Channel Myanmar

Pio Marmaï

A Difficult Year (2023) 6.2
A Difficult Year (2023) အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ အဲလ်ဘတ်နဲ့ဘရူနိုဆိုတဲ့ ကလိမ်ကျတတ်တဲ့လူလိမ်နှစ်ယောက်ဟာ အမှတ်မထင်တွေ့ဆုံမိရာကနေခင်မင်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ဖို့လှုံ့ဆော်တဲ့တက်ကြွလှုပ်သူများအဖွဲ့ရဲ့ ဟောပြောဆွေးနွေးပွဲမှာ မုန့်နဲ့ဘီယာတွေအခမဲ့တိုက်ကျွေးတယ်ဆိုလို့ တက်ရောက်ရာကနေ ထိုအဖွဲ့ထဲသို့ ဘုမသိဘမသိနဲ့အဖွဲ့ဝင်ဖြစ်လာပါတယ် အဲ့အဖွဲ့မှာတက်ကြွလှုပ်ရှားမှုတွေလုပ်ရင်းနဲ့ သူတို့အတွက် ကိုယ်ကျိုးစီးပွားအမြတ်ထွက်အောင်ခိုးပြီးလုပ်လေ့ရှိပါတယ်ဒါပေမဲ့ အဲလ်ဘတ်တစ်ယောက် အဲ့အဖွဲ့ရဲ့ဦးဆောင်သူ"ဗယ်လန်တိုင်း"ဆိုတဲ့ကောင်မလေးကိုချစ်မိသွားတဲ့အခါမှာ...........ဗယ်လန်တိုင်းကရော အဲလ်ဘတ်က တက်ကြွလှုပ်ရှားမှုတွေမှာ တကယ်စိတ်ပါလို့မဟုတ်ဘဲ အကျိုးစီးပွားအတွက် ပါဝင်ခဲ့တာဆိုတာကိုသိသွားမလား........ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

A Difficult Year (2023)

The First Day of the Rest of Your Life (2008) 7.6
The First Day of the Rest of Your Life (2008)   ဒီဇာတ်ကားလေးကတော့IMDb 7.6 အထိရရှိထားပြီး Rotten tomatoes မှာ 81% အထိ ရရှိထားတဲ့ မိသားစုကားလေးပါတက္ကစီမောင်းသူ ရောဘတ် ဒူဗယ်နဲ့ ဇနီးဖြစ်သူ မယ်ရီတို့မှာ သားကြီး အလ်ဘတ် သားလတ် ရက်ပ်နဲ့ သမီးဖြစ်သူ ဖလဲယူဆိုတဲ့ သားသမီးသုံးယောက်ရှိပါတယ် သားသမီးတွေ ငယ်စဉ်ကနေ အရွယ်ရောက်တဲ့အချိန်အထိ ပြုစုပျိုးထောင်ပုံ သားသမီးနဲ့ မိဘကြား ဖြစ်တတ်တဲ့ပြဿနာတွေ မိသားစုတစ်ခုမှာ ဖြစ်တတ်တဲ့ နာကျင်စရာတွေ ကြည်နူးစရာတွေကို ရိုက်ပြထားတာဖြစ်ပါတယ် အမျိုးစုံသော ခံစားချက်တွေကို ပေါ်လွင်အောင်ရိုက်ပြထားတာဖြစ်ပြီး ကြည့်ရှုပြီးသွားရင်လည်း ရင်ထဲမှာ တစ်ခုခုကျန်ရှိအောင် စွမ်းဆောင်နိုင်တဲ့ ဇာတ်ကားလေးမလို့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ...... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:54:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban 
movie

The First Day of the Rest of Your Life (2008)

The Three Musketeers: D’Artagnan (2023) 7
The Three Musketeers: D’Artagnan (2023) The Three Musketeers: D'Artagnan (2023)~ IMDb - 6.9/10, Rotten Tomatoes - 96% ~ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent ...
movie

The Three Musketeers: D’Artagnan (2023)

2023
4K HEVC
Ride Above (2022) 6.1
Ride Above (2022) Ride Above (2022) ============== IMDb Rating - 6.1/10ဒီဇာတ်လမ်း​လေးမှာ အ​ကြောင်းကိစ္စတစ်ခုခု​ကြောင့် စိတ်ပင်ပန်း ပြီးခက်ခဲလာရင်​တောင် အားမ​လျှော့ဘဲ မဆုတ်မနစ်ကြိုးစားရင် အရာရာကို​ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ သီအိုရီကို ကျကျနနပုံ​ဖော် ထားတယ်။ မြင်း​တွေနဲ့လူ​တွေရဲ့သ​ဘောသဘာဝကို အသာ​ပေးရိုက် ပြထားတာ​ကြောင့် အပြင်​လောကမှာဖြစ်ပျက်​နေတာ​တွေနဲ့ဆက် စပ်​မှုရှိပါတယ်။​​ဂျော်ကီတစ်​ယောက်ဖြစ်တဲ့ ဖီးလစ်က ပြိုင်မြင်း​တွေကို​လေ့ကျင့် ပေးတဲ့ထရိန်နာပါ။ သူ့ရဲ့လုပ်​ဖော်ကိုင်ဖက်ကူပါး ​ငွေစိုက်သူ​ပေါ့ သူတို့နှစ်​ယောက်လုံးရဲ့ရည်မှန်းချက်က မြင်းပြိုင်ပွဲမှာဗိုလ်ဆွဲဖို့ပါ။ ဖြစ်ချင်​တော့ ကိစ္စ​တွေက ထင်သ​လောက်မလွယ်ကူခဲ့ပါဘူး။ ဖီလစ် တစ်​ယောက် ပြိုင်ပွဲမှာအနိုင်ရဖို့ အစွမ်းကုန်ကြိုးစား​နေချိန်မှာ "ကံဆိုးမသွား​လေရာ အရပ်တိုင်း မိုးလိုက်၍ရွာ"ဆိုသလို သမီး ဖြစ်သူကို ဒုက္ခိတဖြစ်သွား​စေတဲ့အ​ခြေအ​နေနဲ့ ကြုံ့​တွေ့လိုက်ရတဲ့ အခါမှာ​တော့...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(2.23 GB) / (972 MB) / (543 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 49Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......ZWT Encoder..........SWM
movie

Ride Above (2022)

2022
En Corps(Rise) (2022) 7.2
En Corps(Rise) (2022) En Corps(Rise) (2022) ================ IMDb Rating - 7.2/10ဇတ်လမ်းလေးကတော့ ဘဲလေးကချေသည်လေးအဲလစ်မှာ စင်ပေါ်မှာဖျော်ဖြေနေတုန်းမှာ ခြေကျင်းဝတ်ဒဏ်ရာရသွားတယ်၊ အရင်ကတည်းကဒဏ်ရာဟောင်းကိုပဲသုံးခါလောက်ထပ်ဖြစ်တော့ ဆရာဝန်က ဘဲလေးအကကို နှစ်အနည်းငယ်လောက်နားဖို့ပြော လိုက်တာပေါ့၊ ငယ်ငယ်ကတည်းက ဘဲလေးအကကို ကလာတာ ရယ် ရူးသွပ်တဲ့စွဲလန်းမှုတွေကြောင့် ရပ်နားရမယ်လို့ကြားလိုက်ရတဲ့ စကားကသူ့အတွက်အတော်လေးစိတ်ဓာတ်ကျစေတယ်။အက မကရတဲ့အတွက်အခြားအလုပ်ကိုပြောင်းပြီးလုပ်မယ်လို့ စိတ်ကူးရင်းနဲ့ သူငယ်ချင်းဆဘရီနာနဲ့ဆက်သွယ်ဖြစ်တယ်၊ ဆဘရီ နာရဲ့ ချစ်သူက အနုပညာသင်တန်းတစ်ခုမှာစာဖိုမှူးလုပ်နေတာဆိုတော့ အဲလစ်လည်းလက်ခံလိုက်တယ်၊ဆေးကုနေရင်း အနုပညာသင်တန်းမှာ ခေတ်ပေါ်အကကိုတဖြည်းဖြည်းနဲ့လိုက်က ကြည့်တယ်၊ ဒဏ်ရာက တဖြည်းဖြည်းသက်သာတဲ့အတွက် ခေတ်ပေါ်အကအဖွဲ့ကိုဝင်ကရင်းနဲ့ စင်ပေါ်မှာပြန်လည်တင်ဆက်နိုင်ဖို့အတွက် ကြိုးစားအားထုတ်မှုတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက်ကြည့်ရှုပေးပါဦးလို့ပြောလိုက် ပါရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.2 GB) / (870 MB) / (514 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 57Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Tin Myo Lwin Encoder..........SWM
movie

En Corps(Rise) (2022)

2022
The Trouble with You (2018) 6.2
The Trouble with You (2018) The Trouble with You (2018) ===================== IMDb Rating - 6.2/10ဒီတစ်ခေါက်မှာတော့ ၂၀၁၈ က ထွက်ရှိထားတဲ့ comedy drama ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျင်းန် ဆိုတာကတော့ မြို့ရဲ့ အထူးချွန်ဆုံးရဲအရာရှိတစ်ဦးဖြစ်ပြီး ပြစ်မှုတွေကို ဖြေရှင်းရင်း အသက်ပေးလိုက်ရတဲ့ သူတစ်ဦးပါ။ သူ့မှာ အီဗန်ဆိုတဲ့ ဇနီးဖြစ်သူ တစ်ဖြစ်လဲ ရဲ၀န်ထမ်းမ တစ်ဦးနဲ့ သားကလေး တစ်ဦး ကျန်ရှိနေခဲ့တယ်။အီဗန်ဟာ သူတို့ရဲ့ သားလေးကို သူ့အဖေရဲ့ စွန့်စားခန်းတွေကို ညစဉ် အိပ်ယာ၀င်ပုံပြင်အဖြစ် ပြောပြရင်း ဖြတ်သန်းနေတာပေါ့။ တိုက်ဆိုင် ချင်တော့ တစ်နေ့မှာ သူ့ခင်ပွန်းရဲ့ သူရဲကောင်းဘွဲ့ ချီးမြှင့်ပြီး အပြန်မှာ အမှုတစ်ခုနဲ့တိုးပြီး ခင်ပွန်း ဂျင်းန်ဟာ သူထင်ထားသလို ဖြောင့်မတ် မှန်ကန်တဲ့ရဲ မဟုတ်ဘဲ တကယ့် ‌ငပွေဂျပိုး ရဲ တစ်ယောက်ဖြစ်နေမှန်း အီဗန်တစ်ယောက် သိလိုက်ရပါတယ်။တစ်သက်လုံးသိလာရတဲ့ အရာတစ်ခုဟာ အမှန်တရားမဟုတ်တဲ့အတွက် အီဗန်တစ်ယောက် ဆောက်တည်ရာမရဖြစ်ပြီး ဓါးပြမှုတစ်ခုကနေ သူ့ခင်ပွန်း မတရားထောင်ချခဲ့တဲ့ အန်တွမ်ဆိုတဲ့ သူနဲ့ သွားတွေ့ဖို့ ကြိုးစားရင်း ပြဿနာတွေ တောက်လျှောက်တက်လာတဲ့အကြောင်းကို ...
movie

The Trouble with You (2018)

2018
Happening (2021) 7.4
Happening (2021) Happening (2021)ဒီဇာတ်ကားလေးဟာ Annie Ernaux ရဲ့ "Happening" ဆိုတဲ့ ဝတ္ထုလေးကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.4 အထိရရှိခဲ့တဲ့အပြင် BAFTA Award တွေအတွက် ဆန်ခါတင်စာရင်းမှာ ပါခဲ့သလို အခြား ဆုတွေလည်း ၁၃ ခုလောက် ရရှိထားခဲ့တဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ကိုယ်ဝန်ဖျက်ချတာဟာ တရားဝင်တယ် တရားမဝင်ဘူး ဆိုတာ အခု ၂၂ ရာစုအထိ နိုင်ငံအချို့မှာ debate လုပ်နေကြဆဲဖြစ်ပါတယ်။1960 ခုနှစ်တွေတုန်းက ပြင်သစ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ကိုယ်ဝန်ဖျက်ချရင် ဖျက်ပေးတဲ့ ဆရာဝန်ရော ကိုယ်ဝန်ရှိသူပါ ထောင်ချခံရတဲ့ အခြေအနေပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ...အန်းဆိုတဲ့ စာပေ မေဂျာ ကျောင်းသူလေးက ပညာရေးမှာ ပါရမီပါပြီး ထူးချွန်တယ်။ လူဆိုတာကတော့ အမှားနဲ့ မကင်းကြပါဘူး။ အမှားနဲ့မကင်းတဲ့ထဲမှာမှ ကံဆိုးသွားသူက အန်း ပေါ့။ တစ်ညတာလေး ...
movie

Happening (2021)

How I Became a Superhero (2021) 5.9
How I Became a Superhero (2021) How I became a Superhero (2021)ခုတင်ဆက်ပေးမှာကတော့ IMDb rating 5.9 ရရှိထားတဲ့ 2020 ထွက်စွမ်းအားရှင် ဇာတ်ကားလေးဖြစ်ပါတယ်"ကြီးလာရင် လူစွမ်းကောင်းကြီး လုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်မယ်"ဆိုတဲ့ ငယ်ဘဝစကားလေးကိုတော့ လူတိုင်း မှတ်မိကြမယ် ထင်ပါရဲ့။ ဒါပေမဲ့လည်း တကယ်တမ်းကျ Superhero ဖြစ်ရတဲ့ဘဝဟာ ခက်ခဲနက်နဲတဲ့ မစ်ရှင်တစ်ခုကို ထမ်းဆောင်နေရသလိုပါပဲ။ ကြမ်းတမ်းတယ် ..... ပင်ပန်းတယ် ..... ခက်ခဲလှပါတယ် .....ဒီဇာတ်လမ်းမှာတော့ စွမ်းအားရှင်တွေနဲ့အတူ သာမန်လူတွေက အတူတကွ ယှဉ်တွဲနေထိုင်ကြပါတယ်အချိန်ကြာလာတာနဲ့အမျှ သာမန်လူတွေဟာ စွမ်းအားရှင်တွေလိုမျိုး အစွမ်းတွေ ပိုင်ဆိုင်လာချင်ကြပါတယ် ဒီလိုနဲ့ သူတို့က အစွမ်းရဖို့အတွက် ဆေးတွေသုံးစွဲကြရင်း ပဲရစ်လူအဖွဲ့အစည်းအတွင်းမှာ ဘယ်လိုထိခိုက်မှုတွေရှိလာမလဲ....ရဲအရာရှိဖြစ်တဲ့ မင်းသားမော်ရိုးဟာ ဒီအမှုအတွက် လိုက်လံစုံစမ်းဖို့ တာဝန်ကျလာတဲ့အခါ....မော်ရိုးရော ဒီအမှုကိုဖြေရှင်းနိုင်ပါ့မလား? သူရဲ့နောက်ကြောင်းကကော ဘယ်လိုဖြစ်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ကြပါဦးနော်The Boys တို့ Jupiter Legacy'sတို့ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲနော်အညွှန်းကို Shwe Pyae က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Shwe Pyae နဲ့ ...
movie

How I Became a Superhero (2021)

2021