Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ria Atayde
7.9
The Hows of Us (2018)
KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... အတော်လေးအောင်မြင်ခဲ့သလိုဖိလစ်ပိုင်ရုပ်ရှင်သမိုင်းမှာလည်း ဝင်ငွေစံချိန်တင်ခဲ့တယ်... ရုပ်ရှင်ထဲသာမက အပြင်မှာပါ ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ စုံတွဲလို့ပြောရင်လည်းမမှားဘူး... IMDB မှာ Rating 7.9 အထိရရှိထားသလို ဒါရိုက်တာကလည်း သူတို့အတွဲ နာမည်ကြီးအောင်မြင်ခဲ့တဲ့ she's dating the gangster ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Cathy Garcia-Molinaဖြစ်နေလေတော့ အများကြီးညွှန်းစရာလိုမယ်တော့မထင်ပါဘူး.....ဇာတ်လမ်းလေး နည်းနည်းပြောပြရရင် ! George က Primoကို မြင်တည်းက ကြည့်မရဘူး...ကြည့်မရတဲ့ Primoက တဖြည်းဖြည်း သူ့အနားရောက်လာခဲ့တယ်... မိသားစုက သူ့ကိုချစ်ကြတယ်...အဖွားဖြစ်သူက Primoကို အသည်းစွဲ...နောက်ဆုံးတော့ သူလည်း Primoကို ချစ်မိသွားခဲ့တယ်... အဖွားဆုံးခါနီးတော့ သူ့ကို Primoလက်ထဲအပ်ခဲ့ရုံမက အိမ်လေးကိုပါပေးခဲ့တယ်...ချစ်သူနှစ်ဦး အိပ်မက်တွေတပွေ့တပိုက်နဲ့ စိတ်ကူးတွေယဉ်ခဲ့ကြ ချစ်ခဲ့ကြတယ်... နေ့ရက်တိုင်းဟာ ပျော်စရာပဲ...ရယ်ပြီးရင် ငိုရဦးမယ်ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ကြင်နာခြင်းတွေနောက်မှာ နာကျင်ခြင်းတွေကပ်ပါလာခဲ့တယ်...သူတို့ ဝေးခဲ့ကြတယ်... အရာရာဟာ နေသားမကျခြင်းတွေနဲ့...အိမ်လေးကို Primoပြန်ရောက်လာခဲ့တယ်... Georgeကို ပျော်ရွှင်အောင်ထားမယ်ဆိုတဲ့စိတ်နဲ့... ...
movie
The Hows of Us (2018)
2018
6.8
Can We Still Be Friends? (2017)
"အချစ်စစ်မှာ ပြီးပြည့်စုံမှုကိုတောင်းဆိုနေတာဟာ သိပ်ကိုရူးမိုက်တဲ့လုပ်ရပ်ပါပဲ"တဲ့ Movieထဲကအကြိုက်ဆုံးစာသားလေးပါ…ဇာတ်လမ်း အကျဉ်းလေးကတော့ ဒီလိုပါ… ဆမ်နဲ့ဒစ် ဟာ တွဲလာကြတာ ၈နှစ်ကြာပြီဖြစ်ပြီး တစ်အိမ်တည်း အတူနေထိုင်ကြတဲ့ စုံတွဲတစ်တွဲပေါ့... ဆမ်(မင်းသမီး)ကတော့ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒစ် (မင်းသား)ကတော့ဝင်ငွေချောက်တိ ချောက်ချက်ရတဲ့ Comicရေးသူပါ…ဆမ်နဲ့ဒစ်ဟာတစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြပေမယ့် ဒစ် ဟာပေါ့ပေါ့နေတတ်သူဖြစ်တာကတစ်ကြောင်း… ပုံမှန်ဝင်ငွေလည်းမရတာတစ်ကြောင်းကြောင့် အိမ်စရိတ်တွေ အိမ်မှုကိစ္စတွေအားလုံးဟာ ဆမ့်တစ်ယောက်တည်းအပေါ်မှာပဲအမြဲကျရောက်နေတဲ့အချိန်…ဆမ်ကလည်းမိန်းကလေးပီပီ ရုံးကသူငယ်ချင်းကိုအားကျပြီး ချစ်သူရဲ့ဂရုစိုက်မှုတွေ စပရိုက်တွေ ကိုလာတွေ မျှော်လင့်လာမိရာက…သူတို့နှစ်ဦးလမ်းခွဲတဲ့အထိဖြစ်လာရပါတယ်…လမ်းခွဲပြီးနောက် ဆမ်ဟာ သူ့ရဲ့စိတ်ကူးယဉ်မင်းသားပုံစံ ဆရာဝန် ဥစ္စာပေါ ရုပ်ချော စပရိုက်တွေလည်းလုပ်ပေးတတ်တဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့တဲ့အခါ....ဆမ်ဟာပျော်ရွှင်သွားရတော့မှာလား??? ဒစ်ကရော ပြောင်းလဲလာမှာလား??? ဘာ ညာ ကိုတော့ ပရိသတ်ကြီးဘာသာပဲရှုစားလိုက်ဖို့ "Can we still be friend?" ဆိုတဲ့ ဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုဘာသာပြန် တင်ဆက်လိုက်ပါတယ်ဘာသာပြန်နဲ့အညွန်းကတော့ မေသဇင်မြင့် ဖြစ်ပါတယ် QTY - web dl 720pFormat - Mp4 (×264)Duration - 1hr53minSubtitle - Myanmar HardsubGern - RomanceTranslator - May Thazin ...
movie
2017