Channel Myanmar

Rao Ramesh

Rx 100 (2018) 7.7
Rx 100 (2018) အချစ်ဟာ နူးညံ့တယ် သိမ်မွေ့ တယ်..နှစ်လိုဖွယ်အတိနဲ့ သူ့ အကြောင်းလေး တွေးနေရရင်ကို အိပ်မပျော်တဲ့ညတွေ...အရာရာကို မေ့လျော့သွားတဲ့ အခိုက်အတန့် တွေ ရှိတယ်။ အချစ်ဦးဆိုရင် ပိုလို့ တောင် ရင်ဖိုဖို့ ကောင်းသေး၊ဒါကြောင့်လည်း ရှေးလူကြီးတွေက "အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူး"လို့ ဆိုရိုး ထားခဲ့ပုံပါပဲ....။ ဒါက ဒီကားထဲက ဇာတ်ကောင်ဖြစ်တဲ့ဆီဗာ့ကိုယ်စား ကျွန်တော် ခံစားမိတာလေးပေါ့။ တစ်ဖက်က ကြည့်တော့ကိုယ့်ဘက်က ဘယ်လောက်ပဲ ချစ်ချစ်အချစ်ဆိုတာ ခဏတာအထိအတွေ့ ကို ယစ်မူးရုံလောက်သာ သဘောထားပြီး ယောက်ျားဆိုတာ သူ့ အတွက် ကစားစရာလို့  သတ်မှတ်ထားတဲ့အင်ဒူးလို မိန်းကလေးတွေလည်း ရှိနေသေးတယ်။ ဘယ်ယောက်ျားကို ဘယ်လိုပဲ ကစားကစားပြသနာမရှိပေမယ့် သူ့ ကို ရူးခါနေအောင် ချစ်နေတဲ့ဆီဗာလို အချစ်ရူးတစ်ယောက်နဲ့ တွေ့ တော့အချစ်ဟာ အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်လာနိုင်တဲ့အနေအထားကို ရုတ်ချည်း ပြောင်းလဲသွားတယ်။ အများကြီး မညွှန်းလိုတော့ပါဘူး၊ကျွန်တော်ကတော့ ဒီကားကို လူငယ်တွေရဲ့ အချစ်ရေးနဲ့ ပက်သက်ပြီးပညာယူသင့်တဲ့ကားလို ...
7.7
IMDB: 7.7/10 383 votes
movie

Rx 100 (2018)

2018
Bharat Ane Nenu (2018) 8.8
Bharat Ane Nenu (2018) ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ် ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . . သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ် ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ် မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . . ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး ပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ် သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ် လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . . အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . . လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ် သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ၀န်ကြီးချုပ်ပါ။   သူပြောတဲ့စကားက"စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ"တဲ့ မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် ...
8.8
IMDB: 8.8/10 8,847 votes
movie

Bharat Ane Nenu (2018)

2018

Genres