Channel Myanmar

Rick Johnson

Any Given Sunday (1999)
Any Given Sunday (1999) “အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie

Any Given Sunday (1999)

Jingle All the Way (1996) 5.7
Jingle All the Way (1996) Jingle All the Way (1996)ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990‌ ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်‌တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ ...
movie

Jingle All the Way (1996)

1996
Jerry Maguire (1996) 7.3
Jerry Maguire (1996) Jerry Maguire(1996) IMDb ....7.3 ,,,,Rotten 83%  ဒီကားထဲမှာ မင်းသားTom Cruise က Jerry Maguire အမည်နဲ့ အားကစား အေးဂျင့်အဖြစ်သရုပ်ဆောင်ထားတယ် စကားလုံးလှလှတွေကိုအသုံးပြုပြီး အောင်မြင်တဲ့အားကစားသမားတွေနဲ့ အားကစားအသင်းတွေကြားမှာ ငွေကြေး ကစားနေတဲ့သူတစ်ယောက်ပေါ့.အချစ်ဆိုတာကိုလည်း စာရွက်ပေါ်က ဂဏန်းတွေလို တွက်ချက်ပြီး အကျိုးအမြတ်ယူတတ်သူ .....သူဟာနာမည်ကျော်အေးဂျင့်အဖြစ်ကာလတစ်ခုထိနေနိုင်ခဲ့ပေမဲ့ တစ်နေ့တော့ ဘယ်သူမှ သူနဲ့စာချုပ်မချုပ်ချင်လောက်အောင် ဆိုးတဲ့အခြေအနေရောက်သွားတယ်......... ကျွန်တော်တို့ရှင်သန်ရင်း ဘဝတစ်ခုတည်ဆောက်တဲ့အခါမှ အချစ်ရယ် အလုပ်ရယ် ငွေကြေး ရယ် ကြားမှာ ပင်ပန်းနွမ်းနယ်နေတယ်........နှလုံးသားနဲ့ဦးဏှောက် ပေါင်းစပ်မှုကြောင့် စကားတွေပြောတယ် ဟန်အမူအရာတွေပေါ်ပေါက်လာတယ်.... တစ်ချို့သောအလုပ်တွေမှာ ဦးဏှောက်ကရာနှုန်းပြည့်ဆုံးဖြတ်ပေးပေမဲ့ နှလုံးသားကြောင့် ယိမ်းယိုင်ခဲ့တာ ရှိတယ် နှလုံးသားရဲ့ အသိပေးမှုအောက်မှာလည်း ဦးဏှောက်ရဲ့ တစ်ချို့သော တလွဲ မာနတွေ အတ္တတွေကြောင့်ပြိုလဲခဲ့တာရှိတယ်...ကိုယ့်အတွက် တကယ့်ပျော်ရွှင်မှုဆိုတာအဲ့အချိန်ရောက်ရင် လက်တစ်ကမ်းအလိုမှာပဲ လေတစ်ချက်အဝှေ့ခံလိုက်ရတဲ့ အခိုးအငွေ့လေးလိုပဲပျောက်သွားတတ်တယ် ပျော်ရွှင်မှုရဖို့အတွက် အတ္တတွေ မာနတွေကို အချိန်ကိုက် ခဝါချတတ်ဖို့လိုသလို ကိုယ့်နှလုံးသားရဲ့လိုအပ်ချက်အစစ်အမှန်ကိုလည်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်...ကျွန်တော်ဘာလို့ဒါတွေပြောနေတာလဲဆိုတော့ ဒီကားကိုကြည့်လိုက်ရင်ခင်ဗျားတို့သဘောပေါက်သွားမယ်ထင်တယ် ဒီဇာတ်ကားမှာ တွမ်ခရုဟာ Golden Globe Award for Best Actor ဆုရသွားတယ် ဒါ့အပြင် ရုပ်ရှင်ဆုပေါင်း ဆယ့်တစ်ဆုလည်း ရခဲ့တယ် IMDb Rotten...ကလည်းကောင်းတယ်...ဒီအချက်အလက်တွေအရ ...
movie

Jerry Maguire (1996)

1996