Channel Myanmar

R. Lee Ermey

Body Snatchers (1993) 6.0
Body Snatchers (1993) Body Snatchers (1993) ================= IMDb Rating - 6.0/101990s classic တွေထဲက အကောင်းစား alien invasion ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ စတိဗ်မလုန်းဟာ အယ်လာ ဘားမားမှာရှိတဲ့စစ်တပ်စခန်းတစ်ခုမှာ စစ်ရေးလုပ်ဆောင်မှုတွေကြောင့် ပတ်ဝန်းကျင်ဂေဟစနစ်အပေါ် သက်ရောက်မှုတွေကိုစမ်းသပ်စစ်ဆေးဖို ရောက်လာခဲ့ပါတယ်။သူနဲ့အတူပါလာတာကတော့ ပထမအိမ်ထောင်က ဆယ်ကျော်သက်အရွယ် သမီးငယ်၊ ဒုတိယဇနီးသည်နဲ့ သားငယ်တို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ သူတို့သွား ရမယ့် စစ်တပ်ဝင်းထဲမှာ ထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်ပေါ်နေခဲ့ပါတယ်။ အဲ့ဒါကတော့ တပ်ထဲက လူတွေရဲ့မိသားစုဝင်တွေဟာ အမူအကျင့်တွေအ ပြောအဆိုတွေပြောင်းလဲကုန်ကြပြီး တစ်ခြားတစ်ယောက်ဖြစ်သွားသလို ပြုမူနေကြတာပါ။ တကယ်တော့ အဲ့ဒါတွေဟာ သူတို့မိသားစုနဲ့တကွ အားလုံး ကြုံကြရမယ့် အန္တရာယ်ဆိုးတွေရဲ့အစပဲရှိပါသေးတယ်။စာရေးဆရာ Jack Finney ရဲ့နာမည်ကျော်ဝတ္ထု The Body Snatchers (1955) ကိုပြန်ရိုက်ခဲ့တဲ့ Remake တွေထဲက အထင်ကရ ဇာတ်ကားတစ်ကားဖြစ်ပါ တယ်။ ဂြိုလ်သားတွေက လူသားတွေနေရာကိုအစားထိုးအယောင်ဆောင်နေ ကြတဲ့ The Faculty 1998 လို They Live (1988) တို့လိုဇာတ်အိမ်မျိုးဖြစ်ပြီး science fiction horror ပရိသတ်တွေအတွက်အဟောင်းထဲကရွှေတစ်ခုပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie

Body Snatchers (1993)

1993
Se7en (1995) Seven 8.6
Se7en (1995) Seven "The world is a fine place and worth fighting for."Ernest HemingwayCM ပရိသတ်ကြီးရေ။ ဘဝမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုကြည့်ပြီး ဘယ်တော့မှမေ့ဖျောက်လို့ မရနိုင်တော့တဲ့ အဖြစ်မျိုးဖြစ်ဖူးပါသလားခင်ဗျာ။ ဖြစ်ခဲ့ဖူးတယ်ဆိုရင်တောင် အခုဇာတ်ကားကို ကြည့်လိုက်ရင် အရင်ကစွဲလန်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ မှေးမှိန်သွားနိုင်ပါတယ်။ အထူးသဖြင့်ကတော့ သည်းထိတ်ရင်ဖို ရုပ်ရှင်နှစ်သက်သူတွေပေါ့ဗျာ။IMDb 8.6/10 နဲ့ RT 80% ရထားခဲ့တဲ့ Se7en (1995) ဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားတွေထဲမှာ ဂန္တဝင်ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကို အညွှန်းရေးရင် ကျွန်တော် သတိအထားဆုံးအရာက Spoil လုပ်လိုက်မိမှာကိုပါ။ တချို့ဇာတ်ကားတွေမှာ ဒါက သိပ်မသိသာပေမယ့် အလှည့်အပြောင်း အဝေ့အဝိုက်များတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားတွေမှာ အရမ်းသိသာပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာဆို ပိုတောင်သိသာပါတယ်။ ဒါကြောင့် အညွှန်းကို သဘောလောက်ပဲ ရေးပေးပါရစေ။ ဇာတ်လမ်းကဒီလိုပါ..... ဝီလီယမ် ဆမ်မာဆတ်( Morgan Freeman)ဟာ ...
movie

Se7en (1995) Seven

4K HEVC
Starship Troopers (1997) 7.6
Starship Troopers (1997) Genre – Action, Adventure, Sci-fi IMDB – 7.3/10ကျွန်တော်တို့ ၉၀ ခုနှစ်ကျော်က Sci-fi ကားကောင်းတွေအကြောင်းပြောမယ်ဆိုရင် Star Wars တွေ Star Trek တွေ Alien တို့လောက်နဲ့ မပြီးဘူးဗျဒီ Starship Trooper ကို ဇာတ်ကားနာမည်သာ မသိမယ် ဓားခုတ်ကောင်ကြီးတွေနဲ့ ချတယ်ဆိုပြီးလူတိုင်းငယ်ဘဝက ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ် (တချို့အခန်းတွေအကြောင်းလည်း ပါမယ်ပေါ့လေ)။ထားပါ ပြောချင်တာက သူကတော့ Franchise အနေနဲ့ ၃ ကားထိ ထွက်ရှိထားတာ ဖြစ်ပါတယ်အကုန်လုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ဒါရိုက်တာဖြစ်တဲ့ Paul Verhoeven ဆိုရင်လည်း တခြား Robocop တို့ Hollow Man တို့ကိုရိုက်ကူးထားတဲ့လူပါ။နောက်ပြီး ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Visual Effectစကာတင်လည်း ဝင်ခဲ့ပါသေးတယ် (Titanic နဲ့ Jurassic ...
movie

Starship Troopers (1997)

1997
Apocalypse Now (1979) 8.4
Apocalypse Now (1979) Apocalypse Now (1979)=================IMDb Rating - 8.4/10#Unicodeပြောကြတာတော့ Apocalypse Nowဟာ အကောင်းဆုံးစစ်ကားတဲ့။ ကျွန်တော်တော့ စစ်ကား တစ်ကားလို့ကိုမမြင်မိဘူး။သမိုင်းလည်းမှန်လှတယ်မဟုတ်ဘူး။ သမိုင်းဆိုတာ စစ်နိုင်တဲ့ဘက်က ရေးကြတာဆိုတော့ ရေးထားတဲ့သမိုင်းလည်း မှန်ချင်မှမှန်မှာဖြစ်တဲ့အတွက် ဒါကလည်းအရေးမပါလှဘူး။စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။ လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေ အလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေ အကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့ အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာ ဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်း စကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့ တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်း မထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်း ရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။ အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။ ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့ ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကို အမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့ အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာက ခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေက ပုံမှန်မြင်‌နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော်Great ကြီး‌တွေမဟုတ်ဘူး။ စစ်သားတွေရဲ့ ကြောက်စိတ်နဲ့ စစ်မှုထမ်းတွေရဲ့ တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။ မတော်လို့ကျွန်တော်တို့စစ်ထဲ၀င်ကြရင် ဖြစ်‌နေမယ့်ပုံစံမျိုး‌ပေါ့။ အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့သူပုန်တွေကြားက အမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလို ပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီး ပြသွားတယ်။လူသားဆန်မှု စစ်ပွဲမှာ ...
movie

Apocalypse Now (1979)

1979
Sommersby(1993) 6.2
Sommersby(1993) Sommersby(1993)အညွှန်း********************(zawgyi)ဂျက်သည် ၆ နှစ်ကြာမျှ ကွယ်ပျောက်ပြီးမှ ရွာသို့ပြန်ရောက်လာသည်....ထောင်ကျနေသသဖြင့် ပျောက်ကွယ်နေရခြင်းဖြစ်သည်ဟု သူကပြောပြသည်....သူ့ဇနီးနှင့် ကလေးဖြစ်သူက ဂျက်ကို အံအားသင့်စွာဖြင့်ကြိုဆိုကြသည်....ဂျက်ကိုသဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ တစ်ရွာလုံးကတော့ ၀ိုင်းဝန်းကြိုဆိုကြသည်.... ဒီနေရာမှာ ဘာထူးထူးဆန်းလာလဲဆိုတော့ ဂျက်ရှိစဉ်ကထဲက မွေးထားတဲ့ခွေးက စိမ်းစိမ်းကားကား ထိုးဟောင်ခဲ့တယ်...ပြီးတော့ ဖိနပ်ဆိုင်မှာ ဖိနပ်ချုပ်တော့လည်း ဖိနပ်အတိုင်းကို မှတ်မိနေတဲ့ဆိုင်ရှင်က ဆိုက်သေးသွားတယ်နော်လို့မှတ်ချက်ချပြန်တယ်.... ဂျက်ရှိစဉ်ကထဲက သေဆုံးတဲ့သူတစ်ယောက်ရှိတယ်..ဒါကိုလည်းစကားမှားပြီးပြောမိပြန်တယ်....သူဟာ ဂျက်နဲ့တထေရောထဲတူတဲ့သူဖြစ်ပေမယ့် ဂျက်အတုလား အစစ်လား တကယ့်ကို ဝေခွဲရခက်ပါတယ်... ဒီကားနဲ့ပတ်သက်ပြီးဇာတ်ကြောင်းက ဒီလောက်ပဲပြောပါရစေ...အတွေးပေါင်းများစွာနဲ့ လှပသောရုပ်ရှင်ကြောင့် ခံစားမှုသီးခြားကမ္ဘာထဲကို ပို့ဆောင်ပေးတဲ့ကားမျိုးမို့ပါ... ဒီကားဟာ ရစ်ချက်ဂီယာနဲ့ မင်းသမီးကြီး ဂျိုဒီဖော့်စ်စတာတို့ အဓိကသရုပ်ဆောင်ထားပါတယ်.. ရစ်ချက်ဂီယာလို့ မသိကြပေမယ့် Pretty Woman ဇာတ်ကားနဲ့ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေရင်းနှီးကြမှာပါ...ဒီကားကိုကြည့်ရင် ဂျက်ရဲ့အပြုအမူ လုပ်ကိုင်ဆောင်ရွက်ပုံတွေ စကားပြောပုံတွေကို အသေးစိတ်ဂရုစိုက်ကြည့်စေချင်တယ်... ဂျက်ဘာကြောင့်ဒီလိုလုပ်တာလဲ..ဘာဖြစ်လို့ ဒီလိုလမ်းတွေကိုရွေးချယ်ခဲ့တာလဲ... ဇာတ်ကားကြည့်ပြီးတဲ့အချိန်မှာ ခင်ဗျားတို့ကို အတွေးပေါင်းများစွာ ချန်ပေးခဲ့လိမ့်မယ်... ဂျက်လုပ်တာမှန်ရဲ့လား....ငါသာဆိုရင် ဒီလမ်းကိုရွေးချယ်နိုင်ပါ့မလား.... တခြားရွေးချယ်စရာတစ်ခုဆိုရင်ရော အဆင်ပြေနိုင်ပါ့မလား...ဆိုတာမျိုးတွေပေါ့... ခံစားကြည့်ကြပါ....ခင်ဗျားတို့ နှလုံးသားကို မဖမ်းစားနိုင်ဘူးဆိုရင် သေချာတယ် ခင်ဗျားတို့နှလုံးသားဟာ ကျောက်သားတွေနဲ့ဖွဲ့စည်းထားလို့ပါပဲ....(unicode)ဂျက်သည် ၆ နှစ်ကြာမျှ ကွယ်ပျောက်ပြီးမှ ရွာသို့ပြန်ရောက်လာသည်....ထောင်ကျနေသသဖြင့် ပျောက်ကွယ်နေရခြင်းဖြစ်သည်ဟု သူကပြောပြသည်....သူ့ဇနီးနှင့် ...
movie

Sommersby(1993)

1993
The Frighteners ( 1996 ) 7.1
The Frighteners ( 1996 ) ဒီကားလေးကတော့ ၁၉၉၆ခုနှစ်ကထွက်ရှိခဲ့တဲ့Comedy/Fantasy/Horror ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။IMDb rating 7.1/10ရရှိထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့Frank Bannister ဆိုတဲ့ဗိသုကာပညာရှင်တစ်ယောက်ဟာ အလွန်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပေမဲ့မိန်းမဖြစ်သူနဲ့စကားများရင်း ကားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာအသက်ရှင်ကျနိခဲ့တဲ့ Bannister တစ်ယောက်ဟာထူးခြားမှုတွေစတင်တွေ့ကြုံခဲ့ရတာဖြစ်ပြီး ဝိညာဉ်တွေနဲ့ဆက်သွယ်ပြောဆိုနိုင်တဲ့သူတစ်ယောက်ဖြစ်လာတာပဲ ဖြစ်ပါတယ်။အဲ့ဒီနောက်သူတို့မြို့်လေးအပေါ်ကပ်ဘေးကြီးတစ်ခုကျရောက်လာပြီးအဲ့ဒီကပ်ဘေးကြီးရဲ့နောက်ကွယ်မှာမကောင်းဆိုးဝါးတစ်ကောင်ရှိနေတာကိုသိရပြီးနောက် အဲ့ဒီမြို့လေးကိုကယ်နိုင်မယ့်တစ်ဦးတည်းသောသူက Bannister ပဲဖြစ်နေတာဖြစ်ပါတယ်။ဆက်လက်စောင့်ကြည့်ခံစားပါ Translated & Reivew By Thura ZarNi AungEncoded By LK
movie

The Frighteners ( 1996 )

1996
Leaving Las Vegas (1995) 7.5
Leaving Las Vegas (1995)  Palatonic Love လို့ခေါ်တယ် စိတ်ကူးယဉ်ဆန်ဆန် ပေးဆပ်ခြင်းရရယူခြင်းဘာမှမရှိတဲ့ အချစ်ဆိုတာကို ဒီဇာတ်ကားမှာတွေ့ရမှာပါ။ ဘာအကြောင်းကြောင့်လဲ သေချာပြမထားဘဲ ဘန်ဆိုတဲ့ ဟောလိဝုဒ်က နာမည်ကြီး ဇာတ်ညွှန်းရေးဆရာတစ်ယောက် အရက်အလွန်အကျွံသောက်ပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ကြိုးစားနေတဲ့ နေရာကစပြထားပါတယ်။ သူက ပေါက်ကွဲဖို့ စိုင်းပြင်းနေတဲ့ ဗုံးတစ်လုံးလိုပါပဲ။ သောက်တယ် သောက်တယ် သောက်တယ်။ တခြားဘာမှသူ့အတွက် အရေးမပါတော့ဘူးလို့ ထင်နေချိန်မှာ ပြည့်တန်ဆာမလေး ဆယ်ရာ နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့ချစ်မိခဲ့ကြပါတယ်။ အခြေအနေတွေ အချိန်အခါတွေ ပေးဆပ်ခြင်း ရယူခြင်း ဘာမှမပါပဲ အချစ်သက်သက်နဲ့ချစ်ခဲ့ကြပါတယ်။သေတော့မယ့်အရက်သမားတစ်ယောက်နဲ့ ကိုယ့်ခန္ဓာကိုယ် ကို ရောင်းစားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လွမ်းစရာ ကြည်နူးစရာဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ငိုချင်သပ ငိုမရဖြစ်နေသူများ ကြည့်ကြပါဗျာ။ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 7.5 ရှိပါတယ်။ ငိုချင်အောင် ရိုက်တတ်တဲ့ Director Michael Figgis ကရိုက်ကူးထားပြီး မင်းသားကြီး Nicolas Cage နဲ့ ...
movie

Leaving Las Vegas (1995)

1995
Naked Gun 33⅓: The Final Insult (1994) 6.5
Naked Gun 33⅓: The Final Insult (1994) Naked Gun 33⅓: The Final Insult (1994) IMDb - 6.5/10_____Rotten - 54%   Naked Gun ကားရဲ့ နောက်ဆုံးကားပါ။ ဒီကားမှာတော့ ကျွန်တော်တို့ရဲ့ ဖရန့်ဒရက်ဘင်ကြီး ရဲလောကက အနားယူ သွားပါပြီ။ ဂျိမ်းနဲ့လည်း ပြန်အဆင်ပြေ သွားပြီဖြစ်လို့ နှစ်ယောက် အေးဆေးတဲ့ဘဝလေးတစ်ခုကိုထူထောင်နေကြပါပြီ။ ဂျိမ်းကလည်း ကလေးလေးတစ်ယောက် ယူပြီး အေးဆေး နေချင်နေတဲ့ အချိန်ပေါ့ အဲ့အချိန်မှာပဲ ရဲဋ္ဌာနမှာ ဗုံးဖေါက်ခွဲမှု့နဲ့ပတ်သတ်လို့ အရေးတကြီး ဖရန့်ရဲ့ အကူအညီကိုတောင်းခံပါတယ်။ ဒါပေမဲ့ ဖရန့်က ရဲ အလုပ် လုံးဝမလုပ်တော့ပါဘူး လို့ ဂျိန်းကိုကတိပေးထားပြီးသားပါ။ သို့ပေမဲ့ ဝါသနာ ဗီဇဆိုတာဖျောက်ရခက်တော့လည်း ကူညီမိရာကနေ ဂျိမ်းတစ်ယောက် စိတ်ဆိုးပြီး ဖရန့်ဆီကနေ ထွက်သွားပါတော့တယ်။ ဒီတော့ ဖရန့်လည်း စိတ်နှစ် ပြီး ရဲ အလုပ်ဆက်လုပ်တာပေါ့။ဖရန့်ရဲ့ တာဝန်က ဒီလိုပါ ဗုံးဖောက်ခွဲမှု့ အကြီးစားတစ်ခု လုပ်မယ်လို့ သတင်း ရရှိပါတယ် အဲ့ ဖောက်ခွဲမှု့ကိုလည်း ထောင်ထဲရောက်နေတဲ့ ရိုကို ဆိုတဲ့ နာမည်ကျော် ရာဇဝတ်သားတစ်ဦးက ကြိုးကိုင်နေတာဖြစ်လို့ ...
movie

Naked Gun 33⅓: The Final Insult (1994)

1994