Channel Myanmar

Reed Diamond

Good Night, and Good Luck (2005) 7.4
Good Night, and Good Luck (2005)  ဆုပေါင်း ၃၉ ဆု၊ အော်စကာ ဆန်ကာတင် ၆ဆုအပါအဝင် ဆန်ကာတင်ပေါင်းတစ်ရာကျော် ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ မစိမ်းတဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားပါ၊ဇာတ်လမ်းက ၁၉၅၀ ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူအက်ဒ်မော်ရိုးနဲ့ ကွန်မြူနစ်တွေကို မြေလှန်ပစ်ချင်နေတဲ့ အမတ် မက်ကာတီတို့ကြားက အပြန်အလှန်ခြေကန်မှုတွေကိုအဓိကထားဇာတ်အိမ်တည်ထားပါတယ်။မော်ရိုးက ကိုယ့်အလုပ်ရဲ့အားသားချက်ကိုသုံးပြီး လူထုကို နိုင်ငံရေးအတွေးအခေါ်လူမှုရေးစသဖြင့်ပညာပေးတင်ဆက်ပေးနေသူပါ၊ မဟုတ်မမှန် မတရားတာတွေဆို သူနဲ့ သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက ရုပ်မြင်သံကြားကနေတဆင့် အတိုင်အဖောက်ညီညီဖော်ထုတ်ပါတယ် ။ မက်ကာတီကျ ရထားတဲ့အာဏာလေးနဲ့ ကွန်မြူနစ်ရှင်းထုတ်တယ်ဆိုတဲ့အမည်ခံနဲ့ ကိုယ်နဲ့မကြည် မကျေနပ်တဲ့လူတွေကိုပါ ဝါးလုံးယမ်းတာတွေလုပ်တတ်ပါတယ် ၊ဒီကားမှာ ထိုနှစ်ဦးအပြင် အဲ့ခေတ်ကာလတုန်းက အမေရိကန်ရဲ့ ကွန်မြူးနစ်အယူသီးပုံတွေ ၊ရုပ်မြင်သံကြားအပေါ်လူတွေရဲ့အမြင်၊ မော်ရိုးတို့ သတင်းတင်ဆက်သူတွေရဲ့ခံယူချက်စတဲ့ လက်တွေ့ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားတာမို့ သမိုင်းရုပ်ရှင်တွေကိုစိတ်ဝင်စားသူတွေရဲ့ အသည်းစွဲပါပဲ ။ File size…(1.5 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

Good Night, and Good Luck (2005)

Clear and Present Danger (1994) 6.9
Clear and Present Danger (1994) Clear and Present Danger (1994)~ IMDb - 6.9/10, Rotten Tomatoes - 81% ~ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲ​တွေရဲ့တတိယကားဖြစ်ပြီး အက်ရှင်ခန်း​တွေလည်း ပိုကြမ်းလာပါတယ်။ ဒုတိယကားဖြစ်တဲ့ Patriot Games က မင်းသားကြီး Harrison Ford ပဲ ဂျက်ရိုင်ယန်အဖြစ် ပါဝင်ထားသလို မင်းသားကြီး Willem Dafoe ကလည်း အ​ရေးပါတဲ့​နေရာက ပါဝင်ထားပါတယ်။ဒီဇာတ်လမ်းက အ​မေရိကန်နဲ့ ​ကိုလံဘီယာ မူးယစ်ရာဇာ​​တွေကြား ပဋိပက္ခ​တွေကို ဇာတ်လမ်းဆင်ထားတာပါ။ အ​မေရိကန်သမ္မတရဲ့ နိုင်ငံ​ရေးမိတ်ဖက်တစ်ဦးကို မူးယစ်ရာဇာကြီး အက်စကို​ဘေတိုက သတ်ဖြတ်လိုက်တဲ့အတွက် အ​မေရိကန်အစိုးရဘက်က နိုင်ငံ​​တော်လုံခြုံ​ရေးကို ထိပါးမှုဆိုတဲ့ ​ခေါင်းစဉ်နဲ့ အဲဒီမူးယစ်ရာဇာနဲ့ ဂိုဏ်းကို ချေမှုန်းဖို့ လုပ်​ဆောင်ပါ​တော့တယ်။ဒါ​ပေမဲ့ ဒီဂိုဏ်းကို​ချေမှုန်းဖို့က တိုင်းတပါးမှာ လျှို့ဝှက်စစ်ဆင်​ရေးအဖြစ်နဲ့ပဲ ​ဆောင်ရွက်လို့ရတာ​ကြောင့် အစိုးရအ​နေနဲ့ သူတို့ဘက်ကို ပြန်အမှုမပတ်​အောင် ​ကြေးသားစစ်သား​တွေကို ...
movie

Clear and Present Danger (1994)

1994
S.W.A.T.(2003) 7.0
S.W.A.T.(2003) S.W.A.T.(2003) အညွှန်း********************မာသာဖတ်ကာကြီးအဓိက ဦးဆောင်ထားတဲ့ အက်ရှင်အလန်းကားလေးတင်ဆက်ပေးလိုက်ပါတယ်..SWAT အဖွဲ့ဆိုတာ အန္တရာယ်ရှိတဲ့အခြေ‌အနေတွေကို ထိန်းကျောင်းဖို့၊ဓားစားခံဖမ်းခေါ်ထားတဲ့အခြေအနေတွေမှာ ကယ်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီးရဲဌာနလက်အောက်မှာ ဖွဲစည်းထားတဲ့ အထူးစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။လော့စ်အိန်ဂျယ်လ်ရဲဌာနရဲ့ SWAT အဖွဲ့ဟာ ကမ္ဘာပေါ်မှာဂုဏ်သိက္ခာအကြီးမားဆုံးနဲ့ လေးစားမှုအခံရဆုံး အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်ပါတယ်။တစ်ရက်မှာတော့ နိုင်ငံပေါင်း 12 နိုင်ငံကျော်မှာ မူးယစ်ဆေးကုန်ကူးမှု၊မှောင်ခိုသွင်းမှု၊ လူသတ်မှုပေါင်းများစွာနဲ့ အလိုရှိနေတဲ့အန္တရာယ်ရှိရာဇဝတ်သားတစ်ယောက်ကိုလော့စ်အိန်ဂျယ်ရဲဌာနက မမျှော်လင့်ပဲ ဖမ်းမိပါတော့တယ်။ အဲ့ဒီရာဇဝတ်သားဟာလည်းနှယ်နှယ်ရရမဟုတ်လေတော့ မီဒီယာတွေရှေ့မှာပါ သူ့ကိုကယ်ထုတ်ပေးနိုင်တဲ့ဘယ်သူမဆို ‌အမေရိကန်ဒေါ်လာ သန်းတစ်ရာပေးမယ်ဆိုပြီးအတိအလင်းကြေငြာထားသူဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လ် SWAT အဖွဲ့အနေနဲ့အဲ့ဒီအကျဉ်းသားကို ဗဟိုအကျဉ်းထောင်ကို လွှဲပြောင်းပို့ဆောင်ရဖို့ ဖြစ်လာတဲ့အခါမှာတော့ဒေါ်လာသန်းတစ်ရာရဖို့ ရာဇဝတ်သားကိုအပြိုင်အဆိုင်ကယ်ထုတ်ကြမယ့်သူတွေနဲ့ ကြုံဆုံရပါတော့တယ်။လော့စ်အိန်ဂျယ် SWAT အဖွဲ့အနေနဲ့ ဘယ်လိုနည်းဗျူဟာတွေနဲ့စစ်ဆင်ရေးကိုအကောင်အထည်ဖော်သွားမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာစိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။  File Size :(2.7GB)(1.08GB) and (380 MB) Quality : BLU-RAY1080P5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Crime , Adventure, Action Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

S.W.A.T.(2003)

Firebreather (2010) 6.2
Firebreather (2010) Firebreather (2010)ဒီ animation ဇာတ်ကားကောင်းလေးကို မသိတဲ့သူတော်တော်ရှားမယ်ထင်ပါတယ်။ ကျွန်တော်တို့တွေ ကလေးဘ၀မှာ အသည်းစွဲဖြစ်ခဲ့ရတဲ့ ကာတွန်းကားလေးတစ်ကားဆိုရင်လည်း မှားမယ်မထင်ပါဘူး။မကြည့်ဖူးသေးတဲ့သူတွေရော ကြည့်ပြီးတဲ့သူတွေပါ ဘာသာပြန်ကောင်းကောင်းလေးနဲ့ သေချာပြန်လည်ခံစားလို့ရအောင်လို့ Channel Myanmar ကနေ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့......ကမ္ဘာကြီးဟာ ကိုင်ဂျူးလို့ခေါ်တဲ့ ဧရာမသတ္တဝါကြီးတွေနဲ့ လူသားတွေ ရောထွေးနေထိုင်တဲ့ နေရာတစ်ခုဖြစ်လာပါတယ်။ မျိုးနွယ်နှစ်ခုကြား စစ်ပွဲရှည်ကြီး တစ်ခုဖြစ်လာခဲ့ပြီး ဒီစစ်ပွဲကို အဆုံးသတ်ပေးလိုက်တာကတော့ မားဂရက်ဆိုတဲ့ လူသားမျိုးနွယ် မိန်းကလေးတစ်ဦးနဲ့ ကိုင်ဂျူးဘုရင်ကြီး ဘယ်လော့ခ် တို့ရဲ့ ချစ်ကြိုက်မှုပဲ ဖြစ်ပါတယ်။စစ်ပွဲကြီးရပ်တန့်သွားပြီးနောက် ကိုင်ဂျူးတွေဆိုတာလည်း ဒဏ္ဍာရီသဖွယ် ဖြစ်လာခဲ့ပါတော့တယ်။ ဒါပေမယ့် ဒန်ကန်ဆိုတဲ့ ကိုင်ဂျူးတစ်၀က် လူသားတစ်၀က် ဆယ်ကျော်သက်ကောင်လေးကတော့ ဒဏ္ဍာရီမဟုတ်ခဲ့ပါဘူး။ကိုင်ဂျူးတစ်ကောင်ရဲ့အစွမ်းတွေနဲ့ လူသားလေး ဒန်ကန်ဆီကို တစ်ရက်မှာ ကိုင်ဂျူးဘုရင် ဘယ်လော့ခ်ကြီးက ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့...... (ဇာတ်ကားနဲ့ အညွှန်းကို Chuck Chuck မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.3GB, 608MB Quality - ...
movie

Firebreather (2010)

2010
Spider-Man 2 (2004) 7.3
Spider-Man 2 (2004) Spider Man 2 က ပထမဇာတ်ကားရဲ့ အဆက်အနေနဲ့ ထွက်ရှိခဲ့တာပါ။ဒီဇာတ်လမ်းမှာတော့ စမိုက်ဒါမန်းဟာ မပျော်မရွင်ဖြစ်နေရပါတယ်...သူချစ်ရတဲ့ကောင်မလေး မေရီဂျိန်းဝမ်ဆန်ကို စွန့်လွှတ်ပြီးတဲ့နောက်မှာတော့ သူ့ဘဝကို ရာဇဝတ်မှုတွေကိုတိုက်ဖျက်နေရင်းနဲ့ဖြတ်သန်း နေရပါတယ်..မေရီဂျိန်းဟာလည်း သူဌေးတစ်ယောက်နဲ့စေ့စပ်ထားလိုက်ပါပြီ ...သူ့သူငယ်ချင်း ဟယ်ရီကလည်း သူ့အဖေကိုသတ်သွားတဲ့စပိုက်ဒါမန်းကို ပြန်သတ်ချင်လို့ အသည်းအသန်စုံစမ်းနေပါ သလို မြို့ကိုဒုက္ခပေးမယ့် အန္တရာယ်တွေလည်းတိုးလာပါတယ်..ဒီလိုပြသနာတွေကြားမှာ ပီတာပါကားတစ်ယောက် ဘယ်လိုခွန်အားနဲ့ ဆက်လက်အသက်ရှင်ပြီး ပြသနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ...။မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.3 GB)/(1 GB) Quality….BluRay DS4K HEVC ...
movie

Spider-Man 2 (2004)

2004
Moneyball(2011) 7.6
Moneyball(2011) Moneyball(2011) IMDb....7.6,,,,Rotten...94% ဒီကားကတော့ ဘေ့စ်ဘောမန်နေဂျာ Billy Beane အကြောင်းကိုရိုက်ကူးထားတာပါ...Billy BeaneကOakland Aအသင်းရဲ့ ဘေ့စ်ဘောမန်နေဂျာ တစ်ယောက်ပါ....ဘေ့စ်ဘောလောကမှာတော့ နည်းပြထဲမယ်သူရတဲ့လစာဟာတခြားနည်းပြတွေနဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်...အသင်းဘုတ်အဖွဲ့ကလည်း  ရေရှည်စီမံကိန်းတွေနဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေက အနည်းငယ်ညံဖျင်းလို့နေပါတယ်...မန်နေဂျာ Billy အတွက်တော့ တကယ်ကိုအားမရချင်စရာပဲ..သို့ပေမယ့် သူဟာ အသင်းကိုအကောင်းဆုံးတည်ဆောက်ဖို့ ဘယ်တော့မှ ဇွဲမလျှော့ဘူး...ဘုတ်အဖွဲ့က လူတော်တော်များများကို အတိုက်အခံလုပ်ပြီးလမ်းကြောင်းတစ်ခုသူတည်ဆောက်ခဲ့တယ်...သူဟာ Word Series မှာ အသင်းကို အများအသိပြုတဲ့ အမြင့်ဆုံးနေရာမျိုးကို ရပ်တည်စေချင်တယ်...သူ့အသင်းအတွက် ကစားသမားတွေကို သူကိုယ်တိုင်သေချာစိစစ်ရွေးချယ်ခဲ့တယ် Billy Beaneနဲ့ သူ့ရဲ့လက်ထောက်Peter Brand တို့ရဲ့ ကြိုးစားမှုကြောင့့်အသင်းဟာ ဘယ်လိုအခြေအနေမျိုးကိုရောက်သွားမလဲ...လူဝယ်တဲ့နေရာ လူရွေးချယ်တဲ့နေရာမှာ မန်နေဂျာတွေရဲ့အခက်အခဲတွေ အားကစားသမားတွေရဲ့ခံယူချက်တွေကို တွေ့ရမှာဖြစ်သလို  အားကစားလောကရဲ့  အကြောင်းကိုလည်း ဇာတ်ကားကြည့်ရင်းအတော်လေးသိသွားနိုင်ပါတယ်...ပြီးတော့ ဒီကားမှာ အဓိကသရုပ်ဆောင်ထားတဲ့ Brad Pitt, Robin Wright, Jonah Hill တို့ကိုတော့အတော်များများသိကြမယ်ထင်ပါတယ်.. .IMDbနဲ့ Rottenကလည်း အလန်းကြီးဆိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့...ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့  Tinnilar Lwin ...
movie

Moneyball(2011)

2011
Assassins (1995) 6.3
Assassins (1995) Assassins (1995)_____IMDb - 6.3/10    ကြေးစားလူသတ်လောကရဲ့ ထိပ်သီး နံပါတ် တစ် လူသတ်သမား Syvester Stallone ရောဘတ် ရတ် ..... လွန်ခဲ့တဲ့ ၁၅ နှစ်က နံပါတ်တစ် ကြေးစားလူသတ်သမားကို ပြန်သတ်ပြီး ရောဘတ် ရတ်က ကြေးစားလောကမှာ နံပါတ် တစ် ဖြစ်လာခဲ့တယ် ။ ရောဘတ်ရတ်ရဲ့ အလုပ်တွေကို ကြားဖြတ်လုပ်ဆောင်ပြီး ကြေးစားလောကရဲ့ ထပ်သီး နံပါတ်တစ် လူသတ်သမား ဖြစ်ချင်နေတဲ့ Antonio Banderas မီဂူရယ် ဘိန်း ... နံပါတ်တစ် နေရာတစ်ခုစာအတွက် အားပြိုင်နေကြတဲ့ ကြေးစားလူသတ်သမား နှစ်ယောက် ကြားက စီးပွားရေးအရှုပ်ထုပ် ဖိုင်တွေ ခိုးလာတဲ့ သူခိုးမလေး အဲလက်ထရာ ။ သူခိုးမလေး အဲလက်ထရာက တကယ်တမ်းပစ်မှတ် ဖြစ်လာတဲ့အခါ ကြေးစားလူသတ်သမားနှစ်ယောက် ဘယ်လိုရုန်းကန်ကြမလဲ ။ သူခိုးမလေး လက်ထဲက ဖိုင်တွေက ဘာတွေမို့လဲ သူ ပစ်မှတ်လို့ သတ်မှတ်ခြင်းခံရတာလဲ ဆိုတာတော့.....    ဘာသာပြန်ကတော့ စည်သူထက် ဖြစ်ပါတယ် ...
movie

Assassins (1995)

1995