Channel Myanmar

Prasanna Ketkar

Main Atal Hoon (2024) 7.3
Main Atal Hoon (2024) Main Atal Hoon (2024) (ကဗျာတွေချစ်တဲ့ နိုင်ငံရေးသမား)IMDb-7.3/10အိန္ဒိယသမိုင်းမှာ ရိုသေလေးစားခံရတဲ့ စာပေချစ်နိုင်ငံရေးသမားကြီး Atal Bihari Vijpayee ရဲ့ ဘဝအတ္ထုပ္ပတ္တိဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် လက်ရှိနိုင်ငံရေးသမားတွေ အတုယူလိုက်နာနိုင်ဖို့ ရည်ရွယ်ရိုက်ကူးထားကြပေမဲ့ နိုင်‌ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်တာမို့ ကြည့်မိလို့မှားမဲ့ဇာတ်လမ်းထဲမပါနိုင်ပါဘူးသရုပ်ဆောင်ပိုင်းမှာလည်း ဝါရင့်သရုပ်ဆောင်ကြီး Pankaj Tripathi ကအဓိကသရုပ်ဆောင်ထားပါတယ်အတာလ်ဆိုတဲ့ကောင်လေးဟာ ဟိုးငယ်ငယ်လေးတည်းက ကဗျာတွေစာတွေချစ်တတ်ပြီး ကဗျာရွတ်ဖတ်ပွဲတွေမှာတက်ရွတ်ရင်း လူတွေအာရုံစိုက်နားထောင်ချင်လောက်အောင် အပြောအ‌ဟော ကောင်းသူလေးဖြစ်လာတယ် ဗြိတိသျှအုပ်စိုးတဲ့ခေတ်မှာ မျက်စိ‌ရှေ့ဖြစ်လာတဲ့ မတရားမှုတွေအတွက် အကြမ်းမဖက်နည်းနဲ့ တုံ့ပြန်ရင်း နိုင်ငံရေးအကျဉ်းသားဘဝကနေ အမတ်လောင်းအဖြစ် ရွေးကောက်ပွဲတွေ ဝင်ယှဉ်ပြိုင်တဲ့အဆင့်ထိရောက်လာပါတယ်ကြမ်းတမ်းတဲ့ နိုင်ငံရေးခရီးလမ်းမှာ မိသားစုချစ်ရသူတွေနဲ့ ဖြစ်ရတဲ့ကိစ္စတွေ ၊ ကဗျာတွေစာတွေချစ်တဲ့ နူးညံ့တဲ့နှလုံးသားနဲ့ ပြတ်ပြတ်သားသား ရဲရဲလျှောက်လှမ်းရတဲ့ နိုင်ငံရေးအတွေးတွေနဲ့ ယှဉ်ဆုံးဖြတ်ရတဲ့အချိန်တွေမှာ သူဘယ်လိုများရပ်တည်ရွေးချယ်ခဲ့မလဲ....အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် File size…1.7GB / 818MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Main Atal Hoon (2024)

2024
Drishyam (2015) 8.2
Drishyam (2015) MDb (8.2/10)...Rotten Tomatoes (79%) ဒီဇာတ်ကားကတော့ မိတ်ဆွေတို့ရဲ့ ခံယူချက်တွေ အသိအမြင်တွေကို ဗြောင်းဆန်စေမယ့်ဇာတ်ကားပါ။ အသိဉာဏ်တွေကို ဇဝေဇဝါအဖြစ်စေဆုံးကတော့ အမှန်နှစ်ခု ထိပ်တိုက်တွေ့ဆုံလာတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ဒီဇာတ်ကားမှာ......... မင်းသားကြီး A Jay Drvgn က လေးတန်းပဲအောင်တဲ့ မဟုတ်မခံ ရိုးသားကြိုးစားသူ..... သူက အသိပညာကို သူ့အလုပ် Cable ရုပ်ရှင်လိုင်းက ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး ရှာဖွေတတ်သူ။ တစ်နေ့မှာတော့ သူ့သမီးလေးရဲ့ မဖွယ်မရာ ဗွီဒီယိုကို လူတစ်ယောက်က ရိုက်ကူးပြီး သူ့သမီးနဲ့ သူ့မိန်းမကို အကြပ်ကိုင်ပါတော့တယ်။ဒီမှာပဲ လူသတ်မှုတစ်ခု မရည်ရွယ်ဘဲ ဖြစ်ပေါ်လာပါတယ်။ ဒီလူသတ်မှုမှာ သူ့မိသားစုကို ကာကွယ်ဖို့ မင်းသားကြီး A Jay က သူသိထားတဲ့ အသိပညာကုန်ထုတ်ပြီး ကြိုးစားပါတော့တယ်။ ဒီအမှုမှာ သူရင်ဆိုင်ရမယ့် လူက ပေါ့သေးသေးပါပဲ။ ဘယ်သူလဲဆိုတော့ ထောက်လှမ်းရေးက ရဲချုပ်ပါ။ရဲချုပ်က ပါစင်နယ်အရရော တာဝန်အရရော ပင်ကိုသဘောအရရော ဒီအမှုကို ရေကုန်ရေခန်းလိုက်မှာပါ။ ရဲချုပ်အဖြစ် မင်းသမီး တဘူးက ခပ်ထည်ထည်သရုပ်ဆောင်ထားပြီး သူက ...
movie

Drishyam (2015)

Mardaani 2 (2019) 7.7
Mardaani 2 (2019) (Unicode)၂၀၁၉ခုနှစ်မှာ အဆင့်သတ်မှတ်ချက်တွေ ကောင်းကောင်းရထားတဲ့ နာမည်ကြီးရုပ်ရှင် ဇာတ်ကားကြီး အောင်ပွဲခံအပြီး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယတစ်နိုင်ငံလုံး မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ၊ အမျိုးသမီးငယ်တွေ ပျောက်ဆုံးမှုတွေနဲ့ ပြည့်နှက်နေချိန် ကိုတာရဲစခန်းကို အက်စ်ပီရွိုင်ဆိုတဲ့ ရဲမေတစ်ဦးရောက်ရှိလာခဲ့တယ်။မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတစ်ဦးအလောင်းကို အဆောက်အဦးပျက်တစ်ခုရဲ့ ကန်စပ် တစ်ခုမှာ ရုပ်ပျက်ဆင်းပျက် တွေ့ရတယ်။အက်စ်ပီရဲမေကတော့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ "အဲ့ဒီအောက်တန်းစားရာဇဝတ်ကောင်ရဲ့ ကော်လံကို ဆွဲပြီး တရားရုံးကို ခေါ်ခဲ့မယ်"လို့ ကတိပေးထားတယ်။ဒါကို ကြားသွားတဲ့ တရားခံဟာ မာနခဲ မိန်းမတွေကိုမှ ခံတွင်းတွေ့တတ်သူဆိုတော့ ရဲမေကို စိန်ခေါ်မှုတွေ ပြုလုပ်လာပါတော့တယ်လူသတ်မှုတွေ တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်ပြီး သတ်ဖြတ်လာတယ်။လူသတ်သမားဟာ အကျိုးစီးပွားမရရင်တောင် လူသတ်မှုနဲ့နာမည်ကြီးချင်လာတယ်။ ရဲမေရဲ့ အနီးကပ်အထိလူသတ်မှုတွေ လုပ်လာတယ်။အင်မတန်မှ ပါးနပ်တဲ့ လူသတ်သမားဗီလိန်နဲ့ အထက်က ဖိအားပေးသလိုပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေကိုပါ ခံလာရတဲ့ ...
movie

Mardaani 2 (2019)

2019