Channel Myanmar

Rick D. Wasserman

Green Lantern: Beware My Power (2022)
Green Lantern: Beware My Power (2022) Green Lantern:Beware My Power(2022) ========== Superman:Man Of Tomorrow ကနေ ပြန်စခဲ့တဲ့DC animated universe ထဲက Green Lantern origin movie ဖြစ်ပါတယ်။ဂျွန်စတူးဝပ် Green Lantern ဖြစ်လာပုံကို တွေ့ရမှာ ဖြစ်ပြီးGreen Arrow တို့ Hawkgirl တို့လည်းပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်စတူးဝပ်တစ်ယောက်........အာဖဂန်နစ္စတန်ကနေ စိတ်ဒဏ်ရာအပြည့်နဲ့ပြန်ရောက်လာချိန်မှာဘာမှန်းမသိတဲ့ ဂြိုလ်သားတစ်ကောင်နဲ့တွေ့ခဲ့ရပါတယ်။အဲ့ဒီဂြိုလ်သားဟာ စကြာဝဠာတစ်ခုလုံးရဲ့ ပညာဉာဏ်အကြီးဆုံးဂါးဒီးယန်းဖြစ်နေခဲ့ပါတယ်။ဘာလို့ သူ့ဆီကို ရောက်လာခဲ့တာလဲ။ စကြာဝဠာတစ်ခုလုံးကိုစောင့်ရှောက်ရတဲ့ Green Lantern တပ်ဖွဲ့ဆိုကရောဘာတွေလဲ ဆိုတာ ဒီရုပ်ရှင်ထဲမှာတွေ့ရမှာပါ။DC fan တွေရော superhero ရုပ်ရှင် fan တွေပါနှစ်သက်ကြမှာသေချာပါတယ်။ File size…1.5GB / 700MB Quality…1080p BluRay AAC5.1CH/720p Format…mp4 Duration….1h28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by SPK
movie

Green Lantern: Beware My Power (2022)

2022
Batman: The Long Halloween, Part Two(2021) 7.5
Batman: The Long Halloween, Part Two(2021)   စုံ​ထောက်ကြီးဘတ်မန်းနှင့် ဟောလိုးဝင်းခရီးရှည်ကြီး အပိုင်း(၂)ထွက်လာပါပြီ.အပိုင်း(၁)မှာ ဂျိုကာနဲ့ နွယ်ပျိုမယ်တို့ ​ပေါ်လာကြပြီဖြစ်သလို ဇာတ်လိုက်​ကျော် ​ဟောလီး​ဒေးလူသတ်သမားကလည်း မြို့မျက်နှာဖုံးကြီးဖယ်ကိုနီရဲ့အ​ရေးပါတဲ့မိသားစုဝင်တစ်​ယောက်ကို ထပ်သတ်ပြီးအဆုံးသတ်ထားပါတယ်အပိုင်း(၂)မှာ​​တော့ ​ဟောလီး​ဒေးအမည်ခံလူသတ်သမားက ဘယ်သူဖြစ်​နေမလဲ.စုံ​ထောက်ကြီးဘတ်မန်းထင်​နေသလို ဟာ​ဗေးဒန့်ကပဲ​ ဟောလီး​ဒေးဖြစ်​နေမလား.ပရိတ်သတ်အချစ်​တော်ဂျိုကာကြီးနဲ့ နွယ်ပျိုမယ်တို့က​ရော ဘယ်လိုအ​ဖျက်အ​မှောင့်လုပ်ငန်း​တွေ လုပ်ကြဦးမလဲ.တခြားဘယ်နာမည်ကြီးဗီလိန်​တွေ ထပ်ပါလာဦးမလဲ.ဟာ​ဗေးဒန့်ဆိုတဲ့နာမည်ကြားလိုက်ရုံနဲ့ DC fanတိုင်းသိကြတဲ့ ဗီလိန်တစ်​ယောက်က ဘယ်လို​မွေးဖွားလာမလဲ...စတဲ့​​ပ​ဟေဠိ​ပေါင်းများစွာ၊လှည့်ကွက်​ပေါင်းများစွာကို ဘတ်မန်းနဲ့အတူ ပရိတ်သတ်​​တွေကိုယ်တိုင် ​ဖော်ထုတ်အ​ဖြေရှာရဦးမှာပါBatman:Under The Red Hood​ နောက်ပိုင်းထွက်လာတဲ့ထဲမှာ ဒီLong Halloween part 1 and 2ဟာ ​တော်​တော်​လေးDarkဖြစ်တာမို့DC animated universe fanတိုင်း လတ်လွတ်မခံပဲကြည့်ရှုသင့်တဲ့ animationတွေပဲဖြစ်ပါတယ်. အား​ပေးကြည့်ရှုလိုက်ကြပါဦး Translated by : JimXEncoded by  YKFile Size : 1.67GB and 970MBDuration : 1h 27mins 
movie

Batman: The Long Halloween, Part Two(2021)

2021
Cats & Dogs: The Revenge of Kitty Galore (2010) 5.6
Cats & Dogs: The Revenge of Kitty Galore (2010) Cats & Dogs: The Revenge of Kitty Galore (2010)==================================IMDb Rating - 5.3/10#Unicode“My name is Bond..James Bond” လို့ကြားလိုက်တာနဲ့ ဆန်းသစ်တဲ့နည်းပညာတွေကိုသုံးပြီးလူဆိုးတွေကို စုံစမ်းဖော်ထုတ်တဲ့ အထူးအေးဂျင့်ကြီးကိုပြေးမြင်ကြပါလိမ့်မယ်။ ဒီကားလေးကတော့James Bondလိုမျိုး နည်းပညာကို သုံးပြီး လူဆိုးကိုရှာဖွေဖော်ထုတ်တဲ့ ထောက်လှမ်းရေးကားလေးတစ်ကားပါပဲ။ အဲ James Bond နဲ့မတူတာက ဒီကားလေးထဲက အထူးအေးဂျင့်လေးတွေက ခွေးလေးကြောင်လေးတွေဖြစ်နေတာပါ။ ခွေးတွေကိုအပြတ်ရှင်းပြီး လူသားတွေကိုအုပ်ချုပ်ချင်နေတဲ့ ကြောင်ဆိုးမလေး ကစ်တီဂလိုရီကို ခွေးအေးဂျင့်တွေဖြစ်တဲ့ ဒစ်ဂ် ၊ ဘတ်ချ်၊ ကြောင်အေးဂျင့်မလေး ကတ်သရင်းတို့နဲ့ရူးကြောင်ကြောင်ခိုလေး ရှိန်းမက်စ်တို့ အတူပူးပေါင်းဖော်ထုတ်တားဆီးကြတဲ့ အိမ်မွေးတိရိစာ္ဆန်လေးတွေရဲ့စွန့်စားခန်းဇာတ်ကားလေးတစ်ကားပါ။ နောက်ပြီးတော့ ၂၀၁၀ ကထွက်ခဲ့တဲ့ ကားလေးဆိုတော့ ၂၀၁၀တုန်းကအကြောင်းလေးတွေကိုပြန်တွေးရင်း အေးအေးဆေးဆေးကြည့်လို့ကောင်းတာပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) #Zawgyi“My name is Bond..James Bond” ...
movie

Cats & Dogs: The Revenge of Kitty Galore (2010)

2010
Batman: The Killing Joke (2016) 6.4
Batman: The Killing Joke (2016) Batman: The Killing Joke (2016)_____IMDb - 6.4/10   ဒီလောကကြီးထဲမှာ လူရယ်လို့ဖြစ်လာခဲ့ပြီဆိုရင် လောကဓံရဲ့ရိုက်ချက်တွေကံတရားရဲ့ ကစားကွက်တွေ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ခံစားမှုရဲ့ ဒဏ်တွေကို တစ်ခုမဟုတ်တစ်ခုကတော့ အလူးအလဲခံစားကြဖူးကြမှာပါပဲ ဒီလို နာကျင်မှုတွေ ထိုးနှက်ချက်တွေကြားမှာ လူသားတစ်ယောက်အနေနဲ့ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်ပါ့မလား ဒါမှမဟုတ်အရှုံးပေး လက်မြှောက်လိုက်မလား...? ဒါမှမဟုတ် အရာအားလုံးကို နာကျည်းမုန်းတီးသွားမလား…? ဒီဇာတ်ကားထဲမှာတော့ Batman ရဲ့ အဓိကရန်သူတော် Villain ကြီး Joker ဟာ သူဖြတ်သန်းခဲ့ရတဲ့ လောကဓံရဲ့ ရိုက်ချက်တွေ သူ့အပေါ် ပြင်းထန်ခဲ့တဲ့ အခါမှာ သူ့ရဲ့ကျရှုံးမှုတွေ နာကျင်မှုတွေ ကနေ အရာအားလုံးကို နာကျည်း မုန်းတီးသွားခဲ့ပြီး ရူးသွပ်စွာ ရက်စက်တတ်တဲ့ သူတစ်ယောက်အဖြစ်ကို အသွင်ပြောင်းသွားခဲ့ပါတယ် နောက်ပြီး Joker ဟာ သူ့လိုပဲ လူတိုင်းဟာ စိတ်ဒါဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ ရင် ရူးသွပ်သွားမှာပဲဆိုတဲ့ အချက်ကို သက်သေပြဖို့အတွက် ဘယ်လို ဘယ်ပုံတွေ ရက်စက် အကွက်ချ လုပ်ပြမလဲဆိုတာကတော့ ဒီဇာတ်ကားရဲ့အဓိက ဇာတ်အိမ်ပဲဖြစ်ပါတယ် မြင်ရခဲတဲ့ Jokerရဲ့နောက်ကြောင်းရာဇဝင်ကို ...
movie

Batman: The Killing Joke (2016)

2016