Channel Myanmar

Post Malone

Road House (2024) 7.7
Road House (2024)  ဂျိတ် ယီလင်ဟော အဓိကမင်းသားအဖြစ်ပါဝင်ထားပြီးUFC ဖိုက်တာကြီး Conor McGregor ကြီးဗီလိန်လုပ်ထားတဲ့ဒီရုပ်ရှင်ကို အတော်များများ မျှော်နေကြမယ်ထင်တယ်။တကယ်လည်း ကြမ်းပါတယ်။ ကြည့်ရတာ အားရတယ်။ဒါရိုက်တာကလည်း Edge of Tomorrow ကိုရိုက်ခဲ့တဲ့Doug Liman ပါပဲ။ ဂျိတ်ယီလင်ဟောဟာ ဒီရုပ်ရှင်မှာUFC ဖိုက်တာဟောင်းအဖြစ်သရုပ်ဆောင်ဖို့ တရားလွန်ကိုလေ့ကျင့်ခဲ့ပြီး ဒါရိုက်တာက ရိုက်ဖူးသမျှ ရုပ်ရှင်တွေထဲမှာဂျိတ်ရဲ့ သရုပ်ဆောင်ချက်ဟာ အကောင်းဆုံးပဲလို့ ပြောခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဒေါ်တန် ဆိုတဲ့ UFC ဖိုက်တာဟောင်းတစ်ယောက်ဟာအကြောင်းတစ်ခုကြောင့် လောကကြီးကိုစိတ်ကုန်နေပြီးလမ်းဘေးပွဲတွေမှာပဲလုပ်စားနေတာကြာပါပြီ။တစ်နေ့မှာတော့ Road House လို့ခေါ်တဲ့ ဘားရဲ့ ပိုင်ရှင်ကောင်မလေးက သူ့ဘားအတွက် လုံခြုံရေးလုပ်ဖို့လာကမ်းလှမ်းတာကိုလက်ခံလိုက်ပါတယ်။ ဒါပေမဲ့သူလုံခြုံရေးလုပ်ရတဲ့ဘားက သာမန်ရန်ဖြစ်တဲ့လူတွေတင်မကဘဲ လူမိုက်အဖွဲ့ကြီးတစ်ခုကပါ ဘားကိုတမင်ပျက်စီးအောင်လာလုပ်နေတာကိုတွေ့ရပြီး တစ်ယောက်တည်းနဲ့လူမိုက်အုပ်ကြီးကို ခံချရပါတော့တယ်။ အက်ရှင်အသားပေးမို့ဇာတ်လမ်းက ထွေထူးပြောစရာမလိုပါဘူး။ရှယ်ကြိတ်တာတွေသာ ကြည့်လိုက်ကြပါ။  4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ File size…6GB/2.81GB ...
movie

Road House (2024)

4K HEVC
This Is Me…Now (2024)
This Is Me…Now (2024) ဒီဇာတ်လမ်းကတော့ JLo တစ်ယောက် သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ This is Me... Now album ကို ပရိုမိုရှင်းဆင်းဖို့ ရိုက်ကူးရင်း ပျိုမဒီလေးတွေကို ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ မီးမောင်းထိုးပြထားတဲ့ Musical ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်း အသွားအလာက စိတ်ကူးယဉ်ဆန်ပြီး ရှင်တို့ကျွန်မတို့ အကြိုက် Zodiac Sign တွေပါတဲ့အပြင် Zodiacal Council ဆိုပြီး လတ်တလောကမှ ဂရမ်မီမှာ MC လုပ်ထားသူ Trevor Noah, Kim Pertras, Post Malone, Keke Palmer, Jenifer Lewis တို့က ရာသီခွင် နတ်ဘုရားတွေအဖြစ်ပါ ပါဝင် အားဖြည့်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့JLo တစ်ယောက် ရည်းစားတွေ ထည်လဲတွဲလိုက် ယောင်္ကျားတွေ တစ်ယောက်ပြီးတစ်ယောက်ယူလိုက် အဆင်မပြေလို့ Therapy ဝင်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။ သူ့ရဲ့ မူလ ...
movie

This Is Me…Now (2024)

Teenage Mutant Ninja Turtles: Mutant Mayhem (2023) 7.5
Teenage Mutant Ninja Turtles: Mutant Mayhem (2023) Teenage Mutant Ninja Turtles: Mutant Mayhem (2023)~ IMDb - 7.5/10, Rotten Tomatoes - 97% ~2023 ထွက် လိပ်နင်ဂျာကာတွန်းကားအသစ်ရပါပြီ။ လိပ်နင်ဂျာကာတွန်းတွေက ဖန်တရာတေအောင်ထွက်ပြီးသားဖြစ်ပေမဲ့ ဒီတစ်ခါ ကာတွန်းရုပ်ရှင်ကိုတော့ တမူထူးခြားတဲ့ ကာတွန်းစတိုင်နဲ့ ဖန်တီးထားပါတယ်။ 3-D CG Animation နည်းနဲ့ အလင်းအမှောင် လှုပ်ရှားမှုတွေကိုဖန်တီးထားပါတယ်။ Spider-Man: Into the Spider-Verse ဟာ ကာတွန်းရုပ်ရှင်လောကကို အသစ်တီထွင်ဖို့ တစ်ခေတ်ဆန်းပေးခဲ့တာပါပဲ။ ဒါရိုက်တာ Jeff Rowe ကလည်း ဆရာကြွက်နေရာမှာ သရုပ်ဆောင်ဖို့ ဂျက်ကီချန်း၊ စူပါဖလိုင်းနေရာမှာ သရုပ်ဆောင်ဖို့ Ice Cube, ရော့စတက်ဒီနေရာအွက် ဂျွန်စီနာ တို့ကို တစ်ယောက်ချင်း လိုက်ဖိတ်ခေါ်ခဲ့တာပါ။ ဇာတ်လမ်းကိုလည်း အရင်ပါနေကျ ဗီလိန်ရှရက်ဒါကိုပါ မထည့်ဘဲ မြူးတန့်အချင်းချင်း တိုက်ပွဲအနေနဲ့ ...
movie

Teenage Mutant Ninja Turtles: Mutant Mayhem (2023)

2023
4K HEVC
Spider-Man: Across the Spider-Verse (2023) 9.1
Spider-Man: Across the Spider-Verse (2023) IMDb 9.1 အထိရသွားပြီး အားပေးမှုတွေအပြည့်ရနေတဲ့ကာတွန်းကားလာပါပြီ။ ဒါကတော့ 2018 တုန်းက Spider-Man:Into the Spider-Verse ရဲ့အဆက်ပါပဲ။ အရင်ကာတွန်းမှာလည်းစပိုက်ဒါမန်းမျိုးစုံနဲ့ ဟာသတွေနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့လူကြိုက်များခဲ့သလို အခုကားမှာလည်း နောက်ထပ်တဆင့်ပါမြှင့်ထားလိုက်ပါပြီ။ 2 hours and 20 minutes ရှိလို့ ကာတွန်းကားတွေထဲမှာ အရှည်ဆုံးကာတွန်းလည်းဖြစ်သွားပါတယ်။ မိုင်းစ် မိုရားလစ်စ်ဟာ အပြိုင်စကြဝဠာတွေက သူငယ်ချင်းတွေနဲ့ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့တာ ကြာပါပြီ။ သူသတိရနေပေမဲ့တစ်ယောက်မှ လာမတွေ့ဖြစ်ကြပါဘူး။ တစ်နေ့မှာတော့ အပြိုင်စကြဝဠာတွေကြားထဲကို ခရီးသွားနိုင်တဲ့ စပေါ့ဆိုတဲ့ စူပါဗီလိန်နဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ စပိုက်ဒါဂွမ်တို့ ပီတာပါကာတို့တွေနဲ့တွေ့ပြီး အပြိုင်စကြဝဠာတွေကို စောင့်ရှောက်တဲ့ အဖွဲ့ခေါင်းဆောင်စပိုက်ဒါမန်း မီဂဲဆီကိုရောက်သွားပါတယ်။ အဲဒီမှာမှ စကြဝဠာပေါင်းစုံကစပိုက်ဒါမန်းရာထောင်ချီနဲ့ထပ်တွေ့ပြီး စကြဝဠာကြီးကို ဘယ်လိုကယ်တင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲဖြစ်ပါတယ်။ File size… 1.93 GB , 4.21 GB , 5.16 GB Quality…Web-Dl  4k / 1080p ...
movie

Spider-Man: Across the Spider-Verse (2023)

2023
4K HEVC
Wrath of Man (2021) 7.4
Wrath of Man (2021) Wrath Of Man (2021) Web-Dl 720p & 1080p Web rip x264အကြည်ရပါပြီ --------------------------------(ခဏနေ 1080p ထပ်တင်ပေးပါ့မယ်)ဂျေဆန် စတေသန်ကြီးရဲ့ အက်ရှင်ကား အကြမ်းတစ်ခု လာပါပြီ။ ဒီကားကတော့ အတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့လော့စ်အန်ဂျလိမှာ ဖော်တီကိုဆိုတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ သူတို့တွေက ကာစီနိုတွေ၊ ကုန်တိုက်တွေကနေ ငွေတွေ သယ်ပို့ပေးတာတွေကို ဝန်ဆောင်မှုပေးတာပါ။ငွေသယ်ကားတွေနဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုပေါ့။ အမြဲတမ်း ဒေါ်လာ သန်းချီပြီးသယ်နေရတာဖြစ်တော့ ဓားပြတွေ မျက်စိကျတဲ့ ကားတွေပါပဲ။ တစ်နေ့မှာ ကားတစ်စီး ဓားပြတိုက်ခံရပြီးအစောင့်နှစ်ယောက် သေသွားခဲ့တယ်။ အဲဒီနောက်မှာ လူသစ်ဝင်လာတာကတော့ ကျွန်တော်တို့ရဲ့ ဖိုက်တာကတုံးပေါ့။ ကတုံးဝင်လာပြီးပြီးချင်းဓားပြခြောက်ယောက် မသာပေါ်သွားအပြီးမှာ ကတုံးလည်း သူရဲကောင်းဖြစ်သွားတာပေါ့။ ဒါပေမယ့်သူဝင်လာရတဆက ရည်ရွယ်ချက်တွေ၊ ဓားပြမှုတွေ နဲ့ ဓားပြတွေ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်ရမှာပါပဲ။...Translated by : ...
movie

Wrath of Man (2021)

2021
Spenser Confidential (2020) 6.3
Spenser Confidential (2020) Confidential(2020) အားလုံးစောင့်မျှော်ခဲ့ကြတဲ့ မင်းသားMark Wahlberg ရဲ့ Spenser Confidential ရုပ်ရှင်ဖြစ်ပါတယ်။အမေရိကန် comedy-thriller ရုပ်ရှင်အမျိုးအစားပါ။ဒါရိုက်တာ Peter Berg ရိုက်ကူးထားပြီးNetflix Production က ထုတ်လုပ်ဖြန့်ချီထားပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် Mark Wahlberg ရဲ့ ပထမဦးဆုံး Netflixရုပ်ရှင်ကားပါ။အမေရိကန်ရက်ပ်ပါ Post Malone တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ဒီဇာတ်လမ်းမှာ ဘော်စတွန်မြို့ရဲ့ရဲအရာရှိတစ်ယောက်ဖြစ်တဲ့Spenser ဟာ အကျင့်ပျက်ခြစားနေတဲ့ သူ့အထက်အရာရှိကိုကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထောင်ထဲမှာ ငါးနှစ်နေခဲ့ရတယ်။Spenser က ထောင်ကထွက်လာပြီးတဲ့အချိန်မှာ ဘော်စတွန်မြို့ကနေထွက်သွားပြီးထရပ်ကားမောင်းသူအဖြစ် ဘဝအသစ်ပြန်စတော့မှာပါ။ဒါပေမယ့် သူ ထောင်ကထွက်လာပြီးတဲ့ နောက်နေ့မှာရာဇဝတ်မှုတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။အဲ့ဒီရာဇဝတ်မှုရဲ့ ရှုပ်ထွေးပွေလီမှုကို တွေ့ရှိလိုက်ရတဲ့Spenser တစ်ယောက် အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ File ...
movie
