Channel Myanmar

Richard Johnson

Scoop (2006) 6.6
Scoop (2006) Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie

Scoop (2006)

Lara Croft: Tomb Raider (2001) 5.8
Lara Croft: Tomb Raider (2001) အမျိုးသမီးဖိုက်တာဇာတ်ရုပ်တွေဆိုရင် Angelina Jolie ရဲ့ Lara Croft: Tomb Raider ရုပ်ရှင်တွေက ထိပ်ဆုံးကပါလာတတ်ပါတယ်။ဂိမ်းဇာတ်ကောင် Lara Croft ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီးLara Croft ဇာတ်ကားတွေရဲ့ တင်ဆက်ပုံက ဇာတ်လမ်းဇာတ်ကွက်ထက် ဇာတ်ကောင်ရဲ့ မိမိုက်နေမှုကိုပဲ ဦးစားပေးပုံဖော်ထားပါတယ်။ဇာတ်ကောင်မင်းသမီးကလဲ အင်ဂျလီနာဂျိုလီဆိုတော့ လိုတာထက်ပိုတဲ့ မိမိုက်နေမှုတွေကို ခံစားကြည့်ရှုရမှာပါ။ရှေးခေတ်က သဘာဝလွန်ပစ္စည်းတွေကို ရှာဖွေရာမှာ ကမ္ဘာကိုဒုက္ခပေးမယ့် လူဆိုးတွေနဲ့ အပြိုင်အဆိုင် အနိုင်ကြဲမယ့်မိန်းမ ဂျိမ်းစ်ဘွန်း အဖြစ် ဂျိုလီကိုရှုမြင်ရတာ လိုက်ဖက်လွန်းပါတယ်။Action, Adventure, Fantasy ဆိုတဲ့ အရသာကို အပြည့်အဝခံစားရမှာပါ။BluRay 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(3.4 GB)/(1.5 GB)/(750 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:40:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by KiKi
movie

Lara Croft: Tomb Raider (2001)

4K HEVC
The Boy in the Striped Pyjamas(2008) 7.8
The Boy in the Striped Pyjamas(2008) The Boy in the Striped Pyjamas(2008)(((ဒီကားကို ကျွန်တော်တို့ Channelmyanmar ကနေ ၂၀၁၅ ခုနှစ်လောက်က ဘာသာပြန်တင်ဆက်ပေးခဲ့ပြီးပါပြီ...သို့ပေမယ့်လည်း   မူရင်းဇာတ်ကားအနှစ်သာရကိုထိခိုက်သွားစေမဲ့စာသားတွေပါသွားပါတယ်...ဒီအတွက် မဆီလျော်ကြောင်းလာရောက်အကြံပြုလာပါတယ်...ကားကောင်းလေးလည်းဖြစ်တော့  ဘာသာပြန် Sherlock ကိုပြန်လည်ပြင်ဆင်ခိုင်းပြီး တင်ဆက်ပေးထားပါတယ်..နောက်ပိုင်းမှာလည်း ကျွန်တော်တို့ဆီမှ မူရင်းဇာတ်ကားကို သွေဖီစေတဲ့စာသားတွေမပါအောင်အတတ်နိုင်ဆုံး ဂရုစိုက်နေပါတယ်..လာရောက်အကြံပြုပြောဆိုတဲ့သူတွေကိုရော အားပေးတဲ့သူတွေကိုရော ကျေးဇူးတင်ပါတယ်....))))ဒီဇာတ်ကားလေးက IMDb rating 7.8 အထိရရှိထားပြီးဒုတိယကမ္ဘာစစ်ကိုအခြေခံကာရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။Action အားပေးနေကြ ပရိတ်သတ်တွေအတွက်လည်းအပြောင်းအလဲလေးဖြစ်အောင်ကြည့်သင့်ပါတယ်။ဒီဇာတ်ကားလေးကိုကြည့်ပြီးတဲ့အခါ message တစ်ခုခုချန်ထားပေးခဲ့မယ့်ဇာတ်ကားလေးဆိုတာကိုတော့ အာမခံပြောချင်ပါတယ်။လူသားချင်း ထောက်ထားညှာတာမှုတွေကိုတွေ့မြင်နိုင်မယ့်ဒီဇာတ်ကားလေးဟာဖြူစင်သန့်ရှင်းတဲ့ ကလေးငယ်တွေရဲ့စိတ်ကိုလည်းသိမြင်နိုင်မယ့် တကယ့်ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေထားတဲ့အကျဉ်းစခန်းကိုအုပ်ချုပ်ရတဲ့ဂျာမနီတပ်အရာရှိကြီးရဲ့ (၈)နှစ်အရွယ်သားလေးကိုဇာတ်အိမ်တည်ထားပြီးရိုက်ကူးထားပါတယ်။ ဂျူးအကျဉ်းသားတစ်ဦးရဲ့သားဖြစ်သူ ရွယ်တူကောင်လေးတစ်ယောက်နဲ့ အကျဉ်းစခန်းမှာမထင်မှတ်ပဲတွေ့ကြတဲ့နောက်မှာရန်ဘက်မျိုးနွယ်စုကြီး(၂)စုက အပြစ်မဲ့ကလေး(၂)ယောက်ရဲ့ သံယောဇဉ်ကို ပီပြင်အောင်ရိုက်ပြထားတာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ခိုးစားရတဲ့အသီးဟာ ချိုတယ်ဆိုတဲ့ စကားပုံလိုပဲသူငယ်ချင်းဖြစ်လို့မရတဲ့ရန်သူမျိုးနွယ်စု (၂)ဖက်ကကလေး(၂)ယောက်ကြားထဲက Forbidden Friendship ကိုကြည်နူးဖွယ်ရာနဲ့စတင်ထားပြီးတော့ကြေကွဲဖွယ်ရာဇာတ်လမ်းဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။File Size : (879 MB) Quality : Blu-Ray 720p Format…mp4 Duration…01:34:00 Genre : ...
movie

The Boy in the Striped Pyjamas(2008)

2008