Channel Myanmar

Richie Varga

Armored (2009)
Armored (2009) ကျည်ကာ ကုန်ကားကုမ္ပဏီကို အလုပ်ဝင်ခါစ စစ်သားဟောင်း တိုင် ဟာ မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တိုင်နဲ့ ညီဖြစ်သူ ဂျင်မီတို့ဟာအကြွေးတွေနဲ့ကျန်ခဲ့ပါတော့တယ်။ မိဘများမှ ဘဏ်တွင်အိမ်ကို အပေါင်ထားထားခဲ့ရာ ဘဏ်မှလည်း အိမ်ကိုသိမ်းမည့်အကြောင်း အကြောင်းကြားစာတွေလည်း အပို့ခံနေရပါတယ်။ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရတုန်းမှာပဲ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်မှ သယ်ယူပို့ဆောင်ပေးရမယ့် ငွေ ၄၂မီလီယံကို ခိုးယူကြဖို့ အကြံပြုလာပါတော့တယ်။ တိုင်တစ်ယောက် ဒုစရိုက်မှုနဲ့ အသိဉာဏ်ကြားလွန်ဆွဲရင်း ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။ ဒေါ်လာ ၄၂ မီလီယံခိုးယူမယ့် အစီအစဉ်ရော အောင်မြင်မှာလား။ လောဘဖုံးလွှမ်းသွားရင် လူတွေက ဆင်ခြင်တုံတရားနည်းသွားပုံတို့ကို သည်းထိပ်ရင်ဖိုရိုက်ကူးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(711 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Action, Crime, Drma, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Armored (2009)

Vacancy (2007) 6.2
Vacancy (2007) Vacancy (2007)ဇာတ်လမ်းအကျဉ်းကတော့ ဒေးဗစ်နဲ့ အေမီတို့စုံတွဲဟာ မိဘတွေရဲ့ နှစ်ပတ်လည်ပါတီကိုသွားရင်း လမ်းမှာ မျက်စိလည်လမ်းပျောက်နေတဲ့အပြင် ကားပါပျက်သွားပါတယ်။ အဲဒါနဲ့ အခြေအနေအကြောင်းကြောင်းကြောင့် လမ်းမှာတွေ့ရတဲ့ မိုတယ်တစ်ခုမှာပဲ ဝင်တည်းဖြစ်သွားပါတယ်။ မိုတယ်အခန်းထဲမှာ ပေးထားတဲ့ ဇာတ်ကားတွေကို အပျင်းပြေဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သွေးသံရဲရဲနဲ့ လူသတ်ကားတွေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဇာတ်ကားတွေအားလုံးက ရိုက်ထားတဲ့ပုံစံတွေ အတူတူဖြစ်နေပြီးတော့ ရိုက်ထားတဲ့နေရာက သူတို့တည်းတဲ့ မိုတယ်အခန်းထဲမှာပဲဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ လူသတ်သမားတွေလက်ထဲကနေ ထွက်ပြေးနိုင်ဖို့ အချိန်နောက်ကျသွားပါပြီ။ ညဘက်ကြီး ဘယ်မှာရောက်နေမှန်းမသိတဲ့အပြင် လူသတ်သမားတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ သူတို့စုံတွဲ လူသတ်သမားတွေလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p File size… 897MB | 488MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron
movie

Vacancy (2007)

2007
Eraser (1996) 6.1
Eraser (1996) Eraser (1996)Eraser Reborn ဆိုပြီး 2022 မှာ ပြန်ရိုက်တာကိုတွေ့ရတော့ မူလ အာနိုးကားကြီးကို သွားသတိရတာနဲ့ ဒီဇာတ်ကားကို တင်ဆက်ဖြစ်တာပါ။ Total Recall ကိုတော့ နောက်ရိုက်တဲ့ကားပဲ တင်ဆက်ဖြစ်ပေမဲ့ Eraser ကတော့ အဲဒီခေတ်ကတည်းက မိုက်တာမလို့ ကြည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ငယ်ဘဝ ဗီဒီယိုရုံမှာကြည့်ခဲ့ရတဲ့ဇာတ်ကားတွေဖြစ်လို့ ကလေးဘဝကို ပြန်ရောက်သွားသလိုပါပဲ။ သေနတ်ကြီးနှစ်လက် တဖက်တချက်ကိုင်ပြီး ကွင်းပြင်မှာ ထီးထီးကြီး ရပ်ပစ်တဲ့ မြင်ကွင်းတွေလေ။ ကလေးဘဝကဆိုတော့ သိပ်မိုက်ပေါ့။ ဆော့ကစားကြပြီဆိုရင် မင်းသားလုပ်ချင်တဲ့သူ သိပ်များတာကိုးဗျ။ မင်းသားဆို ဘယ်လောက်ပစ်ပစ် မသေဘူးဆိုတဲ့ စည်းကမ်းချက်ကို လူတိုင်းလိုက်နာခဲ့တုန်းကပေါ့။မင်းသားကြီး အာနိုး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား Eraser ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သိပ်ပြောစရာမရှိပါဘူး။ နိုင်ငံတော်အဆင့် ကန်ထရိုက်သမားတွေက လက်နက်သုတေသနမှာ စွမ်းအားမြင့်လက်နက်ဖြစ်တဲ့ လျှပ်စစ်သံလိုက် မြန်နှုန်းမြင့် အလင်းတန်း ချေမှုန်းရေးရိုင်ဖယ်တွေကို တီထွင်နိုင်ပြီးနောက် မူလစာချုပ်ရှင် ...
movie

Eraser (1996)

1996