Channel Myanmar

Rico E. Anderson

H. P. Lovecraft’s The Old Ones (2024)
H. P. Lovecraft’s The Old Ones (2024)  ဒီဇာတ်ကားကတော့ စာရေးဆရာကြီး H. P. Lovecraft ရဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး ဒီနှစ်၂၀၂၄ ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပါတယ်။ Lovecraftian Works လို့ခေါ်တဲ့ Lovecraft ရေးသားဖန်တီးခဲ့တဲ့ ဇာတ်လမ်းဇာတ်ကောင်တွေက အနောက်တိုင်းက Horror ဒါရိုက်တာနဲ့ စာရေးဆရာတွေကို လွှမ်းမိုးမှုကြီးခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ကပ္ပတိန်ရပ်ဆဲလ်မာရှ့်ဆိုသူကို ရှေးကျတဲ့မကောင်းဆိုးဝါးတစ်မျိုးက ၉၃ နှစ်ကြာပူးကပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ လွတ်မြောက်အောင်ထွက်ပြေးရင်း ဒဏ်ရာရပြီး သားအဖနှစ်ယောက်က ကယ်တင်ခဲ့ပါတယ်။ သူနောက်ကိုလိုက်လာတဲ့ မကောင်းဆိုးဝါးများရဲ့ဘေးကလွတ်ဖို့ ရပ်ဆဲလ်တစ်ယောက် အတိတ်ကိုပြန်ပြီး ဒီအဖြစ်အပျက်ကြီးတစ်ခုလုံးကို ပြန်ပြင်ဖို့ကြိုးစားပါတော့တယ်။Lovecraft ရဲ့ဇာတ်လမ်းတစ်ပုဒ်ကို အသက်သွင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားက 3.4 rating ရရှိထားပြီး Low badget အမျိုးအစားဖြစ်ပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim
movie

H. P. Lovecraft’s The Old Ones (2024)

Spinning Man (2018) 5.6
Spinning Man (2018) လူမှုရေးနယ်ပယ်ထဲက ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေထဲမှာ ဖောက်ပြန်တာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါပေမဲ့ ဖောက်ပြန်တယ်ဆိုတဲ့ကိစ္စကို ဒဿနိကဆရာ တစ်ယောက်အနေနဲ့ ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ?တောင်ခါးပန်းမြို့လေးမှာ အထက်တန်းကျောင်းသူလေးတစ်ယောက် ပျောက်ဆုံးသွားတယ်။ အထက်တန်းကျောင်းသူဆိုပေမဲ့ တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့ ကျောင်းသူလေးပေါ့။ တောင်ခါးပန်းမြို့လေးမှာ ကန်ကြီးတစ်ကန်ရှိတယ်။ အဲဒီ ကန်ကြီးမှာ ကရက်လှေတွေငှားတယ်။ သူက ကရက်လေငှားတဲ့နေရာမှာ အလုပ်လုပ်နေတဲ့ကောင်မလေးပေါ့။ ရုတ်တရက်ကြီး သူဘာကြောင့်ပျောက်ဆုံးသွားလည်းဆိုတာကို ဘယ်သူမှ အဖြေရှာမရဘူးဖြစ်နေတယ်။ အလောင်းလည်း မပေါ်လာဘူး။ရဲစုံထောက်တွေက အမှူနောက်ကို လိုက်ရင်းနဲ့ကနေ ဒဿနိကဆရာရဲ့ကားကို ကန်နားမှာတွေ့လိုက်တယ် လို့သတင်းရလိုက်တယ်။ ဒါဆို ဒီဆရာက ဘာလဲပေါ့။ ကျောင်းသူတွေနဲ့ ဇာတ်ရှုပ်နေတာလား? ဒါမှမဟုတ် တိုက်ဆိုင်တာပဲလား? ကောင်မလေးကို ဖမ်းခေါ်သွားတာက အမည်မသိတဲ့ ရာဇဝတ်သားတစ်ယောက်ပဲလား? အဲဒီလို အနောက်ကလိုက်ရင်းကနေ အတွေးခေါ်အယူဆတွေ တဖြည်းဖြည်းနဲ့ ပေါ်ထွက်လာပါတယ်။ အဲဒီမှာ စုံထောက်နဲ့ ဒဿနိကဆရာတို့ရဲ့ အားပြိုင်မှုတွေကို ရှိလာပါတော့တယ်။ အမှန်တော့ သူတို့နှစ်ဦးလုံးက တစ်လမ်းထဲကို သွားနေတဲ့လူတွေပါ။ ဘာလို့လဲဆိုတော့ နှစ်ယောက်လုံးက အဖြေကို ရှာတွေ့ချင်နေတဲ့လူတွေလေ။ ဒဿနိကဆရာက အတွေးအခေါ်တစ်ခုရဲ့ အဖြေကိုရှာဖွေနေတယ်။ ရဲစုံထောက်က အမှုရဲ့ အဖြေကို ရှာဖွေနေတယ်။ ဒါဆို ...
movie

Spinning Man (2018)

2018