Channel Myanmar

Rehana Sultan

Inkaar(2013) 6.1
Inkaar(2013) ထိပ်တန်း ကြော်ငြာအေဂျင်စီတစ်ခုရဲ့ CEO ဖြစ်တဲ့ ရာဟူးဗာမာ ဟာအရည်အချင်းရှိတဲ့လူငယ်တွေကို ပျိုးထောင်ပေးရာမှာ အလွန်ကျော်ကြားသူပါ မာယာ ဆိုတဲ့ အမျိုးသမီးဟာလည်း သူ ပျိုးထောင်သင်ကြားပေးရင်းကနေမှလုပ်ငန်းပိုင်ဆိုင်ရာမှာ အတော်အတန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပါတယ် သူတို့နှစ်ဦးဟာ တွဲဖက်ညီစွာ အလုပ်လုပ်ကိုင်ရင်း အောင်မြင်မှုတွေအတူတူရယူနိုင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း အခြေအနေအရပ်ရပ်ကြောင့် နှစ်ယောက်သားကြာမှာသဘောထားကွဲလွဲမှုတွေ ရှိလာတဲ့အခါမှာတော့ ရာဟူးက သူ့ကို မဖွယ်မရာပြုမူပါတယ်ဆိုပြီး မာယာက တိုင်တန်းပါတော့တယ် ကုမ္ပဏီဘက်ကတော့ ကော်မတီဖွဲ့ပြီး သူတို့အရေးကိစ္စကိုဖြေရှင်းဖို့ကြိုးစားပေးတဲ့အခါမှာ အမှန်တကယ်အပြစ်ရှိသူက ဘယ်သူဖြစ်မလဲဆိုတာကိုဇာတ်လမ်းကြည့်ရှုရင်း အဖြေဖော်ထုတ်ကြရအောင်ဗျာ
movie

Inkaar(2013)

2013