Channel Myanmar

Pip Phillips

King Arthur: Legend of the Sword (2017) 6.7
King Arthur: Legend of the Sword (2017) 2017 မေလထဲမှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ IMDb 6.7 နဲ့ပါ။ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။ ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။ ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။ မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။ ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။ အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ...
movie

King Arthur: Legend of the Sword (2017)

2017
4K HEVC
Phantom Thread (2017) 7.5
Phantom Thread (2017) Phantom Thread (2017) IMDb - 7.5/10_______Rotten - 91% Won 1 Oscar. Another 57 wins & 120 nominationsဒီကားလေးကတော့ rating မြင့် Drama ကားကြည့်ချင်သူများအတွက် ဇာတ်ကားကောင်းလေးပါ။IMDb rating 7.5 အထိရရှိထားပြီး Daniel Day-Lewis ၊ Lesley Manville နဲ့ Vicky Krieps တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။စစ်ကြီးပြီး ၁၉၅၀ခုနှစ်နှောင်းပိုင်း လန်ဒန်မြို့တွင် ဇာတ်အိမ်တည်ထားပါတယ်။Reynolds နဲ့ သူ့ရဲ့အစ်မဖြစ်သူ Cyril တို့ဟာ ဗြိတိသျှဖက်ရှင်လောကတွင် အထင်ကရမျက်နှာကြီးသူတွေဖြစ်ပြီး တော်ဝင်မျိုးနွယ်များ၊ ရုပ်ရှင်အကျော်အမော်များ၊ နာမည်ကျော်ကြားသူများအတွက် ဝတ်စုံချုပ်လုပ်ဖန်တီးသူတွေပဲဖြစ်ပါတယ်။တစ်ကိုယ်တည်းနေ ၂ယောက်အတူနေနိုင်ကြတဲ့ အဲဒီမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ဖက်ရှင်အလုပ်မှာပဲ စိတ်နှစ်မြုပ်ထားတာပဲဖြစ်ပါတယ်။Reynold ဘဝမှာ သူ့ရဲ့ဝတ်စုံတွေဝတ်ဖို့ မော်ဒယ်တွေနဲ့အများကြီးပတ်သက်ဖူးထားသူဖြစ်ပေမယ့် အိမ်ထောင်ပြုခြင်းလည်းမရှိပါဘူး။သူ့ဘဝကိုသူ စိတ်ကြိုက်မွမ်းမံဖြတ်သန်းနေသူပါ။ဒါပေမယ့် ကံကြမ္မာတစ်ကွေ့မှာတော့ Alma ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီးနောက်ပိုင်း သူ့ရဲ့ဘဝမှာ တဖြေးဖြေးပြောင်းလဲလာပါတော့တယ်သူကိုယ်တိုင်တည်ဆောက်ထားတဲ့ဘဝဟာ အချစ်ကြောင့် ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး ...
movie

Phantom Thread (2017)

2017