Channel Myanmar

Ricky Yi Fan-Wai

The Killer (1989) 7.8
The Killer (1989) The Killer (1989)ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်... ဂျွန်ဝူးရဲ့ရွှေခေတ်.... ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ...
movie

The Killer (1989)

1989
Legend of the Dragon (1991) 6.4
Legend of the Dragon (1991) ဟာသဘုရင် Stephen Chow လောင်းကစား သူရဲကောင်း တစ်ယောက်ဒီတစ်ခါတော့ Snooker ထိုးတာကလွဲပြီး ဘာမှမသိနားမလည်တဲ့ Snooker King နေရာက သရုပ်ဆောင်ထားပါတယ်။ရယ်ရတာကတော့ ပြောစရာမလိုလောက်တော့ပါဘူး။တကယ့် အူတိအူကြောင် ကောင်လေးတစ်ယောက်ဖြစ်တဲ့ Chow ဟာ Snooker မှာတော့ သူတို့ရွာမှာ ဝိဇ္ဇာတစ်ပါးလို့ ပြောရမှာပေါ့။သူ့ရွာမှာ သူနဲ့ ယှဉ်ထိုးနိုင်တဲ့ကလေးမရှိတော့ဘူး။ဟောင်ကောင်မှာနေတဲ့ သူ့အဖေရဲ့ ဆရာတူညီ လူလည်ကပ်ပါးကောင် ရောက်လာပြီးသူနဲ့ ဟောင်ကောင်ကို အလည်လိုက်သွားရင်း တောသားမြို့ရောက် ဂေါက်တောက်တောက်ဖြစ်ရင်း သူ့ဦးလေးရဲ့ ဇာတ်ရှုပ်ထဲဝင်ပါသွားရော။သူ့အဖေက လောင်းကစားမလုပ်ဖို့၊ ရန်မဖြစ်ဖို့မှာလိုက်ပေမဲ့ သူ့ဦးလေးကျင်လည်နေတဲ့ လောကမှာ ဒါမျိုးတွေနဲ့ ကင်းကင်းနေမရနိုင်လို့ အိမ်ပြန်ချင်လာရော။အိမ်ပြန်တော့မှ ပြဿနာက ပိုကြီးသွားတယ်။ သူပြန်တော့ သူ့ဦးလေးကလိုက်လာတယ်။သူ့အဖေရဲ့ မြေတွေကို သူ့ဦးလေးက လောင်းကြေးအနေနဲ့ထားပြီး Snooker တစ်ပွဲထိုးခိုင်းတယ်။သူနဲ့ ထိုးရမယ့်လူက အဲဒီခေတ်က Snooker ဘုရင်တစ်ပါး Jimmy White ။အဲဒီပွဲမှာ ရှုံးပြီး သူတို့ပိုင်တဲ့မြေတွေ ...
movie

Legend of the Dragon (1991)