Channel Myanmar

Richard Lumsden

Sense and Sensibility (1995) 7.7
Sense and Sensibility (1995)  တိုင်တန်းနစ် မင်းသမီး Kate Winslet ၊ ဟယ်ရီပေါ်တာရုပ်ရှင်တွေမှာ ပါမောက္ခ စနိတ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Alan Rickman ၊ ဒလောရပ်စ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Imelda Staunton၊ House M.d မှာ ဒေါက်တာဟောက်စ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Hugh Laurie တို့ အပြင်မင်းသမီး Emma Thompson နဲ့ မင်းသား Hugh Grant တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ 1995 ခုနှစ်ထွက် ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။Jane Austen ရဲ့ 1811 ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Sense and Sensibility ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး အော်စကာဆန်ခါတင် နေရာ (၇) ခုအထိ ဝင်ခဲ့တဲ့အပြင် အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ အော်စကာရခဲ့ပါတယ်။ ဒါအပြင် တခြားဆုပေါင်း (၃၃) ခုလည်း ရရှိခဲ့ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချမ်းသာတဲ့ ...
movie

Sense and Sensibility (1995)

Sightseers (2012) 6.5
Sightseers (2012) Sightseers (2012)ခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၂ထွက် sightseer ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Dark comedy တွေရိုက်နေကျ ဒါရိုက်တာ Ben Wheatleyရဲ့ လက်ရာလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ သာမန်စုံတွဲတစ်တွဲ နောက်တွဲယာဉ်နဲ့ အားလပ်ရက်ခရီးထွက်တာကနေ စတင်ခဲ့ပါတယ်။ ခရစ်နဲ့ တီနာတို့က ချစ်ချစ်ခင်ခင်နဲ့ ‌ရိုမန်တစ်ဆန်တဲ့ ခရီးတစ်ခုကို စီစဉ်ခဲ့ကြတာပါ။ တီနာရဲ့အမေကတော့ ခရစ်ကို မယုံပေမဲ့ တီနာကတော့ ပျော်ပျော်ရွင်ရွင်ပဲ ခရီးထွက်လာခဲ့ပါတယ်။ဇာတ်လမ်းအစပိုင်းမှာ ပျော်စရာ သာမန်ဇာတ်ကားလေးလို့ထင်ရပေမဲ့ ခရစ်ဟာ မထင်မှတ်ဘဲ လူတစ်ယောက်ကို ကားနဲ့ တိုက်သတ်မိခဲ့ပါတယ်။ ခရစ်ဟာ တမင်တကာပဲ သတ်ခဲ့တာလား? မတော်တဆဖြစ်သွားတာလား?ခရီးစဉ်ကို မပျက်ဆီးစေချင်တဲ့ တီနာကရော ပြန်ခေါ်နေတဲ့ သူ့အမေရယ် ဒီလိုအဖြစ်ဆိုးဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ?အဲဒီအချိန်ကနေစပြီးတော့ ဇာတ်လမ်းရဲ့ ပုံစံဟာ ပြောင်းလဲသွားပြီး ဇာတ်ဆောင်တွေရဲ့ နားလည်ရခက်တဲ့ စိတ်တွေ ... မထင်ထားတဲ့ အခြေအနေတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။သွေးသံရဲရဲအခန်းတွေ လိင်ဆက်ဆံခြင်းတွေ ညစ်ညမ်းအသုံးအနှုန်းတွေပါဝင်လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့််တော်ပါဘူး မိုးအေးအေးမှာ ...
movie

Sightseers (2012)

2012
Darkest Hour (2017) 7.4
Darkest Hour (2017) Darkest Hour (2017) IMDb - 7.4/10_____Rotten - 84% Won 2 Oscars. Another 51 wins & 77 nominations.  Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ?Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ?အဖြေကရှင်းပါတယ်။ ...
movie

Darkest Hour (2017)

2017