Channel Myanmar

Rie Minemura

In Her Room (2023) 5.0
In Her Room (2023) In Her Room ( 2023 )In Her Roomဟာ Mysteryဆန်ဆန် ကားလို့ပြောရမယ်။ ဂျပန် Mysteryကားတွေဟာ ဂျပန်ကားတွေရဲ့ ပင်ကိုငြိမ်သက်ခြင်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘယ်လိုအရသာမျိုးထွက်လာလဲ ဂျပန် Mystery , Thrillerကားတွေ ကြည့်ဖူးတဲ့ လူတွေသိကြမှာပါ။ In Her Roomဆိုတဲ့အတိုင်း ဒီကားရဲ့ ပဟေဠိကတော့ ကောင်မလေးတစ်ယောက်ရဲ့ အခန်းထဲက ပဟေဠိပေါ့။လူမှုဆက်ဆံရေးသိပ်မကျင်လည်တဲ့ သွားဆရာဝန်ကောင်လေးဟာ မိယာခိုဆိုတဲ့ ကောင်မလေးကို ချစ်မိနေတယ်။ ဒီကောင်မလေးက ထူးထူးဆန်းဆန်းအကြောင်းအရာတွေကို စိတ်ဝင်စားစရာကောင်းအောင် ပြောတတ်တယ်။ အတွင်းစိတ်နဲ့ပတ်သက်တဲ့ အရာတွေပေါ့။ ကောင်လေးကတော့ မိယာခိုက သူ့ကိုယ်သူနားမလည်တာတွေကိုတောင် နားလည်တယ်လို့ ယုံနေတယ်။ တစ်နေ့ကျ မိယာခိုရဲ့ သူငယ်ချင်းက မိယာခိုရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြမယ်ဆိုပြီး စကားစလာတယ်။ ဒီလိုနဲ့ ကောင်လေးက မိယာခိုအခန်းထဲက လျှို့ဝှက်ချက်တွေကို သိလာရတယ်။ သူချစ်မိနေတဲ့ သူနားမလည်နိုင်တဲ့ကောင်မလေးကို ဒီကောင်လေး ...
movie

In Her Room (2023)

Lost Care (2023) 6.4
Lost Care (2023) Lost Care aka Do Unto Others (2023)~ IMDb – 6.4/10, MyDramaList – 7.7/10 ~“သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။” - ရှင်မဿဲခရစ်ဝင် ၇:၁၂ယာဂါဘိုးဘွားကူညီစောင့်ရှောက်ရေးစင်တာ (Yaga Care Center) မှာ အလုပ်လုပ်နေတဲ့ ရှီဘမူနဲနိုရီ (Shiba Munenori) က ဘိုးဘွားတွေကို အိမ်တိုင်ရာရောက် ကူညီစောင့်ရှောက်ပေးနေတဲ့သူ။ ဘိုးဘွားတိုင်းအပေါ် သူ့မိဘလိုသဘောထားပြီး ကြင်ကြင်နာနာ နွေးနွေးထွေးထွေး ဆက်ဆံပေးနေလို့ တစ်စင်တာလုံးက လေးစားအားကျနေရတဲ့သူ။ တစ်နေ့ သူတို့စင်တာက ကူညီစောင့်ရှောက်ပေးနေရတဲ့ အုမဲဒါကန်တာရို (Umeda Kantaro) ဆိုတဲ့ အဘိုးတစ်ယောက်ရဲ့အိမ်မှာ စင်တာမှူးဖြစ်တဲ့ ဒန်မိုတိုဟာရု (Dan Motoharu) ကို သေဆုံးလျက်သား ရှာတွေ့ခဲ့တဲ့အပြင် အုမဲဒါကန်တာရိုလည်း သေဆုံးနေပါတယ်။ သူတို့သေဆုံးမှုက လူသတ်မှုလား မတော်တဆသေဆုံးမှုလား ...
movie

Lost Care (2023)

2023
After the Storm (2016) 7.4
After the Storm (2016) After the Storm ( 2016 ) ------------------------ Directed by Hirokazu KoreedaEven After the Worst Storms , The Sun Will Shine Again.Koreedaကားတွေထဲ အကြိုက်ဆုံး၂ကားကို ရွေးထုတ်ရမယ်ဆိုရင် Still Walking နဲ့ After the Storm ကို ရွေးထုတ်ရမှာပဲ။ ဒီ၂ကားထဲက တစ်ကားပြန်ရွေးဖို့ဆိုရင်ကျ နည်းနည်းတော့ပြဿနာရှိတယ်။ အတတ်ပညာပိုင်းအရဆိုရင်တော့ ပုဂ္ဂလိကအမြင်အရ After The Stormဟာ Still Walking ထက် နည်းနည်းလေးလျော့နေတယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ After The Storm ကတော့ ရင်ထဲပိုရောက်တယ်။ ပြောသာပြောရတာ ဒီ၂ကားက တစ်ဆက်တည်းပါပဲ။ တူလားဆိုရင်တော့ မတူဘူး။ ဒါပေမဲ့ တစ်ဆက်တည်းပဲ။၂ကားလုံးက Koreeda သူ့အမေအိမ်ကို သွားလည်ပြီးတဲ့နောက် အိုင်ဒီယာပေါ်လာတဲ့ကားတွေပဲ။ သူ့ဘဝသူ အခြေတည်ပြီး ရိုက်ထားတဲ့ကားတွေပဲ။ ၂ကားလုံး မင်းသားလည်းတူတယ်။ ...
movie

After the Storm (2016)

2016
Inumo Kuwanedo Charlie Wa Warau (2022) 6.0
Inumo Kuwanedo Charlie Wa Warau (2022) Inumo Kuwanedo Charlie Wa Warau (2022) ---------------------------------------------------------------------- စတိုးဆိုင်တစ်ခုမှာ ကာစတန်မာနဲ့ အရောင်းဝန်ထမ်းအနေနဲ့ စတင်တွေ့ဆုံခဲ့ပြီး မေတ္တာမျှလို့လက်ထပ်ဖြစ်ခဲ့တဲ့ ယူးဂျီရိုနဲ့ ဟီရိုရိတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်း ၄ နှစ်အကြာမှာတော့ တစ်ယောက်ကိုတစ်ယောက် ပြစ်ချက်တွေမြင်လာပြီး အရင်လို ကြင်နာမယုယနိုင်တော့ဘဲ ရင်ထဲမှာကျိတ်ပြီးစိတ်ကုန်နေကြတာပေါ့။လုပ်ငန်းခွင်မှာပင်ပန်းတဲ့အပြင် အိမ်မှာလည်းယောက်ျားဖြစ်သူက ကူဖောင်လောက်ဖက်မရလို့ စိတ်ထွက်ပေါက်ပိတ်နေတဲ့ အိမ်ရှင်မဟီရိုရိဟာတစ်နေ့မှာတော့ "ခင်ပွန်းသည်သေမင်းမှတ်တမ်း" ဆိုတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကိုရှာတွေ့သွားပြီး အဲဒီမှာချာလီဆိုတဲ့ နာမည်ဝှက်နဲ့ သူ့ယောက်ျားအပေါ် မကျေနပ်ချက်တွေကိုရဲ့ စာအဖြစ်ပယ်ပယ်နှယ်နှယ်ရေးချပြီး ပေါက်ကွဲ ဘဝတူအိမ်ထောင်ရှင်မတွေကလည်းသူ့ကိုထောက်ခံကြနဲ့ အဲဒီဝက်ဘ်ဆိုဒ်စိတ်ထွက်ပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ယောက်ျားအလုပ်ထဲကအိမ်ရှင်မတစ်ယောက်က သူရေးထားတဲ့စာတွေကို သူ့ယောက်ျားဖြစ်သူ ယူးဂျီရိုကိုသွားပြမိတဲ့အခါမှာတော့ အက်ကွဲကြောင်းပေါ်နေတဲ့ ဒီအိမ်ထောင်ရေးပြဿနာကို သူတို့လင်မယားနှစ်ယောက် ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ File size…1.8GB / 665MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 58mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie

Inumo Kuwanedo Charlie Wa Warau (2022)

2022
Flying Colors (2015) 7.3
Flying Colors (2015) ကဲ .. ဒီတစ်ပတ်တော့ ကျောင်းသူကျောင်းသားများ ဒါမှမဟုတ် စာမေးပွဲတစ်ခုခုဖြေစရာရှိသူများအတွက် ရုပ်ရှင်ကြည့်လိုက်ရုံနဲ့ ကြိုးစားချင်စိတ် motivation တွေ တဖွားဖွားပေါ်လာစေမယ့် ဂျပန်ရုပ်ရှင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်။ နာမည်ကတော့ Flying Colors (ဂုဏ်ထူး) ပါတဲ့ ။ ဂျပန်ပြည်တွင်းမှာတော့ Biri Gyaru (ဘိတ်ချီးကောင်မလေး) လို့အမည်ရတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၅ခုနှစ်မှာ ဒါရိုက်တာ Doi Nobuhiro ကနေ ကျူရှင်ဆရာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ ဘဝဟာသဇာတ်ကားတစ်ကား ဖြစ်ပြီး၊ ဂျပန် Box office မှာ နံပါတ်တစ်ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Gyaru ဆိုတာကတော့ ဂျပန်ဖက်ရှင် ၊ music ပိုင်းနဲ့ ရင်းနှီးသူတွေအတွက် ခဏခဏကြားဖူးနေပါလိမ့်မယ်။ Gal(Girl) ဆိုတာက ဂျပန်အသံထွက်နဲ့ slang ပုံစံသုံးကြရာက တွင်ကျယ်လာတဲ့ ဒီစကားလုံးဟာ သုံးနှုန်းပုံဖွင့်ဆိုချက်တွေ၊ အမျိုးအစားတွေအများကြီးရှိပေမယ့် ဒီမှာနားလည်ရလွယ်အောင်လို့ အလှအပအရမ်းဦးစားပေးပြီး၊ ...
movie

Flying Colors (2015)

When I Get Home, My Wife Always Pretends to be Dead 6.4
When I Get Home, My Wife Always Pretends to be Dead My Wif Always Pretend To Be Dead 2018 ကျွန်တော်အိမ်ပြန်တဲ့အချိန်တိုင်း မိန်းမကအမြဲသေချင်ယောင်ဆောင်တယ် ....   ဇာတ်ကားရဲ့ခေါင်းစဥ်လေးအတိုင်းပါပဲ ဂျွန်ဆိုတဲ့သူကပထမအိမ်ထောင်နဲ့ကွဲပြီး ချီဆိုတဲ့မိန်းကလေးနဲ့လက်ထပ်လိုက်ပါတယ်   သူတို့၂ယောက်က အိမ်ထောင်ကျပြီး၃နှစ်ပြည့်တဲ့နေ့ကျရင်တစ်ယောက်နဲ့တစ်ယောက်ကြားက သံယောဇဥ်နားလည်မှုအပေါ် မူတည်ပြီး   ဆက်လက်တွဲဖို့ မတွဲဖို့ဆုံးဖြတ်မယ်ဆိုပြီး ကတိပြုထားကြတယ်   ၃နှစ်ပြည့်တဲ့အချိန်ကစပြီး ချီက ဂျွန်အိမ်ပြန်လာတိုင်း တစ်နည်းနည်းနဲ့သေချင်ယောင်ဆောင်ပါတော့တယ်   ဓါးဒဏ်ရာနဲ့သေပြလိုက်..မျှားတန်းလန်းနဲ့သေပြလိုက်..   ဂြိုလ်သားတွေသတ်လို့သေဟန်ဆောင်ပြလိုက် အမျိုးမျိုး သေဟန်ဆောင်ပြပါတယ်   ချီကဘာလို့အဲ့လိုလုပ်လည်းဆိုတာ ဇာတ်လမ်းအဆုံးကျမှသိရမှာပါ   အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာ ဘယ်လောက်ခက်ခဲလည်း ပျော်ရွှင်ဖို့ကောင်းတဲ့ အိမ်ထောင်လေးဘယ်လိုတည်ဆောက်ရမလဲဆိုတာ   ဒီကားလေးကြည့်ပြီးရင် ပေါ့ပေါ့ပါးပါးနဲ့ စိတ်ချမ်းချမ်သာသာ ဖြစ်မှာသေချာပါတယ်   ကျွန်တော်အိမ်ပြန်တဲ့အချိန်တိုင်း မိန်းမကအမြဲသေချင်ယောင်ဆောင်တယ် ....   ဇာတ်ကားရဲ့ခေါင်းစဥ်လေးအတိုင်းပါပဲ ဂျွန်ဆိုတဲ့သူကပထမအိမ်ထောင်နဲ့ကွဲပြီး ချီဆိုတဲ့မိန်းကလေးနဲ့လက်ထပ်လိုက်ပါတယ်   သူတို့၂ယောက်က အိမ်ထောင်ကျပြီး၃နှစ်ပြည့်တဲ့နေ့ကျရင်တစ်ယောက်နဲ့တစ်ယောက်ကြားက သံယောဇဥ်နားလည်မှုအပေါ် မူတည်ပြီး   ဆက်လက်တွဲဖို့ မတွဲဖို့ဆုံးဖြတ်မယ်ဆိုပြီး ကတိပြုထားကြတယ်   ၃နှစ်ပြည့်တဲ့အချိန်ကစပြီး ချီက ဂျွန်အိမ်ပြန်လာတိုင်း တစ်နည်းနည်းနဲ့သေချင်ယောင်ဆောင်ပါတော့တယ်   ဓါးဒဏ်ရာနဲ့သေပြလိုက်..မျှားတန်းလန်းနဲ့သေပြလိုက်..   ဂြိုလ်သားတွေသတ်လို့သေဟန်ဆောင်ပြလိုက် အမျိုးမျိုး သေဟန်ဆောင်ပြပါတယ်   ချီကဘာလို့အဲ့လိုလုပ်လည်းဆိုတာ ဇာတ်လမ်းအဆုံးကျမှသိရမှာပါ   အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာ ဘယ်လောက်ခက်ခဲလည်း ပျော်ရွှင်ဖို့ကောင်းတဲ့ အိမ်ထောင်လေးဘယ်လိုတည်ဆောက်ရမလဲဆိုတာ   ဒီကားလေးကြည့်ပြီးရင် ပေါ့ပေါ့ပါးပါးနဲ့ စိတ်ချမ်းချမ်သာသာ ဖြစ်မှာသေချာပါတယ် Translator - Dolly Encoder - Thit San Khant Quality - 1080p and 720p File ...
movie

When I Get Home, My Wife Always Pretends to be Dead

2018