Channel Myanmar

Queen Elizabeth II of the United Kingdom

Weird: The Al Yankovic Story 7.5
Weird: The Al Yankovic Story Weird The Al Yankovic Story (2022)ဒီ movie genre ကတော့တော်တော်ထူးခြားတယ်ပြောရမယ်။ Biography ကိုမှ ဟာသပြုထားသရော်ထားတဲ့ Biography Parody အမျိုးအစားပါ။ ဒီတော့ဘယ်သူ့ Biography လဲမေးရင် တစ်ခေတ်တစ်ခါက parody songs တွေရဲ့ဘုရင်ကြီး Weird Al ရဲ့Biography ပါပဲ ဒီဟာသပြုအထုပ္ပတ္တိကို Weird Al ကိုယ်တိုင်ပူးတွဲရေးသားထားပြီး သရုပ်ဆောင်တာကလဲထူးထူးခြားခြားဇာတ်လမ်းတွေသရုပ်ဆောင်နေကျ အားလုံးအချစ်တော်ဟယ်ရီပေါ်တာမင်းသားဆိုတော့ တကယ့်ကြည့်ကောင်းတဲ့ဇာတ်လမ်းပါပဲ။ အဆိုကျော်ကြီးတစ်ယောက်ရဲ့ အထုပ္ပတ္တိကိုကြည့်ရမယ့်အပြင် ဟာသပြုထားတော့သာမန်အထုပ္ပတ္တိဇာတ်လမ်းတွေလိုပျင်းစရာလဲမကောင်းတော့ဘူးပေါ့။ ဒါက Weird Al ဘဝဖြစ်ရပ်မှန်နဲ့ဇာတ်လမ်းပြန်ဖန်တီးထားတယ်ဆိုတော့ ဒါကြည့်ပြီးရင်တော့ဘယ်အချက်တွေကများအမှန်လဲဆိုပြီး သိချင်စိတ်နဲ့ အားလုံး ဂူဂဲလ်ရောက်သွားကြမှာသေချာတယ်ဗျာ။ဒီဇာတ်လမ်းမှာ ပေါ့ပ်ကွင်းမက်ဒေါနားနဲ့အချစ်ဇာတ်လမ်းပါပါသေးတာမို့ Weird Al ပြောတာက လက်ရှိသူ့နာမည်နဲ့ပတ်သက်ပြီး ဂူဂဲမှာအရှာဖွေဆုံးက သူနဲ့မက်ဒေါနားတကယ်ပတ်သက်ခဲ့သလားဆိုတာပါပဲဆိုတော့ အမြန်ကြည့်ပြီး ဂူဂဲလ်မှာအမြန်သာပြေးရှာလိုက်ကြပါတော့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Music Quality…. 1080p | 720p | 480p File size… 1.6GB | 863MB | 465MB Format… mp4 Duration…. 1h ...
movie

Weird: The Al Yankovic Story

2022
A Tribute to Her Majesty – the Queen (2022) 5.3
A Tribute to Her Majesty – the Queen (2022) A Tribute to Her Majesty - The Queen (2022)ဒီ Documentary လေးကိုထွေထွေထူးထူးညွှန်းနေစရာတော့လိုမယ်မထင်ပါဘူး။ မကြာသေးခင်ကမှ နတ်ရွာစံသွားတဲ့ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီး အဲလိဇဘက် ၂ အကြောင်း BBC ကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ဘုရင်မကြီးရဲ့ ကလေးဘဝ၊ ဒုတိယကမ္ဘာစစ်ကို ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦးအနေနဲ့ ဖြတ်သန်းခဲ့ပုံတွေ၊ ထီးနန်းဆက်ခံရမယ့် မျိုးဆက်မဟုတ်ပေမယ့် ကံကြမ္မာကြောင့် ထီးနန်းဆက်ခံဖို့ဖြစ်လာတာတွေ၊ မိသားစုကိုချစ်ခင်ပုံတွေ၊ ထီးနန်းဆက်ခံပြီးနောက်မှာ တာဝန်နဲ့မိသားစုကို ဦးထိပ်ပဓာနထားခဲ့တာတွေကို ဒီ မှတ်တမ်းရုပ်ရှင်လေးမှာတွေ့နိုင်ပါတယ်။ရှေးခေတ်ဗီဒီယိုမှတ်တမ်းတွေ အများအပြားထည့်သွင်းရိုက်ကူးထားတဲ့အပြင် ဘုရင်မကြီးရဲ့ မိသားစုဝင်တွေ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတွေ၊ မင်းမှုထမ်းတွေလည်း ပါဝင်အားဖြည့်ပေးထားလို့ ကြည့်ရအဆင်ပြေတဲ့ Documentary လေးပါပဲ။တော်ဝင်မိသားစုဖက်အမြင်ကနေပဲရိုက်ကူးထားပြီး သွားလေသူကိုအမှတ်တရဖြစ်အောင် တင်ပြထားတဲ့အတွက် တစ်ချို့တစ်ချို့သော ကိစ္စလေးတွေမှာ အငြင်းပွါးစရာလေးတွေတော့ရှိနိုင်ပါတယ်။ ဒါလေးကို သည်းခံနိုင်ရင်တော့ ကြည့်ရတာတန်တဲ့ Documentary လေးပါပဲလို့ တတ်နိုင်သလောက်လေး ညွှန်းခဲ့ပါရစေခင်ဗျား...(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw ...
movie

A Tribute to Her Majesty – the Queen (2022)

2022
Death to 2021 (2021) 6.3
Death to 2021 (2021) Death to 2021 (2021) ===============IMDb Rating - 6.3/10Netflix ကထွက်ရှိထားတဲ့ ဒီTV Special ဇာတ်ကားဟာဆိုရင် IMDb 6.3 ထိရရှိထားတာဖြစ်ပါတယ်။ ဇာတ်ကားဆိုတာထက် TV Program တစ်ခုကို ကြည့်နေရသလိုဆိုရင် ပိုမှန်ပါလိမ့်မယ်။ 2020 , 2021 မှာဆိုရင် ကမ္ဘာတစ်လွှားမှာ ကပ်ရောဂါဘေးတွေရင်ဆိုင်ရသလို နိုင်ငံရေး စီးပွားရေး သဘာဝပတ်ဝန်းကျင်ကပ်ဘေး အစသဖြင့် ကိစ္စတော်တော်များများကြုံတွေ့ခဲ့ရပါတယ်။ ဒီကားမှာဆိုရင် သရုပ်ဆောင်တွေက ကျွန်တော်တို့ 2021 ခုနှစ်အတွင်း ဖြစ်ခဲ့သမျှ အကြောင်းကို အကုန်ပြန်သုံးသပ်ပြီးပြောကြတာဖြစ်ပါတယ်။ နိုင်ငံရေး ကျန်းမာရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိတဲ့ နယ်ပယ်မျိုးစုံကအကြောင်းအရာတွေနဲ့ပတ်သတ်ပြီးဆွေးနွေးထားတာကြပြီးတော့ အသိ ပညာဗဟုသုတ တိုးစေမဲ့ဇာတ်ကားလေးဖြစ်တာကြောင့်ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကို Shwe Pyae မှရေးသားပေးထားပြီး ဘာသာပြန်များကတော့ Shwe Pyae, Jo Jo Va တို့ပဲဖြစ်ပါတယ်။)File Size -(1.12 GB) / (580 MB) / (276 MB) Quality – WebDL ...
movie

Death to 2021 (2021)

2021