Channel Myanmar

Raúl Castillo

Breathe (2024)
Breathe (2024)  အနာဂတ်တစ်ချိန်မှာ ကမ္ဘာကြီးမှာ အောက်စီဂျင်တွေလုံး၀ကုန်ဆုံးသွားပြီး လူသားမျိုးနွယ်လည်း မျိုးတုန်းသွားခဲ့ပါတယ်။ မာယာနဲ့ သမီးဖြစ်သူဇိုရာတို့ကတော့ ဖခင်ဖြစ်သူရဲ့အကူအညီနဲ့ အောက်စီဂျင်ကိုဆက်လက်ထုတ်လုပ်ပြီး အသက်ရှင်နေနိုင်နေကြပါတယ်။ လေထုထဲမှာ အောက်စီဂျင်မရှိတာကြောင့် အာကာသထဲမှာလိုပဲ ပုန်းခိုနေတဲ့စခန်းထဲကထွက်ရင် အောက်စီဂျင်ကိရိယာအကူအညီနဲ့ပဲ ထွက်ခွာလို့ရပါတယ်။တရက်မှာတော့ မြို့ပျက်ကြီးထဲက မာယာတို့သားအမိရဲ့ ပုန်းအောင်းရာနေရာလေးကို သူစိမ်းတွေရောက်လာပြီး မာယာတို့ကိုအန္တရာယ်ပြုဖို့ကြိုးပမ်းလာတဲ့အခါမှာတော့ မာယာတို့သားအမိနှစ်ယောက် ဒီသူစိမ်းတွေရဲ့ရန်ကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ အသက်ရှင်ကျန်ရစ်တဲ့ လူသားတွေ‌မရှိ‌တော့တဲ့ကမ္ဘာကြီးမှာ ဒီလူတွေက ဘယ်သူတွေလဲ၊ ဘာကိုလိုချင်တာလဲဆိုတာကို စိတ်၀င်စားဖွယ် ဆက်လက်ကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Breathe (2024)

Miguel Wants to Fight (2023) 6.3
Miguel Wants to Fight (2023)  ဇာတ်လမ်းနာမည်လေးအတိုင်းပဲ တိုက်ချင်ခိုက်ချင်တဲ့ မီဂဲလ်အကြောင်းcomedy movieလေးကိုကြည့်ရှုရမှာပါ....။ မီဂဲလ်ဟာ အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး ရန်ဖြစ်တာမထူးဆန်းတဲ့ ပတ်ဝန်းကျင်မှာ သူငယ်ချင်းသုံးယောက်နဲ့ ပျော်ပျော်နေလေ့ရှိသူပါ...။တိုက်ရခိုက်ရတာကို အကြိုက်ကြီးကြိုက်ပေမယ့်လည်း တစ်ခါမှရန်မဖြစ်ဖူးတဲ့ လူလိမ္မာလေးပေါ့...။သူ့သူငယ်ချင်းသုံးယောက် ရန်ဖြစ်တိုင်း ဝင်မပါဘဲ ဘေးမှာပဲတိတ်တိတ်လေးရပ်နေလေ့ရှိသူပါ....။ဒီလိုနေနေတာကို သူ့သူငယ်ချင်းတွေ သတိထားမိသွားပြီး ဝိုင်းပြောတဲ့အခါမှတော့မီဂဲလ်တစ်ယောက် ရန်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်....။နောက်တော့ သူ့ရဲ့ ပထမဆုံးရန်ပွဲအထွက် ပထမဆုံးလက်သီးထိုးခံရမယ်ရန်သူကိုလိုက်ရှာပါတော့တယ်....။ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့အပြင် စိတ်ကူးယဥ်တိုက်ကွက်တွေနဲ့  anime  တိုက်ကွက်တချို့ကိုပါ မြင်တွေ့ရမယ့် ဇာတ်ကားလေးပါပဲ...။  File size…1.68GB / 636MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 15m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Miguel Wants to Fight (2023)

The Inspection (2022) 7.2
The Inspection (2022) The Inspection (2022)~ IMDb - 7.2/10, Rotten Tomatoes - 89% ~ရွှေကမ္ဘာလုံးဆု ဆန်ကာတင်ဝင်ခဲ့တဲ့ ဖြစ်ရပ်မှန် မရိန်းတပ်တွင်း ဒရာမာ ရုပ်ရှင်ဖြစ်ပါတယ်။ဒါရိုက်တာကတော့ မရိန်းတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး သူ့ရဲ့ ကိုယ်တွေ့ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာပါပဲ။ အကြောင်းအရာကတော့... လိင်တူချစ်သူတွေကို မုန်းတတ်တဲ့ စိတ်ရောဂါရှိတဲ့ အမေဟာ သူ့ရဲ့သားဖြစ်သူ ဖရန့်ကို အိမ်ကနှင်ချခဲ့တာကြာပါပြီ။ ဖရန့်ဟာ မရိန်းတပ်ထဲကိုဝင်သွားပြီးတော့ သင်တန်းကာလမှာ လိင်တူမုန်းတဲ့လူတွေနဲ့ ကြုံဆုံရပုံ အခက်အခဲတွေကို ပြသထားတာဖြစ်ပါတယ်။အမေရိကန်စစ်တပ်ဟာ လိင်တူတွေနဲ့ပတ်သက်ပြီး မမေးနဲ့မပြောနဲ့ ဆိုတဲ့ တရားဝင်ပေါ်လစီ ရှိပါတယ်။ ၁၉၉၃ လောက်မှာစတင်ခဲ့တာပါ။ အဓိပ္ပါယ်ကတော့ စစ်တပ်ထဲမှာ တားမြစ်ထားတဲ့လိင်တူကိစ္စတွေ မပြုမူမချင်း စစ်သားတစ်ယောက်ကို လိင်တူချစ်သူဟုတ်မဟုတ် လိုက်စုံစမ်းခွင့်မရှိပါဘူး။ ဒါပေမဲ့ လိင်တူချစ်သူပါဆိုပြီး တရားဝင် ထုတ်ဖော်ပြောဆိုခွင့်လည်းမပေးထားပါဘူး။ အဲဒီသဘောပါပဲ။ ဒီတော့ ဒီပေါ်လစီတွေနဲ့ စစ်သားတွေရဲ့ ကွဲပြားတဲ့သဘောထားတွေကြားမှာ ဖရန့်တစ်ယောက်ဘယ်လိုအသက်ရှင်မလဲဆိုတာကတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. ...
movie

The Inspection (2022)

2022
Little Fish (2020) 6.9
Little Fish (2020) Little Fish (2020)~ IMDb - 6.9/10, Rotten Tomatoes - 91% ~House of the Dragon ထဲမှာ Alicent Hightower အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မမအိုလီဗီယာလေးက တိကုဆရာဝန်မလေးနေရာက ပါဝင်ထားပြီး ဒရာမာ၊ အချစ်၊ သိပ္ပံ အမျိုးအစားစုံတာမို့ အရသာစုံတဲ့ ထမင်းဝိုင်းလိုကားလေးပါ။ ရုပ်ရှင်ဝါသနာအိုးတွေအနေနဲ့လည်း Timeline ကစားထားတာတွေကို လေ့လာလို့ရမယ့်ကားလေးပေါ့။အမှတ်တရဆိုတာက လူသားတွေရဲ့ဇာတ်လမ်းကို ပြန်ပြောင်း ပြောပြဖို့အတွက် အရေးကြီးတဲ့ အထူးအခိုက်အတန့်လေးတွေပါတဲ့…။ အကယ်၍များ ဒီလို အမှတ်တရတွေ သိုမှီးထားတဲ့ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင်ရော…NIA လို့ခေါ်တဲ့ မှတ်ဉာဏ်တွေကို ပျောက်ကွယ်သွားစေတဲ့ ရောဂါတစ်မျိုးဟာ ကမ္ဘာမှာ ပျံ့နှံ့လို့နေပါတယ်။ ကုရာနတ္ထိ ဆေးမရှိသေးတဲ့အပြင် မှတ်ဉာဏ်ပျောက်ဆုံးသွားသူတွေရဲ့ သံသယက သူတို့ကို ချစ်ခင်သူတွေကို စည်းတားသလိုဖြစ်သွားတာတွေ ဒုနဲ့ဒေးပါ။ ဒီလိုအခြေအနေ အရပ်ရပ်တွေကို ဓါတ်ပုံဆရာလေးနဲ့ တိကုဆရာဝန်မလေးတို့ ...
movie

Little Fish (2020)

2020
Cha Cha Real Smooth (2022) 7.6
Cha Cha Real Smooth (2022) Cha Cha Real Smooth (2022)ခင်ဗျားတို့ဘ၀မှာ အချစ်ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြသလဲ ? အတူရှိနေရတာက အချစ်လား ? ပေးဆပ်နေရတာက အချစ် လား ? ဒါမှမဟုတ် အချစ် ဆိုတာက တစ်ဘ၀လုံးမှာ တစ်ခါပဲ ကြုံမှာလား ? သေချာတာကတော့ အချစ်နဲ့ဘ၀ဟာ အမြဲတမ်း တစ်ထပ်တည်း မကျနိုင်သလို တစ်ထပ်တည်းကျတဲ့သူတွေကတော့ တကယ်ကံကောင်းတာပါပဲ။ဒီဇာတ်ကားလေးဟာလည်း အချစ်နဲ့ဘ၀ဟာ တစ်ထပ်တည်း ကျနိုင်၏ မကျနိုင်၏ ဆိုတာကို ဖော်ကျူးသွားတဲ့ ဇာတ်ကားလေးပါ အဓိကဇာတ်ကောင်ဖြစ်တဲ့ အန်ဒရူးဟာ ကောလိပ်ကျောင်းပြီးကာစ ကောင်လေးတစ်ယောက်ဖြစ်ပြီး အရာရာကို ကူညီတတ်ပြီး ဆက်ဆံရေးလည်းပြေပြစ်တဲ့ ကောင်လေးတစ်ယောက်... အန်ဒရူးကတော့ ဂောာလိပ်ကျောင်းပြီးသွားတာကို အ‌တော် စိတ်ပျက်နေပြီး လက်ရှိမှာ အလုပ်အကိုင်မကောင်းတဲ့သူ့ဘ၀ကနေ အမြဲရုန်းထွက်ချင်နေခဲ့ပါတယ် သူ့ကောင်မလေး ပြောင်းသွားတဲ့ ဘာစီလိုနာကို ပိုက်ဆံစုပြီးတာနဲ့ ချက်ချင်းထွက်သွားဖို့ ကြံနေခဲ့တယ် အန်ဒရူးတစ်‌ယောက် သူ့ဘ၀အပေါ် ထားတဲ့အမြင်တွေ ပြောင်းလဲဖို့ဖြစ်လာရတာကတော့ ပါတီပွဲတစ်ခုမှာ သူတွေ့ခဲ့တဲ့ ဒိုမီနို နဲ့ သူ့ရဲ့ ‌အော်တစ်ဇင်ရောဂါသည်သမီးလေး လိုလာ လေးတို့ကြောင့်ပဲ ကူညီတတ်ပြီး ဆက်ဆံရေးကောင်းမွန်တဲ့ အန်ဒရူးကြောင့် ဒိုမီနိုနဲ့လိုလာ ...
movie

Cha Cha Real Smooth (2022)

2022
Hustle (2022) 7.3
Hustle (2022) Hustle (2022) =========== IMDb Rating - 7.3/10 Comedy, Drama, SportBasketball ကိုအခြေခံထားတဲ့ Netflix ရဲ့ Sport ဇာတ်ကားကောင်းလေး အသစ်ထွက်လာပါတယ်။ နာမည်ကြီး ဟာသ သရုပ်ဆောင် Adam Sandler က ဦးဆောင်ပါ၀င်ထားပြီး IMDB မှာလည်း 7.3 အထိရထားပါတယ်။ ဇာတ်လမ်းအညွှန်းက စတန်လီဟာ NBA လိဂ် ( အမေရိကန် ဘတ်စ်ကတ်ဘော ပရိုလိဂ်) စစ်ဆာ ဘတ်စ်ကတ်ဘော အသင်းရဲ့ ကစားသမားရှာ ကင်းထောက် အဖြစ်လုပ်ခဲ့တာ သူ့တစ်သက်နည်းပါးပါပဲ ။နောက်ဆုံး အသင်းပိုင်ရှင်အပြောင်းအလဲမှာ သူ့ကို လက်ထောက်နည်းပြအဖြစ် ခန့်ဖို့ အကြောင်းဖန်လာပါတယ် ။ ဒါပေမယ့် ပရိုလိဂ်နဲ့ ကိုက္မယ့် ကစားသမား တစ်ယောက်ရှာခဲ့ဆိုပြီး တာ၀န်ပေးလိုက်ပါတယ်။ သူ့ဘ၀ရဲ့‌ နောက်ဆုံးနဲ့အကောင်းဆုံး ကစားသမားကိုရှာဖို့ စပိန်ကိုထွက်လာခဲ့ပေမယ့်၊ မထင်မှတ်ဘဲ လမ်းဘေး basketball ပွဲကနေ ရွက်ပုန်းသီး ကစားသမားတစ်ယောက်ကိုတွေ့သွားပြီး NBA စင်မြင့်ပေါ် တင်ကာ အောင်မြင်မှုတွေ ဆွတ်ခူးသွားမယ့်ပုံကို ကြည့်ရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha ...
movie

Hustle (2022)

2022
Mother/Android (2021)
Mother/Android (2021) ဘာတဲ့လဲ..။ စက်ရုပ်ပုန်ကန်မှုတဲ့ဗျား..။Voice assistant တွေဖြစ်တဲ့ Siri သို့မဟုတ် Alexa ကို ခပ်ချောချော ခပ်တောင့်တောင့် အမျိုးသမီး ခန္ဓာကိုယ်မျိုးနဲ့ မြင်ယောင်ကြည့်စမ်းပါ..။ကိုယ်နှစ်သက်ရာ လိင်အမျိုးအစား ၊ နှစ်သက်ရာ ပုံပန်းသဏ္ဌာန်နဲ့ ရေပူရေချမ်းကမ်းမယ့် စက်ရုပ်အိမ်တော်ထိန်းတွေကို အိမ်တိုင်းစေ့ဝယ်ထားနိုင်တဲ့အထိ နည်းပညာထွန်းကားလာတဲ့ခေတ်ကြီးထဲမှာ..။ဒီစက်ရုပ်တွေဟာ ပျော်ပျော်ရွှင်ရွှင်ကြီး အစေခံလုပ်နေရာကနေ OS system အသစ်ထွက်ရှိလာမယ့် တစ်ညမှာ စိတ်ရူးပေါက်ပြီး တော်လှန်ပုန်ကန်မှုကြီး ထလုပ်ချတဲ့အခါ..။လူသားမျိုးနွယ်ဟာ သူတို့ဖန်တီးထားတဲ့ နည်းပညာတွေကြောင့်ပဲ မျိုးသုဉ်းပျက်ဆီးကြရမယ့်ကိန်းဆိုက်နေတဲ့အခါမှာမှ မတော်တဆ ကိုယ်ဝန်ရသွားခဲ့တဲ့ ဂျော်ဂျီယာ..။ဂျော်ဂျီယာရဲ့ ဇာတ်ကောင်နေရာမှာ Chloe Grace Moretz ကို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအဖြစ် မြင်တွေ့ရမယ်ဗျာ..။တစ်ကားလုံးမှာ အလင်းအမှောင် ကစားထားတဲ့အရောင်တွေ ၊ ပီပြင်တဲ့ SFX မိတ်ကပ်တွေနဲ့ ပုံဖော်ထားတဲ့ မနုဿစက်ရုပ်တွေနဲ့အတူ..။ကမ္ဘာပျက်ကြီးထဲမှာတောင် မိခင်တစ်ယောက်ရဲ့ ကလေးအပေါ်ထားရှိတဲ့ မေတ္တာတွေနဲ့ ဖခင်တစ်ယောက်ရဲ့ အနစ်နာခံမှုတွေကို ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုနိုင်တော့မှာပါ..။မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ပုံဖော်ထားတဲ့ ...
movie

Mother/Android (2021)

Knives Out (2019) 8.0
Knives Out (2019) IMDb Rating (8.0) / Rotten Tomatoes (97%)ဒီဇာတ်ကားက Rating တွေ ကြမ်းသလို နာမည်ကြီးသရုပ်ဆောင်တွေ တော်တော်များများပါဝင်ထားတယ်။ဂျိမ်းစ်ဘွန်းမင်းသားကြီး Daniel Craig, ကပ္ပတိန်အမေရိက Chris Evans, No Time to Die နဲ့ Knock Knock ဇာတ်ကားတို့မှာ ပရိတ်သတ်အာရုံကို အပြည့်အဝဖမ်းစားခဲ့တဲ့ မင်းသမီး Ana de Armas, 13 Reason Why ရဲ့ Katherine Langford တို့အပြင် တခြားနာမည်ကြီးတွေလဲပါသေးတယ်။မင်းသမီး Ana de Armas ရဲ့ ရှယ်သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး Daniel Craig က သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ကြိုက်လို့ No Time to Die ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ ဒီမင်းသမီးကို ထည့်ရိုက်ခိုင်းခဲ့တယ် ဆိုကြတယ်....ပါဝင်သရုပ်ဆောင်ရတဲ့အချိန် အတိုလေးဆိုပေမယ့် သူ့ရဲ့ဖမ်းစားမှုကို ...
movie

Knives Out (2019)

4K HEVC
Night Teeth(2021) 6.5
Night Teeth(2021) Night Teeth(2021) အညွှန်း**********************Vampire movie ကိုမှ မှုန်မှုန်ထိုင်းထိုင်းရှေးဆန်တဲ့ပုံစံမျိုးမဟုတ်ပဲ ခေတ်ဆန်တဲ့ဇာတ်အိမ်နဲ့သွေးစုပ်ဖုတ်ကောင် အလန်းစားတွေပါတဲ့ကားပဲဖြစ်ပါတယ်...သွေးစုပ်ဖုတ်ကောင်တွေဟာယနေ့ခေတ်ကြီးအထိ လျှို့ဝှက်သိုသိပ်စွာနေထိုင်နေပြီး သူတို့ကိုလိုက်ရှာပြီးသတ်နေတဲ့သွေးစုပ်ဖုတ်ကောင်မုဆိုးအဖွဲ့အစည်းတွေလည်းရှိနေပါတယ် ....Benny ဆိုတဲ့ကောင်လေးကတော့ ကျောင်းသားတစ်ယောက်ဖြစ်ပြီး အားလပ်ချိန်မှာအချိန်ပိုင်းကားအငှါးမောင်းရင်းနဲ့ အပိုဝင်ငွေလေးရှာနေတဲ့သူပေါ့...တစ်နေ့တော့ ခပ်လန်းလန်း ကောင်မလေး (၂) ယောက်ကသူ့ကို တစ်ညကားမောင်းဖို့ ငှါးလိုက်ပါတယ်...အလန်းစား(၂)ပွေဆိုတော့ ပျော်ရွှင်မြူးတူးစွာ ဝန်ဆောင်မှုတွေပေးခဲ့တာပေါ့...သို့ပေမဲ့ သူပို့တဲ့ အလန်း(၂)ပွေဟာ သွေးစုပ်ဖုတ်ကောင်အကြမ်းစားမတွေဖြစ်နေတဲ့အပြင်အဲ့ဒီညမှာပဲ အလွန်တရာရက်စက်တဲ့သွေးစုပ်ဖုတ်ကောင်မုဆိုးအဖွဲ့အစည်းရဲ့လိုက်လံသတ်ဖြတ်ခြင်းခံရတဲ့အခါ....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....မမ Megan Fox ကြီးလည်း ပွဲဝင်ကြမ်းထားလေရဲ့....File Size :(0.99GB) and (380 MB) Quality : WEB-DL.NF.1080P, 720p Format…mp4 Duration…01:47:00 Genre : Action ,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu & Hnin Kit Encoded by Phyo Pyae
movie

Night Teeth(2021)

Wrath of Man (2021) 7.4
Wrath of Man (2021) Wrath Of Man (2021) Web-Dl 720p & 1080p Web rip x264အကြည်ရပါပြီ --------------------------------(ခဏနေ 1080p ထပ်တင်ပေးပါ့မယ်)ဂျေဆန် စတေသန်ကြီးရဲ့ အက်ရှင်ကား အကြမ်းတစ်ခု လာပါပြီ။ ဒီကားကတော့ အတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့လော့စ်အန်ဂျလိမှာ ဖော်တီကိုဆိုတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ သူတို့တွေက ကာစီနိုတွေ၊ ကုန်တိုက်တွေကနေ ငွေတွေ သယ်ပို့ပေးတာတွေကို ဝန်ဆောင်မှုပေးတာပါ။ငွေသယ်ကားတွေနဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုပေါ့။ အမြဲတမ်း ဒေါ်လာ သန်းချီပြီးသယ်နေရတာဖြစ်တော့ ဓားပြတွေ မျက်စိကျတဲ့ ကားတွေပါပဲ။ တစ်နေ့မှာ ကားတစ်စီး ဓားပြတိုက်ခံရပြီးအစောင့်နှစ်ယောက် သေသွားခဲ့တယ်။ အဲဒီနောက်မှာ လူသစ်ဝင်လာတာကတော့ ကျွန်တော်တို့ရဲ့ ဖိုက်တာကတုံးပေါ့။ ကတုံးဝင်လာပြီးပြီးချင်းဓားပြခြောက်ယောက် မသာပေါ်သွားအပြီးမှာ ကတုံးလည်း သူရဲကောင်းဖြစ်သွားတာပေါ့။ ဒါပေမယ့်သူဝင်လာရတဆက ရည်ရွယ်ချက်တွေ၊ ဓားပြမှုတွေ နဲ့ ဓားပြတွေ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်ရမှာပါပဲ။...Translated by : ...
movie

Wrath of Man (2021)

2021
Army of the Dead 7.5
Army of the Dead Army of the Dead (2021)ဆရာ ဇက် စနိုက်ဒါရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ဇွန်ဘီး အက်ရှင်ကားပါပဲ။ သီချင်းကောင်းမယ်၊ အက်ရှင်ကောင်းမယ်၊ ဇာတ်လမ်းကောင်းမယ်၊ ရိုက်ချက်တွေကောင်းမယ်ဆိုတာ သိပြီသားပါ။ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူများဇွန်ဘီးထက် နည်းနည်းတော့ ပိုဉာဏ်ကောင်းပါတယ်။ ပြီးတော့ ခွေးဇွန်ဘီးတွေကို ရိုးပြီမဟုတ်လား ကျားဇွန်ဘီးလေး ကြည့်ပေါ့ဗျာ။ဇာတ်လမ်းက ဒီလိုပါ .....လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။ ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့ မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နောက်ထပ် ၄ ရက်အကြာမှာပေါ့။အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။ ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။ သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ ...
movie

Army of the Dead

2021
Permission(2017) 5.3
Permission(2017) Permission(2017) (ဒီကားက ၁၈+ ဆန်ဆန်ပညာပေးကားမို့ အရွယ်ရောက်သူများသာကြည့်စေလိုပါသည်) ဝီလျံနဲ့အန်နာတို့စုံတွဲဟာ ဆယ်စုနှစ်များစွာတွဲလာခဲ့ကြတယ် ချစ်သူစုံတွဲဖြစ်ပါတယ်။ ပျော်ရွှင်စွာအတူတကွနေလာခဲ့ကြပြီး အန်နာရဲ့အသက်၃၀ပြည့်မွေးနေ့မှာမထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ မွေးနေ့မှာဝီလျံရဲ့ သူငယ်ချင်းက အရက်မူးမူးနဲ့သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးဝေဖန်အကြံပြုခဲ့ပါတယ်။ သမရိုးကျ သစ္စာရှိရှိချစ်ကြိုက်ပြီး အချိန်တန်လက်ထပ်ကြတာဟာငြီးငွေ့ဖွယ်ဖြစ်ကြောင်း အတွေ့အကြုံအသစ်အဆန်းရှာဖွေသင့်ကြောင့း် အခြားသူများနဲ့အတူတူအိပ်ဖို့အထိပါအကြံပေးခဲ့ပါတယ်။ သူကမူးမူးနဲ့စနောက်ခဲ့တာဖြစ်ပေမယ့် သူပေးတဲ့အကြံကို ဝီလျံနဲ့အန်နာတို့ကလက်ခံပြီး အချစ်အတွေ့အကြုံသစ်တွေကိုရှာဖွေခဲ့ရာမှ သူတို့နှစ်ယောက်ရဲ့အချစ်ရေးဆက်လက်ခိုင်မြဲမလား ဘယ်လိုအခြေအနေတွေဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းလိင်တူချစ်သူစုံတွဲရဲ့ဇာတ်ထုပ်ကလည်း တစ်မျိုးတစ်ဖုံစိတ်ဝင်စားစရာပါ။Sex & Nudity တွေ အတော်များများပါဝင်တဲ့ အတွက်ကြောင့် မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း အကြံပြုပါရစေ... File Size : (850 MB) and (300 MB) Quality : WEB-DL 720p, Format…mp4 Duration…01:36:00 Genre :  Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo Pyae 
movie

Permission(2017)

2017
Unsane (2018) 6.5
Unsane (2018) ဒီတစ်ခါမှာတော့ IMDb 6.6 ရရှိထားတဲ့ Psychological Thriller ဇာတ်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဒါရိုက်တာကတော့ Steven Soderbergh ဖြစ်ပြီးတော့ Clarie Foy က ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားချက်တစ်ခုအနေနဲ့ကတော့ နာမည်ကျော်ကြီး Matt Damon ဟာ ဒီဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ========== Sawyer Valentini ဟာ ဘဏ်ဝန်ထမ်းတစ်ဦး၊ သူ့မှာနောက်ယောင်ခံလိုက်တဲ့သူရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတာကြောင့် လုပ်လက်စအလုပ်တွေကိုပါပစ်တခြားမြို့ကိုပြောင်းပြီး အဲဒီစိတ်ရောဂါကို ပျောက်အောင်ကုဖို့ကြိုးစားတယ်။ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဆေးကုသမှုခံယူမယ့်ဆေးရုံကအာမခံကြေးလိုချင်တာကြောင့် လာသမျှလူနာကို အရူးတံဆိပ်ကပ်ပြီး အာမခံကြေးရမှ ပြန်လွှတ်ပေးတဲ့ဆေးရုံဖြစ်နေတယ်။သူဟာ အဲဒီဆေးရုံမှာ အလိုမတူဘဲ ဘုမသိဘမသိနဲ့ စိတ်ရောဂါဝေဒနာရှင် အမည်ခံပြီးဆေးကုသမှုကိုတစ်ပတ်ခန့်ခံယူဖို့အကြောင်းဖန်လာတော့တယ်။ပိုဆိုးတာက အဲဒီဆေးရုံကဝန်ထမ်းတစ်ဦးက သူ့ကိုနောက်ယောင်ခံလိုက်နေတဲ့David Strine ဆိုတဲ့လူဖြစ်နေတဲ့အခါမှာတော့...။အကုသိုလ်အပြွှတ်လိုက်ဝင်နေတဲ့ မင်းသမီးတစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား မကျော်ဖြတ်နိုင်ဘူးလာဆိုတာကိုတော့ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးသန့်ပါ)File Size : (800 MB) and (360 MB) Quality : Blu-Ray 720p Running Time : ...
movie

Unsane (2018)

2018