Channel Myanmar

Preity Zinta

Yeh Raaste Hain Pyaar Ke(2001) 4.0
Yeh Raaste Hain Pyaar Ke(2001) Yeh Raaste Hain Pyaar Ke (2001)အခုတစ်ခါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါတော့မယ်...မင်းသားကြီး အဂျေး..မင်းသမီး မာဒူရီးနဲ့ ပါးချိုင့်မင်းသမီးလေး ပရီတီးဇင်ဒါးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် cameo အနေနဲ့ မင်းသားကြီး ဆန်နီဒိုးကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်ဒီဇာတ်ကားမှာ ဗစ်ကီနဲ့ ဆာခရှီးတို့က ကားသူခိုးစုံတွဲ လူတွေကို နှစ်ကျပ်ကွက်ရိုက်ပြီး သူတို့ကားတွေကို ခိုးတယ် နှစ်ယောက်စလုံးက မိဘမဲ့...ဆာခရှီးကတော့ ဦးလေးမိသားစုမှာ ကပ်နေတယ်တစ်ရက် လူမိုက်တစ်ယောက်ကို မတော်တဆသတ်မိသွားရင်းနဲ့ သူတို့နှစ်ယောက်ဟာ အသက်ဘေးကြုံလာရပါတော့တယ်...ပြေးရင်းလွှားရင်းနဲ့ နှစ်ယောက်သား လမ်းကွဲသွားခဲ့ကြပြီး ကံကြမ္မာရဲ့လှည့်ကွက်တွေက သူတို့နှစ်ဦးအပေါ် ဘယ်လိုရက်စက်လာတော့မလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါဦးနော်...။ဒီဇာတ်ကားလေးမှာ ချစ်ခြင်းမေတ္တာ..သစ္စာတရားနဲ့ စာနာနားလည်မှုအကြောင်းကို အမိအရရိုက်ကူးပေးထားလို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်...။ File size…4.02GB / 1.8GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Yeh Raaste Hain Pyaar Ke(2001)

2001
Om Shanti Om (2007) 6.7
Om Shanti Om (2007) ဒီတစ်ခေါက်မှာတော့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ ရှာရွတ်ခန်းရဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်အွန်း(မ်)ဆိုတဲ့ ကောင်လေးဟာ အရမ်းကိုမှ မင်းသားဖြစ်ချင်နေတဲ့ သာမန်လူတန်းစားလေးတစ်ယောက်ပေါ့ အဲဒီအချိန်တုန်းက ရှန်တီဆိုတဲ့ ရုပ်ရှင်မင်းသမီးဟာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီး အွန်း(မ်)ကလည်း သူ့ကို အသေအလဲသဘောကျနေတာပေါ့တစ်နေ့ကျတော့ ရှန်တီဟာ ထုတ်လုပ်သူတစ်ယောက်ရဲ့ မီးရှို့သတ်ခြင်းကို ခံခဲ့ရပြီး ဒါကိုမျက်မြင်ကိုယ်တွေ့ မြင်လိုက်တဲ့ အွန်း(မ်)က ဝင်ကယ်ဖို့လုပ်ရင်းနဲ့ သူပါ သေဆုံးသွားခဲ့ရပါတယ်ဒါပေမယ့် သူဟာ မင်းသားကြီးတစ်ယောက်ရဲ့ သားအဖြစ် ပြန်လည်လူဝင်စားလာခဲ့ပြီး နှစ် (၃၀) အကြာမှာတော့ လျှမ်းလျှမ်းတောက်မင်းသားတစ်လတ် ဖြစ်လို့လာခဲ့ပါတယ်အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ သူ့အရင်ဘဝကို ပြန်အမှတ်ရလာပြီး ရှန်တီအတွက် တရားမျှတမှုရှာပေးဖို့ ကြံစည်ပါတော့တယ်သူဘယ်လိုနည်းနဲ့ ပြန်အမှတ်ရခဲ့တာလဲ ရှန်တီကရော ဘာလို့အသတ်ခံခဲ့ရတာလဲ ရှန်တီအတွက် တရားမျှတမှုကိုရော ဘယ်လိုရှာပေးမလဲဆိုတာ ရှာရွတ်ခန်းရဲ့ နှစ်ဘဝသရုပ်ဆောင်ချက်တွေကို အပြည့်အဝခံစားကာ ကြည့်ရှုရမှာပဲဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…4.35GB / 2.2GB Quality…1080p BluRay /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Sora 
movie

Om Shanti Om (2007)

2007
Dil Chahta Hai (2001) Dil Chahtha Hain 8.1
Dil Chahta Hai (2001) Dil Chahtha Hain IMDb Rating (8.1)/ Rotten Tomatoes (95%)ဒီဇာတ်ကားလေးမှာ မင်းသားကြီး အမီရ်ခန်းရယ် ဆေ့ဖ်အလီခန်းရယ် အက်ရှေးခန်နားတို့ ပါဝင်သရုပ်ဆောင်ထားတယ်Rating တွေ ကောင်းတဲ့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကြောရိုးကတော့ ရိုးရှင်းပါတယ်...ပေါ့ပေါ့ပါးပါးလေးနဲ့ ရင်ထဲတစ်ခုခုကျန်စေမယ့် ကားမျိုး...သူငယ်ချင်းသုံးယောက်ရှိတယ်...စမီရ် ဆစ်ဒ် နဲ့ အာကာရှ်မိဘတွေကငွေကြေးပြည့်စုံကြတော့ သူတို့ဘဝက လိုလေသေးမရှိပေါ့...လူငယ်သဘာဝပျော်မယ် ပါးမယ် ကဲမယ် ဘဝရဲ့ဒဿနလည်းမသိ အချစ်ရဲ့အနက်အဓိပ္ပါယ်လည်းမမှုတစ်ခါတလေ ဘဝက သင်ခန်းစာပေးတယ်လို့ ပြောတတ်ကြတယ်မလားအဲ့ဒီလိုပဲ သူတို့သုံးဦးရဲ့ဘဝကိုယ်စီမှာ သင်ခန်းစာတစ်ခုဆီရလာကြတဲ့အခါ ဒီလူငယ်လေးတွေ ရင့်ကျက်လာတဲ့အကြောင်းကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ...အချစ်ဆိုတာမျိုးက လုပ်ယူဖန်တီးလို့မရသလို ဘဝကြီးမှာလည်း ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတတ်ပါဘူး...ဒါပေမဲ့ တချို့အရာတွေက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုမရှိဘဲ ပိုင်ဆိုင်ရတာမျိုးမရှိတတ်ပါဘူး ကိုယ်တကယ်ချစ်တဲ့သူကို ဒီဇာတ်ကားလေးနဲ့ အဖြေရှာကြည့်ပြီး ကြည်နူးနိုင်ပါတယ်။ File size…(3.8 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….03:05:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Dil Chahta Hai (2001) Dil Chahtha Hain

Mission Kashmir (2000) 6.6
Mission Kashmir (2000) IMDb Rating (6.6)ပထမဦးဆုံးအနေနဲ့ ပြောချင်တာက လောကမှာ ဘယ်လူမျိုး ဘယ်ဘာသာရယ်က အကြမ်းဖက်ဘာသာ အစွန်းရောက်လူမျိုးရယ်လို့မရှိပါဘူး..လူက နှစ်မျိုးပဲရှိပါတယ်..အဲ့ဒါကတော့ လူကောင်းနဲ့လူဆိုးပါ.. ဒီဇာတ်ကားလေးမှာ ဘာသာရေးအစွန်းရောက်အယူဝါဒတချို့ပါနေလို့ ဇာတ်ကားကြည့်ရင်း ဗဟုသုတယူရမယ့်အစား အစွန်းရောက်ဝါဒများ စိတ်ထဲမကိန်းအောင်စေဖို့ တိုက်တွန်းလိုက်ပါတယ်...အစွန်းရောက်ဝါဒီတွေရဲ့ ထုံးစံအတိုင်း ရင်ထဲမှာ အမုန်းတရားတွေစွဲကျန်နေတဲ့ တက်သစ်စလူငယ်လေးတွေကို သိမ်းသွင်း...ကိုယ်ကျိုးအတွက်ပဲ ကြည့်ပြီး ဘာသာရေးအမည်ခံ အမုန်းတရားတွေဖြန့်...လုပ်ဇာတ်တွေဖန်တီးပြီး ဆော်သြနေကြတဲ့ လူတွေလက်ထဲရောက်သွားခဲ့ရတဲ့ လူငယ်လေးတွေအကြောင်းကိုလည်း ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်...အဓိကဦးတည်ချင်တာကတော့ မပြီးဆုံးနိုင်တဲ့ အိန္ဒိယ-ပါကစ္စတန်အမွှေဇာတ်ထုပ်ပေါ့...ဒီကားမှာ ဘောလီးဝုဒ်မင်းသားချောလေး ရီသစ်ရိုရှန်းနဲ့ မင်းသားကြီး ဆန်ဂျေးဒသ်တို့ပါဝင်သရုပ်ဆောင်ထားတယ်...မစ်ရှင်ကက်ရှမီးဆိုတဲ့ ကားနာမည်အတိုင်းပဲ ဟင်ဒူ-မွတ်စလင် အမြဲအဓိကရုဏ်းဖြစ်နေတတ်တဲ့ ကက်ရှမီးဒေသကို ဖျက်ဆီးပြီး အမုန်းတရားတွေဖြန့်ကျက်ဖို့ စစ်သွေးကြွအုပ်စုက လျှို့ဝှက်ကြံစည်နေကြတယ်ဒါကိုမှ ရဲအရာရှိက စုံစမ်းဖေါ်ထုတ်မယ့်ဇာတ်လမ်း....ဒါပေမဲ့ အဲ့ဒီစစ်သွေးကြွအုပ်စုထဲကို မတော်တဆရောက်သွားခဲ့ရတာက ရဲအရာရှိရဲ့မွေးစားသား...နောက်ခံအမုန်းတရားဇာတ်အိမ်နဲ့ သူတို့နှစ်ယောက်ကို ထိပ်တိုက်ပေးတွေ့တဲ့အခါ....ဆက်ဖြစ်လာမယ့်ဇာတ်အရှိန်ကိုတော့ တစိမ့်စိမ့်ကြည့်ရှုပေးကြပါလို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(4.2 GB)/(1.4 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:31:oo Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated ...
movie

Mission Kashmir (2000)

Dil Se.. (1998) 7.6
Dil Se.. (1998) Dil Se (1998) =========IMDb Rating (7.6)တစ်ခါတလေ ကျွန်တော် တို့ နှလုံးသားမှာ မသိစိတ်နဲ့ စွဲမြဲစွာ ကပ်ငြိမိတဲ့သူ တစ်ဦးဦး ရှိနေတတ်ကြပါတယ်။ သိစိတ်နဲ့လည်း တမ်းတဖြစ်တတ်ကြပါတယ်သူနဲ့သာဆို သေအတူ ရှင်မကွာ လက်တွဲရင်း ဘ၀လမ်းကို လျှောက်လှမ်းနေချင်ခဲ့တယ်။ ဒါဟာ နှလုံးသားရဲ့ တောင့်တမှုဖြစ်ပြီး စိတ်ရဲ့ လိုအင်လည်း ဖြစ်ပါတယ်ဒါဟာ တစ်ဖက်သတ်ဖြစ်နေခဲ့လည်း ဆုပ်ကိုင်ထားတဲ့ သစ်ရွက်နု စိတ်ကူးလေးလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ်တိုင် တရားစီရင်ခဲ့တဲ့ ဥပဒေတစ်ရပ်ဆိုလည်း မမှားဝံ့ပါဘူးဤမျှထိ အစပြုလာသော အချစ်သည် ဘယ်အရပ် မှ စပါသနည်း။ Amar အတွက်တော့ နယ်စပ်ရထားဘူတာရုံငယ်လေး မှ စခဲ့ဟန်တူသည်ရေဒီယို အသံလွှင်ခြင်းကိစ္စနဲ့ပတ်သက်လို့ ခရီးထွက်ရင်း သူမကို Amar စတွေ့ခဲ့သည်။ လေကထန် မိုးကသည်း ရင်း ချမ်းအေးသော ဤချိန်၀ယ် သူမ သည် သဘက်လေးကို ဦးခေါင်းထက်ပေါ် ...
movie

Dil Se.. (1998)

Lakshya (2004) 7.9
Lakshya (2004) Lakshya (2004)===================================မြန်မာစာတန်းထိုးမြန်မာပြည်ပရိတ်သတ်တွေကြား လက်ပွားမင်းသားရယ်လို့ လူသိများလှတဲ့ ဘောလိ၀ုဒ်မင်းသား Hrithik Roshan နဲ့ Amitabh Bachchan , မင်းသမီးချော Preity Zinta တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်ကားဟာ War-Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး ၊ ပြသချိန် ၃နာရီကျော် ကြာမြင့်ပါတယ်။ ဇာတ်ကားရဲ့နာမည် Lakshya ဆိုတာ မြန်မာလို "ရည်ရွယ်ချက် ၊ ရည်မှန်းချက်"လို့ အဓိပ္ပာယ်ရပြီး တိုင်းပြည်အနာဂါတ်အတွက် အရေးပါလှတဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍကို လူငယ်တစ်ယောက်အကြောင်းနဲ့ ဥပမာထား တင်ပြထားတာပါ။ကာရန်ရှာဂဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့သားဖြစ်ပြီး မိဘက လိုလေသေးမရှိ ဖြည့်ဆည်းပေးထားတဲ့အတွက် ဘ၀ကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသူ ဖြစ်ပါတယ်။ ကျောင်းပြီးသွားရင် သူ့ချစ်သူရိုမီလာအပါအဝင် သူနဲ့ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကပါ သူတို့ဘ၀တွေအတွက် ဘာလုပ်ကြမယ် ၊ ညာလုပ်ကြမယ်ဆိုပြီး ရည်မှန်းချက်ကိုယ်စီရှိကြပေမယ့် သူ့မှာတော့ ဘာရည်မှန်းချက်မှ မရှိပါဘူး။ဒီအချိန်မှာပဲ ရည်းစားဖြစ်သူနဲ့ သူတို့ဘ၀ရှေ့ရေးအတွက် တိုင်ပင်ရင်း လူဆိုတာဘ၀မှာရည်မှန်းချက် ရှိသင့်တဲ့အကြောင်းပြောလာလို့ ကာရန်လည်း သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ အိန္ဒိယစစ်တပ်ထဲကို ဝင်ဖို့ ပြင်ဆင်ပါတော့တယ်။ ကံဆိုးချင်တော့ ဝင်ခွင့်လျှောက်လွှာတွေတင်အပြီး လူအရွေးခံရပြီဆိုတော့မှ သူ့သူငယ်ချင်းက အမေရိကားကိုသွားမှာမို့ တပ်ထဲကို မဝင်ဖြစ်တော့ဘူးဆိုတာကို ဖွင့်ပြောလာပါတယ်။ မိဘတွေအရိပ်အောက်မှာတုန်းက ဘာကိုမှ လက်ကြောတင်းအောင်မလုပ်ဖူးတဲ့ သကောင့်သား ...
movie

Lakshya (2004)

2004
Veer-Zaara (2004) 7.9
Veer-Zaara (2004)   IMDb Rating (7.8) / Rotten Tomatoes (92%) အထိရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေက လှပတဲ့အပြင် ရှုခင်းပသာဒတွေက စိတ်ဘဝင်အေးစေတဲ့ကားမျိုးပါ။ ဒီကားဟာဖြင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကြား စည်းထားကြပေမယ့် ချစ်ခြင်းကို ဘယ်သူက တားဆီးကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတွေးများစွာ မေးစေမိပါတယ်။အချစ် ဟာ ချစ်နေရုံနဲ့ ပြီးလား လို့ မေးရင် Logic ဆန်ဆန်လူတွေက ခေါင်းခါမိပါလိမ့်မယ်။ အခြေအနေ မတူခြင်းတွေအောက်မှာ ချစ်လျက်နဲ့ခွဲခွာ ရတဲ့ ဖူးစာတွေဆိုတာလည်း ဒုနဲ့ဒေးပါ။ ဘာသာရယ် မတူ နိုင်ငံရယ်ခြားနေရင်ဖြင့် ပိုလို့တောင် စိတ်မကူးနိုင်တော့ပါ။ သို့သော် ……။ဇာတ်လမ်းအကျဉ်း လေး သွားကြည့်ရအောင် ။ ဒီလိုကားမျိုးကို ကောင်းတယ်လို့ပဲ ညွှန်းပေးချင်တာပါ။ ဘာ ဇာတ်လမ်းမှမသိဘဲ ကိုယ်တိုင် ဆွဲဆောင်ခံရတဲ့ ရေစီးကြောင်းတစ်ခုလို ကြည့်သင့်တဲ့ကားပါ။ ( လျှာရှည်တာ ...
movie

Veer-Zaara (2004)

2004
HEVC 1080p 5.1
Rab Ne Bana Di Jodi (2008) 7.2
Rab Ne Bana Di Jodi (2008) IMDb Rating (7.2/10) / Rotten Tomatoes (78%)အချစ်မှာ နားလည်မှုလိုအပ်သလား?ဟုတ်ကဲ့..မဖြစ်မနေလိုအပ်ပါတယ်...လူနှစ်ဦးလက်ထပ်လိုက်ပေမယ့် နားလည်မှုတွေကို ပြန်ရှာကြရတဲ့အခါဒီဇာတ်ကားဖြစ်ပေါ်လာတဲ့အကြောင်းပါပဲ...။ကျွန်တော်တို့မေ့နေကြတာတွေ ပြန်မြင်လာရသလိုပေါ့...အချစ်က အနားမှာရှိနေပေမယ့် ဖွင့်ပြောဖို့ ရွှေ့ဆိုင်းနေတတ်ကြတယ်...တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှာပေးဖို့ထက် ဖြစ်သလို ကြုံသလို နေလိုက်တတ်ကြတယ်...ဒါတွေက အချစ်ခရီးမှာ လိုအပ်ချက်တွေဖြစ်ပေါ်လာစေတာပဲ..အချစ်ကိုတကယ်တွေ့ကြုံပြီး ကြည်နူးပျော်ဝင်လိုက်ဖို့ တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေရှိနေဖို့လိုပါတယ်။ဒီတော့..သင့်မှာချစ်ရတဲ့လူ ရှိတာဖြစ်ဖြစ်...ရှိတော့ရှိတယ် ဖွင့်မပြောရသေးဘူး..ဘယ်လိုအနေထားမှာဖြစ်ဖြစ်ဒီရုပ်ရှင်က သင်ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။မင်းသားကြီး ရှာရွတ်ခန်း နဲ့  Anushka Sharma တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးအနူးရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားနဲ့တန်းဝင်မင်းသမီးဘဝကိုချက်ချင်းရောက်သွားခဲ့သလို ရှာရွတ်ခန်းကတော့ ပြောနေစရာကိုမလိုအောင် ဇာတ်နဲ့လိုက်ဖက်နေခဲ့ပါတယ်....နိုင်ငံတကာမှာလဲ အားပေးမှုတွေရရှိခဲ့တဲ့ဇာတ်ကားမို့ သိမ်းထားလို့ရအောင် BluRay HEVC 1080p 5.1CH နဲ့ ပြန်လည်တင်ဆက်လိုပါတယ်။(ဒီဇာတ်ကားကို Aung Maw Han မှ ဘာသာပြန် တင်ဆက်ထားတာပါ။)  File size…(3.4 GB) and (2 GB) Quality….Blu-Ray 1080p 5.1 CH & 720p (HEVC ...
movie

Rab Ne Bana Di Jodi (2008)

HEVC 1080p 5.1
Kabhi Alvida Naa Kehna (2006) 6.1
Kabhi Alvida Naa Kehna (2006)  ခြေစွမ်းပြပြီး အောင်မြင်ကျော်ကြားနေတဲ့ ဘောလုံးကစားသမား တစ်ယောက်ဖြစ်တဲ့ ဒေ့ဗ် သူ့မှာ သွက်လက်ပြီး အရည်အချင်း သိပ်ရှိတဲ့ ရီဟား လို့ ခေါ်တဲ့ မိန်းမနဲ့ သားလေး တစ်ယောက်ရှိတယ်တစ်နေ့မှာတော့ ဒေ့ဗ်က မင်္ဂလာဆောင် တစ်ခုကနေ သူ့အမေကို သွားကြိုတာ အမေဖြစ်သူက သတို့သမီး မလာသေးလို့ မင်္ဂလာပွဲ မပြီးသေးလို့ မပြန်သေးတော့ ပန်းခြံထဲမှာ လမ်းလျှောက်နေရင်း သတို့သမီး ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်ကိုတွေ့ခဲ့တယ် သူ့နာမည်က မာယာ"လက်မထပ်ခင် မင်း အချစ်စစ်ကို ရှာသင့်တယ် လက်ထပ်ပြီးသွားရင်တော့ မင်းရှာလို့ မရဘူးနော်ဒါဆို တကယ်လို့ လက်ထပ်ပြီးမှ အချစ်စစ်ကို တွေ့ခဲ့ရင်ကော""ကျွန်မက မနှုတ်ဆက်ဘူး နှုတ်ဆက်တယ်ဆိုတာ နောင်တစ်ကြိမ် ထပ်တွေ့မယ်ဆိုတဲ့ မျှောလင့်ချက် မရှိအောင် လုပ်လိုက်သလိုပဲ ဘယ်သူပြောနိုင်မလဲ နောက်တစ်ကြိမ် ပြန်တွေ့ဦးမလား ဆိုတာ"အခုမှ တွေ့ဖူးတဲ့ မာယာ့ကို ဒေ့ဗ် တစ်ယောက် အရင်ကတည်းက ရင်းနှီးနေသလို ခံစားခဲ့ရတယ် ဒါကြောင့်လဲ သူမကို ...
movie


2006