Channel Myanmar

Rebecca Hall

A Rainy Day in New York (2019) 6.9
A Rainy Day in New York (2019) unicode ဒီရုပ်ရှင်လေးကတော့ ဟာသ ဒရာမာ အမျိုးအစားပါပဲ။ ခွက်ထိုးခွက်လန်ရီရမယ့် ဟာသမျိုးတွေ မဟုတ်ပါဘူး။ ရယ်ရခက် ငိုရခက် ကိုးရိုးကားယား ဟာသမျိုးတွေပါပဲ။ အချစ်ဇာတ်လမ်းလေးကလည်း တစ်မျိုးဆန်းပါတယ်။ သရုပ်ဆောင်တွေကတော့ သိတဲ့သူများမှာပါ။ တင်မိုသီ၊ အယ်လ်ဖန်းနင်း၊ ဆယ်လီနာဂိုးမက်ဇ်၊ ဂျုလော တို့ ပါပါတယ်။ ဇာတ်လမ်းလေးကတော့ ဂတ်စ်ဘီဆိုတဲ့ နယူးယောက်ကလာတဲ့ ကောလိပ်ကျောင်းသားလေးမှာ အက်ရှ်လိဆိုတဲ့ ချစ်သူကောင်မလေး တစ်ယောက်ရှိတယ်။ တစ်နေ့မှာ အက်ရှ်လိဟာ ကျောင်းသတင်းစာအတွက် နာမည်ကျော် ဒါရိုက်တာ ရိုလန်ပိုလက်နဲ့ တစ်နာရီ အင်တာဗြူးခွင့်ရခဲ့ပါတယ်။ ဒီတော့ ရိုလန်ရှိတဲ့ နယူးယောက်ကို စုံတွဲအတူခရီးထွက်ရင်း အပန်းဖြေကြဖို့ စီစဉ်လိုက်ကြတယ်ပေါ့။ ဒါပေမယ့် ဟိုရောက်တော့ အက်ရှ်လိက ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ နာမည်ကျော်မင်းသားတွေနဲ့ ပေါက်ကရအလွဲတွေကြုံပြီး၊ ဂတ်စ်ဘီကလည်း သူ့ရည်းစားဟောင်းရဲ့ ညီမလေးနဲ့ နယူးယောက်ရဲ့ မိုးရေတွေထဲမှာ ပေါက်ကရတွေ ထပ်ကြုံရတယ်ပေါ့။ ဇာတ်လမ်းလေးကလှပါတယ်။ ဒိုင်ယာလော့တွေလည်း ကောင်းတယ်။ ကြည့်ရတာ ကသိကအောက်နဲ့ ချစ်စရာကောင်းပါတယ်။ ကြိုက်ကြမှာပါ။ File Size : ( 868 MB , 299 MB ) Quality :  Web-DL 720p Running Time : 1 hr 32 min Format ...
6.9
IMDB: 6.9/10 6,516 votes
movie

A Rainy Day in New York (2019)

2019
Permission(2017) 5.3
Permission(2017) Permission(2017) (ဒီကားက ၁၈+ ဆန်ဆန်ပညာပေးကားမို့ အရွယ်ရောက်သူများသာကြည့်စေလိုပါသည်) ဝီလျံနဲ့အန်နာတို့စုံတွဲဟာ ဆယ်စုနှစ်များစွာတွဲလာခဲ့ကြတယ် ချစ်သူစုံတွဲဖြစ်ပါတယ်။ ပျော်ရွှင်စွာအတူတကွနေလာခဲ့ကြပြီး အန်နာရဲ့အသက်၃၀ပြည့်မွေးနေ့မှာမထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ မွေးနေ့မှာဝီလျံရဲ့ သူငယ်ချင်းက အရက်မူးမူးနဲ့သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးဝေဖန်အကြံပြုခဲ့ပါတယ်။ သမရိုးကျ သစ္စာရှိရှိချစ်ကြိုက်ပြီး အချိန်တန်လက်ထပ်ကြတာဟာငြီးငွေ့ဖွယ်ဖြစ်ကြောင်း အတွေ့အကြုံအသစ်အဆန်းရှာဖွေသင့်ကြောင့း် အခြားသူများနဲ့အတူတူအိပ်ဖို့အထိပါအကြံပေးခဲ့ပါတယ်။ သူကမူးမူးနဲ့စနောက်ခဲ့တာဖြစ်ပေမယ့် သူပေးတဲ့အကြံကို ဝီလျံနဲ့အန်နာတို့ကလက်ခံပြီး အချစ်အတွေ့အကြုံသစ်တွေကိုရှာဖွေခဲ့ရာမှ သူတို့နှစ်ယောက်ရဲ့အချစ်ရေးဆက်လက်ခိုင်မြဲမလား ဘယ်လိုအခြေအနေတွေဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းလိင်တူချစ်သူစုံတွဲရဲ့ဇာတ်ထုပ်ကလည်း တစ်မျိုးတစ်ဖုံစိတ်ဝင်စားစရာပါ။ Sex & Nudity တွေ အတော်များများပါဝင်တဲ့ အတွက်ကြောင့် မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း အကြံပြုပါရစေ... File Size : (850 MB) and (300 MB) Quality : WEB-DL 720p, Format…mp4 Duration…01:36:00 Genre :  Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo Pyae  
5.3
IMDB: 5.3/10 2,289 votes
movie

Permission(2017)

2017
Transcendence(2014) 6.3
Transcendence(2014) Transcendence(2014) 2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ... Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်.... PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့် ကိုယ်ပိုင်အသိဥာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး... နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသော team တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research တွေလည်းလုံးဝဖျက်ဆီးခံလိုက်ရပါတယ်... နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့ သူတို့ကတော့ "Revolutionary Independence From Technology" (R.I.F.T.)ပါ လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့  Will Caster ဟာ  သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်.. ..အဲ့ဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့..... ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp  ကိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်...ဒါအပြင် Morgan Freemanလည်းပါနေသေးရဲ့.. ဒီဇာတ်ကားဟာ ၂၀၁၄တုန်းက ရိုက်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်အတွင်းမှာ Google က announce ...
6.3
IMDB: 6.3/10 195,608 votes
movie

Transcendence(2014)

2014
The Town(2010) 7.6
The Town(2010) The Town(2010) IMDb.....7.6,,,,Rotten....93 FBI ၇ဲတွေ ဒေါသအရမ်းထွက်နေကြတယ်...FBIအဖွဲ့ခေါင်းဆောင်ကလည်း ဆဲဆိုသံနဲ့အတူ " ဒီသောက်ဘဏ်ဓားပြတွေက သောက်ချဉ်တော့မဟုတ်ဘူးကွ" ဆိုပြီးအော်ဟစ်နေတယ်... ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတော့ ဘဏ်ကိုဓားပြတိုက်ခံရပြီး အချိန်မီ အချက်ပေးသံကြောင့် ဘဏ်ကိုရဲတွေဝိုင်းခဲ့ပေမယ့် တစ်ယောက်မှမမိလိုက်ဘူး.. ..မှုခင်းသဲလွန်စတွေရှာပြန်တော့လည်း cctv မှတ်တမ်းတွေဖျက်ဆီးသွားတဲ့အပြင် လက်ဗွေရာတစ်စွန်းတစ်စတောင် မကျန်အောင် ဆပ်ပြာရည်တွေ ဘဏ်အတွင်းပက်ပြန်းသွားလို့ပါပဲ....တစ်ခုတော့ရှိတယ် ... ဘဏ်ဓားပြတွေက ဓားစာခံအဖြစ် ဘဏ်စာရေးမတစ်ယောက်ကို ဖမ်းခေါ်သွားပါတယ်.. ..ဒီကားရဲ့ ဒါရိုက်တာက  Ben Affleck  ဖြစ်ပါတယ်... Gone Baby Gone ကိုလည်း သူကိုယ်တိုင်ရိုက်ကူးခဲ့ပြီး  အဲ့ဒီကားမှာ သူ့ရဲ့အရည်အချင်းကိုကြည့်ဖူးသူတိုင်း မချီးကျူးဘဲ မနေနိုင်အောင်ဖြစ်ခဲ့ကြမှာပါ...မှုခင်း ဘဏ်ဓားပြ နဲ့အချစ်ဇာတ်လမ်းလေးတွေ အချိုးကျတင်ဆက်ထားလေတော့ ခံစားကြည့်လိုက်ပါဦးလို့.... File Size : (900 MB) and (370 MB) Quality : Blu-Ray 720p Format…mp4 Duration…02:05:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thet Htet Oo Encoded by Phyo Pyae
7.6
IMDB: 7.6/10 306,714 votes
movie

The Town(2010)

2010
Professor Marston and the Wonder Women (2017) 7.2
Professor Marston and the Wonder Women (2017) ကျွန်တော်တို့အားလုံး Wonder Woman ဆိုတဲ့စူပါဟီးရိုးကို သိကြပါတယ်။ မပေါ့်တပေါ် အဝတ်အစားရယ်၊ ဆွဲဆောင်နိုင်လွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားရယ်၊ သူ့ရဲ့ စွမ်းအားတွေရယ်က အတော်လေးကို ရေပန်းစားပါတယ်။ ဒီကားလေးကတော့ Batman, Superman တို့လို ဒိတ်ဒိတ်ကြဲဇာတ်ကောင်တွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်တဲ့ ဒီ Wonder Woman ဇာတ်ကောင်ကို ဖန်တီးခဲ့သူ စိတ်ပညာပရော်ဖက်ဆာ မာစတန်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ လူတိုင်းဟာ အချစ်ကို တစ်ယောက်တစ်မျိုးစီ လက်ခံထားကြပါတယ်။ တစ်ချို့က လိင်ကွဲပဲ ကြိုက်သလို၊ လိင်တူပဲ စိတ်ဝင်စားသူလဲရှိပါတယ်။ ဒါပေမယ့် 20 ရာစုအစောပိုင်း၊ အချစ်နဲ့ပတ်သက်ပြီး အမြင်ကျဉ်းမြောင်းခဲ့ကြတဲ့ခေတ်မှာ လိင်တူချစ်သူတွေ၊ အမျိုးသမီးရေးရာ လှုပ်ရှားသူတွေ အတော်အကျပ်ရိုက်ခဲ့ပါတယ်။ ထူးခြားတာက ပရော်ဖက်ဆာ မာစတန်ရဲ့ မိန်းမဖြစ်သူ အက်လီဇဘတ်ကိုယ်တိုင်က လိင်တူချစ်သူတစ်ဦးဖြစ်နေတာပါပဲ။ Wonder Woman ဇာတ်ကောင်ကလဲ Bisexual တစ်ယောက်ပါ။ မာစတန်ဟာ Wonder Woman ဇာတ်ကောင်ကို သူ့ဘဝမှာ အချစ်ရဆုံးအမျိုးသမီးနှစ်ယောက်ပေါ် အခြေခံပြီး ဖန်တီးထားတာဖြစ်ပါတယ်။ Wonder Woman ရဲ့အဝတ်အစားကလဲ ...
7.2
IMDB: 7.2/10 5,604 votes
movie

Professor Marston and the Wonder Women (2017)

2017
The BFG (2016) 6.4
The BFG (2016) 2016 IMDb 6.4 နဲ့ fantasy ကားကောင်းတစ်ကား အကြည်ထွက်လာခဲ့ပါပြီ။ Disney ရဲ့ The BFG(Big Friendly Giant) ပါပဲ။ ဇာတ်လမ်းလေးကတော့ ရိုးစင်းပြီး လှပပါတယ်။ ဆိုဖီဆိုတဲ့ မိဘမဲ့ကလေးလေးကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မှင်စာဘီလူးကြီးက ဖမ်းခေါ်သွားခဲ့မိတာက စတာပါပဲ။ လူသားစားတဲ့ဘီလူးတွေနေထိုင်တဲ့ ဘီလူးတိုင်းပြည်မှာ အသီးအရွက်ပုတ်လေးတွေစားပြီး အကောင်အသေးဆုံး ဘီလူးကြီး၊ လူသားစားတဲ့ဘီလူးတွေကို မတားနိုင်တဲ့အတွက် လူသားကလေးလေးတွေအတွက် အိပ်မက်လှလှလေးတွေ လိုက်ဖမ်းပြီး လက်ဆောင်ပေးလို့ တတ်နိုင်သလောက် ပြန်ပေးဆပ်နေသူဘီလူးကြီးဟာ သူ့ရဲ့မိတ်ဆွေဆိုဖီလေးကို ကာကွယ်ရင်း ဆိုဖီရဲ့အားပေးမှုနဲ့ ဘီလူးတွေအားလုံးကို အပြီးအပိုင်မောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ.... ဒီဇာတ်ကားကိုတော့ စာတန်းထိုးအမှန်မထွက်တဲ့အတွက် နားထောင်ပြီးပဲ အတက်နိုင်ဆုံးဘာသာပြန်ပေးထားပါတယ်။ အင်္ဂလိပ်လေသံလည်းဖြစ် ဘီလူးတွေကလည်း လူစကားကို ကောင်းကောင်းအသံမထွက်တတ်တော့ အကုန်လုံးတော့ မမှန်ပါဘူး။ ဒါပေမယ့် အားလုံးနီးပါးတော့အနီးစပ်ဆုံးမှန်အောင် ကြိုးစားပေးထားပါတယ်။ ဒီကားလေးကိုတော့ မိသားစုနဲ့ကြည့်လို့ကောင်းပြီး ကလေး လူကြီးအကုန်နှစ်သက်ကြမယ်ထင်ပါတယ်။ ------------------------------------------------------- 2016 IMDb ...
6.4
IMDB: 6.4/10 74,283 votes
movie

The BFG (2016)