Channel Myanmar

Rana Morrison

Deep Rising (1998) 6.1
Deep Rising (1998) Deep Rising (1998)မူလဘူထ Phoenix ဖြစ်ခဲ့တဲ့အပြင် Bond Girl ပါ ဖြစ်ခဲ့ဖူးတဲ့ မမ Famke Janssen ပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာတော့ CGI တွေပီပြင်လွန်းလို့ ကြည့်ရှုသူများကြိုက်နှစ်သက်ခဲ့ကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသားဖီနီဂန်ဟာ ပိုက်ဆံရရင်ပြီးရော ဘာမှဂရုမစိုက်ဘူးဆိုတဲ့ ဆောင်ပုဒ်ကို ဆွဲကိုင်ပြီး လူတစ်စုကို သူ့စက်လှေပေါ်တင်ဆောင်လာခဲ့တယ်။ ဘယ်ကို မောင်းနေမှန်းမသိ မောင်းပေးရင်း သူ့စက်လှေပေါ်မှာ အဲ့လူတွေက တော်ပီဒိုတွေ တင်ဆောင်လာတာကို သိလိုက်ရတယ်။သူတို့မောင်းစေချင်တဲ့နေရာ ရောက်ခါနီးမှာတော့ Speed Boat တစ်စင်းကို တိုက်မိသွားတယ်။ အနီးအနားမှာ ဇိမ်ခံသင်္ဘောတစ်စင်းကို တွေ့လိုက်ရတော့ အကူအညီတောင်းဖို့ စဉ်းစားလိုက်ပါတယ်။ ကံဆိုးချင်တော့ သူခေါ်လာပေးတဲ့လူတစ်စုဟာ အဲဒီဇိမ်ခံသင်္ဘောကို အနုကြမ်းစီးမယ့် အုပ်စု ဖြစ်လို့နေပါတယ်။ သူတို့ သင်္ဘောပေါ် ရောက်ချိန်မှာတော့ မျှော်လင့်ထားသလို မဟုတ်ဘဲ လူတွေအားလုံး ပျောက်ဆုံးနေပါတော့တယ်။အကြောင်းရင်းကိုရှာဖွေကြရင်း သူတို့ချည်းပဲ ရှိနေတာမဟုတ်ဘူးဆိုတာ သိလိုက်ရချိန်မှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Deep Rising (1998)

1998
Underworld(2003) 7.0
Underworld(2003) Underworld(2003)*****************Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်းအမိုက်စားအက်ရှင်ခန်းတွေကြောင့်   ဘက်ဂျက် ၂ဆနီးပါး  ရုံတင်ဝင်ငွေပြန်လည်ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်.....လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်...ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲအဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလိုတစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်...underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်..Underworld: Rise of the Lycans (2009) Underworld (2003) Underworld Evolution (2006) Underworld Awakening (2012) Underworld: Blood Wars (2016)File size… 4.07GB& 1.07GB Quality… Blu-Ray1080p,720p Format…mp4 Duration….2hr 01min Genre ….. Action, Fantasy, Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae
movie

Underworld(2003)

What Happens in Vegas (2008)
What Happens in Vegas (2008)  ဗီးဂတ်စ်မှာ ဘာဖြစ်ခဲ့သလဲ ဆိုတဲ့ 2008ခုနှစ်ထွက် rom-com ရုပ်ရှင်မှာ မင်းသမီး Cameron Diaz နဲ့ မင်းသား Ashton Kutcher တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။IMDb 6.1/10 ရထားပြီး Box Officeမှာလည်း $219.3 millionရရှိထားလို့ အတော်အသင့်အောင်မြင်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Vegasမှာ တစ်ညလုံးပျော်ပျော်ပါးပါးကဲခဲ့ပြီးနောက်မှာ Jack နဲ့ Joy နဲ့က မူးမူးရူးရူးနဲ့ လက်ထပ်မိခဲ့ကြပါတယ်။ နောက်နေ့မနက် လောင်းကစားစက်မှာ နှစ်ယောက်လုံး ဒေါ်လာ ၃မီလီယံ ပေါက်သွားခဲ့ပြီး ဘာတွေဖြစ်ကြမလဲ ဆက်ကြည့်ရှုရမှာပါ။ မင်းသားနဲ့ မင်းသမီးရဲ့ ဘုနဲ့ဘောက် ဟာသတွေနဲ့အတူ rom-com ချစ်သူတို့ အကြိုက်တွေ့စေမှာပါ။ File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun 
movie

What Happens in Vegas (2008)

Fear (1996) 6.2
Fear (1996) Fear စိတ္တဇလူသတ်သမားဇာတ်လမ်းအမျိုးအစားတွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ထပ်ပြီး ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ၁၉၉၆ခုနှစ်က အမေရိကန်ရုပ်ရှင်။ အသက်ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေး နစ်ခိုးလ်ဟာ သူ့အဖေရဲ့ အိမ်ထောင်အသစ်နဲ့အတူ ဝါရှင်တန်မှာ အတူနေကြတယ်။ အလုပ်တွေပဲ အမြဲများနေတတ်တဲ့ အဖေဖြစ် သူ စတီဗင်က ဒုတိယအိမ်ထောင်ဆက်မှာတော့ သာယာတဲ့မိသားစုလေးကို တည်ထောင်ဖို့ကြိုးစားနေချိန်မှာပဲ နစ်ခိုးလ်က အန္တရာယ်အနံ့အသက်တွေအပြည့်နဲ့ကောင်လေးနဲ့ တွဲလာတယ်။ အစပိုင်းမှာ ယောက်ျားပီသပြီး အရာရာကိုကူညီတတ်တယ်လို့ သူထင်ထားတဲ့ သူ့ကောင်လေးက တဖြည်းဖြည်း စိတ္တဇဆန်လာပြီး လူသတ်ကောင်လိုမျိုးသားရဲဆန်လာတာကို နစ်ခိုးလ် တွေ့လာရတယ်။ အဲဒီအချိန်မှာ နစ်ခိုးလ်က ဒီကောင်လေးနဲ့ ပတ်သက်သမျှကို အဆက်ဖြတ်နိုင်ပါ့မလား သူကစတဲ့ မီးပွားဟာ သူ့မိသားစုဆီမှာပါ လာစင်မလားဆိုတာ သည်းထိတ်ရင်ဖိုဖွယ်ဇာတ်ဝင်ခန်းများနဲ့အတူကြည့်ရှုရမှာပဲဖြစ်ပါတယ်။File size…(2.28GB)  / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...  Drama /Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Fear (1996)

The Matrix (1999) 8.7
The Matrix (1999) Matrix သမိုင်းအကျဉ်း၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ ...
movie

The Matrix (1999)

1999
4K HEVC