Channel Myanmar

R.S. Shivaji

Naadu(2023) 8.7
Naadu(2023) Naadu 2023 တောင်ပေါ်ရွာ‌ရောက်အရှုပ်တော်ပုံIMDb-8.8ဆရာဝန်ဇာတ်လမ်းတွေထဲမှာ ကျွန်တော်တို့ရင်ထဲနေရာယူခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုချပြပါဆိုရင် ကြိုးကြာတောင်ပံခတ်သံပေါ့။ ဒီ‌ဇာတ်လမ်းအဆွယ်ကောင်းလို့ ဆရာဝန်ပေါက်စဖြစ်ချင်တဲ့သူတွေလည်း မနည်းမနောရှိခဲ့တာပေါ့လေ။အခုတင်ဆက်ပေးမှာကတော့ နာဂတောင်တန်းမဟုတ်တဲ့ ကိုလီတောင်တန်းက အစစအရာရာ ခေတ်နောက်ကျနေတဲ့ တမီလ်ရွာလေးမှာ တောင်ပံခတ်မယ့် ကြိုးကြာမလေးအကြောင်းပေါ့။ ကိုလီတောင်တန်းပေါ်က တောင်ပေါ်ရွာလေးဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အစွန်အဖျားကရွာလေးဆိုတော့ အစစအရာရာမှာ ခေတ်နောက်ကျနေတာပေါ့။ တီဗီလိုင်းမရှိ ကားမရှိတဲ့ဒီရွာလေးမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းရနေတာကပဲအတော်လေး ကျေးဇူးတင်စရာကောင်းနေတယ်ပဲ ပြောရမလိုပါ။လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့အတွက် ဘာမှမရောက်ဘဲ သီးခြားကွဲထွက်နေတဲ့ ရွာလေးမှာ ဘတ်စ်ကားတောင်မှ မနက်တစ်ခါ ညနေတစ်ခါပဲရောက်ပါသတဲ့။ ဆေးရုံကားဆိုတာကလည်း အရေးပေါ်ကိစ္စနဲ့ခေါ်လိုက်ရင် လူနာသေမှ အလောင်းလာသယ်သလိုလိုအဖြစ်တွေလည်း ဒုနဲ့ဒေးပါပဲ။ ဒီလိုနဲ့ ရွာမှာကောင်မလေးတစ်ယောက် လက်ကောက်ဝတ်လှီးပြီး အဆုံးစီရင်တာကို ဆေးရုံကားခေါပြီး ဆေးရုံပို့ဖို့လုပ်ပေမဲ့ ကားကညမှရောက်ပြီး နောက်ကျလို့ လူနာအသက်မမီလိုက်တဲ့အပြင် ဆရာဝန်က မြည်တွန်တောက်တီးတာခံလိုက်ရချိန်မှာတော့ အတော်လေးရင်ခံသွားကြတဲ့ရွာသားတွေ အလောင်းလာပြန်ပို့တဲ့ဘတ်စ်ကားရှေ့မှာ ပိတ်ရပ်ပြီး ဆန္ဒပြကြပါတော့တယ်။သူတို့ရဲ့တောင်းဆိုချက်ကတော့ အစစအရာရာနိမ့်ကျနေသည့်တိုင်အောင် သူတို့လည်း ဆေးဘက်ဆိုင်ရာအထောက်အပံ့ရခွင့်ရှိတာကြောင့် ရွာဆေးရုံမှာ ဆရာဝန်တစ်ယောက်ခန့်ထားပေးဖို့ပါပဲ။ ကြိုးကြာတောင်ပံခတ်သံကသာ ဖတ်လို့ကောင်းတာ ကိုယ်တကယ်ကြုံရမယ်ဆိုတော့ transferလျှောက်ပြီး အကုန်ပြန်ပြေးကြတာမလို့ ခရိုင်မှူးလည်း အကျပ်ရိုက်နေတာပေမဲ့ ရွာသားတွေကိုငဲ့တဲ့အနေနဲ့ အာဏာသုံးပြီး ဆရာဝန်တစ်ယောက် မရမကလွှတ်ပေးဖို့စီစဉ်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့ ...
movie

Naadu(2023)

2023
Chandramukhi 2 (2023)
Chandramukhi 2 (2023) Chandramukhi 2 (2023) (သို့) နှစ်ဘဝကလဲ့စားဘောလိဝုဒ်သရုပ်ဆောင်တွေကြား တမူထူးတဲ့ရုပ်ရည်လေးနဲ့ မင်းသမီးချောလေး ကန်ဂနားကို တစ္ဆေမလေးအဖြစ်မြင်တွေ့ရမဲ့ကားဖြစ်ပါတယ် ဂမ္ဘီရဆန်ဆန် လျှို့ဝှက်ဆန်းကြယ်ပုံတွေက ဂျန်ဂျမားတို့ Plot နဲ့ သွားဆင်နေတာဖြစ်လို့ ကြည့်ရင်းနဲ့ ဂျန်ဂျမား vibe မျိုးရစေမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း*********************************အရမ်းကို ချမ်းသာတဲ့မိသားစုတစ်စုက ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်ပြီးတော့ မိသားစုပိုင် စက်ရုံလည်း မီးလောင်၊ လုပ်သမျှ အလုပ်တိုင်းကလည်း မဖြစ်၊ စေ့စပ်ခါနီး သမီးဖြစ်သူမှာလည်း ကားအက်စီးဒန့်ကြောင့်နဲ့ အောက်ပိုင်းသေသွားခဲ့ပြီး သမီးကြီးကလည်း ဘာသာမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို့ အဆက်အသွယ်ဖြတ်ထားရာကနေ ကလေးနှစ်ယောက်ရပြီးကာမှ လေယာဥ်ပျက်ကျပြီး ဆုံးသွားခဲ့ရပါတယ်။ဒီလို ပြဿနာတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့် ဘာများဖြစ်တာလဲဆိုပြီးတော့ သူတို့ကိုးကွယ်နေတဲ့ ဂုရုကြီးကို ပင့်ပြီး မေးမြန်းတဲ့အခါမှာတော့ သူတို့က ဘုရားရှင်ကို နေ့စဥ်မပြတ် ပူဇော်ကိုးကွယ်နေပေမဲ့ ဘိုးဘေးတွေကိုတော့ ပစ်ထားခဲ့တဲ့အတွက် ဘိုးဘေးတွေကနေ အမျက်ထွက်ပြီးတော့ အခုလိုဒုက္ခတွေ ကြုံတွေနေရတာဖြစ်ကြောင်း၊ ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ဘိုးဘေးတွေကို ပြန်ပြီးတော့ ပူဇော်ပေးရမှာဖြစ်ကြောင်း၊ ဘိုးဘေးတွေကို ပူဇော်တဲ့နေရာမှာလည်း သွေးသားတော်စပ်တဲ့ မိသားစုတိုင်းက ဘိုးဘေးတွေကိုးကွယ်ခဲ့တဲ့ ဘုရားကျောင်းကို သွားပြီးတော့ ၄၈ရက်ကြာအောင် ...
movie

Chandramukhi 2 (2023)

2023
Lucky Man (2023) 7.1
Lucky Man (2023) Lucky Man (2023)IMDB rating 7.2 ရထားတဲ့ တမီးလ် စကားပြော ဟာသ/ဒရာမာ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဗီရာနဲ့ အတူ ခါတိုင်းရွှတ်နောက်နောက်နဲ့ အမြဲနောက်ပြောင်တတ်တဲ့ ဟာသမင်းသားကြီးယိုဂီဘာဘူကို ဒီတစ်ခါတော့ အတည်ပေါက်ဇာတ်ရုပ်နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်အဓိက ဇာတ်ကောင် မူရူဂန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က ငယ်ငယ်တည်းက ကံမကောင်းခဲ့တဲ့လူ.. ဘယ်လောက်တောင်လဲဆိုရင် ရေဒီယိုအစီအစဥ်က မေးခွန်းကို ခက်ခက်ခဲခဲ မှန်အောင် ဖြေပြီးတာတောင် ဆုငွေလှည့်တော့ ဗလာပဲ ကျတဲ့အထိ သူ့အနေနဲ့လည်း ဒရာမာခင်းမျက်ရည်ချူနေဖို့ထက် အတည်ပေါက်ကြီးတွေပဲ ထေ့လုံးပြောရတာကို အရသာတွေ့တဲ့လူပါမြေအကျိုးဆောင်လုပ်ငန်း လုပ်ကာမှ မြေကွက်မကြည့်ရသေးခင် ဖောက်သည်ရဲ့ အဘွားဆုံးပြီး လှည့်ပြန်ရတဲ့ အဖြစ် အလုပ်အတွက် ဆိုင်ကယ်ကောင်းကောင်း အသစ်လိုနေတာကို လှည့်ပတ်ချေးဖို့ ကြိုးစားနေရတဲ့အချိန်.... စုကြေးကုမ္ပဏီကနေ ကားဆုကြီးထပေါက်ပါတော့တယ်.. တစ်သက်လုံးကံဆိုးလာတဲ့မူရူဂန်တစ်ယောက် ကံကောင်းခြင်းတွေအစပျိုးလာတာဟုတ်ရဲ့လား သူ့ရဲ့ကံဆိုးမှု အလွဲအချော်တွေက ဘယ်လောက်ထိဆက်ဖြစ်နေဦးမလဲ.......ဒီကားက ဟာသမင်းသားကြီး ယိုဂီဘာဘူရဲ့ အတည်ပေါက်နဲ့ ထေ့ပြောပြောတာတွေက အဓိကဆွဲဆောင်မှုပါ comedy ဆိုတာထက် ဒါမျိုး genre ကို dark-comedy သို့မဟုတ် Dra-Medy(drama+comedy)လို့လဲ ခေါ်ပါသေးတယ် ပုံမှန်ဟာသကားနဲ့တော့ ...
movie

Lucky Man (2023)

2023
Gargi (2022) 8.4
Gargi (2022) Drama, Thriller, Mystery IMDb - 8.4 / 10"ခွန်အားနည်းတဲ့ မိန်းမသားတွေရဲ့ဖြစ်တည်မှုဟာ ခွန်အားကြီးတဲ့ ယောက်ျားသားတွေရဲ့ ရှက်ဖွယ်ဖြစ်တဲ့ တဏှာရာဂ လောဘစိတ်တွေထွက်ပေါ်လာဖို့ လက်ယပ်ခေါ်နေတာမဟုတ်... မလုံ့တလုံဝတ်လို့ စော်ကားခံရတယ်ဆိုရင် လုံခြုံပြီး အပြစ်ကင်းတဲ့ ကလေးငယ်လေးတွေကိုရော ဘာကြောင့် လုပ်ရက်ကြတာလဲ...?"ဟုတ်ကဲ့.. ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် သဘာဝအလှနဲ့ မင်းသမီးလေး စိုင်းပလာဗီရဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားထဲမှာတော့ သူဟာ သာမန်မိသားစုတစ်ခုက သမီးကြီးတစ်ယောက်ဖြစ်ပြီး ကျောင်းဆရာမတစ်ယောက်ဖြစ်ပါတယ်ဒီလိုနဲ့ နေထိုင်လာခဲ့ရင်း လုံခြုံမှုမရှိတဲ့ သူတို့မြို့ထဲ အုပ်စုဖွဲ့ သက်ငယ်မုဒိန်းမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတော့တယ်ထူးဆန်းတာက အဲဒီမုဒိန်းကျင့်မှုမှာ သူ့အဖေဟာ ငါးယောက်မြောက်တရားခံ ဖြစ်လို့နေပါတယ်အဲဒီလိုနဲ့ သူတို့တွေ အမှုရင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့....သူ့အဖေဖြစ်သူဟာ အပြစ်မရှိဘဲ ယိုးစွပ်ခံရတာလား ဒါမှမဟုတ် တကယ့်တရားခံအစစ်ပဲလားဆိုတာ မေးခွန်းပေါင်းများစွာနဲ့အပြင်အမှုဖော်ထုတ်မှုတွေကိုလည်း သိချင်စိတ်ပြင်းပြစွာ ကြည့်ရှုရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ကြောင်း အခုလိုပဲ အညွှန်းရေးသားလိုက်ရပါတယ် File size…4.5GB / 1.7GB  /  800MB Quality…4k HEVC WEB DL / 1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Lwin Htoo ...
movie

Gargi (2022)

2022
4K HEVC Web-DL
Dharala Prabhu (2020) 6.8
Dharala Prabhu (2020) Dharala Prabhu (2020) -------------------------- ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ IMDb Rating (6.8)ရရှိထားတဲ့Romance/ Comedy ကားလေးပဲဖြစ်ပါတယ်။သန္ဓေသားအစားထိုးဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာကန်နာဒါဆန်ဟာလူနာတွေအများကြီးလက်ခံပြီး ကတိတွေတစ်ခုပြီးတစ်ခုပေးထားပေမယ့်သုတ်ပိုးအလှူရှင်လုံးဝရှာမတွေ့သေးပါဘူး။ ဘဝရဲ့အနိမ့်ဆုံးအချိန်ရောက်တဲ့ ဘောလုံးသမားလေး ပရာဘူဟာလည်းအလုပ်တစ်ခုကိုမရမကလိုက်ရှာနေသူပါ။ဒီလိုနဲ့ ဒေါက်တာကန်နာတစ်ယောက် ပရာဘူရဲ့ကျန်းမာ‌မှုအခြေအနေကိုသဘောကျသွားပြီးသူ့ဆေးခန်းရဲ့သုတ်ပိုးအလှူရှင်အဖြစ်နေပေးဖို့ မရမက ကမ်းလှမ်းပါတော့တယ်။အစပိုင်းအဆင်ပြေချောမွေ့ခဲ့ပေမယ့် ပရာဘူမှာ ချစ်သူရှိလာတဲ့အချိန်မှာတော့ဘယ်လိုတွေပြဿနာတက်မလဲဆိုတာကို ပရိသတ်များကိုယ်တိုင်ပဲ စောင့်မျှော်ကြည့်ရှုပေးပါဦး   File size…2.5GB / 1.1 GB Quality…1080p Tamil AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Dharala Prabhu (2020)

2020
Thalli Pogathey (2021) 7.7
Thalli Pogathey (2021) Thalli Pgathey (2021)ဒီနေ့ Channel Myanmar က တင်ဆက်ပေးချင်တဲ့ အချစ်ဟာသကားလေးတစ်ခုကတော့ IMDb မှာ rating 7.7/10 ထိရထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ကာတစ် ပါလဗီ အာရွန်း ဒီ ၃ ယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပေါ့ဗျာ။ကာတစ်နဲ့ ပါလဗီက အပြန်အလှန် မေတ္တာမျှနေကြတဲ့ ချစ်သူနှစ်ယောက်ပါ။ အိန္ဒိယတို့ရဲ့ ရိုးရာဓလေ့အရ အရွယ်ရောက်နေတဲ့ သမီးပျိုကို အိမ်ထောင်ချပေးဖို့ ပါလဗီရဲ့မိဘတွေက စီစဥ်ကြတဲ့အခါ။ အခုမှ ကောလိပ်ကဘွဲ့ရခါစ ကာတစ်က သူ့ချစ်သူကို မပြည့်စုံတဲ့ ဘဝထဲ ဆွဲမခေါ်ရက်ရှာပါဘူး။ ဒီတော့ တစ်နှစ်ဆိုတဲ့ အချိန်ကို ပါလဗီဆီက တောင်းခဲ့ပါတယ်။ ကိစ္စတိုင်းက ကိုယ်မျှော်လင့်သလိုတော့ ဖြစ်မလာနိုင်တာ သဘာဝပဲမို့လားဗျာ။သူပြည်ပရောက်နေတဲ့ အချိန်မှာ မိဘတွေရဲ့ဆန္ဒကိုမလွန်ဆန်နိုင်တဲ့ ပါလဗီက အာရွန်းနဲ့လက်ထပ်ခဲ့ရပါတယ်။" သူများနဲ့ညား ငါ့ရည်းစား '' ဆိုသလိုပါပဲ ချစ်ရသူကို သူတစ်ပါးရင်ခွင်ထဲ ထည့်လိုက်ရတဲ့ ကာတစ်ခမျာ အရူးတပိုင်း အရက်သမားလုံးလုံးဖြစ်ပါလေရော။ ဒါပေမယ့် ဇာတ်လမ်းက ဒီမှာမပြီးသေးပါဘူး။မထင်မှတ်ထားတဲ့အလှည့်အပြောင်းတစ်ခုမှာ သူတို့ ၃ ယောက် ...
movie

Thalli Pogathey (2021)

Anbe Sivam(2003) 8.7
Anbe Sivam(2003) Anbe Sivam(2003) အညွှန်း**********************IMDb...8.73 Idiots ထဲကကင်မရာလေးတစ်ကိုင်ကိုင်နဲ့ ဖာဟန်ကိုသိကြတယ်မလား......ဒီကားထဲမှာတော့အဓိကမင်းသားပေါ့...ကြော်ငြာ ဗီဒီယိုရိုက်သူ အန်ဘာစုရ်တစ်ယောက် အိမ်ထောင်ပြုဖို့အတွက်ချန်နိုင်းကို လေယာဉ်နဲ့ပြန်ဖို့ စီစဉ်ထားပါတယ်။ လေဆိပ်ရောက်ရောက်ချင်းမှာပဲ မြို့ထဲမှာ အကြမ်းဖက်သမားတွေရှိကြောင်းကြေညာနေတဲ့ သတင်းကို သူတွေ့လိုက်ရတယ်။ ဒီလိုနဲ့ပဲ ထူးဆန်းတဲ့အပြုအမှုနဲ့ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ ရှီဗန်(မ်)ကိုတွေ့သွားပြီး အကြမ်းဖက်သမားလို့ သံသယဝင်သွားကာ ရဲနဲ့တိုင်ပါတော့တယ်။ ရဲတွေကလည်း ရှီဗန်(မ်)ကို ဖမ်းဆီးပြီး စစ်ဆေးပါတယ်...အဲ့ဒီနောက်မှာတော့ အလွဲကြီး လွဲမှုတွေဆက်တိုက်ဖြစ်ပါတော့တယ်...ဘာတွေဖြစ်မလဲဆိုတာကိုတော့... ဒီဇာတ်ကားဟာ ကွန်မြူနစ်ဝါဒ၊ ဘုရားမဲ့ဝါဒနဲ့ ပရဟိတလုပ်ငန်းတွေအပြင်Haasanရဲ့ လူသားဆန်တဲ့ အတွေးအမြင်တွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီးတောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။File Size :(2.9GB) (1.2 GB) and (471 MB) Quality : Blu-Ray 720p Format…mp4 Duration…02:40:00 Genre : Adventure ,Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Anbe Sivam(2003)

Maara 7.8
Maara Maara (2021)ဇန်နဝါရီ ၈ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ တမယ်လ် ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ကြည့်မိရင် ရင်ထဲမှာ မေတ္တာတရားရဲ့ ဆွတ်ပျံ့မှု ကြည်နူးမှု နွေးထွေးမှုတွေကို ခံစာရမှာ အမှန်ပါပဲ။ကျွန်တော်တို့ပုံပြင်တွေကို ကြားဖူးကြပါတယ်။ နားထောင်ဖူးကြပါတယ်။ ပုံပြင်လေးတစ်ပုဒ်ကနေ တကယ့်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့တဲ့အချိန်မှာတော့ ....ပါရူး ဆိုတဲ့ ကလေးမလေးက ငယ်စဉ်ဘဝက ရထားတစ်စီးပေါ်မှာ စစ်သားလေးတစ်ယောက်နဲ့ သူ့ရဲ့ဝိဉာဉ် ငါးကလေး ဆိုတဲ့ ပုံပြင်လေးကို နားထောင်ခဲ့ရဖူးပါတယ်။ ပါရူးတစ်ယောက်က ပုံပြင်တွေကို စိတ်ဝင်စားတဲ့ မိန်းကလေးပါ။ သူ့အိမ်က နေရာချထားပေးဖို့ ပြင်ဆင်ပေမယ့် စိတ်မဝင်စားလို့ အိမ်ကနေ ထွက်လာရင်းနဲ့ ..... မာရာ ဆိုတဲ့ လူတစ်ယောက်ရဲ့ ပန်းချီကားလက်ရာတွေကို တွေ့ပြီး အဲဒီနောက်ကို တကောက်ကောက်လိုက်ရာကနေ တကယ့်ကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ် .....ဘာဇာတ်လမ်းလေးလဲ ဆိုတာကတော့ .....IMDb - 7.8/10 ရထားတဲ့ ဇာတ်ကားမို့ အများကြီး ပြောမနေတော့ပါဘူး။File size… 2.1GB ...
movie

Maara

2021
Soorarai Pottru(2020) 9.3
Soorarai Pottru(2020) Soorarai Pottru(2020)IMDb...9.3(နင်းကန်ကောင်းတဲ့ကားမို့ WEB-DL 1080p 5.1CH,  ပါထပ်မံပြုလုပ်ပေးထားပါတယ်...)အိန္ဒိယနိုင်ငံမှာ ပထမဆုံး တန်ဖိုးနည်းလေကြောင်းခရီးစဉ်တွေအတွက် Air Deccan ဆိုတဲ့ လေကြောင်းလိုင်းကို ပြေးဆွဲပေးခဲ့တဲ့ စွန့်ဦးတီထွင်သူ G. R. Gopinath ရဲ့ဘ၀ထဲက အဖြစ်အပျက်တစ်ချို့ကို ရုပ်ရှင်တစ်ခုအနေနဲ့ တင်ဆက်လိုက်တဲ့ ဒီဇာတ်ကားဟာ ဒီနှစ်ပိုင်းမှာ ထွက်တဲ့ တမီးလ်ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးဇာတ်ကားလို့ပဲ ပြောချင်ပါတယ်။အဓိကဇာတ်ကောင်နေရာကို Singam မင်းသား ဆူရိယက သရုပ်ဆောင်ထားပြီး ဗီလိန်အဖြစ်နဲ့ Oh My God ဇာတ်ကားတွေထဲက Paresh Rawal တို့က သရုပ်ဆောင်ပေးထားပါတယ်။၂၀၂၀မှာ ခုလိုကားကောင်းမျိုး ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့တာ အမှန်ပါ။ ကျွန်တော်တို့ ဘာသာပြန်သူတွေအနေနဲ့တော့ ဒီကားဟာ ရွှေပဲ။အက်ရှင်ကားမဟုတ်ဘူး၊ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံထားတဲ့ သာမန်လူတန်းစားတစ်ယောက်ရဲ့ အများအကျိုးပြု အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ပြသွားတဲ့ ဒရာမာကားကောင်းတစ်ကားပါပဲ။သူ့အိပ်မက်က ထူးဆန်းတယ်။ ကျယ်ပြန့်တယ်၊ လက်တွေ့မှာ မလွယ်လှတဲ့ လေကြောင်းလိုင်းတစ်ခုကို ထူထောင်ဖို့ပါ။လေယာဉ်နဲ့ ခရီးသွားဖို့ လူတိုင်းတတ်နိုင်ရမယ်။ သူ့တုန်းကလို အဖြစ်အပျက်မျိုး၊ ရထားစီးပြီး အချိန်ဖြုန်းခရီးသွားတာမျိုး နောက်မျိုးဆက်အဆက်ဆက် မဖြစ်စေရဖို့ သူ့မှာ အိပ်မက်တစ်ခုရှိတယ်။ဒါပေမဲ့ သူ့အဖို့ ...
movie

Soorarai Pottru(2020)