Channel Myanmar

Richmond Arquette

The Curious Case of Benjamin Button (2008)
The Curious Case of Benjamin Button (2008)  အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှု‌တွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘ‌ဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်‌တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ ‌မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie

The Curious Case of Benjamin Button (2008)

Halloween (2007) 6.0
Halloween (2007)  ဒီတစ်ကြိမ်မှာတော့ ဟောလိုးဝင်းရုပ်ရှင်တွေကိုကြည့်ရှုရတာကြိုက်နှစ်သက်တဲ့ကြည့်ရှုသူပရိတ်သတ်ကြီးကို Hallowen horrorဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့Hallowen(1)ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကိုမူလဟောလိုးဝင်းရုပ်ရှင်ရဲ့အစဒါရိုက်တာလည်းဖြစ်သူယခုဟောလိုးဝင်းရုပ်ရှင်ရဲ့တွဲဖက်စာရေးဆရာဖြစ်တဲ့ Jhon Carpenterကသူကြုံတွေ့ခဲ့ရတဲ့တကယ့်ဖြစ်ရပ်မှန်အပေါ်ကိုအခြေခံရေးသားထားပြီး ဒါရိုက်တာDavid Gordenကရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/10ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားမှာမင်းသားJames Jude Courtney နဲ့မင်းသမီးJamie LeeCurtisအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ မင်းသမီး Jamie LeeCurtisကအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုရရှိထားပါတယ် ဒီဇာတ်လမ်းအစမှာငယ်ငယ်ကတည်းကလိင်တူစိတ်ဝင်စားသူလို့ထင်ခံနေတဲ့ရတဲ့ အဓိကဇာတ်ဆောင်Michael Myersကငါးနှစ်သားအရွယ်မှာ ဘယ်သူမှထင်မှတ်မထားတာတွေကိုလုပ်ထားတာကိုတွေ့လိုက်ပါတယ် အဲ့တာကတော့သူက အိမ်မွေးတိရစ္ဆာန်လေးတွေကိုညဉ်းပန်းနှိပ်စက်တာကိုသဘောကျနေတာဖြစ်ပါတယ် ဒီလိုနဲ့ဟောလိုးဝင်းညရောက်တဲ့အခါMichael Myersဆိုတဲ့ ငါးနှစ်သားအရွယ်ကောင်လေးတစ်ယောက်က ဘယ်သူမှထင်မှတ်ထားတာကိုလုပ်လိုက်ပါတယ် အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာMichael Myersရဲ့ ဘဝဟာဘယ်လိုမျိုးတစ်ဆစ်ချိုးပြောင်းလဲသွားမှာလဲဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာစီးမျောကြည့်ရှုလိုက်ပါဦးတကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူပရိတ်သတ်ကြီးအတွက် အချိန်ကုန်ရကျိုးလည်းနပ်စေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားဟာ Crime,Horror&Thriller အမျိုးအစားကိုမှကြိုက်နှစ်သက်တဲ့သူတွေမလွတ်စတမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်  File size…1.77GB / 845MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 49m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw
movie

Halloween (2007)

The Tripper (2006) 5.0
The Tripper (2006) The Tripper (2006) ===============လွတ်လပ်မှုကို မြတ်နိုးတဲလူငယ်တစ်သိုက်... ဆေးချမယ်၊ သောင်းကျန်းမယ်၊ ကာမဂုဏ်ခံစားမယ်၊ ဘယ်သူ့ကိုမှဂရုမစိုက်ဘူး ကိုယ်ကြိုက်တာလုပ်ခွင့်ရှိမယ်။ အဲ့ဒါမျိုးက လွတ်လပ်မှုလား၊ အထိန်းအချုပ်မဲ့တာလား၊ ကောင်းတာလား၊ ဆိုး တာလား၊ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်ထဲမှာတော့ လွတ်လပ်မှုကိုမြတ်နိုးတယ်ဆိုပြီး ဟစ်ကြွေးနေကြတဲ့ လူငယ်အုပ်စု ဒုက္ခလှလှတွေ့ရပုံလေး ရိုက်ကူးထားပါတယ်။ဆမန်သာတို့လူငယ်အုပ်စုလေးကတော့ တောအုပ်ထဲမှာဖျော်ဖြေပွဲတစ်ခုကို ဆင်နွဲဖို့ချီတက်ခဲ့ကြပါတယ်။ ဖျော်ဖြေပွဲဆိုပေမယ့်လည်း မူးယစ်ဆေးဘာညာ အကုန်လုပ်မယ့်ပွဲလေးပါ။ ဆမန်သာက မသွားချင်ပေမယ့် သူ့ရည်းစားဟောင်း လက်ထဲကနေလွတ်ဖို့ လိုက်လာခဲ့ပါတယ်။ တောထဲရောက်တော့ သူငယ်ချင်း ငါးယောက်ပေါင်းပြီး ဆေးတွေကွဲလိုက်ကြတာ မြင်လို့မှမကောင်း... သူတို့တင် ပဲမဟုတ် တစ်ခြားလူငယ်တွေလည်း အပျော်ကြူးကုန်ကြပါပြီ။ ဒါပေမဲ့ ဖျော် ဖြေပွဲနဲ့မလှမ်းမကမ်းနေရာကနေ အလောင်းတစ်လောင်းကို စတွေ့ပါတော့တယ်။ ညနေပိုင်းရောက်တော့ နောက်ထပ်အလောင်းတစ်လောင်းထပ်တွေ့တော့ ပါတီ ပွဲကိုဖျက်သိမ်းဖို့လုပ်ပါတော့တယ်။ လူငယ်တွေလည်း အထိတ်တလန့်ဖြစ်ကုန် ကြပြီး ဆမန်သာတို့သူငယ်ချင်းအုပ်စုကလည်း အဖွဲ့ကွဲသွားတဲ့အခါ.... ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါတော့နော်.... (သွေးသံရဲရဲတွေပါဝင်တာမို့ နှလုံးအားကောင်းသူများသာ ကြည့်ရှုသင့်ပါတယ်ခင်ဗျ )(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.64 GB) / (1.13 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar ...
movie

The Tripper (2006)

2006
Fight Club (1999) 8.8
Fight Club (1999) ဒီကားက တော်တော်များများ ညွှန်းဆိုကြတယ် ကြည့်သင့်တဲ့ကားဘာညာပေါ့လေ IMDb...ကလည်း..8.8 ရထားတယ်...RT မှာ 79% ရထားတယ်။ဒီကားရဲ့အဓိကဇာတ်ဆောင်မင်းသား ၂ ဦးဖြစ်တဲ့ Brad Pitt, Edward Norton ကိုတော့ အတော်များများရင်းနှီးကြပါတယ်.....သူတို့ ၂ယောက်ပဲ ဒီဇာတ်ကားတစ်ကားလုံးဆွဲခေါ်သွားတာ....ကျွန်တော့်မိတ်ဆွေကိုမေးမိတယ် ဒီကားမကြည့်ခင်နည်းနည်းတော့ဇာတ်ကြောင်းလေးပြောပြပါ့လား ဆိုတော့ သူက ရယ်မောရင်းနဲ့ပြန်ပြောတယ်"ဒီကားက လေးနက်တဲ့ပုစ္ဆာတစ်ပုဒ်နဲ့တူတယ် ကိုယ်တိုင်စီးမျောရင်းအဖြေရှာနေရတာ ဇာတ်ကြောင်းပြောတယ်ဆိုတာက ငါအပြောမတတ်ရင် ဒီကားရဲ့ပေးချင်တဲ့ရသက လုံးဝပျောက်သွားလိမ့်မယ်  တစ်ခုတော့ရှိတယ် ဒီကားကြည့်ပြီးတော့ မင်းနဲ့ငါဆွေးနွေးလို့ရတယ်"တဲ့ကျွန်တော်လည်း ဒီကားကိုမညွှန်းရဲဘူး ပြောပြလို့ရတာတွေတော့ရှိတယ် ဇာတ်လမ်းတင်မဟုတ်ဘူး ဒိုင်ယာလော့တွေကပါ လက်ဖျားခါလောက်တယ် ပြီးတော့ လူကြိုက်နည်းလိမ့်မယ်ထင်တယ် မိန်းကလေးလှလှတွေ၊ရှုခင်းလှလှတွေ အချစ်အကြောင်းညွှန်းဆိုဖွဲ့စကားတွေ မပါဘူးဗျ။ ဒါက Fight Club ပါပဲ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Sherlock မှတင်ဆက်ထားပါတယ်။) File size…(8.3 GB)/(2.1 GB)/(1.1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 Duration….02:19:08 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated ...
movie

Fight Club (1999)

1999
4K HEVC
Se7en (1995) Seven 8.6
Se7en (1995) Seven "The world is a fine place and worth fighting for."Ernest HemingwayCM ပရိသတ်ကြီးရေ။ ဘဝမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုကြည့်ပြီး ဘယ်တော့မှမေ့ဖျောက်လို့ မရနိုင်တော့တဲ့ အဖြစ်မျိုးဖြစ်ဖူးပါသလားခင်ဗျာ။ ဖြစ်ခဲ့ဖူးတယ်ဆိုရင်တောင် အခုဇာတ်ကားကို ကြည့်လိုက်ရင် အရင်ကစွဲလန်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ မှေးမှိန်သွားနိုင်ပါတယ်။ အထူးသဖြင့်ကတော့ သည်းထိတ်ရင်ဖို ရုပ်ရှင်နှစ်သက်သူတွေပေါ့ဗျာ။IMDb 8.6/10 နဲ့ RT 80% ရထားခဲ့တဲ့ Se7en (1995) ဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားတွေထဲမှာ ဂန္တဝင်ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကို အညွှန်းရေးရင် ကျွန်တော် သတိအထားဆုံးအရာက Spoil လုပ်လိုက်မိမှာကိုပါ။ တချို့ဇာတ်ကားတွေမှာ ဒါက သိပ်မသိသာပေမယ့် အလှည့်အပြောင်း အဝေ့အဝိုက်များတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားတွေမှာ အရမ်းသိသာပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာဆို ပိုတောင်သိသာပါတယ်။ ဒါကြောင့် အညွှန်းကို သဘောလောက်ပဲ ရေးပေးပါရစေ။ ဇာတ်လမ်းကဒီလိုပါ..... ဝီလီယမ် ဆမ်မာဆတ်( Morgan Freeman)ဟာ ...
movie

Se7en (1995) Seven

4K HEVC
Scream 3 (2000) 5.6
Scream 3 (2000) Scream 3 2000 ===========ဒါကတော့ တတိယမြောက်ကား ဖြစ်ပြီးတော့ အမှန်အတိုင်းပြောရရင် Scream franchise ထဲမှာ rating အနည်းဆုံးကား ဖြစ်ပါတယ်။ ဒါပေမယ့် scream ရဲ့ အရသာကိုတော့ မ‌ပျောက်အောင် ထိန်းထားနိုင်တာကြောင့် horror, mystery ဖန်တွေအတွက်တော့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ကားတစ်ကားဖြစ်နေတုန်းပါပဲ။ ဒီကားကတော့ scream 2 အပြီး ၂ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီကားမှာတော့ ဆစ်ဒနေဟာ လူသူကင်းဝေးရာနေရာမှာ ခြေရာဖျောက်ပြီး သွားနေနေပါတယ်။ အဲဒီအချိန် hollywood မှာလည်း သရဲမျက်နှာလူသတ်မှုတွေကို အခြေခံထားတဲ့ stab 3 ရှပ်ရှင်ကားကို ရိုက်ကူးရေးစနေပါပြီ။ အဲဒီအချိန်မှာ နောက်ထပ် သရဲမျက်နှာလူသတ်သမားပေါ်လာပြီး လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဒီတစ်ခေါက်မှာတော့ သရဲမျက်နှာလူသတ်သမားက stab 3 ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အရင်လူသတ်မှုမှာ အသက်ရှင်ကျန်ခဲ့သူတွေကိုပါ ပစ်မှတ်ထားနေပါတယ်။ IMDB 5.6 ရထားပြီး tomatometer 40% ရထားပါတယ်။ ဒီကားဟာ scream trilogy ရဲ့ နောက်ဆုံးကားဖြစ်ပြီး အတိတ်ကကြောင်းတွေကို ဖြေရှင်းထားလို့ scream ဖန်တွေကတော့ ကြည့်သင့်တယ်လို့ ပြောပါစေ။ Scream 6 ...
movie

Scream 3 (2000)

2000
Zodiac (2007) 7.7
Zodiac (2007) ဒီဇာတ်လမ်းကတော့ ၁၉၆၈ လောက်မှာဖြစ်ခဲ့တဲ့ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ ဇိုဒီရက်ခ် ဆိုတဲ့ လူသတ်သမားအကြောင်း ရိုက်ကူးထားသော ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်..ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်…ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ တရားခံမပေါ်သေးတဲ့ လူသတ်မှုတွေဖြစ်နေတယ်…အဲ့ဒီအချိန်ကစပြီး ရဲတွေလည်းခြေရာခံရင်း သတင်းထောက်တွေကလည်းခြေရာခံရင်း လူသတ်သမားကလည်းလူတွေသတ်ရင်း တရားခံကို လက်ပူးလက်ကြပ်မဖမ်းနိုင်လောက်အောင် သက်သေတွေ သဲလွန်စတွေ အမှုကွင်းဆက်တွေ ပျောက်သွားရင်းနဲ့ နှစ်ပေါင်း ၃ဝကျော်ကြာတဲ့အထိ အမှုဟာ သို့လော သို့လောနဲ့ဖြစ်နေခဲ့တယ်..ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာပါ..ပါဝင်တဲ့မင်းသားတွေ နာမည်ကြီးသလောက် ဇာတ်လမ်းဟာလည်း အစကနေအဆုံးတိုင်အောင် ကောင်းမွန် ရှည်လျားလှပါတယ်…၁၉၇၀ ခုနှစ်ဝန်းကျင် နည်းပညာတွေ သိပ်မဖွံ့ဖြိုးသေးခင် အမေရိက ဆန်ဖရန်စစ္စကိုမှာ ရဲတပ်ဖွဲ့ဘယ်လိုအမှုလိုက်တယ်ဆိုတာကို ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာပါ…Rating တွေကတော့ …IMDb- 7.7/10, Rotten tomatoes ...
movie

Zodiac (2007)

2007