Channel Myanmar

Phoebe Gittins

The Lord of the Rings: The Fellowship of the Ring (2001) 8.8
The Lord of the Rings: The Fellowship of the Ring (2001) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Lord of the Rings: The Fellowship of the Ring (2001)

2001
4K HEVCHDR
The Lovely Bones (2009) 6.7
The Lovely Bones (2009) The Lovely Bones 2009 --------------------------- စာရေးဆရာမ Alice Sebold ရဲ့ ရောင်းအားအကောင်းဆုံး ဝတ္ထုဖြစ်တဲ့ ဒီဇာတ်လမ်းလေးကို ဆုရဒါရိုက်တာတစ်ဦးဖြစ်တဲ့ Andrew McKeoughက ၂၀၀၉ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်. ဒီဇာတ်လမ်းအပေါ်သူတို့ရဲ့ အားစိုက်မှုကြောင့် အော်စကာဆုမှာလဲ ဇကာတင်အနေနဲ့ ပါခဲ့ပြီး ဆုပေါင်း၁၀ဆုနဲ့စကာတင် ၄၆ဆုထိ ရခဲ့တဲ့ ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ်.....ဇာတ်လမ်းအကျဉ်း ----------------- သူမ နာမည်က ဆယ်လ်မွန်ပါ(ငါးနာမည်လေးတစ်ခုပေါ့) ဆယ်လ်မွန်က ၁၄နှစ်ရွယ်ရွှေအိုရောင်ဆံပင်လေး မျက်လုံးပြာပြးလေနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးမလေးပါပဲ. သူမရဲ့နှလုံးသားဟာလဲ မိသားစုကပေးတဲ့ချစ်ခြင်းတွေ သူမက မိသားစုအပေါ်ထားတဲ့ ချစ်ခြင်းတွေနဲ့ နွေးထွေးနေခဲ့တာပါ.ဒီလို ဘဝကို ကြင်နာမှုတွေ မေတ္တာတွေနဲ့ အေးချမ်းစွာ ဖြတ်သန်းနေခဲ့တဲ့ ဆယ်လ်မွန်လေးဟာ အသက်၁၄နှစ်အရွယ်မှာ လူသတ်ခံခဲ့ရပါတယ်. သတ်တဲ့လူကလဲ သိပ်ကို စိတ္တဇတဲ့လူတစ်ယောက်ပေါ့ဗျာ. ဒီလောက်ဖြူစင်တဲ့ကလေးမလေးဟာ ဆန္ဒမပါပဲ အဓ္ဓမပြုကျင့်ခြင်းကို ခံခဲ့ရပြီး သေဆုံးသွားပြီး နောက်မှာတော့ သူ့ရဲ့ဝိညာဉ်က........... သရုပ်ဆောင်အနေနဲ့လဲ ဆယ်လ်မွန်လေးရဲ့ အဖေနေရာမှာ မင်းသားကြီးMark Wahlberg နဲ့ အမေနေရာမှာ Rachel Weiszဆိုတော့ ရင်ထဲကိုရောက်စေမယ့် Dramaဇာတ်လမ်းတပုဒ်မလို့ ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်...  Translated by :: Mr.AndersonEncoded and Reviewed by : YKFile Size : 1.9Gb and1.04GBQuality : 1080op Blu-Ray 5.1Ch ...
movie

The Lovely Bones (2009)

2009