Channel Myanmar

Philippe Duquesne

The Tiger Brigades (2006) 5.8
The Tiger Brigades (2006) The Tiger Brigades (2006) ==================== IMDb Rating - 5.8/10The Tiger Brigades ဟာ ၁၉၇၀-၈၀ ဝန်းကျင်မှာ အောင်မြင်ခဲ့တဲ့ ပြင်သစ် ဇာတ်လမ်းတွဲ Tiger Brigades ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ ၁၉၀၇ ပြင်သစ်မှာရာဇဝတ်မှုတွေအလွန်အမင်းတိုးပွားလာချိန်မှာ ဝန်းကြီးချုပ်ကလေ မန်ဆောက ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် အထူးတပ်ဖွဲ့တွေကိုဖွဲ့စည်းခဲ့ ပါတယ်။ အဲ့ဒီအဖွဲ့တွေကိုနောက်ပိုင်းမှာ ကလေမန်ဆောရဲ့နာမည်ပြောင်ကို အစွဲပြုပြီး ကျားတပ်ဖွဲ့လို့အများပြည်သူကသိလာကြပါတယ်။ဖြစ်ရပ်မှန်မဟုတ်ပေမယ့် သမိုင်းမှာတကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေ၊အထင်ကရ ဖြစ်ရပ်တွေကို စိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးထားတာပါပဲ။ဒီဇာတ်ကားမှာတော့ အထူးတပ်ဖွဲ့ဝင်တွေဟာ သာမန်လုယက်မှုတစ်ခုကို လိုက်မိရာကနေ သပွတ် အူထက်ရှုပ်ထွေးတဲ့၊နိုင်ငံရေးထိပ်သီးပုဂ္ဂိုလ်ကြီးတွေ၊ သြဇာကြီးတွေ ပါဝင် ပတ်သက်နေတဲ့အမှုတစ်ခုကို အစဆွဲထုတ်မိတာကိုတွေ့မြင်ရမှာပါ။မြင်နေကျ အမေရိကန်အထူးတပ်ဖွဲ့ကားတွေလို ကိရိယာအဆန်းတွေ၊ဇာတ်လိုက်တွေရဲ့ သူမတူအောင်စွမ်းဆောင်ပုံတွေကိုမြင်တွေ့ရမှာမဟုတ်ပဲ သာမန်လူတွေလို သွားလာလှုပ်ရှား စကားပြော ကောက်ချက်ဆွဲကြတဲ့ သဘာဝကျကျလူသား ဆန်ဆန်ရဲစုံထောက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.29 GB) / (968 MB) Quality............BLU-RAY 1080p / 720p Duration.........2Hr 05Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Crime Translator.......Alias Encoder..........SWM
movie

The Tiger Brigades (2006)

2006
Alibi.com 2 (2023) 6.5
Alibi.com 2 (2023)  Alibi.com ဆိုတာဘာလဲသိပါသလား။Alibi.com ဆိုတာသင့်ရဲ့ပြဿနာတွေအကုန်လုံးကိုဖြေရှင်းပေးနိုင်တဲ့ကုမ္ပဏီတစ်ခုပါ။ကိုယ့်မှာဘယ်လိုပြဿနာမျိုးတွေရှိရှိ အလီဘိုင် အတုလုပ်ပြီးလိမ်ညာပေးပြီးတော့ အကုန်လုံးကိုဖြေရှင်းပေးနိုင်ပါတယ်။အဲ့ဒီ အလီဘိုင်ကုမ္ပဏီရဲ့ပထမဆုံးဇာတ်ကားကိုတော့ ၂၀၁၇ မှာထွက်ရှိခဲ့ပြီးအခု ၂၀၁၃ မှာတော့ဒုတိယမြောက်ကားထွက်လာခဲ့ပါပြီ။ပထမကားကတည်းကဝက်ဝက်ကွဲရယ်ရလို့ Rating ကောင်းကောင်းနဲ့အားပေးမှုတွေအများကြီးရခဲ့တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။အခုဒုတိယမြောက်ကားမှာလည်း IMDb Rating 6.5 နဲ့ပွဲထွက်လာပြီးအရင်ဇာတ်ရှိန်ကိုမကျအောင်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ဒုတိယကားလေးမှာတော့Alibi.com ကြောင့်ရည်းစားဖြစ်သူနဲ့ ဆက်ဆံရေးပြတ်ဆဲတော့မလိုဖြစ်သွားခဲ့တဲ့တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂရက်ကကုမ္ပဏီကိုပိတ်သိမ်းပြီးတော့ချစ်ရသူနဲ့ပဲအတူတူနေနေပါတော့တယ်။ဒါပေမယ့် သူတို့နှစ်ယောက်လက်ထပ်တော့မဲ့အခါမှာတော့ အလီဘိုင်မဖြစ်မနေလုပ်ရမဲ့ ကိစ္စတွေပေါ်ပေါက်လာပြီးအရင်လိုအလီဘိုင်တွေ ပြန်လုပ်တဲ့အခါမှာတော့ဘယ်လိုအခွီတွေထပ်တွေ့ရဦးမလဲဆိုတာတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြဖို့ Recommend ပေးလိုက်ပါတယ်။ File size…1.73GB / 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Alibi.com 2 (2023)

Alibi.com(2016) 6.5
Alibi.com(2016)  ဟာသကားတွေစောင့်မျှော်နေသူတွေအတွက် ပြင်သစ်ဟာသကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဂရက်ဆိုတဲ့သူဟာ သူငယ်ချင်းတစ်ယောက်နဲ့အလီဘိုင်ဆိုတဲ့ကုမ္ပဏီတည်ထောင်ထားပါတယ်။သူတို့အလုပ်က နောက်မီးလင်း အရှုပ်ထုပ်ပေါင်းစုံကို လိုက်လံဖုံးဖိကူညီပေးတာပါ။တစ်ရက်မှာတော့ အချစ်ကိုအယုံအကြည်မရှိတဲ့ဂရက်က ဖလိုလို့ခေါ်တဲ့ ရှေ့နေကောင်မလေးနဲ့ ပန်းခြံမှာခွေးကိုလွှတ်ပေးလိုက်လို့ ကားတိုက်ခံရတာကစပြီး ရင်းနှီးသွားပါတယ်။နောက်တော့ သူတို့နှစ်ဉီးချစ်သူတွေဖြစ်လာကြပြီး ကောင်မလေးအိမ်လိုက်သွားရင်းက ဖလိုရဲ့အဖေက အလီဘိုင်ကုမ္ပဏီရဲ့ဖောက်သည်တစ်ဉီးဖြစ်နေတာကို သိလိုက်ရပါတယ်။ဖလိုက လိမ်လည်တာကိုသိပ်မုန်းတာကြောင့် ဂရက်ကသူ့လုပ်ငန်းကိုလည်းမပြောပြရဲသလို သူ့အဖေကိုလုပ်ပေးရမဲ့ ပြဿနာကလည်း သူ့ကောင်မလေးကိုသူ့သရုပ်မှန်ပေါ်လာဖို့ တဖြည်းဖြည်းလမ်းဆီကိုရောက်လာပါတယ်။ဂရက်တစ်ယောက် ဖလို့အဖေရဲ့ပြဿနာတွေဖြေရှင်းပေးရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ ၊ဖလို့အဖေရဲ့လျှို့ဝှက်ချက် သူ့ရဲ့လျှို့ဝှက်ချက်ကိုဆက်လက်ထိန်းသိမ်းနိုင်ပါမလား။သူတို့နှစ်ယောက်ရဲ့အချစ်ရေးကရော ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဉီး။သရုပ်ဆောင်တွေအဖြစ်နဲ့ Philippe Lacheau ၊ Élodie Fontan ၊ Didier Bourdon တို့ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကိုယ်တိုင်ကပဲရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ် Comedy ကားလေးဖြစ်ပါတယ်။ File size…1.96GB / 826.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ..... Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Alibi.com(2016)

30 Jours Max (2020)
30 Jours Max (2020) 30 Jours Max (2020) =============== IMDb Rating - 5.4/10ဒီဟာသဇာတ်ကား​လေးနာမည်က အလွန်ဆုံး ရက် ၃၀ပါပဲ။ ကျန်းကျန်းမာမာနဲ့ ဘဝကိုဖြတ်သန်း​နေရင်း ရုတ်တရက်ကြီးအသက်ရှင်သန်ရဖို့ ရက်၃၀ပဲကျန်​တော့ မယ်ဆိုရင် ကျွန်​​တော်တို့​ရော ဘာ​တွေလုပ်မိကြမလဲ။ ရာယန်းက ကပျက်ကျ​ချော် နိုင်တဲ့ရဲဝန်ထမ်းတစ်​ယောက်၊ အ​​​ဖေဖြစ်သူကိုဂုဏ်ယူ​စေဖို့ ရဲတပ်ဖွဲ့ထဲဝင်ခဲ့ပြီး ကြိတ်ကြိုက်​နေရတဲ့ တွဲဖက်​ရဲ​မေကိုလည်း အထင်ကြီး​အောင် လုပ်ပြချင်​နေတဲ့သူ​ ပေါ့။ ကံဆိုးချင်​တော့ သူရဲ့​ပေါ့တိ​ပေါ့ပျက်နိုင်မှု​တွေ​ကြောင့် အ​ရေးကြီးတဲ့စစ်ဆင်​ ရေးတစ်ခုမှာ အမှားလုပ်မိပြီး ရဲဌာနက ရဲ​ဘော်ရဲဖက်​တွေရဲ့ဖယ်ကျဥ်ခြင်းကို ခံရ တယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း သူ့ကိုရှိတယ်လို့​တောင် မထင်ဘဲ ချိုး နှိမ်ဆက်ဆံကြတယ်။ သူကိုယ်တိုင်ကလည်း တဖက်သားအ​ပေါ် လိုတာထက်ပိုပြီး သည်းခံတတ်တာလည်းပါတာ​ပေါ့။ဘယ်​လောက်သည်းခံလဲဆိုရင် ပြတ်သွားတာ တစ်နှစ်​လောက်ရှိနေပြီဖြစ်တဲ့ ရည်း စား​​ဟောင်းက သူငှား​နေတဲ့အိမ်​ပေါ်တက်​နေပြီး လူပါးဝတာကိုမှ ​ငြိမ်ခံပြီး ဆက်​နေ ခိုင်းတယ်။ အဲဒီ​နောက် ကြွက်တစ်​ကောင်နဲ့ဆရာဝန်တစ်​​ယောက်​ကြောင့် သူရဲ့ဘဝ က အကြီးအကျယ်​ပြောင်းလဲဖို့ဖြစ်လာတယ် ဘာ​တွေဘယ်လို​ပြောင်းလဲကုန်မလဲသိ ရဖို့ အ​ပြေး​လေး ကြည့်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.17 GB) / (420 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie

30 Jours Max (2020)

2020
The Truth About Charlie (2002)
The Truth About Charlie (2002)   Angella ဆိုတဲ့အမျိုးသမီးငယ်တစ်ဦးဟာ အပျော်ခရီးထွက်နေရင်း သူ့ယောက်ျားနဲ့ကွာရှင်းဖို့စိတ်ကူးနေပါတယ်။ ခရီးက‌နေအိမ်ရှိရာ ပဲရစ်မြို့ကိုပြန်လာချိန်မှာတော့ သူ့ယောက်ျားဖြစ်သူ အသတ်ခံလိုက်ရတာကို သိလိုက်ပြီး သူ့တိုက်ခန်းကလည်း ဟောင်းလောင်းဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ ပြင်သစ်ရဲတွေရော တခြားသူစိမ်းတွေကပါ သူ့ကိုလိုက်လံစုံစမ်းမေးခွန်းထုတ်ရာကနေ Angella လည်းခင်ပွန်းဖြစ်သူ Charles ရဲ့သရုပ်မှန်ကိုတဖြည်းဖြည်းပုံဖော်လာပါတော့တယ်။ 1963 က Cary Grant နဲ့ Audrey Hepburn တို့ရဲ့နာမည်ကျော်ဇာတ်ကားကြီး Charade ကိုပြန်ရိုက်ထားတာဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Mark Wahlberg, Thandiwe Newton နဲ့ Tim Robbin တို့ပါ၀င်ထားတဲ့ Mystery ကားလေးပါ။File size…(1.91GB)  / (924.47MB) /594.95MBMB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Truth About Charlie (2002)

A Very Long Engagement (2004) 7.6
A Very Long Engagement (2004) A very long engagement (2004)========================၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင်သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော်ဖွင့်ပါတော့တယ်။မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံးပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေအလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းအသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား?သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား?အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်  File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... ...
movie

A Very Long Engagement (2004)

Babysitting (2014) 6.7
Babysitting (2014) Babysitting (2014) =============== IMDb Rating - 6.7/10Babysitting ကလေးထိန်းတဲ့ရုပ်ရှင်ကားလေးပေါ့။ မှိုလိုပေါက်နေတဲ့ ကလေးထိန်းကားတွေလို ပိစိညှောင့်တောက်လေးကို ထိန်းရမှာမဟုတ် ဘူးဗျ၊ ၉နှစ် ၁၀ နှစ်ဆိုဒ်ကို ထိန်းရမယ့် adventure ဆန်ဆန်ရုပ်ရှင်ကား လေးပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ကြည့်လို့ကောင်းပါတယ် ။ဖရန့်က ကာတွန်းဆွဲဖို့အရူးအမူးဝါသနာပါပြီး ကာတွန်းဆွဲတာ ဘယ်လောက်ပဲ တော်တော် သူ့သူဌေးက သူ့ကိုရှိမှန်းတောင်မသိပါဘူး။ ဖရန့်က သူဌေးကို ဝင်မိတ်ဆက်မယ်ဆိုပြီး ရုံးခန်းထဲတိုးဝင်တာနဲ့ပဲ သူဌေးက မျက်မှန်းတန်းမိ သွားပါတယ်။ ဖရန့်ရဲ့ဘဝကြီးကို ဇောက်ထိုးဖြစ်အောင်လုပ်မယ့်နေ့ပေါ့။ အဲ့ဒီနေ့မှာ သူ့သူဌေးက ပါတီပွဲတက်စရာရှိလို့ အိမ်မှာကလေးထိန်းဖို့ ဖရန့်ကိုကမ်းလှမ်းလာပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီနေ့က သူ့မွေးနေ့ ၊ ဘဝ တစ်ဆစ်ချိုး အသက်(၃၀)ပြည့်တဲ့မွေးနေ့။ဒါပေမဲ့ သူလက်ခံခဲ့ပါတယ်.. သူ့အိမ်မက်တွေရှိသေးတယ်လေ။ ဂျစ်ကန်ကန် ကလေးကို ထိန်းရမယ့်အပြင် သူ့မိတ်ဆွေတွေကလည်း မွေးနေ့ပါတီကို ဘော်ဒါ စိတ်အပြည့်နဲ့ ဖန်တီးခဲ့တာဆိုတော့ ဖရန့်တစ်ယောက် ဘယ်လိုတွေတိုင်လည်မလဲ၊ ကလေးနဲ့ဘယ်လို လုံးပါးပါးမလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ရယ်ရယ်မောမောနဲ့ပေါ့ပေါ့ ပါးပါးကြည့်ရှုရမယ့်ကားလေးဖြစ်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုအပန်းဖြေနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(2.29 ...
movie

Babysitting (2014)

2014
[18+] Sexual Chronicles of a French Family (2012) 5.3
[18+] Sexual Chronicles of a French Family (2012) ရိုမိန်းဆိုတဲ့အသက်ဆယ့်ရှစ်နှစ်ကောင်လေးတစ်ယောက်ဟာ တစ်ခြားသူ့အရွယ်ကောင်လေးတွေလိုပဲ လိင်မှုကိစ္စကို စတင်စူးစမ်းဖို့စိတ်အားထက်သန်နေပါတယ်။ သူ့အစ်ကိုဆိုတဲ့ ငနဲကလဲရုပ်ဖြောင့်စော်ကြည် ဂေါ်ဘဲအထာနဲ့ဆိုတော့ သူ့အစ်ကိုနဲ့ယှဉ်ပြီး သူ့ကိုယ်သူအားငယ်ယုံကြည်စိတ်ချမှုမဝံ့မရဲနဲ့ စိတ္တဇဖြစ်နေရပါတယ်။တစ်နေ့တော့ သူ့အတန်းထဲမှာ ငါးဦးကော်မတီထိုင်(သိတယ်နော်)နေတာကို ဗီဒီယိုရိုက်နေရင်းတန်းလန်းဘိုင်အိုဆရာက မိသွားတဲ့အခါမှာတော့ သူ့အမေကိုခေါ်တွေ့ပြီးကျောင်းခဏနားဖို့ဒဏ်ချခဲ့ပါတယ်။ ဒီမှာပဲမိခင်ဖြစ်သူ ကလဲရ်အနေနဲ့ သူ့ကလေးတွေအပေါ် သူတို့ဟာလိင်ပညာပေးဆွေးနွေးဖို့လိုအပ်နေကြောင်း သတိထားမိသွားပြီး အချင်းချင်းပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးကြရာကနေ ဒီမှတ်တမ်းကြီးဖြစ်ပေါ်လာခဲ့တာပါပဲ။comedy/drama အမျိုးအစားကိုမှ Borat တို့ What we do in the shadow တို့လို mockumentary ပုံစံမျိုးနဲ့တင်ဆက်ထားတာပါ။ ဘာမှဒရာမာတွေမချိုး၊ပညာပေးစကားတွေရှည်ရှည်ဝေးဝေးတွေ မပါပဲနဲ့ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ကြည့်ကြရမယ့်ဇာတ်ကားဖြစ်ပါတယ်။အရေးကြီးတာ အခုမှလာပါမယ်။ လိင်မှုကိစ္စအရာမှာတော့ ရှယ်ပလန်နဲ့ရှယ်ကြမ်းတဲ့ဇာတ်ကားဖြစ်တဲ့အတွက် 21 plus လောက်ဖြစ်သွားပါလိမ့်မယ်။ ဗားရှင်းနှစ်မျိုးရှိတဲ့အနက်မှာမှ ဘာမှတည်းတာဖြတ်တာမပါတဲ့ မူရင်းအော်ရီဂျင်နယ်ပြင်သစ်ဗားရှင်းဖြစ်နေတဲ့အတွက် ကွက်ကွက်ကွင်းကွင်းမုန့်တီဟင်းလို ဘွင်းဘွင်းကြီးတွေမြင်ရတွေ့ရပါလိမ့်မယ်။ကိုယ့်ဖာသာတိတ်တခိုးကြည့်မှအဆင်ပြေမယ့်ကားမျိုးပါပဲ။(Dark Side Production မှ တင်ဆက်သည်။) File size…(1.2 GB) / (700 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by ALS
movie

[18+] Sexual Chronicles of a French Family (2012)