကြီးသရုပ်ဆောင်အမျိုးသမီးတစ်ယောက်ဟာ သူ့ဘဝရဲ့ အလုပ်အကိုင် အိမ်ထောင်ရေးစသဖြင့် အစစအရာရာအဆင်ပြေတယ်လို့ ထင်နေချိန်မှာ ရုတ်တရက်ကြီး သူ့အိမ်ထောင်ဘက်က ဖောက်ပြန်တယ်လို့ သိလိုက်ရတာကြောင့် လက်ရှိဘဝထဲကနေ ခဏရုန်းထွက်ဖို့အတွက် Nevis ဆိုတဲ့ ကျွန်းလေးကို အလည်သွားခဲ့ပါတယ်... အဲဒီကျွန်းလေးပေါ်မှာ သူ့ကိုယ်သူ သက်သာရဖို့ အနားယူနေရင်းနဲ့ စားဖိုမှူး တစ်ယောက်ဖြစ်တဲ့ ဆမ်နဲ့ တွေ့ဆုံဖြစ်ကြပါတယ်... ကဲ ဒါဆိုရင် မက်ဂီတစ်ယောက် ကျွန်းလေးပေါ်မှာ စိတ်ဒဏ်ရာကို ဘယ်လိုဖြေ ဖျောက်မလဲ ပျော်ရွှင်မှုကို ဘယ်လိုပြန်လည်ရှာဖွေမလဲဆိုတာကို ပြသထားတဲ့ ရိုမန့်တစ်ဆန်ဆန် ကျွန်းပေါ်က ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြိုက်နှစ်သက် မယ်လို့ထင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoonwahwah Theint ဖြစ်ပါတယ်)File Size - ...
movie

A Week In Paradise (2022)

2022
Endangered Species (2021)
Endangered Species (2021) Endangered Species (2021)====================မနက်ဖြန်မှ released date မို့ IMDb Rating မတတ်သေးပေမယ့် popularity တတ်နေတဲ့ Action, Thriller, R ratedကားကောင်းလေးပါ။အမေရိကန်က ဟယ်လ်ဆီမိသားစုက အားလပ်ရပ်မှာ အာဖရိက ကင်ညာကို လာပြီး သဘာဝတောရိုင်းတိရစ္ဆာန်တွေကိုလာရောက်ကြည့်ရှုအပန်းဖြေတာကနေ စတာပါ။ ပုံမှန် ဆာဖာရီ အလည်အပတ် ပတ်ကေ့ဂျ်မှာဆိုရင် လုံခြုံရေးကောင်းကောင်းနဲ့ ဒရိုက်ဘာ ဂိုက် ကောင်းကောင်းတစ်ယောက် ပါပေမယ့်။ အဖေဖြစ်သူက ကိစ္စတစ်ခုကြောင့် အလုပ်လက်မဲ့ဖြစ်သွားတော့ ခရီးစရိတ်ပိုက်ဆံမလောက်တော့မှာ အစိုးရိမ်လွန်ပြီး ပိုက်ဆံအကုန်သက်သာအောင် ဆာဖာရီစည်းမျဉ်းတွေတစ်ခုပြီးတစ်ခု ချိုးဖောက်မိကြပါတော့တယ်။ အဆင်မပြေမှုတွေက အတွဲလိုက်လာသလားလို့ကို ထင်ရလောက်အောင်သူတို့ ကားနဲ့လျှောက်ကြည့်ရင်း အနီးကပ်တွေ့ခဲ့တဲ့ ကြံ့မကြီးက ကလေးပေါက်စလေး မွေးထားတဲ့ ကြံ့မိခင်ကြီးဖြစ်နေတော့သားဇောနဲ့ ကားကို ကြိတ်ဖို့အလာ  သားဖြစ်သူက ကားမောင်းမကျွမ်းကျင်တော့ ကားနောက်ဆုတ်ချိန် မရလိုက်ဘဲကားရောလူတွေပါပက်လက်မှောက်ခုံတွေ ဖြစ်သွားပါတော့တယ်။ အကူအညီတွေနဲ့ အဝေးကြီးဝေးရာမှာ ဟယ်လ်ဆီမိသားစုကြီးဘယ်လို အဆင်ပြေအောင် လုပ်ကြမလဲ ...
movie

Endangered Species (2021)

2021
Solomon Kane 6.1
Solomon Kane Solomon Kane (2009) IMDb - 6.1/10_____Rotten - 67%    မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ။ ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ် မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်း သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။ အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။ ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဉာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ။ ဝိဉာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ် အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီး ဆန့်ကျင်ဘက်တွေလုပ်ရာမှ သူ့ဝိဉာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ်။    မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ဝိဉာဉ်ပြန်လာနှုတ်ပါတယ်။ ဒါပေမဲ့ ဆော်လမွန်ကိန်းက ပြန်မပေးပဲ အပြန်လှန်တိုက်ခိုက်ရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ပြေးရင်းပြေးရင်းမှ မိစ္ဆာတွေရဲ့ စက်ကွင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းထဲမှာ ရက်ရှည်လများစွာခိုအောင်းရင်း ဆိုးမိုက်မှု့တွေကိုစွန့်လွှတ်ကာ အေးချမ်းစွာနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ ဘုန်းတော်ကြီးက သူ့မွေးရပ်ဇာတိကို ပြန်ပြီးအမွေဆက်ခံဖို့စေလွှတ်ပါတော့တယ်။ အေးဆေးနေချင်တဲ့ ဆော်လမွန်ကိန်းတစ်ယောက် မငြင်းသာတော့ပဲ ခရီးရှည်ကြီးကို စတင်ရပါတော့တယ်။ လမ်းခရီးကမိတ်ဆွေတွေရှိနေသလို ...
movie

Solomon Kane

2009