Channel Myanmar

Renjini Kunju

Drishyam 2 (2021) 8.9
Drishyam 2 (2021) Drishyam 2 (2021) မြန်မာစာတန်းထိုးမနေ့က ထွက်ရှိလာတဲ့ မာလာယာလမ်းစကားပြော အိန္ဒိယတောင်ပိုင်းရုပ်ရှင်တစ်ခုကို တင်ဆက်ပေးလိုက်ပါရစေ...။ ဒီဇာတ်ကားဟာ ၂၀၁၃ ခုနှစ်က ထွက်ခဲ့တဲ့ Drishyam မူရင်းဇာတ်ကားရဲ့ အဆက်ဖြစ်ပြီး ၊ ပထမကားဟာ Kannada, Tekugu,Tamil,Hindi,Simhalese,Chinese စတဲ့ ဘာသာစကားပေါင်းများစွာနဲ့ Remake များစွာရိုက်ကူးခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပြီး ၊ သူတို့ရဲ့ ကာရယ်လာပြည်နယ်ကပေးအပ်တဲ့ Best FIlm Award တွေပါ ရရှိခဲ့တဲ့အပြင် ၊ ၄၅ကြိမ်မြောက်ကျင်းပတဲ့ နိုင်ငံတကာအိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့ရပါသေးတယ်။ မြန်မာပြည်မှာတော့ Ajay Devgn ပြန်လည်ရိုက်ကူးထားတဲ့ Drishyam (2015) ရုပ်ရှင်ကို လူတွေ ပိုသိကြပါတယ်။ အထူးပြောလိုတာကတော့ Ajay Devgn ရဲ့ဇာတ်ကားကို ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ၊ ဒီဇာတ်ကားရဲ့ မူရင်းဇာတ်ကားကိုပဲ ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ယခုထွက်လာတဲ့ Drishyam 2 ရုပ်ရှင်ကို နားလည်မှာပါ။ (ဘယ်ဇာတ်ကားကိုမှ မကြည့်ဖူးရင်တော့ ပထမထွက်တဲ့ဇာတ်ကားကို အရင်ကြည့်ဖို့ တိုက်တွန်းပါရစေ)ဇာတ်လမ်းအကျဉ်းကို နည်းနည်းပြောပြပါရစေ...။ပထမရုပ်ရှင်မှာပြသွားခဲ့တဲ့ ဇာတ်သိမ်းပိုင်းကနေ ဒီဇာတ်လမ်းကို အစပြန်ကောက်ထားတဲ့အတွက် ဒီရုပ်ရှင်မှာတော့ ဂျော့ဂျူတီ(GeorgeKutty) ဟာ ၊ ဗာရွန်းအမှုပြီးတဲ့နောက်မှာ ကေဘယ်တီဗီလုပ်ငန်းအပြင် ရုပ်ရှင်ရုံတစ်ခုပါ တည်ထောင်လိုက်ပြီး ...
movie

Drishyam 2 (2021)

2021