Channel Myanmar

Rachel Wulff

Hot Pursuit (2015) 5.1
Hot Pursuit (2015) ခူပါ (Cooper) ဆိုတဲ့ကောင်မလေးဟာ သူ့အဖေခြေရာနင်းပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ သူကအမြဲစာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့သူဖြစ်တာကြောင့် သူလုပ်သမျှတိုင်းက တလွဲတွေဖြစ်ကုန်ပြီး အရာရှိအလုပ်မလုပ်ရတော့ဘဲ သက်သေစစ်ဆေးရေးဌာနမှာပဲ လုပ်ရတော့တယ်။ဒါပေမဲ့ တစ်ရက်မှာ ကာတယ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗစ်ဆန်းတစ်ကော်တက်ဇ်ကို ဖမ်းမိသွားပြီး တရားရင်ဆိုင်ဖို့ဖြစ်လာတယ်။ဒါအတွက် သက်သေခံပေးမယ့် ရီဗာလင်မယားနှစ်ယောက်ကိုရဲတွေကကာကွယ်ရင်း တရားရုံးကိုပို့ပေးဖို့ဖြစ်လာတယ်။အဲဒီတာဝန်ကို ကပ္ပတိန်ဖြစ်သူက ခူပါကိုပေးလိုက်တော့သူ့မှာရဲအရာရှိလိုပြန်လုပ်ဖို့ အခွင့်အရေးရလာတာပေါ့။တာဝန်ကတော့ မစ္စစ်ရီဗာကို တရားရုံးဆီလိုက်ပို့ပေးရုံပဲဆိုပေမဲ့ သူ့အိမ်ဆီသွားတဲ့အခါမှာ မျက်နှာဖုံးဝတ်ထားတဲ့ သေနတ်သမားတွေဝင်ပစ်လို့ ခူပါဟာမစ္စစ်ရီဗာနဲ့အတူ ထွက်ပြေးကြပြီး အမှုကိုပြေလည်အောင် ဖြေရှင်းကြရင်း သူတို့နှစ်ယောက်ရဲ့အလွဲတွေကို ဟာသလေးနှောပြီး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…  1.57 GB /  739 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Hot Pursuit (2015)

2015
Dallas Buyers Club (2013) 8.0
Dallas Buyers Club (2013) Dallas Buyers Club (2013) IMDb - 8.0 /10___________Rotten - 93% Won 3 Oscars. Another 82 wins & 82 nominations.1984ခုနှစ်ကျော်ကာလက ရောဂါဆန်းတွေ ကမ္ဘာကြီးထဲကို ထဲထဲဝင်ဝင် ရောက်ရှိလာသည့် နှစ်ကာလတွေဟု ပြောရမည်။အမေရိကလို အထူးလွတ်လပ်စွာနေထိုင်ခွင့်ရနိုင်သည့် လူတန်းစားတွေကြားမှာ လူတွေပဲ သတ်မှတ်ထားသည့် ကောင်းမှု ။မကောင်းမှု တွေအား အလွယ်တကူ ရရှိခံစားနိုင်သော အချိန်ကာလမှာ အေ့အိုင်ဒီအက်စ်ရောဂါကို ဖြစ်စေသည့် အိတ်ချ်အိုင်ဗွီ ဗိုင်းစ်ရပ်ပိုးကလေးတွေကလည်း လူသားတွေကြားကို တိုးဝင်ရောက်ရှိလာသည်။ယခုနှစ်ကာလများသည် အေအိုင်ဒီအက်စ် ခေတ်ဦးလို့ ဆိုရမည်။လူတန်းစားအကြား ဖြစ်ပွားလာချိန်မှာ ဆေးသိပ္ပံအဖွဲ့အစည်းတွေအတွက် အထူးခေါင်းခဲရသော အချိန်ကာလများဖြစ်နိုင်သည်။လိင် အပျော်အပါး။မူးယစ်ဆေးဝါးစတဲ့ စိတ်လွတ်လပ်မှု ကို အထောက်အကူပြု သော ယင်းအချက်အလက်များနှင့် လွတ်ကင်းနိုင်ဖွယ်မရှိသည့် လူတန်းစားတွေကြားကို ချက်ချင်းပျံ့နှံ့လာသည်။ထဲထဲဝင်ဝင် ထိန်းချု ပ်တားဆီးလို့ရမည့် ဆေးတွေလည်း မရှိသေး။လူတွေလည်း တစ်ဖြု တ်ဖြုတ်သေကုန်သည်။ဆေးရုံအများစုတွင်လည်း ...
movie

Dallas Buyers Club (2013)

2013