Channel Myanmar

Rei Sakuma

Kiki’s Delivery Service (1989) 7.8
Kiki’s Delivery Service (1989) ၁၃နှစ်ပြည့်တဲ့စုန်းလေးတွေဟာ အိမ်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ စုန်းတို့ရဲ့ရိုးရာအတိုင်း ၁၃နှစ်အရွယ်စုန်းမလေးခီခီဟာ တိမ်ကင်းစင်တဲ့လပြည့်ညတစ်ညမှာ သူ့ရဲ့ကြောင်နက်လေးဂျီဂျီရယ် အဖေ့ရေဒီယိုလေးရယ်နဲ့အတူ တံမြက်စည်းပျံစီးပြီး အိမ်ကထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နာရီ​စင်ကြီးရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အခြေချဖို့ဖြစ်လာတဲ့အခါ စုန်းမလေးခီခီဟာ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရပါတော့တယ်။ ​ တဖြည်းဖြည်းနဲ့ ခီခီ့ရဲ့တစ်ပါးသူအပေါ်ကူညီပေးမှုတွေ၊ သနားကြင်နာတတ်မှုတွေကြောင့် လူချစ်လူခင်ပေါလာပြီး သူ့ကိုယ်ပိုင်ပစ္စည်းပို့လုပ်ငန်းလေးကိုလည်း တစ်နိုင်တစ်ပိုင်ထူထောင်လာနိုင်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ခီခီ့ရဲ့ ကိုယ်ပိုင်အလုပ်သစ်လေးမှာ အလုပ်အပ်သူတစ်ယောက်ပေါ်လာရင်ကို စိတ်လှုပ်ရှားနေတတ်တာမျိုးတွေ၊ သူငယ်ချင်းကြောင်နက်လေးဂျီဂျီ သူငယ်ချင်းအသစ်ရသွားတဲ့အခါ စိတ်ပျက်ဝမ်းနည်းပုံလေးတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အခါ အတက်အကျတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရပုံလေးတွေကို လူငယ်သဘာဝအလျောက် တွေ့မြင်ရမှာဖြစ်ပြီး ကိုရိုကိုဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးရဲ့ သဘာဝအလှအပလေးတွေကိုလည်း စိတ်ချမ်းမြေ့ဖွယ်ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်... IMDb 7.8/10 Rotten tomatoes 98% ထိရရှိထားတဲ့ anime ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားပေးကြပါဦး....   File Size - 1.4 GB Quality - BluRay 1080p Subtitle - Burmese (hardsub) Translator - May Thu Aung Encoder -  Thit San Khant
movie

Kiki’s Delivery Service (1989)

1989
A Whisker Away 2020 6.9
A Whisker Away 2020 A Whisker Away မူဂယ်ဆိုတဲ့ ကောင်မလေးသာ ဟီနိုဒယ်ဆိုတဲ့ သူ့ရဲ့အတန်းဖော်ကောင်လေးကို တစ်ဖက်သတ်ကြိုက်နေတယ် ဒါပေမယ့် ဟီနိုဒယ်ကတော့ သူ့ကို အဖတ်တောင်မလုပ်ရှာဘူး ဒါပေမယ့် မူဂယ်ဟာ အခွင့်အရေးတစ်ခုရခဲ့တယ် အဲ့ဒါကတော့ သူဟာ မှော်ဆန်တဲ့ မျက်နှာဖုံးတစ်ခုကို ရခဲ့တယ် အဲ့ဒီမျက်နှာဖုံးစွပ်လိုက်ရင် မူဂယ်ဟာ တာရိုဆိုတဲ့ကြောင်ကလေးအဖြစ်အသွင်ပြောင်းသွားပါတော့တယ် ပိုပြီးကံကောင်းတာက မူဂယ်ချစ်ရတဲ့ ဟီနိုဒယ်ဟာ မူဂယ်ဆိုတဲ့ လူသားအသွင်နဲ့ ကောင်မလေးကိုအဖက်မလုပ်ပေမယ့် တာရိုဆိုတဲ့ကြောင်မလေးအဖြစ်နဲ့ဆိုရင်တော့ သိပ်ကိုချစ်ပါတယ် ဒီလိုနဲ့ မူဂယ်ဟာ ကြောင်မလေးအသွင်နဲ့ နေ့တိုင်းအချိန်မှန် ဟီနိုဒယ်ဆီကို သွားပါတော့တယ် ဒါပေမယ့် မိသားစုနဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာရှိတဲ့ မူဂယ်ဟာ ကြောင်ဘ၀နဲ့ပဲနေချင်တယ်လို့ ဆန္ဒတစ်ခုပြုလိုက်ရာကနေ လူအသွင်ကို ပြန်ပြောင်းမရဘဲ ဖြစ်သွားပါတော့တယ် လူပြန်ဖြစ်ဖို့ဆိုရင် သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ သူ့ရဲ့ လူသားမျက်နှာဖုံးကို ပြန်ရှာဖို့ကြိုးစားရပါတော့မယ် ...... ဟီနိုဒယ်ကို သူ့ရဲ့ခံစားချက်တွေဖွင့်ပြောဖို့ရ သူလူပြန်ဖြစ်မှရမှာပါ .... တစ်ဖက်မှာလဲ မျက်ဖုံးရောင်းသွားတဲ့သူက မူဂယ်ရဲ့အသက်ကို လူဖြစ်ချင်တဲ့ကြောင်တစ်ကောင်နဲ့ ...
movie

A Whisker Away 2020