Channel Myanmar

Ralph Seymour

Murder by Numbers (2002) 6.1
Murder by Numbers (2002) Murder by Numbers (2002)မင်းသားချော Ryan Gosling ငယ်ရွယ်စဉ်အခါကရိုက်ကူးထားတဲ့ မှုခင်းရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Ryan Gosling အပြင် အခြားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Michael Pitt, Ben Chaplin နဲ့ Sandra Bullock တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Barbet Schroeder ကရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရစ်ချက်(Ryan Gosling)ဟာအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောနဲ့ ကျောင်းမှာလည်းလူသိများတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ဂျက်စတင်ဟာ လိုချင်တာအားလုံးရနေတဲ့ဘဝမှာ ငြီးငွေ့လာတဲ့အတွက် ဘဝကြီးကိုအပြည့်အဝခံစားဖို့အတွက် လူသတ်မှုတစ်ခုကို ကျူးလွန်ဖို့အတူတူကြံစည်ကြပါတော့တယ်။သူတို့ဟာသူတို့ဉာဏ်ကောင်းကြောင်း ပြချင်တဲ့အတွက်အမှုကို ပြီးပြည့်စုံအောင်စီစဉ်ခဲ့ပေမယ့် ဒီအမှုကိုကိုင်တွယ်တဲ့ စုံထောက်ကြီးကတ်ဆီမေဝဲသာကတော့ ဒီလိုယောက်ျားမျိုးတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်တာကြောင့် သူတို့ရဲ့အမှုကို ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာကို လှည့်ကွက်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Aung Win Htut ပါ။)File Size          : 3.4GB, 917MB, ...
movie

Murder by Numbers (2002)

Empire of the Sun (1987) 7.7
Empire of the Sun (1987) စတီဗင် စပီးဘက်ရဲ့ Epic war dram ရုပ်ရှင်တစ်ခု တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်မှာ ဒါရိုက်တာက အသက် 13 နှစ်အရွယ် မင်းသား ခရစ်ရှန်ဘေးကို အယောက် ၄၀၀၀ လောက် ဝင်အရွေးခံတဲ့အထဲကမှ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်ကတော့ ဂျေမီဆိုတဲ့ ဗြိတိန်လူမျိုး ကောင်ကလေးပါပဲ။ သူက သူ့မိဘနှစ်ယောက်နဲ့အတူ ရှန်ဟိုင်းမှာ မွေးကတည်းက နေခဲ့တာပါ။ တကယ်တော့ တရုတ်နဲ့ ဂျပန် စစ်မကြေညာဘဲ စစ်ဖြစ်နေတာ လေးနှစ်လောက်ကြာနေပါပြီ။ ဒါပေမဲ့ နိုင်ငံတကာ သံတမန်လုံခြုံရေးအရ ရှန်ဟိုင်းမှာ အေးအေးလူလူ နေထိုင်နေကြတဲ့ အနောက်တိုင်းသားတွေ အများကြီးပါပဲ။ သူတို့အေးအေးလူလူ နေနိုင်တဲ့အချိန်တွေ ကုန်တော့မှာကို မသိကြသေးပါဘူး။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေဗုံးမကျဲခင်အထိပေါ့လေ။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးထဲမှာ ဂျပန်တွေ ရှန်ဟိုင်းကိုဝင်လာချိန်မှာမှာ ဗြိတိန်သားတွေအလုအယက် ထွက်ပြေးကြရပါတော့တယ်။ ထွက်ပြေးကြတဲ့အချိန်မှာမှ ဂျေမီလေးက တစ်ယောက်တည်း မိဘတွေနဲ့ ကွဲပြီးကျန်နေခဲ့တာပေါ့။ ဂျေမီလေးက လေယာဉ်တွေကို အရမ်းစိတ်ဝင်စားပြီး ဂျပန်တွေကိုလည်း သတ္တိရှိတယ် လေယာဉ်တွေပိုကောင်းတယ်ဆိုပြီး လေးစားတဲ့စိတ်ရှိပါတယ်။ ကလေးတစ်ယောက်ရဲ့ ရိုးရှင်းတဲ့အတွေးပေါ့။ ဒါပေမဲ့ ဘေစီဆိုတဲ့ အမေရိကန်တစ်ယောက်နဲ့အတူ ဂျပန်ချွေးတပ်စခန်းမှာ နှစ်အတော်ကြာနေလိုက်ရတဲ့အခါမှာတော့ ဂျေမီ တစ်ဖြည်းဖြည်းပြောင်းလဲလာရတာကို စစ်သမိုင်းနောက်ခံနဲ့ လှလှပပ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ သေသွားတဲ့သူရဲ့ ဖိနပ်တွေကို မချွတ်ဖို့အတင်းတားခဲ့ဖူးတဲ့ ကောင်လေး အဖြစ်ကနေ သူသေသွားရင် သူ့ဖိနပ် ကျွန်တော့်ကိုပေးနော်ဆိုတဲ့ ကောင်လေးဖြစ်လာတဲ့ဂျေမီ။ ...
movie

Empire of the Sun (1987)

Rain Man (1988) 8.0
Rain Man (1988) Rain Man Rain Man ဆိုတာနဲ့ ရုပ်ဖြောင့်ဖြောင့် ခတ်ထက်ထက် လူငယ်တစ်ယောက်နဲ့ Autistic ဖြစ်နေတဲ့ သက်လတ်ပိုင်းလူတစ်ယောက် သူတို့နှစ်ယောက်ကိုပဲကျွန်တော့် မျက်စိထဲ ပြေးမြင်မိပါတယ်။ ဒီကားက 1988 ခုနှစ်မှာထွက်ခဲ့တာပါ။ အခုအချိန်နဲ့ဆို ဇတ်ကားတေထွက်ခဲ့တာ ၃၁ နှစ်ရှိပြီပေါ့ဗျာ။ ဝင်ငွေပိုင်းအရ ၂၅ Million ရင်းပြီး Worldwide ၃၅၄ အထိပြန်ရခဲ့ပါတယ်။ ကျွန်တော် သိသလောက် ပြေးပြေး ဖောရက်စ့် ဆိုတဲ့ Tom Hanks ကားထွက်လာမှပဲ ထိပ်ကနေ အောက်ဆင်းပေးရတဲ့အထိ အောင်မြင်ခဲ့တဲ့ ဇတ်ကားတစ်ခုဖြစ်ပါတယ်။ (1988 ) မှာတုန်းက Rank 1 ချိတ်ခဲ့တဲ့ကားပါ။ Run Time က 133 Mins ရှိပြီးတော့ Tom Cruise နဲ့ သူ့ခေတ်သူ့အခါက Greatest Actor တွေထဲကတစ်ယောက် လို့ပြောကြတဲ့ မင်းသားကြီး Dustin ...
movie

Rain Man (1988)

1988