Channel Myanmar

Philippe Ohrel

The Colors of Fire (2022)
The Colors of Fire (2022) ဒီဇာတ်ကားထဲမှာ ဘဏ်လုပ်ငန်းရှင်သူဌေးကြီးမာဆယ်ပယ်ရီကော့ရဲ့စျာပနနဲ့ ဇာတ်လမ်းကိုစတင်ခဲ့တယ်။ သူဌေးသမီး မယ်ဒလင်းက ဖခင်မရှိတော့တဲ့နောက်မှာ အားကိုးရာမဲ့သွားရာကနေ စီးပွားရေးမှာ မိတ်ဆွေရင်းတွေဆီက သစ္စာဖောက်မှုကိုခံခဲ့ရပြီး ဖခင်ဆီကရရှိခဲ့တဲ့အမွေအားလုံးဆုံးရှုံးသွားတော့တယ်။ သစ္စာဖောက်တဲ့သူတွေကလည်း မယ်ဒလင်းယုံကြည်ခဲ့ရတဲ့အနီးဆုံးလူတွေပဲဖြစ်နေခဲ့တယ်။ ဒီဖြစ်ရပ်ဆိုးတွေမဖြစ်ခင် သူဌေးကြီးပယ်ရီကော့ရဲ့စျာပနမှာကတည်းက မယ်ဒလင်းရဲ့ ၁၁နှစ်အရွယ်သားဖြစ်သူပေါလ်က အဖိုးရဲ့အခေါင်းအပေါ်ကိုခုန်ချခဲ့တယ်။ ဒီလုပ်ရပ်ကရော ဘာအတွက်ကြောင့်ဖြစ်မလဲ?ဖြစ်ရပ်ဆိုးတွေအပြီးမှာ မယ်ဒလင်းဟာ သားဖြစ်သူနဲ့အတူ သာမန်လူတန်းစားဘဝမှာ ၅နှစ်ကြာဖြတ်သန်းရင်း သူမကိုသစ္စာဖောက်ခဲ့တဲ့သူတွေရဲ့သတင်းကိုပဲ တစ်ချိန်လုံးလိုက်နေခဲ့တယ်။ နောက်ဆုံးမှာ သူမရဲ့လက်စားချေပွဲက အရာထင်မလားဆိုတာ...။ လက်စားချေဇာတ်လမ်းမျိုးဆိုပေမဲ့ tensionမများပဲ ငြိမ့်ငြိမ့်ညောင်းညောင်းပုံစံမျိုးနဲ့ တင်ဆက်ရိုက်ကူးထားတဲ့ကားမျိုးပါပဲ။ ဇာတ်လမ်းထဲမှာ မတူတဲ့ရှုထောင့်အမျိုးမျိုးနဲ့ကြည့်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ်လည်းပါပါတယ်။ ဇာတ်ကားတစ်ကားလုံးခြုံပြောရရင် စိတ်ကူးယဥ်ဆန်တဲ့ဇာတ်လမ်းမျိုးတော့မဟုတ်ပဲ လူ့ဘဝထဲက လက်တွေ့ဖြစ်ပျက်တတ်တဲ့အကြောင်းအရာတွေကိုမှ ကဗျာဆန်ဆန် တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…(2.3 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:15:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su ...
movie

The Colors of Fire (2022)

Sauvage(2018) 7.0
Sauvage(2018) Sauvage(2018)IMDb....7.0ဒီကားက Gay တစ်ယောက်ရဲ့ ညဥ့်နက်ချိန်တွေဖြတ်သန်းရတဲ့ အကြောင်းကို အဓိကရိုက်ပြထားပါတယ်...... ပြောရရင် ညဥ့်ငှက် Gay ကောင်လေးတစ်ယောက်ဆိုပါတော့..... ဒါဆိုရင်တော့ သူလှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ရိပ်မိကြမယ်ထင်ပါရဲ့...... သူပျံသန်းတဲ့ ပတ်ဝန်းကျင်ဟာ လူတန်းစားအစုံပါပဲ... သူတို့ တဏှာစိတ်ပြေတာနဲ့ အမှိုက်တစ်စလိုလွှင့်ပစ်တတ်ကြသလို တစ်ခါတစ်ရံ လူသားမဆန်စွာ နှိပ်စက်တတ်ကြပါသေးတယ်.... ပေးဆပ်ရတာနဲ့မတန်တဲ့ ငွေအကြွေတစ်ချို့ကို မျက်ရည်သုတ်ပြီး ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ ကျောခင်းစရာလိုက်ရှာရတဲ့ သူ့အဖြစ်က တကယ့်ကိုသနားစရာပါပဲ.... ကိုင်းခံစားကြည့်လိုက်ပါဦး.... ဒီကားက 18+ အမျိုးအစားဖြစ်လို့ မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်းပြောကြားပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်...      File Size : (900 MB) and (380 MB) Quality : WEB-DL 720p, Format…mp4 Duration…01:39:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae
movie

Sauvage(2018)

2018