Channel Myanmar

Rikako Aikawa

Drifting Home (2022) 6.5
Drifting Home (2022) Drifting Home (2022)(1080p ရပါပြီ)အမှတ်တရဆိုတာကို ဘယ်လိုခံယူကြလဲ? ကျွန်တော့်အတွက်တော့ အမှတ်တရ‌ဆိုတာ လူသားတွေကိုဖြစ်တည်စေတဲ့ အရာပါပဲ။ အမှတ်တရတွေကြောင့် ပျော်ရွင်ရတယ်။ ဝမ်းနည်းနေရင်တောင် မျက်ရည်တွေနဲ့ ပြုံးမိစေတယ်။ အမှတ်တရတွေကြောင့်ပဲ ကိုယ်မကြိုက်တဲ့ပစ္စည်းကိုတောင် ဖက်တွယ်မိကြတယ်။ အမှတ်တရတွေကို မစွန့်လွှတ်နိုင်ကြတဲ့အခါ ရူးမတတ်နာကျင်ရတယ်။ အထူးသဖြင့် အ‌သည်းကွဲရင်ပေါ့ဗျာ။ အသည်းကွဲတာနဲ့ မဆိုင်ပေမယ့် ဒီမျောနေတဲ့တိုက်ခန်းလျားလေးက သံယောဇဉ်တွေ ကိုယ်ဖက်တွယ်ချင်ခဲ့တဲ့မှတ်ဉာဏ်တွေ အမှတ်တရတွေအကြောင်းကို ကောင်းကောင်းကြီးခံစားတတ်စေမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ...တိုက်ခန်းလျားအဟောင်းကြီးတစ်ခုရှိတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဆောက်ထားတာမို သရဲခြောက်တယ်ဆိုပြီး လူတိုင်းကပြောကြတယ်။ ဘယ်လောက်ပဲဟောင်းနေပါစေ နာ့ဇူမဲနဲ့ ခိုဆုခဲဆိုတဲ့ ကလေးနှစ်ယောက်အတွက်တော့ အဖိုးတန်အိမ်လေးပါပဲ။မူလတန်းရဲ့ နောက်ဆုံးသော ‌နွေရာသီ ...တိုက်ခန်းလျားကို ဖြိုချပစ်တော့မှာမလို နာ့ဇူမဲတိုသားအမိနဲ့ ခိုဆုခဲတိုမိသားစု အိမ်ပြောင်းရတယ်။ သေးသေးလေးကတည်းက မခွဲအတူနေနှစ်ယောက်က ရုတ်တရက်ကြီး ဘာလိုမှန်းမသိ စိမ်းကားသွားတယ်။ သူငယ်ချင်းဖြစ်သူ စပ်စုစိန်တိုင်အိချိကြောင့် အိမ်ဟောင်းဖြစ်တဲ့ တိုက်ခန်းလျားကြီးဆီ ခိုဆုခဲရောက်လာရတယ်။ တိုင်အိချိက ပေါက်ပေါက်ရှာရှာ သရဲဖမ်းမလိုတဲ့လေ။သရဲရှာမတွေ့ပါဘဲ ဗီဒိုခန်းလေးထဲမှာ ...
movie

Drifting Home (2022)

2022
Paprika (2006) 7.7
Paprika (2006) Tomatometer- 84% Imdb - 7.7 ကျွန်တော်တို့ရဲ့အနက်ရှိုင်းဆုံးလျှိုဝှက်ချက်တွေဖြစ်တဲ့အိပ်မက်ထဲကို တစ်ယောက်ယောက်ကလာခိုးကြည့်လို့ရခဲ့မယ်ဆိုရင်ဘာတွေဖြစ်နိုင်မယ်ထင်ပါသလဲ အဲ့မေးခွန်းကိုဒီကားကအကုန်ဖြေထားပေးပါတယ် ဒီကားကိုရိုက်ကူးတဲ့ဒါရိုက်တာကPerfect Blueနဲ့Tokyo Godfathersတို့ရဲ့ဒါရိုက်တာပဲဖြစ်ပါတယ် သူရဲ့ကားအများစုဟာpsychological thrillerပိုင်းသွားတာမို့လို့ကာတွန်းကားဆိုပြီးအထင်တော့မသေးလိုက်ပါနဲ့ ဇာတ်လမ်းအကျဉ်းကတော့ ရောက်ရှိလာတော့မယ့် အနာဂတ်မှာ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးနည်းပညာလို့ပြောလို့ရတဲ့ လူသားအားလုံးရဲ့အိပ်မက်တွေကို ချိတ်ဆက်ပေးနိုင်မယ့် စိတ်ရောဂါကုသမှု စက်ပစ္စည်းတစ်ခုကို သုသေသနပညာရှင်တွေတီထွင်နိုင်ခဲ့ပါတယ် ဒါပေမယ့် ဒီပစ္စည်းဟာ တစ်နေ့မှာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားတဲ့အချိန်မှာတော့ သုသေသနပညာရှင်တစ်ဖွဲ့လုံး ဒီပစ္စည်းကို ဘယ်လိုပြန်ရှာကြမလဲ ဘယ်သူကခိုးသွားတာလဲ အဲ့ပစ္စည်းနဲ့မဟုတ်တာတွေဘယ်လိုလုပ်မလဲ ပါပရီကာ ဆိုတဲ့ ဆံပင်နီနီ သွက်သွက်လက်လက်နဲ့ လူတွေကိုကူညီပေးနေတဲ့ကောင်မလေးကကောဘယ်သူလဲဘယ်ကလဲ... စတဲ့ လက်တွေ့နဲ့ အိပ်မက်ကြား ရုန်းကန်ကြရတဲ့ပုံကို သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုမြင်ကွင်းတွေနဲ့ ခံစားရမယ့် Rating ကောင်းကောင်း ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ် ဘာသာပြန်ပေးတာတော့Zin Thantဖြစ်ပြီးကျွန်တော်sithuကencodeပေးထားပါတယ်
movie

Paprika (2006)

2006