Channel Myanmar

Pierre Poirot

An Officer and a Spy (2019) 7.2
An Officer and a Spy (2019)  ၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကိုဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး...2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံးဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်...။ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့...၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက်သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်...။ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်...။ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ...သူ့ကိုညွှန်းဆိုထားတာလဲရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ...။အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲနိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်...။ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်....။လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ...တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲအလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်းသပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ...။အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ"အရာရှိတစ်ဦးနဲ့သူလျှိုတစ်ယောက်"အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

An Officer and a Spy (2019)

Lost Illusions (2021) 7.4
Lost Illusions (2021)  Rotten Tomatoes မှာ 93% , IMDb မှာ 7.4 Ratingရထားတဲ့ပြင်သစ်ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ရပါတယ်။ ၁၉၈၀ ခုနှစ်မှာ အသက် ၂၀ အရွယ်ကဗျာဆရာလေးတစ်ယောက်ဖြစ်တဲ့လူစီယန်က အသိုင်းအဝိုင်းကြီးတစ်ခုကအိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်မိပြီးတဲ့နောက်မှ သူ့ရဲ့အိမ်ကနေ ပဲရစ်ကိုထွက်ခွာလာခဲ့ရပါတော့တယ်။စစချင်းမှာတော့ပဲရစ်မှာဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ ပါလာတဲ့ ပိုက်ဆံလေးတွေလဲ ပြောင်ခဲ့ပါတော့တယ်။ ဒါပေမယ့်သူ့ရဲ့ ကဗျာစွမ်းရည်နဲ့စာရေးတဲ့ စွမ်းရည်က သူမတူပဲအရမ်းထူးချွန်ပြောင်မြောက်နေတဲ့အတွက် အရည်အချင်းရှိသူတွေအတွက် နေရာမရှားပါဘူးဆိုတာကိုသက်သေပြသွားပြီးတော့ သတင်းစာတိုက်တစ်ခုမှာအလုပ်ရသွားပါတော့တယ်။နောက်ပိုင်းမှာတော့လူစီယန်တစ်ယောက်ကျော်ကြားမှုနဲ့ချမ်းသာမှုတွေလဲပြန်ရလာခဲ့ပါတော့တယ်။ ဒါပေမယ့်ကံကြမ္မာဆိုတာက ချိုတစ်လှည့်ခါးတစ်လှည့်ဆိုတဲ့ အတိုင်းပဲသူ့ဘဝရဲ့ကျရှုံးချိန်တွေကိုရော ဘယ်လိုပြန်ရောက်သွားမလဲဆိုတဲ့ကဗျာဆရာလေးရဲ့ ပဲရစ်မှာကြုံရဆုံရစွန့်စားခန်းအမျိုးမျိုးအဖုံဖုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။  File size…1.99GB / 785MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….2h 29m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Lost Illusions (2021)

Lucy ( 2014 ) 6.4
Lucy ( 2014 ) Lucy ( 2014 ) အညွှန်း********************* လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားကလူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့......................နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johanssonခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik ကJohansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေတော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က ...
movie

Lucy ( 2014 )

2014
4K HEVC