Channel Myanmar

Ploypailin Thangprapaporn

Kitty The Killer (2023) 5.2
Kitty The Killer (2023) Kitty the killer (2023)ထိုင်းရုပ်ရှင်တွေထဲကမှ ဒီတစ်ခါမှာတော့ စိတ်ဝင်စားစရာ ထိုင်းအက်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ 2023 မှာထွက်ရှိလာတဲ့ ဒီဇာတ်ကားက မြင်နေကျ ထိုင်းရုပ်ရှင်ကားတွေမတူတဲ့ ဇာတ်အိမ်နဲ့ ကောင်းမွန်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေ ပါရှိတာမို့ အက်ရှင်ဇာတ်လမ်းကောင်းကြိုက်သူတွေအဖို့ ‌ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။လျှို့ဝှက်အေဂျင်စီတွေကနေ အမျိုးသမီးငယ်တွေကို အထူးလေ့ကျင့်ပေးပြီး "ကစ်တီ" လို့ အမည်ဝှက်ပေးထားခဲ့ကြပါတယ်။ "ကစ်တီ" တွေကို ထိန်းချုပ်တဲ့သူကိုတော့ "အုပ်ထိန်းသူ" လို့ ခေါ်ကြပြီး၊ သူတို့က အေဂျင်စီတွေနဲ့ တိုက်ရိုက် အဆက်အသွယ်ရှိတဲ့ သူတွေပါပဲ။တစ်နေ့မှာ ရှားပါးပစ္စည်းဟောင်းတွေထဲကနေ ဆန်းကြယ်တဲ့ကျောက်တစ်မျိုး ပေါ်လာခဲ့ပြီး အေဂျင်စီတိုင်းက ထိုအရာကို အရယူဖို့ ကြိုးစားလာကြတဲ့အခါ.... ဒီအရှုပ်ထဲ ဘုမသိဘမသိပါသွားသူ မောင်ချာလီကရော သေနတ်တကားကားကြား ဘယ်လို ရှင်သန်အောင် ကြိုးစားရမလဲ။ "ကစ်တီ" တွေနဲ့ အေဂျင်စီတွေကြား၊ "အုပ်ထိန်းသူ" တွေကြားက ချုပ်နှောင်ထားတဲ့ကြိုးတွေအကြောင်းကိုပါ ဇာတ်ကားတစ်ခုလုံး စိတ်လှုပ်ရှားဖွယ်အပြည့် ကြည့်ရှုရမှာပါပဲ။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီတော့ ဘာသာြပန်ထားတာကတော့ Su Myat & Thae Thae ...
movie

Kitty The Killer (2023)

2023
Low Season (2020) 7.8
Low Season (2020) ဇာတ်ကားနာမည် "ခရီးသွားပါးချိန်" ဆိုတဲ့အတိုင်းပါပဲ ခရီးသွားရာသီမဟုတ်တဲ့ မိုးရာသီတစ်နေ့မှာ တောင်ပေါ်တည်းခိုစခန်းလေးတစ်ခုကို ဧည့်သည်ကောင်မလေးတစ်ယောက် ရောက်လာပါတော့တယ် ကောင်မလေးဟာ မွေးကတည်းကသရဲတွေကိုမြင်ရပြီး သူ့ရဲ့အဲ့အချက်ကြောင့် ကောင်လေးတွေထားခဲ့တာကို ခဏခဏခံရသူလည်းဖြစ်ပါတယ်။ နောက်ဆုံးတွဲခဲ့တဲ့ စီနီယာအစ်ကိုကြီးချောချောလေးဟာလည်း နာမည်ကြီးပြီးနောက်ပိုင်း ရုပ်ရှင်မင်းသမီးတစ်ယောက်နဲ့ဖောက်ပြန်လို့ အသည်းကွဲပြီး ဒီတောင်ပေါ်စခန်းလေးကို ရောက်လာပါတော့တယ်။ ထူးခြားတာက အဲ့ဒီတောင်ပေါ်စခန်းလေးက အသည်းကွဲသမားတွေပဲစုနေတဲ့နေရာ... အဲ့ဒီတော့ အသည်းကွဲသမားအချင်းချင်း တစ်ယောက်ဒဏ်ရာတစ်ယောက် ဘယ်လိုကုစားကြမလဲ။ ဘယ်လိုအမှတ်တရတွေကိုဖန်တီးကြမလဲ။ သရဲနဲ့ပတ်သက်ပြီးရော ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲဆိုတာကို ချင်းမိုင်ရဲ့သဘာဝတောတောင်ရေမြေအလှအပလေးတွေနဲ့ ချစ်စရာရိုးရာဓလေ့လေးတွေကိုခံစားရင်း စိတ်လှုပ်ရှားဖွယ်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ မင်းသားချော Mario နဲ့ ချစ်စရာမင်းသမီးလေး Ploypailinတို့ chemistryမိမိလေး ပါဝင်သရုပ်ဆောင်ထားတဲ့ Romance Horror Comedy ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး   စာကြွင်း... မင်းသမီးကတော့ ဘယ်အရပ်ရောက်ရောက် ခေါင်းချတာနဲ့အိပ်ပျော်တယ် ကိုယ်တွေလိုပဲ    File Size - 1.26 GB Quality - Web-DL 1080p Subtitle - Burmese (Hardsub) Translator - MTA Encoder - Thit San Khant
movie

Low Season (2020)

2020