Channel Myanmar

Philippe Paimblanc

Summer Hours (2008) 7.2
Summer Hours (2008)   Rotten Tomatoes 94% IMDb 7.2အထိရရှိခဲ့ပြီး ဆု ၈ ခုနဲ့ ဆန်ကာတင် ၂၃ ခုကိုဆွတ်ခူးခဲ့တဲ့ ၂၀၀၈ ခုနှစ်ထွက် အနုပညာ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပြင်သစ်မိသားစု ဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီရုပ်ရှင်ထဲမှာ အထင်ကရ ပြင်သစ်ပန်းချီပညာရှင်၊ လက်မှုပညာရှင်တွေနဲ့ နာမည်ကျော်အနုပညာလက်တွေအကြောင်းကို အလျှံပယ်တွေ့ရှိရမှာပါ။ဟယ်လင် ဟာ နာမည်ကြီး ပြင်သစ်ပန်းချီဆရာ အနုပညာစုဆောင်းသူတစ်ဦးဖြစ်တဲ့ Paul Berthier ရဲ့တူမဖြစ်ပြီး Paul Berthier ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ဦးလေးဖြစ်သူရဲ့ အိမ်ခြံနဲ့ တန်ဖိုးကြီးအနုပညာပစ္စည်းတွေကို ဆက်လက်ထိန်းသိမ်းပေးနေတဲ့ ၇၅နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်ပါ။ဟယ်လင်ရဲ့ သားသမီးသုံးယောက်ဖြစ်သူ ဖရက်ဒရစ်၊ ယေဟေမိနဲ့ ‌‌အေဒရီယန်တို့ဟာ ၎င်းတို့ရဲ့မိသားစုတွေနဲ့အတူ မိခင်ကြီးရဲ့ ၇၅နှစ်ပြည့်မွေးနေ့မှာ တွေ့ဆုံကြဖို့အတွက် ငယ်ဘ၀ကအိမ်လေးဆီ အရောက်ပြန်လာခဲ့ကြပါတယ်။ထို့နောက် ဟယ်လင်ဟာ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာတော့ ဖရက်ဒရစ်၊ ယေဟေမိနဲ့ အေဒရီယန်တို့သုံးဦးဟာ အမေဖြစ်သူဟယ်လင် ဘ၀တလျှောက်လုံးထိန်းသိမ်း‌‌စောင့်ရှောက်လာခဲ့တဲ့ Paul Berthier ရဲ့အိမ်တော်ကြီးနဲ့ ...
movie

Summer Hours (2008)

Taxi 3 (2003) 5.8
Taxi 3 (2003) Taxi 3 (2003)IMdb Rating (5.8) / Rotten Tomatoes (51%)Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့  ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ...ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်...ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ ...
movie

Taxi 3 (2003)

2003
1080p HEVC
Amélie (2001) 8.3
Amélie (2001) Amélie(2001)========================IMDb Rating- 8.3/10 Rotten Tomatoes- 89% "အဲ့ကောင်မလေးက သူများရဲ့ ကမောက်ကမ ဘ၀တွေကို ကူပြင်ပေးဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လေ" "ကိုယ့်ဘ၀ကိုယ်ကျတော့ရော မပြင်ဘူးလား? ကိုယ်ရဲ့ ကမောက်ကမဖြစ်နေတဲ့ ဘ၀ကို မပြင်ဘူးလား? ကိုယ်မှ မပြင်ရင် ဘယ်သူက လာပြီး ကူပြင်ပေးမှာလဲ? " -Amélie(2001) ကျောင်းတက်ဖို့အရွယ်ရောက်လာတဲ့Amélie Poulainကို သူ့အဖေက နှလုံးရောဂါရှိတယ်လို့ အမှတ်မှားပြီး ကျောင်းမထားပါဘူးဒီတော့ သူ့အမေက သူ့ကို အိမ်မှာပဲ ထားပြီး ကိုယ်တိုင် စာသင်ပေးပါတယ်အဲ့အချိန်ကစပြီး Amélieက အထီးကျန်တဲ့လူတစ်‌ယောက်ဖြစ်လာပြီး သူ့အထီးကျန်မှု‌တွေကို စိတ်ကူးယဉ်မှု‌တွေနဲ့ပဲ အဖော်ပြုခဲ့ပါတယ်ဒါကြောင့် အရွယ်ရောက် အလုပ်လုပ်နေတဲ့အချိန်မှာ ကိစ္စတိုင်းကို သူမတူတဲ့အမြင်နဲ့ ရှုမြင်တတ်တဲ့လူတစ်ယောက်ဖြစ်လာပါတယ်မင်းသမီး ဒိုင်ယာနာဆုံးတဲ့ ၁၉၉၇ခုနှစ် ဩဂုတ်လ ၃၁ရက်မှာ သူ့ကံကြမ္မာပြောင်းဖို့ ဖြစ်လာပါတယ်အဲ့နေမှာ Amélieက သူ့တိုက်ခန်းထဲကနေ ဘူးတစ်ဘူးရှာတွေ့ပါတယ်အဲ့ဘူးက တခြားတော့ မဟုတ်ပါဘူးလွန်ခဲ့တဲ့ နှစ်လေးဆယ်က သူ့တိုက်ခန်းမှာနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ပစ္စည်းပါအဲ့ဘူးလည်း တွေ့တော့ Amélieက ...
movie

Amélie (2001)

2001