Channel Myanmar

Quintessa Swindell

Master Gardener (2022) 6.3
Master Gardener (2022) Master Gardener (2022)~ IMDb - 6.3/10, Rotten Tomatoes - 70% ~"God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ ...
movie

Master Gardener (2022)

2022
Black Adam (2022) 7.3
Black Adam (2022) Black Adam (2022)DC စကြဝဠာရဲ့ စူပါအသစ်တစ်ယောက်လာပါပြီ။ မင်းသား The Rock သရုပ်ဆောင်ထားတဲ့ Black Adam အကြောင်းပါပဲ။ ဒီစူပါဟီးရိုးဟာ မှော်အစွမ်းကို အခြေခံထားတာဖြစ်ပြီး မှော်ဆရာတွေဆီကနေ ရှေးနတ်ဘုရားတွေရဲ့ စွမ်းအားတွေကို ရရှိထားတာဖြစ်ပါတယ်။ "ရှဇမ်း" လို့ အော်ပြီး စွမ်းအားရတာချင်းတူပေမဲ့ ပထမရုပ်ရှင်ထဲက Shazam နဲ့ နတ်ဘုရားနာမည်ချင်းမတူပါဘူး။ ရှဇမ်းက ဂရိနတ်ဘုရားတွေဆီကနေ စွမ်းအားရပြီး၊ ဘလက်အဒမ်ကတော့ အီဂျစ်နတ်ဘုရားတွေဆီက စွမ်းအားရတာပါ။ ဒီဟီးရိုးဟာ ဒီစီရဲ့ စွမ်းအားအကြီးဆုံးတွေထဲက တစ်ယောက်မို့ ဘယ်လောက်ကြမ်းလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်ရပါတော့မယ်။ဇာတ်လမ်းအကျဉ်းကတော့ရောမထက် ရှေးကျတဲ့ ခန်းဒက်ဆိုတဲ့နိုင်ငံလေးဟာ ဘုရင်ဆိုး အက်ခ်တွန် အုပ်ချုပ်တဲ့အောက်မှာ ဒုက္ခရောက်နေရပါတယ်။ အဲဒီဘုရင်ကလည်း နတ်ဆိုး ၆ ပါးရဲ့အစွမ်းကိုအသုံးချဖို့ သရဖူတစ်ခုကို ဖန်တီးဖို့ကြိုးစားနေပါတယ်။ ဒါကိုတားဆီးဖို့ မှော်ဆရာတွေဟာ ခန်းဒက်ရဲ့ ကျွန်တွေထဲက တစ်ယောက်ကို သူရဲကောင်းအဖြစ် ရွေးချယ်ပြီး နတ်ဘုရားအစွမ်းတွေ ပေးအပ်လိုက်ပါတော့တယ်။ အဲဒီသူရဲကောင်းဟာ ဘုရင်ဆိုးကို နှိမ်နင်းပြီးနောက်မှာ နှစ်ပေါင်း ၅၀၀၀ တိတိ ပျောက်ကွယ်သွားပါတော့တယ်။ ယနေ့ခေတ် ခန်းဒက်နိုင်ငံမှာပဲ အကြောင်းတစ်ခုကြောင့် အဲဒီသူရဲကောင်းပြန်ပေါ်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်...မူလထွက်ထားတဲ့ DC စူပါဟီးရိုးရုပ်ရှင်အားလုံးကိုလည်း ချန်နယ်မြန်မာမှာ ...
movie

Black Adam (2022)

2022
4K HEVC
Voyagers (2021) 5.3
Voyagers (2021) Voyages (2021)IMDb - 5.3ကမ္ဘာကြီးပူနွေးလာမှု မိုးခေါင်ရေရှားမှုလူဦးရေတိုးပွားလာသည်နဲ့အမျှ အစာရေစာမလုံလောက်မှုတို့တွေကြောင့်လူသားတွေဟာ စကြဝဠာထဲမှာ လူတွေ နောက်ထပ် အဆက်ရှင်နိုင်မယ့် ဂြိုဟ်တွေကို ရှာဖွေကပါတော့တယ်အဲ့ဒီ ဂြိုဟ်ကို ၂၀၆၃ မှာ တွေ့ရှိလာပါတော့တယ်။ဂြိုဟ်သစ်ကို ရောက်ဖို့ အနှစ် ၈၀ ကျော်ကြာ အာကာသ ခရီးရှည်ထွက်ရတော့မယ့်အချိန်မှာကမ္ဘာမြေလွမ်းစိတ်တွေ မဖြစ်ရအောင် ဇီ၀သိပ္ပံနည်းနဲ့ ကလေးအယောက် ၃၀ မွေးဖွားပြီးဒီခရီးရှည်အတွက် အကောင်အထည်ဖော်ပါတော့တယ်အနှစ် ၈၀ ကျော်ကြာတဲ့ ခရီးရှည်ဖြစ်တဲ့အတွက်ကြောင့် ဒီပထမမျိုးဆက်ဟာ ယာဉ်ပေါ်မှာပဲ မျိုးဆက်သစ်တွေ မွေးဖွားပြီးသူတို့ရဲ့ မြေးတွေ တစ်နည်းအားဖြင့် တတိယမျိုးဆက်ကလေးတွေကျမှ ဂြိုဟ်သစ်ပေါ်ကို အခြေချနိုင်မှာဖြစ်ပါတယ်။သို့ပေမယ့် လမ်းခရီးမှာ အဖွဲ့ ခေါင်းဆောင်သေသွားတဲ့အခါ......အဖွဲ့သားတွေ သွေးကွဲတဲ့အခါ.......ဒီ ခရီးရှည်ကြီးဟာ ဆုံးခန်းတိုင် အောင်မြင်ပါ့မလား.....မင်းသားကြီး Johnny Depp ရဲ့ သမီးဖြစ်သူ Lily Rose Depp အပါအ၀င် မင်းသားချော Tye Sheridan တို့က အဓိကပါ၀င်သရုပ်ဆောင်ထားပြီးပရိသတ်ကို ဆွဲခေါ်သွားနိုင်တဲ့ ...
movie

Voyagers (2021)

2021