Channel Myanmar

Renji Ishibashi

As Long As We Both Shall Live (2023) 6.8
As Long As We Both Shall Live (2023)  Manga မှာရော Animeမှာပါ နာမည်ကြီး လူကြိုက်များပြီးသားဆိုတော့ဒီကားလေးကို တော်တော်များများ သိပြီးကြမှာပါ။ဒီ Live Action မှာတော့ နာမည်ကြီးVoice actor တစ်ဦးဖြစ်တဲ့ Kenjiro Tsuda နဲ့My Love Mix-up ၊ Silent အစရှိတဲ့ Series တွေမှာ သရုပ်ဆောင်ခဲ့တဲ့Ren Meguro တို့ ပါဝင်သရုပ်‌ဆောင်ထားကြတာဆိုတော့ကြည့်ပျော်မှာကတော့ အသေအချာပါပဲ။ဒါ့အပြင် IMDb rating ကလည်း 6.7 ဆိုတော့တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ အချစ်မပါဘဲ မိဘတွေစီစဉ်ပေးလို့ မင်္ဂလာဆောင်ခဲ့ရတဲ့အိမ်ထောင်ရေးတစ်ခုကမွေးဖွားလာခဲ့တဲ့ Miyo Saimori...မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာတော့ မိထွေးနဲ့နေရပြီးစွမ်းအားစစ်ဆေးချိန်မှာ မိသားစုအမွေဖြစ်တဲ့စိတ်စွမ်းအင်ကို ဆက်ခံနိုင်တဲ့သူက Miyo မဟုတ်ဘဲမိထွေးရဲ့သမီးဖြစ်သူဖြစ်နေပါတယ်။အဲဒါကြောင့် မိသားစုအတွင်းမှာ နေရာမရဘဲ အစေခံသာသာပဲနေရပါတယ်၊ဒီလိုနဲ့ အင်မတန် ရက်စက်တယ်လို့ နာမည်ကြီးတဲ့စစ်တပ်ခေါင်းဆောင် Kiyoka Kudou နဲ့ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ဒီလို ကံဆိုးအကြောင်းမလှတဲ့ဘဝနဲ့ ကြီးပြင်းလာတဲ့Miyo Saimori တစ်ယောက်ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲလာမလဲ၊သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးက ...
movie

As Long As We Both Shall Live (2023)

2023
Pale Moon (2014) 6.9
Pale Moon (2014) Pale Moon (2014)လက်ရှိမှာ ဒီကားကို Pale Moon နာမည်နဲ့ပဲ ကိုရီးယားဇာတ်လမ်းတွဲ ပြန်ရိုက်ထားပြီး ဇာတ်လမ်းက ကောင်းသလို ဒီလိုဇာတ်‌တွေနဲ့လိုက်ဖက်တဲ့ Sky Castle တို့ Mineတို့ Nobody Knows တို့ထဲက နာမည်ရ မင်းသမီးကြီး Kim Seo-Hyungက ပါ၀င်ထားတာမို့ ကေဒရာမာ ဖန်တွေကြား နာမည်ရသင့်သလောက်တော့ ရမယ် ထင်ပါတယ်။Pale Moonရုပ်ရှင်ရဲ့ ဇာတ်ကြောင်းဟာ ထူးခြားတယ် ။ မထင်မှတ်ထားတဲ့ အကွေ့တွေရှိတယ်။ ရက်စက်ခြင်းနဲ့ သမားရိုးကျခြင်းအကြောင်း ကူးလူးဆန်ခတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ ပွိုင့်ဟာ ဘာလဲတော့ ဝေဝါးကောင်းဝေဝါးလာနိုင်ပေမဲ့ ဒါကလည်း ဒီဇာတ်လမ်းရဲ့ အရသာပဲလို့ပြောရပါမယ်။ဘာလို့ဆို ဒီဇာတ်လမ်းမှာ ဇာတ်ကောင်က ရိုးရိုးအေးအေးနေတဲ့ အိမ်ရှင်မ။ ဘဏ်မှာ အချိန်ပိုင်းလုပ်ရာက အချိန်ပြည့်၀န်ထမ်းဖြစ်လာပြီး အရေးကြီးဖောက်သည်တွေရဲ့ အိမ်ထိ ငွေတိုက်စာချုပ်ရောင်းတဲ့ အလုပ်ကို လုပ်ရတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတာတွေ ကြုံလာရပြီး စစချင်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့လို့ ကိုယ့်ကိုယ်လှည့်စားရင်း ငွေတိုက်စာချုပ်ဖိုးငွေတွေကို လိမ်ရင်း ငွေရှိခြင်းရဲ့ အတုအယောင် ...
movie

Pale Moon (2014)

2014
Haw (2022) 6.2
Haw (2022) Haw (2022) (အညွှန်း)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ “A Dog’s Purpose” တို့ “Hachi: A Dog's Tale” တို့လို ဝုတို့ရဲ့စွန့်စားခန်းတွေ ဝုနဲ့ဝုမိဘတွေကြားက သံယောဇဉ်ဖွဲ့ဇာတ်လမ်းမျိုးတွေကို အကြိုက်တွေ့သူတို့အတွက် ဂျပန်ဇာတ်လမ်းလေး “Haw” ဖြစ်ပါတယ်။ဘယ်နေရာမှာမဆို ရှက်ကိုးရှက်ကန်းနဲ့တွန့်ဆုတ်နေတတ်တဲ့ကောင်လေးတစ်ယောက် နဲ့ မဟောင်နိုင်တဲ့ခွေးလေး “ဟောင်းဝ်” တို့ရဲ့ချစ်စဖွယ်ဇာတ်လမ်းလေးပေါ့။ ဇာတ်လမ်းအစမှာတည်းက တာမီအိုက ကိုယ်နဲ့လက်ထပ်ဖို့ မင်္ဂလာခန်းမမှာတောင် ငှါးထားပြီးတဲ့အခြေအနေမှာပဲ ရည်းစားကနောက်တစ်ယောက်နောက်ပါသွားလို့ စော်ပစ်ကောင်လေးဖြစ်ပြီး ကြေကွဲလူငယ်ဖြစ်နေရှာတာပါ။ ဒီလိုနဲ့ တာမီအို့ရဲ့အသည်းကွဲနေ့ရက်တွေဆီ ဖွေးဖွေးဖြူနေတဲ့အမွှေးတွေနဲ့ စွန့်ပစ်ခံခွေးလေး “ဟောင်းဝ်” ရောက်လာခဲ့တယ်။ “ဟောင်းဝ်” ဆိုပြီးနာမည်တွင်သွားတာကတော့ အရင်သခင်က အသံကြိုးတွေကိုဖြတ်ထားခဲ့တာမို့ ဟောင်တဲ့အခါ ပုံမှန်ခွေးတွေလို “ဝုတ်, ဝေါင်း” လို့အသံမထွက်နိုင်ဘဲ “ဟောင်းဝ်” လို့ပဲအသံထွက်တာမို့ပါ။ ဒီလိုနဲ့ အတိတ်ဆိုးကိုယ်စီနဲ့တစ်ယောက်နဲ့တစ်ကောင် အချင်းချင်းအမှီသဟဲပြုနေကြရင်း တစ်နေ့မှာ တာမီအိုတစ်ယောက် ဟောင်းဝ်ကိုပျောက်သွားခဲ့တယ်။ရောက်ရာအရပ်မှာ လူတိုင်းဆီကို ပျော်ရွှင်မှုတွေယူဆောင်ပေးတဲ့ ခွေးလေး “ဟောင်းဝ်” တစ်ကောင် သခင်နဲ့ဝေးကွာနေတုန်း ဘယ်လိုစွန့်စားခန်းတွေဖွင့်ရဦးမလဲ .. တာမီအို့ဆီပြန်ရောက်လာဦးမလားဆိုတာကို ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie

Haw (2022)

2022
99.9 Criminal Lawyer: The Movie (2021) 6.3
99.9 Criminal Lawyer: The Movie (2021) 99.9 Criminal Lawyer: The Movie (2021) ============================= IMDb Rating - 6.3/10"ဂျပန်နိုင်ငံက ရာဇဝတ်မှုတွေရဲ့ ၉၉.၉%ဟာ အပြစ်ရှိကြောင်း စီရင်ချက်ချခံရတယ်"၊ "တရားစွဲခံရပြီဆိုတာနဲ့ အပြစ်ဒဏ်ချခံရမှာ သေချာသလောက်ပဲ"၊"ဒီဇာတ်ကားဟာ ကျန်တဲ့(၀.၁%) နောက်ကွယ်ကဖုံးကွယ်နေတဲ့ အမှန်တရားဆီအရောက်သွားဖို့ ဘာမဆိုလုပ်မယ့် ရှေ့နေတွေအ ကြောင်းဖြစ်ပါတယ်"။ဤကား ဇာတ်ကားမိတ်ဆက်။99.9 Criminal Lawyer ဟာ စီးရီးသပ်သပ်ရှိပါတယ်။ ဒါကမူဗီပါ။ စီးရီးနဲ့ ဒီမူဗီရဲ့ အမှုတွေက ဆက်စပ်မနေတာမို့ စီးရီးမကြည့်ဖူးလည်း ဒီမူဗီကိုတန်းကြည့်လို့ရပါတယ်။ဟီရိုတိုမိယာမဆိုတဲ့ လူငယ်ရှေ့နေ့တစ်ယောက်ဟာ မာဒရာမဲဥပေဒေ ရုံးမှာ အလုပ်လုပ်ပါတယ်။ သူက အခင်းဖြစ်ပွားတဲ့ပုံစံကို ပြန်လည်သ ရုပ်ဖော်ပြီး ထင်မထားတဲ့နေရာက သဲလွန်စတွေနဲ့ အမှန်တရားကိုရှာဖွေ တတ်သူပါ။  ဒီကားထဲမှာတော့ လွန်ခဲ့တဲ့၁၅နှစ်က ဝိုင်အဆိပ်သင့်မှုကို မိယာမနဲ့သူ့အဖွဲ့သားတွေ ရှာဖွေစုံစမ်းပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှူရ မှာပါ။ တစ်ကားလုံး တရားခံဘယ်သူလဲ စဉ်းစားလာခဲ့ပြီးမှ နောက်ဆုံးမှာ "ဟာ!" ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (828 MB) / (495 MB) Quality............WEB-RIP ...
movie

99.9 Criminal Lawyer: The Movie (2021)

2021
(18+)Rolling on the Road (1981) 5.6
(18+)Rolling on the Road (1981) လူတွေက လိင်ရဲ့သားကောင်တွေလား အောင်မြင်ခြင်းရဲ့နောက်ကွယ်မှာ ဘာတွေဆက်ပြီး တပ်မက်စရာရှိလဲတပိုင်းတစအောင်မြင်မှုတွေနဲ့ ရော့ခ်အဆိုတော် ဂျော့ချ် အောင်မြင်မှုရဲ့နောက်ကွယ်မှာ ကပ်လိုက်ပါလာလေ့ရှိတဲ့ အမျိုးသမီးထုကြီး သူ့မှာ တရားဝင် အသက်ကြီးကြီး မိန်းမရှိနေပါတယ် သိသိကြီးနဲ့ လာလာတိုးနေတဲ့ မိန်းကလေးတွေအဲဒီထဲမှာအချောဆုံးက သူနာပြုမလေးပဲဗျ သူကအတော်လေးကိုချစ်ဖို့ကောင်းတယ် အပြောအဆို အမူအရာ ချွဲချွဲနွဲ့နွဲ့လေးတွေ ဒါပေမဲ့ မိန်းမတွေကိုတော့ အထင်မသေးမိစေနဲ့နော် သူတို့ဘယ်လောက် အငြိုးကြီးတယ် ဘယ်လောက် ရင်းပြီး အသုံးချတက်တယ်ဆိုတာ ဇာတ်ကားလေးကြည့်ရင် သိနိုင်ပါလိမ့်မယ် မိန်းမတွေရင်ထု လင်လုတဲ့ခေတ် ဆိုတဲ့ရသတွေ့ရပါလိမ့်မယ် အရွယ်စုံ အလှစုံ အမူရာစုံ နဲ့ လိင်အသားပေး ဖော်ပြထားတာဖြစ်တဲ့အတွက် DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.6GB / 723MB Quality…1080p  /720p Format…mp4 Duration….1h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi
movie

(18+)Rolling on the Road (1981)

1981
One Missed Call 2 (2005) 5.3
One Missed Call 2 (2005) One Missed Call 2 (2005)ဂျပန် horror movie လေးဖြစ်တဲ့ One Missed Call 2 ဟာဆိုရင် ရင်သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်ဒီကားလေးမှာဆိုရင်ဂျပန်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ သမီးဖြစ်သူဖုန်းကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာပြီးနောက် ဆိုင်ရှင်ကသေဆုံးသွားခဲ့တာကနေစသွားတဲ့ဇာတ်လမ်းလေးပါကိုယ့်နာမည်နဲ့ကိုယ့်ဖုန်းထဲကို ထူးဆန်းတဲ့သ ringtone သံနဲ့ဝင်လာပီးနောက် ဖုန်းလက်ခံရှိတဲ့သူတစ်ယောက်ပီးတစ်ယောက်ထူးဆန်းစွာနဲ့ နာနာကျင်ကျင်သေဆုံးခဲ့ရတယ်ဂျပန်မှာလိုမျိုးအလားတူထိုင်ဝမ်မှာလည်း ဒီလိုအဖြစ်အပျက်မျိုးဖြစ်နေတာကို ဘယ်လိုဖြေရှင်းသွားကြမှာလဲ ဘယ်လိုအငြှိုးတွေရှိနေလို့ဒီလိုမျိုးလူတွေကိုလိုက်သတ်နေရတာလဲ ဖုန်းလက်ခံရရှိတဲ့သူတွေကရောကံကြမ္မာကိုရှောင်လွှဲနိုင်ပါ့မလားဆိုတာကို ရင်ခန်စွာနဲ့ကြည့်ရှုလိုက်ရအောင်ပါနော်တရုတ်မင်းသားချော Peter Ho လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကြတော့ Yong Hom ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery Quality…. 1080p | 720p | 480p File size… 2.11GB | 864MB | 429MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Yong Hom Encoder ..... August
movie

One Missed Call 2 (2005)

2005
Tokyo! (2008) 7
Tokyo! (2008) Tokyo! ( 2008 )တိုကျိုလို့ နာမည်ပေးထားပြီး တိုကျိုမှာပဲ ဇာတ်အိမ်တည် ဂျပန်သရုပ်ဆောင်တွေချည်းသုံးထားတဲ့ ဒီရုပ်ရှင်ကို ဂျပန်မဟုတ်တဲ့ ဒါရိုက်တာသုံးယောက်က ရိုက်ကူးထားတယ်။ပထမဇာတ်လမ်းတို "Interior Design"ကို ရိုက်တဲ့သူက ပြင်သစ်ဒါရိုက်တာ Michel Gondry, သူ့ကိုနာမည်နဲ့ရုပ်ရှင် တွဲသိချင်သိမှာပေမဲ့ သူက Eternal Sunshine of the Spotless Mind လို မာစတာပိစ်ရုပ်ရှင်ကားရဲ့ ဒါရိုက်တာ။ဒုတိယဇာတ်လမ်း " Merde"ကို ရိုက်တာက Leos Carax, သူလည်းပြင်သစ်ပဲ။ ကိန်းကနေ best directorဆုရဖူးတဲ့သူဆိုတော့ မခေတာသိသာပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ အောက်စကာမှာ သမိုင်းတွင်အောင်လုပ်ခဲ့သလို ကိန်းမှာလည်း အမြင့်ဆုံးဆုရခဲ့တဲ့ တောင်ကိုရီးယား ဒါရိုက်တာ ဘွန်းဂျွန်းဟို။ ဒိတ်ဒိတ်ကြဲ၃ယောက် စုထားတယ်ပေါ့။ သူတို့ဟန်တွေက မရိုးရှင်းသလို ဒီထဲက ဇာတ်လမ်းတို၃ပုဒ်ကလည်း တော်တော်ဆန်းတယ်။ဇာတ်လမ်းအရဆိုရင်တော့ "Interior Design"ဟာ တော်တော်လေးလှတယ်။ ဒါရိုက်တာဖြစ်ဖို့ကြိုးစားနေတဲ့ ယောက်ျားတစ်ယောက်နဲ့ သူ့အတွက် အရာရာစွန့်ထားတဲ့ မိန်းမတစ်ယောက်အကြောင်းပေါ့။ သူ့ကိုယ်သူတစ်ခါမှ အသုံးဝင်တယ်လို့ မခံစားရဖူးတဲ့ မိန်းမတစ်ယောက်ရဲ့အဖြစ်ပေါ့။ လူကနေ ခုံကြီးပြောင်းသွားတာလို အဆန်းကြီးတွေပြပေမဲ့ ...
movie

Tokyo! (2008)

2008
Howling Village (2020) 5
Howling Village (2020) Howling Village (2020)ဒီဇာတ်လမ်း ဇာတ်အိမ်တည်ထားတဲ့ အိနုနခိလှိုဏ်ခေါင်းက ဂျပန်နိုင်ငံ ဖူကုအိုကာစီရင်စုမှာ အမှန်တကယ်ရှိနေတဲ့နေရာတစ်ခုပါ။ သရဲခြောက်တဲ့နေရာမှာ နာမည်ကြီးပြီး ကြမ်းတဲ့နေရာတစ်ခုလို့ ဆိုလို့ရပါတယ်။ လှိုဏ်ခေါင်းထဲမှာရော အနီးတဝိုက်မှာပါ လူသတ်မှုတွေဖြစ်ခဲ့ပြီး ဂျပန်ရဲ့ကြောက်စရာအကောင်းဆုံးနေရာလို့ ပြောကြရတဲ့အထိပါပဲ။ သရဲခြောက်တဲ့ဇာတ်လမ်းတွေ ယုံတမ်းစကားတွေ လည်း ဂလူထုကြားထဲမှာ အများကြီးပြန့်နှံ့နေခဲ့တာပါ။အပြင်က အိနုနခိရွာကလည်း ဇာတ်လမ်းထဲကအတိုင်းပဲ ဆည်တည်ဆောက်မှုကြောင့်‌ ရေအောက်ကိုရောက်ရှိသွားပါပြီ။ဇာတ်လမ်းအကျဉ်းကတော့စုံတွဲတစ်တွဲက အိနုနခိလှိုဏ်ခေါင်းရှိတဲ့နေရာကို ည၂နာရီမှာရောက်ပြီး ဗီဒီယိုရိုက်နေကြပါတယ်။ လှိုဏ်ခေါင်းနားက ဖုန်းရုံက ည၂နာရီတိတိမှာ ဖုန်းမြည်လာတာကြောင့် ကောင်မလေးဖြစ်တဲ့ အခိနက ဖုန်းကို ကိုင်လိုက်ပါတယ်။ တစ်ဖက်ကပြောလိုက်တဲ့စကားကြောင့် ကောင်မလေးနဲ့ကောင်လေးလည်း ချက်ချင်းပဲ လှိုဏ်ခေါင်းထဲဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့ ခြောက်ခြားစရာတွေ တွေ့ကြုံလိုက်ရပြီး သွေးရူးသွေးတန်းနဲ့ အိမ်ပြန်ပြေးလာကြပါတယ်။နောက်နေ့မှာတော့ အခိနက ကြောင်တောင်တောင်ဖြစ်နေပါပြီ။ မကြာခင်မှာပဲ အခိနဟာ ရေစင်အမြင့်ကြီးကနေ ခုန်ချပြီးသေဆုံးသွားခဲ့ပါတယ်။ ချစ်သူသေဆုံးသွားလို့ ဝမ်းနည်းနေတဲ့ကောင်လေးဖြစ်သူ ယုမက မကျေနပ်ချက်ကြောင့် လှိုဏ်ခေါင်းထဲကို နောက်တစ်ခေါက်ထပ်သွားရင်း ပျောက်ဆုံးသွားပါတယ်။ အဲဒီလှိုဏ်ခေါင်းရှေ့ကဖုန်းရုံမှာ ဖုန်းဝင်လာတာကို ...
movie

Howling Village (2020)

L: change the WorLd(2008) 6.1
L: change the WorLd(2008) Death Note: L Change the World (2008) --------------------------------------- ဒီရုပ်ရှင်ကတော့ သေမင်းတမန်စာအုပ်ရဲ့ နောက်ဆုံးရုပ်ရှင်ပဲဖြစ်ပါတယ်.အရှေ့ရုပ်ရှင်နှစ်ခုဖြစ်တဲ့ Deat Noteနဲ့ L is the last nameတို့ရဲ့Spin-out sequelဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ L ရဲ့တကိုယ်တော်စွန့်စားခန်းဖွင့်တာကိုမြင်တွေ့ရမှာပါ....ဇာတ်လမ်းအကျဉ်း --------------- Lတစ်ယောက်ကီရာ့အမှုကို လိုက်နေရင်းထိုင်းနယ်စပ်က သူ့အဖွဲ့ဝင်တစ်ယောက်လွှတ်လိုက်တဲ့ ညဏ်ကြီးရှင်ကလေးတစ်ယောက်ကိုကယ်ဆယ်ခဲ့ရတယ်.အဲ့ဒီကလေးက အဲ့ဒီထိုင်းနယ်စပ်ရွာလေးအပေါ် ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှောင်ခိုဂိုဏ်းတခုရဲ့ ရက်စက်တဲ့အမှုရဲ့ နောက်ဆုံးမျက်မြင်သက်သေပေါ့...ဒီထဲမှာ Lရင်ဆိုင်ရမှာကတော့ သူတို့ရဲ့အဖွဲ့ထဲကအဖွဲ့ဝင််ဖြစ်တဲ့ Kဆိုတဲ့ ညဏ်ကြီးရှင်မိန်းမတစ်ယောက်ပါပဲ...ပညာလွန်သော်ကောက်ကျစ်ရာ၏ဆိုသလို အစွန်းရောက်သွားတဲ့မိန်းမတစ်ယောက်ပါပဲ...ဒီပွဲမှာရော Lတစ်ယောက် အနိုင်ရမှာလားသူဘာတွေစတေးရခဲ့လဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားပါခင်ဗျာ  File size…2.1Gb / 1.2Gb Quality…1080p Blu Ray 5.1CH / 720p Format…Mp4 Duration….2h 9mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Reviewed by YK Translated by Aung Tay Za   
movie

L: change the WorLd(2008)

2008
The Blood of Wolves ( 2018 ) 7.1
The Blood of Wolves ( 2018 ) ဒီကားလေးကတော့....ဂျပန်နိုင်ငံရဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက စစ်ပွဲကိုတားစီးဖို့ကြိုးစား အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါဒီကားဟာဆိုရင် ဂျပန်နိုင်ငံရဲ့ အကယ်ဒမီဆု ငါးခုလောက်ကို သိမ်းပိုက်ထားတာပါနော်ဒီကားလေးမှာအကောင်းဆုံး ဇာတ်ကားဆုအပြင် မင်းသားနှစ်လတ်လုံးကလည်း ဆုရသွားကြတာပါယာခူဇာဂိုဏ်းတွေ ကြောက်ရတဲ့ စုံထောက် ဝံပုလွေလို့ လူသိများတဲ့ အိုဂမိဟာဆိုရင်အမှုတစ်ခုမှာ သက်သေရဖို့ဆိုရင် ဥပဒေကို မလိုက်နာဘဲ ရအောင်ယူတတ်တဲ့ စုံထောက်တစ်ယောက်ပါဟီအိုခ ဆိုတဲ့စုံထောက်ကတော့ အမြဲဥပဒေကို လိုက်နာပြီး ရာဇဝတ်သားတွေကို ဖမ်းချင်တဲ့ လူပါအဲလိုမတူညီတဲ့လူနှစ်ယောက်က ပါတနာစုံထောက်အဖြစ် အတူတူအလုပ်လုပ်ရပြီး ခုရဲဟရမြို့မှာ ဖြစ်လာမယ့် ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားကစစ်ပွဲကို တားဆီးကတြဲ့အခါ....ဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာကိုအက်ရှင်အကြမ်းစားဇာတ်ကွက်တွေနဲ့ ဆက်လက်ကြည့်ရှုရမှာပါTranslated & Review By Yamin EiEncoded By LK
movie

The Blood of Wolves ( 2018 )

Strawberry Night (2013) 6.3
Strawberry Night (2013) [Unicode]Strawberry night : Sutoroberi naito (2013)Strawberry night Japan seriesကိုထုတ်လွှင့်ပြသခဲ့ပြီးတဲ့နောက် 2013မှာ movieအနေနဲ့ထွက်လာခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။စိတ်ဒဏ်ရာရစရာကိစ္စရပ်တွေဆီကနေရုန်းထွက်ခဲ့ပြီးနောက် မိန်းကလေး "ရီကို ဟီမီကဝ"က ရဲမေတစ်ယောက်ဖြစ်လာခဲ့ပါတယ် ၊ တစ်နေ့မှာတော့ သူတာဝန်ကျရာနေရာတဝိုက်မှာ လူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်"ရူဇာကီဂိုဏ်း"ရဲ့ဂိုဏ်းတွင်းပြသနာတွေနဲ့ပတ်သက်တယ်လို့ ယူဆခဲ့ကြပေမယ့် ဟီမီကဝကတော့ ဒါကိုမယုံကြည်ခဲ့ပါဘူး... အဲဒီအချိန်မှာဟီမီကဝဆီကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာပြီး လူသတ်သမားဟာ "ကန်တို-ရနိုင်"ဖြစ်ကြောင်း သတင်းပေးတဲ့ဖုန်းဖြစ်နေခဲ့ပါတယ် ၊သို့ပေမယ့် ကန်တို-ရနိုင်နောက်ကိုမလိုက်ဖို့ ဟီမီကဝရဲ့အထက်လူကြီးကအမိန့်ပေးခဲ့ပါတယ်... ဒါပေမယ့်လည်း အမှန်တရားကိုသိချင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် မရပ်သွားဘဲ ကန်တို-ရနိုင်နောက်ကိုဆက်လိုက်နေရင်းနဲ့ ရူဇာကီဂိုဏ်းရဲ့အကြံပေး "အိဆအို မာကိတ"နဲ့တွေ့ခဲ့ပါတယ်။မာကိတနဲ့ဆီကအချက်အလက်တွေကိုယူပြီးဒီအမှုကိုဆက်လိုက်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွေဖြစ်လာတဲ့အခါမှာ... လုပ်နေရတဲ့အလုပ်ချင်းက ပြဒါးတစ်လမ်း သံတလမ်းဖြစ်နေပေမဲ့ ရီကိုက မာကိတအပေါ်ဘာလို့ သံယောဇဉ်ရှိသွားရတာလဲ ...အမှန်တရားဘက်တော်သားဖြစ်ရမဲ့အကြီးအကဲကိုယ်တိုင်က ရာထူးတည်မြဲရေးနဲ့ ဂုဏ်သိက္ခာအတွက် အမှန်တရားကိုလျစ်လျူရှုထားတဲ့အခါ ...ဖုံးကွယ်ပေးထားတဲ့ကန်တိုကိုရှာရင်း လူသတ်သမားအစစ်သေချာအောင် လိုက်ရှာရတဲ့အခါ.... ဘယ်လိုမျိုးလှည့်စားမှု ယုတ်မာမှုတွေရှိလာမှာလဲ တကယ့်လူသတ်သမားအစစ်ကရောဘယ်သူဖြစ်မလဲဆိုတာတွေကို ဒီဇာတ်လမ်းလေးထဲမှာဆက်ပြီး ကြည့်ရှုအားပေးကြပါဦးနော် ။( အညွှန်း နဲ့ ဘာသာပြန်သူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Strawberry night : ...
movie

Strawberry Night (2013)

Kingdom (2019) 7.1
Kingdom (2019) 2019 ထွက် ဂျပန်ကားပါ။ ရှေးခေတ် စစ်ပွဲတွေကို အခြေခံထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟရူးနဲ့ ရှင်း ဆိုတဲ့ မိဘမဲ့ အစေခံလေး နှစ်ယောက်ဟာ အိပ်မက်ကြီးတစ်ခု ရှိကြပါတယ်။ ကြီးမြတ်တဲ့ စစ်သူကြီးတွေ ဖြစ်လာဖို့ပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့၂ယောက်ထဲက ဟရူးကို နန်းတော်က အမတ်တစ်ယောက်က အမှုထမ်းဖို့ သပ်သပ် ရွေးခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟရူးက ရှင်းဆီက မကြာခင်ပဲ ပြန်ရောက်လာပြီး သူနဲ့အတူ နန်းတွင်းအရှုပ်တော်ပုံနဲ့ ပြည်တွင်း စစ်ပွဲကြီးတစ်ခု သယ်ဆောင်လာတဲ့အခါ…… ဒီကားက ဓားသိုင်းကား ကောင်းကောင်း ငတ်နေတဲ့သူတွေအတွက်တော့ အဆာပြေဖြစ်မှာပါ။ Translated By : Little Neo Encoded By : XCode
movie

Kingdom (2019)

2019
Audition (1999) 7.2
Audition (1999)  Audition ဇာတ်ကားကတော့ Ryu Murakamiရဲ့ဝတ္တုကို Director : Takashi Miike က ပုံဖော်ရိုက်ကူးထားတဲ့ Drama , Horror , Mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 7.2/10 Rotten Tomatoes - 81%Psycho Killer ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် အထူးသင့်တော်တဲ့ကားပါ။ တစ်ချိန်လုံးသတ်နေတဲ့လူသတ်ကားတွေနဲ့ ပုံစံကွဲထွက်နေပါတယ်။***ဇာတ်လမ်းအညွှန်း***Yoshikawa လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် single father တစ်ယောက်ဟာ သူ့သားဖြစ်သူရဲ့အကြံပေးချက်ကြောင့် နောက်အိမ်ထောင်ပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့စိတ်တိုင်းကျ မိ်န်းမတစ်ယောက်ကို သူ့သူငယ်ချင်းဖြစ်သူရဲ့အကူအညီနဲ့ လူရွေးပွဲလုပ်ပြီးရှာပြီးနောက် မထင်မှတ်ဘဲ သူသဘောကျတဲ့အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူမနာမည်ကတော့ Asami ပါ။Asami ကို သူလက်ထပ်ထပ်ခွင့် တောင်းလိုက်တဲ့အခါမှာတော့ လုံးဝမထင်မှတ်ထားတဲ့ အလှည့်အပြောင်းကြီးတစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ်။ အဲ့ဒါကတော့......ဒီလူသတ်ကားလေးကတော့ 1999ဆိုပေမယ့် Old but Gold ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။မကြည့်ခင် Trailerအရင်ရှာကြည့်လိုက်ပါ ဘယ်လောက်ကြမ်းတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ Ye Man Aung  ဖြစ်ပါတယ်) File size __(999 MB) and (450 MB) Quality__BR-Rip 720p IMDb Rating__7.2 /10 Format__mp4 Duration__01:55:35 Type__Drama , Horror , Mystery Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

Audition (1999)

1999
Shinobi: Heart Under Blade (2005) 6.9
Shinobi: Heart Under Blade (2005) နင်ဂျာတွေထဲမှာ အစွမ်းထက်ဆုံး အုပ်စု ၂ စု ရှိပြီး ထိုအုပ်စု ၂ ခုလုံးဟာ လုံး၀ မတည့်ကြပါဘူး တောင် တစ်ဖက် တစ်ခြမ်း စီမှာ နေထိုင်ကြပြီး အမြဲတမ်း သက်ဖြတ်နေခဲ့တာ ရန်ငြိုးတွေက နှစ်ပေါင်း ၄၀၀ တိုင်ခဲ့ပါတယ်... ထို အုပ်စု နှစ်ခုပေါင်းစည်းပြီး တော်လှန်လာမှာကို ကြောက်လန့်လာတဲ့ အစိုးရကတော့ ထိုအခွင့်အရေးကို လက်လွှတ်မခံပဲ အုပ်စု ၂ စုကို အသေအကြေ တိုက်ခိုက်စေပြီး အနိုင်ရရှိသူကို အခွင့်အလမ်း ပေးဖို့ကြေညာပေးလိုကပါတယ်.. ထို ရန်ငြိုးတွေကြားမှာတော့ နှစ်ဖက် အုပ်စု နှစ်ခုက လူကြီးတွေ ရဲ့ သားနှင့်သမီး ကတော့ ချစ်ကြိုက်နေကြပါတယ်... ထို တိုက်ခိုက်ရမည့် အမိန့်ကြေညာစာတမ်း ရောက်ရှိလာချိန်မှာတော့ သူတို့ ချစ်သူ နှစ်ဦးဟာ စစ်မြေပြင်မှာ ရန်သူတွေအဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာပါ... နှစ်ဖက်လုံး အသေအကြေတိုက်ခိုက်ပြီး ဘယ်သူတွေ နိုင်ကြမှာလဲ ချစ်သူနှစ်ဦးကရော လက်တွဲခွင့်ရနိုင်မှာလား... ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ.... ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားသူကတော့ Tariq ...
movie

Shinobi: Heart Under Blade (2005)

2005