Channel Myanmar

Piotr Cyrwus

Operation Nation(2022) 6.7
Operation Nation(2022) Operation Nation(2022)**********************ဒီဇာတ်ကားကတော့ ၂၀၂၃ ဧပြီလမှာပဲထွက်ရှိထားတဲ့ Netflix ရဲ့ပိုလန်နိုင်ငံရေးဟာသဒရမ်မာကားလေတစ်ကားပဲဖြစ်ပါတယ်။ စတက်ရှ်ဟာ ညီမဖြစ်သူနဲ့အခန်းအတူတူနေထိုင်နေရပြီးကားပါကင်မှာအစောင့်လုပ်ရတဲ့ လမ်းပျောက်လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုချို့ချို့တဲ့တဲ့နေရတာကိုစိတ်ကုန်ပြီး တိုးတက်အောင်လုပ်ချင်နေသူလည်းဖြစ်ပါတယ်။တစ်နေ့မှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ် တတိယအင်ပါယာကြီးကိုထောက်ခံသူလည်းဖြစ်တဲ့ သူ့ရဲ့ဝမ်းကွဲအကိုဖြစ်သူရိုမန်က သူရဲ့အဖွဲ့ထဲကိုဝင်ဖို့စတက်ရှ်ကိုခေါ်ခဲ့ပါတယ်။စတက်ရှ်တစ်ယောက်လည်း လက်ရှိဘဝကနေပြောင်းလဲဖို့ဆိုရင် ဘာမဆိုလုပ်မယ်လို့ဆုံးဖြတ်ပြီးအဲ့ဒီအဖွဲ့ထဲကိုဝင်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်...File Size : (1.4GB) and (597MB) Quality : WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:37:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae  
movie

Operation Nation(2022)

The Taming of the Shrewd (2022)
The Taming of the Shrewd (2022) The Taming of the Shrewd (2022)========================Netflix ကနေ အသစ်ထွက်ရှိလာတဲ့ romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရည်းစားက သစ္စာဖောက်လို့ အသည်းကွဲလာတဲ့ သိပ္ပံပညာရှင် ကတ်စ်ကာဆိုတဲ့ ပိုလန်သူလေးက ချီကာဂိုကနေ သူ့ရဲ့မွေးရပ်မြေ ပိုလန်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ပိုလန်က သူ့အစ်ကိုဖြစ်သူ ရန်ဒရုရှ် ကတော့ သူတို့နှစ်ယောက်ပိုင်တဲ့ မိဘပိုင်မြေကို ရောင်းထုတ်ချင်နေတာပါ။ သူမပြန်ရောက်လာတော့ ကတ်စ်ကာက သဘောမတူတာကြောင့် အစ်ကိုဖြစ်သူက ညီမကို လင်ပေးစားဖို့ ကြံစည်ပါတော့တယ်။ ပိုလန်ရောက်တော့ သူမ ဘဝသစ်ကို စတင်ဖို့ ကြိုးစားရင်း ခပ်လန်းလန်းကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံတာ ကနေပါ Romance ဇာတ်လမ်းလေးဖြစ်လာတယ်ဆိုပါတော့။အဲ့တော့ ကတ်စ်ကာဟာ ပိုလန်မှာပဲ အခြေချဖြစ်မှာလား၊ ခပ်လန်းလန်း ကောင်လေးကရော သူမနားကို ဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတာ ဒီ Comedy, Romance ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှူပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (1.71 GB) / (877 MB) / (568 MB) Quality – WebRip ...
movie

The Taming of the Shrewd (2022)

2022
Nobody Sleeps in the Woods Tonight(2020) 6.0
Nobody Sleeps in the Woods Tonight(2020) Nobody Sleeps in the Woods Tonight(2020)IMDb...6.0စမတ်ဖုန်းတွေ၊ဂိမ်းတွေစွဲနေကြတဲ့ ဆယ်ကျော်သက်လူငယ်တွေကို နည်းပညာတွေနဲ့ဝေးဝေးနေပြီး သဘာဝတရားကိုခံစားနိုင်အောင် စီစဥ်ပေးထားတဲ့ offline campလေးတစ်ခုရှိပါတယ်။ဒီcampလေးထဲမှာဆိုရင် ဖုန်း၊လပ်တော့စတဲ့ လျှပ်စစ်ပစ္စည်းတွေလုံးဝယူမလာရဘဲ စီစဥ်ပေးထားတဲ့အတိုင်း အုပ်စုငယ်လေးတွေဖွဲ့ပြီး activityတွေလုပ်ရပါတယ်။နည်းပြ"မစ္စ အီဇာ"ဦးဆောင်တဲ့အဖွဲ့လေးကတော့ တောနက်ထဲကို ခြေလျင်ခရီးထွက်လာကြပါတယ်။တောထဲမှာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဖွဲ့ရင်း စလိုက်ရန်ဖြစ်လိုက်၊ညဘက်မှာ မီးပုံဖိုရင်းသီချင်းတွေဆိုလိုက်နဲ့ ပတ်ဝန်းကျင်ကိုသတိမမူမိဘဲ ပျော်ရွှင်နေကြပါတယ်။မနက်လင်းလို့ခရီးဆက်ထွက်တော့မယ့်အချိန်မှ အဖွဲ့ထဲကကောင်လေးတစ်ယောက် ပျောက်ဆုံးနေပြီး သွေးကွက်အချို့ကျန်နေခဲ့တဲ့အတွက် လူစုခွဲပြီးလိုက်ရှာကြည့်ကြတဲ့အခါမှာတော့......တောနက်ထဲမှာရောက်နေတဲ့အပြင် ဆက်သွယ်စရာဖုန်းလည်းပါမလာကြတဲ့သူတို့တစ်တွေ တောထဲမှာ မထင်မှတ်ထားတဲ့ဘယ်လိုအန္တရာယ်မျိုးနဲ့ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှူခံစားလိုက်ကြပါဦး.... File Size :(970MB) and (361 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Horror  , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ei Phyu Khin Encoded by Phyo Pyae
movie

Nobody Sleeps in the Woods Tonight(2020)