Channel Myanmar

Rachel Wilson

Dear David (2023)
Dear David (2023)  Horror ကားချစ်သူတွေအတွက် Dear David ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒေးဗစ်ဆိုတဲ့ကောင်လေးတစ်ယောက်အပေါ်မှာအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating က 4 ပဲရှိပေမဲ့ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဒေးဗစ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာငယ်ငယ်လေးကတည်းက ကွန်ပြူတာတစ်လုံးနဲ့လိုင်းပေါ်မှာ အချိန်ကုန်နေတတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကွန်ပြူတာအရမ်းသုံးလွန်းလို့သူ့မိဘတွေကပါသူ့အတွက် စိတ်ပူနေရပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့ အဲ့ဒီကိစ္စနဲ့ပဲသူတို့မိသားစုမှာအဖြစ်ဆိုးတွေဖြစ်သွားပြီး နှစ်ပေါင်းများစွာကြာတဲ့နောက်မှာတော့ အက်ဒမ်ဆိုတဲ့လိုင်းပေါ်မှာသတင်းတွေ အကြောင်းအရာတွေတင်တဲ့ ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့လူတစ်ယောက်ရဲ့အကောင့်ကို Dear David ဆိုတဲ့နာမည်နဲ့လာAdd ခဲ့ပါတယ်။သူ့ကိုမေးချင်တာမေးလို့ရပြီး မေးခွန်းနှစ်ခုထက်ပိုပြီး သုံးခုမမေးဖို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း အက်ဒမ်ရဲ့ဘဝပြောင်းလဲသွားပြီးသရဲခြောက်တာတွေခံလာရပါတယ်။စိတ်တွေလည်း ကယောင်ခြောက်ခြားဖြစ်လာခဲ့ပြီး အလုပ်တွေပါပျက်လာပါတော့တယ်။အဲ့ဒီ Dear David ဆိုတဲ့အကောင့်ကတကယ်တမ်းဘယ်သူလဲမေးခွန်းသုံးခုမေးရင်ကောဘာတွေဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.09GB / 457MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Dear David (2023)

Saw 3D (2010) Saw 7 5.6
Saw 3D (2010) Saw 7 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Saw 3D (2010) Saw 7

The Glass House (2001) 5.8
The Glass House (2001) The Glass House (2001)Thriller/MysteryChannel Myanmar ရဲ့ပရိတ်သတ်တွေအတွက်ဟောင်းပေမယ့် ကောင်းဆဲဆိုတဲ့ ဒီလိုရုပ်ရှင်မျိုးတွေကို တစ်ဖန်ပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ရုံတင်ငွေ 23.6 သန်းအထိရထားတဲ့ဒါရိုက်တာ Daniel Sackheim ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။Daniel Sackheim ဆိုရင် Game of thrones , The Walking Dead ဒီလိုဝက်ဝက်ကွဲအောင်မြင်တဲ့ရုပ်ရှင်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တဲ့နာမည်ကြီးဒါရိုက်တာတစ်ယောက်ပါ။ ဒီတော့ The Glass House မှာလည်းဘယ်လိုလက်စွမ်းပြထားမလဲဆိုတာ ခံစားကြည့်လိုက်ပါဦးဗျာ။ဆယ်ကျော်သက်တို့ထုံးစံအတိုင်း ရူဘီဟာ သောက်စား ပျော်ပါးဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။တစ်ရက်တော့ ဘဝဟာ ကံဆိုးမိုးမှောင်ကျပြီး မိဘနှစ်ပါးလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရပါတယ်။အဲဒီနောက်​တော့ ရူဘီနဲ့ သူ့မောင်လေး ရက်တ်ဟာ သူတို့ရဲ့ အိမ်နီးချင်းဟောင်းဂလပ်စ်တို့ လင်မယားဆီမှာ မွေးစားခံလိုက်ရပါတယ်။ပြီးတော့ ဂလပ်စ်တို့လင်မယားရဲ့ မယ်လ်ဘူက အိမ်ကိုပြောင်းရွေ့ခဲ့ကြတာပေါ့။ဂလပ်စ်တို့မိသားစုက ကြင်နာတတ်ပြီး ငွေကြေးဥစ္စာလည်း ကြွယ်ဝကြပါတယ်။ခိုးကိုးရာမဲ့နေတဲ့ မောင်နှမတွေအတွက်တော့ သူတို့က ဘုရားသခင်လိုပဲပေါ့။ဒါပေမယ့် ...
movie

The Glass House (2001)

2001
Austin Powers: The Spy Who Shagged Me (1999) 6.6
Austin Powers: The Spy Who Shagged Me (1999) James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီးကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်းRandom Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံး မျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာအရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီးပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း ...
movie

Austin Powers: The Spy Who Shagged Me (1999)

1999
HEVC 1080p 5.1
Come Play (2020) 5.7
Come Play (2020) Come play (2020)==============IMDb Rating - 5.7/10Horror ချစ်သူတွေအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတင်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ အိုလီဗာက အော်တစ်ဇင်ဖြစ်နေတဲ့ကောင်လေးပါ၊ စကားပြောနိုင်အောင်ကုထုံးခံယူနေရပြီး ဖုန်းနဲ့တစ်ဆင့်ပဲ လူတွေကို ပြောဆိုဆက်ဆံပါတယ်။ကျောင်းမှာ သူငယ်ချင်းလည်းမရှိတာကြောင့် အတော်အထီးကျန်ရှာပြီး အမြဲကာတွန်းပဲဲကြည့်နေတတ်ပါတယ်၊တနေ့မှာတော့ သူ့ဖခင်ဖြစ်သူ အလုပ်ကနေ ယူလာတဲ့ tablet တစ်လုံးကတစ်ဆင့် မူမမှန်တဲ့သဘာဝလွန် အရာတစ်ခုထွက်ပေါ်လာပြီး အိုလီဗာကို အန္တရာယ်ပေးလာတဲ့အခါမှာတော့ . . . ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတိုကိုကျောရိုးယူထားပြီး ရိုက်ကူးထားကာ IMDb Rating အနေနဲ့ 5.7/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 36minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Horror, MysterySource ...
movie

Come Play (2020)

2020
In the Tall Grass (2019) 5.7
In the Tall Grass (2019) ကာလ်နဲ့ ဘက်ကီတို့ဆန်ဒီရေးဂိုကိုထွက်လာခဲ့ကြတယ်။ ဘက်ကီကကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်သူ့ဘေးနားကကားမောင်းနေတဲ့ကာလ်ကသူ့အကိုကားတောက်လျှောက်မောင်းလာရင်းနဲ့ တစ်နေရာအရောက်မှာစကားပြောရင်းနဲ့ခဏနားဖြစ်ကြတယ်။ ရှင်းလင်းနေတဲ့လမ်းမကြီးအလယ်မှာကာလ်တို့ကားလေးရယ်ဘေးတစ်ဖက်မှာဘုရားကျောင်းတစ်ရယ်ရှိတယ်။ ကျန်တဲ့ဘေးတစ်ချက်မှာတော့ မျှော်မဆုံးအောင်ထူထပ်နေတဲ့မြက်ရိုင်းရှည်တွေရှိပါတယ်။အဲ့ဒီမြက်ရိုင်းရှည်တွေကြားကနေ ကလေးတစ်ယောက်အကူအညီတောင်းသံကြားလိုက်ရတယ်။ 'ကျွန်တော့်ကိုကယ်ကြပါဦး.ကျွန်တော်ဒီမှာလမ်းပျောက်နေလ်ို့ပါ'.....ဘက်ကီရယ် ကာလ်ရယ်စိုးရိမ်ပူပန်မှုတွေနဲ့အတူ မြက်ရိုင်းတောထဲကကလေးကို ကယ်ဆယ်ဖို့မြက်ရိုင်းပင်ရှည်တွေကြားထဲကိုတိုးဝင်သွားခဲ့ပါတယ်။ဘက်ကီနဲ့ကာလ်တို့ကူညီဖို့လိုက်ရှာနေတဲ့ကလေးက တကယ်ပဲအကူအညီလိုနေတာလား?? ကူရောကူညီကယ်ဆယ်နိုင်ခဲ့လား.???စိတ်ဝင်တစားနဲ့ကြည့်ရှုလိုက်ရအောင်ဗျာ. ဒီဇာက်ကားကလတ်တလောကမှထွက်ရှိထားတဲ့ITရုပ်ရှင်ရဲ့မူရင်းဝထ္ထုရေးသားသူStephen Kingရဲ့လက်ရာတစ်ပုဒ်ကိုပဲပြန်လည်ရိုက်ကူးထားတာပါ မထွက်လာခင်ကတည်းကလူတော်တော်များများရဲ့စိတ်ဝင်စားမှုနဲ့အတူစောင့်မျှော်နေကြတဲ့ရုပ်ရှင်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်File size…(1.4 GB) and (730 MB) Quality…1080p NF.WEBRip H264 FGT Format…mp4 Duration…1h 41min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator…Charm
movie

In the Tall Grass (2019)

2019
Backstabbing for Beginners 5.9
Backstabbing for Beginners ဒီဇာတ်လမ်းက တကယ့်ဖြစ်ရပ်မှန်အခြေခံပြီးရိုက်ထားတဲ့ကားဖြစ်ပါတယ်....ဘာလို့လဲလို့ပြောရရင်ကမ္ဘာကုလသမဂ္ဂအဖွဲ့ရဲ့ 1996 ခုနှစ်မှာစပြီးလုပ်ခဲ့တဲ့အီရတ်နိုင်ငံမှာ ငတ်မွတ်နေတဲ့သူတွေကို အစားအစာနဲ့ရေနံလဲလှယ်ရေး (Oil-for-Food Program)အစီအစဉ်ကြီးမှာ ကမ္ဘာ့နိုင်ငံပေါင်းများစွာက အစိုးရရာထူးကြီးတွေနဲ့နာမည်ကျော်ကုမ္ပဏီကြီးပေါင်းများစွာရဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ လာဘ်စားမှု၊ချစားမှုတွေအပြည့်နဲ့ ပါဝင်ပတ်သက်မှုတွေကိုဖေါ်ထုတ်ခဲ့တဲ့ ကုလသမ္မဂ္ဂဝန်ထမ်းတစ်ယောက်အကြောငး်ပါ။ဒီအမှုဟာ ကုလသမ္မဂ္ဂသက်တမ်းတစ်လျှောက်အပြောင်းအလဲအကြီးမားဆုံးဖြစ်စေခဲ့တဲ့ အမှုလဲဖြစ်တယ်။ဇာတ်လမ်းရိုက်ကူးထားပုံက ကြည့်ပျော်ရှုပျော်အဆင့်ပဲရှိပါတယ်၊ဆွဲဆောင်မှုမကောင်းသလို အရမး်စိတ်ဝင်စားဖို့ကောင်းလာတဲ့အခြေအနေမျိုးလဲ တွေ့ရမှာမဟုတ်ပါဘူး။ဒါပေမယ့် ဘာလို့ ကြည့်သင့်တယ်လို့ ညွှန်းချင်တာလဲဆိုတော့UN အပါအဝင် INGO အဖွဲ့အစည်းတွေရဲ့ အတွင်းရေးတွေနဲ့ လုပ်စားပုံတွေ၊အလှူငွေတွေရအောင် ဘယ်လိုတွေ ဟန်ပြလုပ်ကြပြီးအိတ်ထဲဘယ်လိုထည့်တယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်နေလို့ပါ။၁၀၈ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံရေးဆက်နွယ်မှုပါတဲ့ဇာတ်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ်သံတမန်တစ်ဦးရဲ့သားဖြစ်သူ မိုက်ကယ်ဆာလဗန်ဟာကုလသမဂ္ဂမှာအလုပ်ဝင်ဖို့ ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ပါတယ်..မမျှော်လင့်ထားပဲ ကုလသမဂ္ဂအတွင်းဝန်ရဲ့လက်ထောက်နေရာ ခန့်ထားခံလိုက်ရပါတယ်..သူတာဝန်ယူရတဲ့ပရိုဂရမ်ဟာ လူသားချင်းစာနာထောက်ထားမှုအခြေခံတဲ့ပရိုဂရမ်ပေမယ့် အကျင့်ပျက်ခြစားမှုကြီးကြီးမားမားဖြစ်နေပြီး အာဏာရှင်တစ်ယောက်အမြတ်ထုတ်စရာ ပရိုဂရမ်တစ်ခု သာဖြစ်နေခဲ့ပါတယ်..ဖော်ထုတ်ဖို့ကြိုးစားတဲ့သူတွေအနေနဲ့လည်းလက်စဖျောက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်..သူ့အရင်ဝန်ထမ်းဟောင်းသေဆုံးမှုဟာ မရိုးရှင်းမှန်းသူသွားပြီး..ကုလသမဂ္ဂအတွင်းခြစားမှုကို လိုက်လံဖော်ထုတ်ရင်းနဲ့သူ့ရဲ့ဆရာကိုယ်တိုင် ဒီအရှုပ်တော်ပုံထဲ ပါဝင်ပတ်သက်နေတာသူသိသွားတဲ့အခါ သူဘယ်လိုဖြေရှင်းမလဲခက်ခက်ခဲခဲကြားထဲက ချစ်ခဲ့ရတဲ့ သူ့ချစ်သူကိုရောအန္တရာယ်ကြားထဲက သူကယ်တင်နိုင်ပါ့မလားထိပ်တန်းခေါင်းဆောင်တွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီခြစားမှုကြီးကိုတစ်ကမ္ဘာလုံးသိအောင် သူချပြနိုင်ပါ့မလားဆိုတာကိုတော့စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်…ကုလသမ္မဂ္ဂအဖွဲ့ဆိုတာနဲ့ အရမး်ကောင်းတဲ့အဖွဲ့ကြီးမဟုတ်ဘူးဆိုတာသိသွားနိုင်စေတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်...UN အပါအဝင် ...
movie

Backstabbing for Beginners

2018