Channel Myanmar

Reinout Scholten van Aschat

Sea of Time (2022) 7.6
Sea of Time (2022) Sea of Time (2022)~ IMDb rating - 7.6/10 ~ဒီကားရဲ့ ဇာတ်လမ်းဟာ လက်တွေ့ဘဝက ကြေကွဲစရာဖြစ်ရပ်မှန်လေးကို အခြေခံထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။၁၉၈၀ ခုနှစ်တွေတုန်းက ယိုဟန်နာနဲ့ လူးကပ်စ်တို့ဟာ သူတို့ရဲ့ သားလေး ကိုင် နဲ့အတူ ရွက်လွှင့်ခရီးတစ်ခုထွက်ရင်း အဆုံးအစမဲ့ သမုဒ္ဒရာကြီးထဲ အပျော်ခရီးစဉ်လေးတစ်ခုထွက်ခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ... ပင်လယ်ရေပြင်ကြီးထဲမှာ... သူတို့ ၃ ယောက်တည်းရှိတဲ့အတိုင်း အပူအပင်ကင်းကင်း ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့။တစ်ရက်မှာသူတို့သားလေး ကိုင် ပင်လယ်ထဲ ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တာကစပြီး ကျန်ခဲ့တဲ့သူတို့ ၂ယောက်ရဲ့ဘဝကလည်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေနဲ့ ကမောက်ကမဖြစ်ခဲ့ရတယ်။ သူတို့သားလေးပျောက်ဆုံးမှုအပေါ် ဖြေမဆည်နိုင်လွန်းလို့ အဲဒီအဖြစ်အပျက်ကြီးကို မေ့ထားပစ်ချင်တဲ့ ဖခင်ဖြစ်သူလူးကပ်စ်နဲ့ သားလေးအကြောင်းကိုပဲမေ့မရဖြစ်နေတဲ့ ယိုဟန်နာတို့ ကတောက်ကဆတွေဖြစ်ရာကနေ ဝေးသွားကြပါတော့တယ်။‌နှစ်ပေါင်း ၃၅ နှစ်အကြာမှ သူတို့ချင်းပြန်တွေ့ကြတဲ့အခါ ဘဝကိုယ်စီနဲ့ဖြစ်နေကြပါပြီ။ ဒါပေမဲ့ သူတို့သားလေးအပေါ်ထားတဲ့သတိရစိတ်တွေ ကတော့ လတ်ဆတ်နေတုန်း... ချစ်ရက်နဲ့ဝေးခဲ့ရတဲ့သူတို့ချစ်ခြင်းတွေကလည်း သင်းပျံ့နေတုန်း...အချိန်တွေကကုစားသွားမှာပါလို့ ကျွန်တော်တို့အမြဲပြောလေ့ရှိပေမဲ့ တချို့အဖြစ်အပျက်တွေဟာ ...
movie

Sea of Time (2022)

2022
Gooische Vrouwen 2 (2014) 5.9
Gooische Vrouwen 2 (2014) Gooische Vrouwen 2 (2014) ==================== IMDb Rating - 5.9/10(ဒီရုပ်ရှင်ကိုမကြည့်ခင် Gooische Vrouwen (2011) ကိုအရင် ကြည့်ထားရင်ကြည့်ရတာပိုကောင်းပါလိမ့်မယ်။ ရုပ်ရှင်နှစ်ခုကြား ဆက်စပ်မှုလေးတွေရှိပါတယ်။ အဆိုပါဆက်စပ်မှုလေးတွေကို သိထားရင် ပိုပြီးရယ်စရာကောင်းပါလိမ့်မယ်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေးမှတမင်ကြည့်ချင်တယ်ဆိုရင် ဒီရုပ်ရှင်ဟာ သင့်အတွက်ဖြစ်ပါလိမ့်မယ်)ဇာတ်လမ်းက နယ်သာလန်နိုင်ငံ ဟတ်ဂွိုင်မြို့မှ သက်လတ်ပိုင်း အရွယ်အမျိုးသမီးသူငယ်ချင်း ၄ယောက် အကြောင်းပဲဖြစ်ပါတယ်။ အာဖရိကသို့နှစ်ရှည်ခရီးအလည်ပတ်သွားရာမှပြန်ရောက်လာပြီး ဟတ်ဂွိုင်နဲ့ အသားပြန်မကျသေးတဲ့ ကလယ်ရာ၊ ရည်းစားတွေရှုပ်မြဲ ရှုပ်နေဆဲဖြစ်တဲ့ အာနု၊ အိမ်ထောင်ရေးပြဿနာတွေနဲ့ လုံးပန်းနေရ ပြန်တဲ့ ရှရယ်၊ သဘာဝတရားကြီးနဲ့တိရစ္ဆာ‌န်လေးတွေအပေါ်သံယော ဇဉ်ကြီးလွန်းတဲ့ ရိုလီယန်။အဆိုပါ သူငယ်ချင်း ၄ယောက် တစ်ယောက်ဒုက္ခတစ်ယောက်ဖေးမရင်း အသက်တွေကြီးသည်အထိ ဘဝကို အတူတကွနေထိုင်ဖြတ်သန်းကြပုံ များကို ရယ်မောရင်းပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်)File Size..........(1.74 GB) / (765 MB) / (452 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 46Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Kaung Paing Encoder..........SWM
movie

Gooische Vrouwen 2 (2014)

2014
The East(2021) 7.0
The East(2021) The East(2021) အညွှန်း*******************IMDb...7.0အင်ဒိုနီးရှားလွတ်လပ်ရေးစစ်ပွဲအတွင်းမှာ ဒုတိယကမ္ဘာစစ်လွန်သူပုန်တွေကို ကိုင်တွယ်နှိမ်နင်းဖို့စေလွှတ်လိုက်တဲ့တပ်ဖွဲ့တစ်ဖွဲ့ထဲမှာ ယိုဟန် ဆိုတဲ့လူငယ်စစ်သားလေးတစ်ယောက်ပါဝင်ခဲ့ပါတယ်။ဘာကိုမှအတွေ့အကြုံမရှိ အစိမ်းသက်သက် ဘဝကနေ မဟုတ်မခံမှန်ရာကိုလုပ်တတ်တဲ့ဉာဉ် အရိုးခံစိတ်ထားတွေကြောင့်"The Turk." လို့အများခေါ်ကြတဲ့ ကပ္ပတိန်က မျက်စိကျပြီး သူ့အနီးကပ်လူယုံတစ်ယောက်ဖြစ်လာခဲ့တဲ့အထိ အဆင့်မြင့်လာခဲ့ပါတယ်။အဲ့ဒါနဲ့အတူတူ စစ်ရဲ့ အနိဌာရုံတွေ၊ အထက်အမိန့်ဆိုတဲ့ ပြန်လှန်မေးခွန်းထုတ်ချင်စရာလုပ်ရပ်တွေနဲ့အတူ တာဝန်နဲ့ အသိစိတ်ကြားမှာ သူဟာ တခြားသူတစ်ယောက်လိုဖြစ်သွားတယ်....ဒီလိုနဲ့ တစ်ခုခုဆိုပြတ်သားလွန်းလှတဲ့ ဟင် ဆိုပြန်လှည့်မကြည့်တတ်တဲ့ တစ်ဇွတ်ထိုးတဇောက်ကန်း သူ့ဆရာ တာကီသားနဲ့ သဘောထားကွဲလွဲလာရင်း သူကိုယ်တိုင်သူပုန်အဖြစ် စာရင်းသွင်းခံလိုက်ရတော့တဲ့အခါမှာတော့..။တွေ့ရခဲတဲ့ အင်ဒိုနီးရှားနိုင်ငံနောက်ခံနဲ့ ဖြစ်ရပ်မှန်သမိုင်းတွေအပေါ်အခြေခံထားတဲ့စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။   File Size :(2.6GB)(1.1GB) and (435MB) Quality : Blu-Ray 720p Format…mp4 Duration…02:17:00 Genre : War , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae
movie

The East(2021)