Channel Myanmar

Riki Lindhome

Under the Silver Lake (2018) 6.8
Under the Silver Lake (2018) Under the Silver Lake (2018)IMDb Rating (6.5)ငွေရောင်ကန်ရဲ့ အောက်မှာတဲ့ ဇာတ်ကားနာမည်က လန့်စရာကြီး သတ်တော့မယ်..ဖြတ်တော့မယ်။Crime, Drama ဆိုတော့ ခြောက်ခြားစရာဘာညာထင်ချင်စရာ...ဒါပေမယ့် မဟုတ်ပါဘူး။ဒီ ၂၀၁၈ ထွက် Ultimate Spider-man မင်းသား Andrew Garfield ပါဝင်သရုပ်ဆောင်ထားတဲ့ Under the Silver Lake ဇာတ်ကားလေးကA24 က ထုတ်တဲ့ရုပ်ရှင်ဆိုတော့ သိသာထားလိုက်တော့။ပုံမှန် Crime, Drama တွေနဲ့ပုံစံမတူဘဲ လူတော်တော်များများက Psycho(ဆိုက်ကို) ကားလို့ခေါ်ကြတဲ့ကားမျိုးဖြစ်နိုင်ပါတယ်။နည်းနည်းလည်းကြောင်တောင်တောင်နိုင်သလိုပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းထဲကလို လူတိုင်းမြင်နေကြားနေတဲ့ သတင်းတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာ လူတချို့ပဲသိနိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက်သတင်းစကားတွေကို ထည့်သွင်းထားသလိုမျိုး ဒီဇာတ်ကားထဲမှာ တချို့လူတွေပဲ ခံစားနားလည်နိုင်မယ့်ခံစားမှုမျိုးတွေ သတင်းစကားတွေ အများကြီးပါနေတာတော့ အသေအချာပါပဲ။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လူတိုင်းမြင်နေကြပေမယ့် လူတိုင်းမသိကြတဲ့လျှို့ဝှက်ချက်တွေကိုတော့ ကိုယ်တိုင်ရှာကြည့်ကြပါတော့။လူသိပ်မသတ်ပေမယ့် ကြမ်းခန်းရမ်းခန်းနည်းနည်းပါတဲ့ R-rated ဇာတ်ကားဖြစ်တဲ့အတွက် ...
movie

Under the Silver Lake (2018)

2018
Powder Blue (2009)
Powder Blue (2009)  ဒီတစ်ခါမှာတော့ IMDb 6.2ထိရရှိထားတဲ့ Thriller/Drama ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ Los Angeles က လူလေးယောက် အကြောင်းကို ရိုက်ကူးထားတာပါခရစ္စမတ်မှာ ဒေါ်လာငါးသောင်းထည့်ထားတဲ့အိတ်တစ်လုံးနဲ့ သူ့ကိုသတ်ပေးမယ့်သူ လိုက်ရှာနေတဲ့ ဖာသာဖြစ်ခဲ့ဖူးသူ ချာလီ...... ကိုမာဖြစ်နေတဲ့ သားလေးရဲ့ ဆေးရုံစရိတ်အတွက် အဖော်အချွတ်မယ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့ ဂျွန်နီ...... အဖေဆုံးသွားပြီး အကြွေးပိနေ‌တဲ့ သုဘရာဇာ ကွာရတီ....... ၂၅နှစ်ထောင်ကျပြီးနောက် ထောင်က လွတ်လာတဲ့ ဂျက်.......သူတို့လေးယောက်ရဲ့ ဘဝတွေက ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ကြည့်ရှုသွားရမှာဖြစ်ပါတယ် File size…(1.7 GB)/(810 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban 
movie

Powder Blue (2009)

Candy Cane Lane (2023)
Candy Cane Lane (2023)  Coming to America, The Nutty Professor, Shrek, Daddy Care အစရှိတဲ့ ရုပ်ရှင်ပေါင်းများစွာနဲ့ လူသိများတဲ့ အမေရိကန်ဟာသ သရုပ်ဆောင် Eddie Murphyရဲ့ အသစ်ဆတ်ဆတ် Christmas ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ Gravity Falls, Goosebumps, Good Burger 2 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေထဲက comedian Jillian Bellကနေ အကောင်းဆုံး ဗီလန်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ အေးချမ်းလှတဲ့ ဒီဇင်ဘာ ခရစ္စမတ် ပိတ်ရက်လေးမှာ မိသားစုနဲ့ အတူကြည့်ရှု့သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ -ခရစ္စတိုဖာလို့ခေါ်တဲ့ ခရစ်က ခရစ္စမတ်ကို အလွန်နှစ်သက်ပြီး သစ်သားတွေနဲ့ ကိုယ်တိုင် လက်နဲ့ထုလုပ်ပုံဖော်ရတာကို ကြိုက်နှစ်သက်သူ ဝါသနာရှင်တစ်ဦးပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့အခြေနေကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ပြုတ်လို့ ဘူနေတဲ့အချိန်မှာ ခရစ်ရဲ့မြို့မှာ ကန်ဒီကိန်းလိမ်းလို့ ခေါ်တဲ့ အိမ်အလှပြိုင်ပွဲကို ...
movie

Candy Cane Lane (2023)

The SpongeBob Movie: Sponge Out of Water (2015) 6.0
The SpongeBob Movie: Sponge Out of Water (2015)  SpongeBob Squarepants ကိုတော့အားလုံးသိကြပြီးသားဖြစ်မှာပါ 2015 ခုနှစ်ကထွက်ရှိထားတဲ့ action & adventure movie ဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ် ဒီတစ်ခေါက်မှာတော့ Mr. Krabs ရဲ့လျှို့ဝှက်ဟင်းချက်နည်းက ရုတ်တရက်ပျောက်သွားရာကနေအစပြုပြီး Krabby Patties တွေလည်းထပ်မရှိတော့တာကြောင့် Bikini Bottom ကြီးတစ်ခုလုံးပရမ်းပတာတွေဖြစ်ပြီး ကပ်ဘေးကြီးဆိုက်သွားပါတော့တယ် SpongeBob တို့သူငယ်ချင်းတစ်စုသားလျှို့ဝှက်ဖော်မြူလာကိုရှာရင်းကုန်းပေါ်အထိပါတက်သွားရတဲ့အထိပါပဲ သူတို့ကုန်းပေါ်မှာ လျှိူ့ဝှက်ဖော်မြူလာကိုပြန်ရှာဖို့စွန့်စားခန်းတွေဖွင့်ရင်း Bikini Bottom ကိုကယ်တင်ဖို့ကြိုးစားကြတာတွေကိုပျော်ပျော်ကြီးကြည့်ရှုရမှာပါ File size…(2.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Family, Adventure, Comedy, Fantasy, Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The SpongeBob Movie: Sponge Out of Water (2015)

The Last House on the Left (2009) 6.5
The Last House on the Left (2009) The Last House on the Left (2009)========================= ဒီကားကတော့ 1972ခုနှစ်က ရိုက်ကူးခဲ့ဖူးတဲ့ နာမည်တူဇာတ်ကားကိုပဲ 2009 ခုနှစ်မှာ တဖန်ပြန် remake ပြီးရိုက်ကူးထားတဲ့ horror/thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ဒီကားထဲမှာ လူသတ်သမား ခရုဂ် ဟာ သူနေရမယ့်ထောင်ဆီသွားနေတဲ့လမ်းမှာ သူ့ညီ ဖရန့်စစ်နဲ့သူ့မိန်းမ ဆေဒီတို့က ဖြတ်ကယ်ပြီး ရဲတွေကိုသတ်ပစ်ခဲ့ကြပါတယ်။တစ်နေ့တော့ မေရီ နဲ့ သူ့သူငယ်ချင်းတို့ဟာ ခရုဂ် တို့မရှိချိန်သူတို့နေတဲ့ မိုတယ်ခန်းထဲရောက်နေတုန်း ခရုဂ်တို့ပြန်လာတာနဲ့ကြုံလိုက်ရပြီး သူတို့တည်နေရာကို တခြားသူတွေကိုပြန်မပြောပြနိုင်အောင် ပြန်ပေးဆွဲ၊ အကြမ်းဖက်မုဒိမ်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့ပါတယ်။ပြီးတဲ့အချိန်မှာ မုန်တိုင်းတိုက်လာတာကြောင့်တွေ့တဲ့အပန်းဖြေအိမ်တစ်အိမ်ထဲ ၀င်ခိုဖို့လုပ်တဲ့အချိန်မှာသူတို့၀င်ခိုဖို့ကြိုးစားခဲ့တဲ့အိမ်က မေရီရဲ့မိဘအိမ်တွေဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ မေရီရဲ့မိဘတွေဟာသူတို့ရဲ့လုပ်ရပ်တွေကို သိရှိသွားပြီး လက်စားပြန်ချေဖို့ကြိုးစားတဲ့ ‌သတ်မယ်ဖြတ်မယ် ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် thriller ကားကြိုက်သူ‌တွေသွေးသံတရဲရဲမှကြည့်ချင်သူတွေ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။   File size…(3.08GB/(1.13GB) Quality….Blu-Ray 1080p / 720p  Format…mp4 Duration….01:50:00 Genre... Horror , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Thit ...
movie

The Last House on the Left (2009)

King Tweety (2022) 5.6
King Tweety (2022) Bugs Bunnyတို့ Daffy Duckတို့ Road Runnerတို့ Tweetyတို့ရဲ့ Looney Tunesကာတွန်းတွေကို ငယ်ငယ်က အားလုံးကြိုက်ဖူးကြမှာပါ။ လူနဲ့ရောရိုက်တာတွေရော ဂိမ်းတွေရော အများကြီးထွက်ထားတဲ့ နာမည်ကြီး ကာတွန်းစီးရီးပါပဲ။ ဒီနှစ်မှာတော့ ဖန်တွေအတွက် Tweetyရဲ့ အန်နီမေးရှင်း ရုပ်ရှင်အသစ် ထွက်လာပါတယ်။ကနေရီငှက်ကလေးတွေနဲ့ ခွေးတွေ ယှဉ်တွဲနေတဲ့ ကနေရီကျွန်းက ဘုရင်မ ကနေရီငှက်ကလေး ပျောက်ချင်းမလှပျောက်သွားပြီးနောက် Tweetyဟာ ကနေရီကျွန်းရဲ့ ပျောက်ဆုံးနေတဲ့ တော်၀င်မျိုးဆက်လို့ ပြောလို့ရတဲ့ အချက်တွေရှိနေတာကြောင့် ကနေရီကျွန်းရဲ့ ဘုရင်ဖြစ်လာပါတယ် ။ ကျွန်းကို သွားပြီးတဲ့နောက် အရင်ဘုရင်မ ဘာလို့ပျောက်သွားသလဲနဲ့ ဘုရင်ဖြစ်ဖို့ Tweetyတစ်ယောက် ဘာအန္တရာယ်တွေနဲ့ ကြုံရမလဲ အသည်းတအေးအေးနဲ့ ကြည့်ရမှာပါ။90 ခုနှစ်တွေကို ပြန်လွမ်းမောဖို့ကောင်းတဲ့ 90ခုနှစ်က နာမည်ကြီးကာတွန်းဇာတ်ကောင်ရဲ့ ကားအသစ်မို့ ကလေးလေးတွေရော ကလေးကြီးတွေရော ကြည့်လို့ အဆင်ပြေကြမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File Size__(1.5GB) ...
movie

King Tweety (2022)

Changeling (2008) 7.7
Changeling (2008) Changeling (2008) ~ IMDb - 7.7/10, RT - 62%, Meta - 63% ~အခုတစ်ခါမှာတော့ Eternals ဇာတ်ကားနဲ့ ပရိသတ်ရင်ကို ပြန်လည်ဖမ်းစားနိုင်ခဲ့တဲ့ ဂျိုလီရဲ့ Crime/ Drama ဇာတ်ကားလေး Changeling ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားဟာ ဒါရိုက်တာ​ Clint Eastwood ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်အခြေပြု ဇာတ်ကားတစ်​ကားဖြစ်ပြီး ဂျိုလီရဲ့သရုပ်ဆောင်ချက်တွေ ထိမိလွန်းလို့ Oscar ဆန်ခါတင်စာရင်းလည်း ဝင်ခဲ့ပါသေးတယ်။​အကျင့်ပျက်ခြစားမှုတွေနဲ့ လည်ပတ်နေတဲ့ ရဲဌာန...မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ လော့အိန်ဂျလိစ်အစိုးရလက်အောက်မှာ...ဒုစရိုက်မှု​တွေပြည့် အလောင်းတွေထပ်နေခဲ့တဲ့အချိန်...Single Mother တစ်​ယောက်နဲ့ သူ့ရဲ့ ကိုးနှစ်သားငယ်လေးဟာ အမေတစ်ခု သားတစ်ခုဘဝမှာ အေးချမ်းစွာ နေနေခဲ့ပါတယ်...ဒါပေမဲ့ တစ်နေ့ အလုပ်ကပြန်လာတဲ့ မိခင်ဖြစ်သူဟာ သူ့သားလေးကို မတွေ့ရတော့တဲ့အခါ.....သူ့သားငယ်လေး ဝေါလ်တာက ဘယ်ရောက်သွားခဲ့တာလဲ၊ ဘယ်သူခေါ်သွားခဲ့တာလဲ၊ အမေဖြစ်သူနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပါ့မလား ?? အစိုးရနဲ့ ရဲဌာနကရော ...
movie

Changeling (2008)

2008
Knives Out (2019) 8.0
Knives Out (2019) IMDb Rating (8.0) / Rotten Tomatoes (97%)ဒီဇာတ်ကားက Rating တွေ ကြမ်းသလို နာမည်ကြီးသရုပ်ဆောင်တွေ တော်တော်များများပါဝင်ထားတယ်။ဂျိမ်းစ်ဘွန်းမင်းသားကြီး Daniel Craig, ကပ္ပတိန်အမေရိက Chris Evans, No Time to Die နဲ့ Knock Knock ဇာတ်ကားတို့မှာ ပရိတ်သတ်အာရုံကို အပြည့်အဝဖမ်းစားခဲ့တဲ့ မင်းသမီး Ana de Armas, 13 Reason Why ရဲ့ Katherine Langford တို့အပြင် တခြားနာမည်ကြီးတွေလဲပါသေးတယ်။မင်းသမီး Ana de Armas ရဲ့ ရှယ်သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး Daniel Craig က သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ကြိုက်လို့ No Time to Die ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ ဒီမင်းသမီးကို ထည့်ရိုက်ခိုင်းခဲ့တယ် ဆိုကြတယ်....ပါဝင်သရုပ်ဆောင်ရတဲ့အချိန် အတိုလေးဆိုပေမယ့် သူ့ရဲ့ဖမ်းစားမှုကို ...
movie

Knives Out (2019)

4K HEVC
Fun Size (2012) 5.4
Fun Size (2012) ရမ်ဆိုတဲ့မိန်းကလေးဟာ အသက်အများကြီးငယ်တဲ့ကောင်လေးနဲ့တွဲနေတဲ့သူ့အမေရယ်၊အစအနောက်အရမ်းသန်ပြီး သူ့ကိုခနခနဒုက္ခပေးနေတဲ့သူ့ရဲ့မျောက်လောင်းမောင်လေးအဲလ်ဘတ်နှင့်အတူနေထိုင်နေရတဲ့သူပါ...သူ့မိသားစုကိုစိတ်ကုန်နေတာကြောင့် အထက်တန်းပြီးတာနဲ့သူတို့နဲ့ဝေးရာ နယူးယောခ့်တက္ကသိုလ်ကိုသွားရောက်တက်ရောက်ဖို့ စိတ်ကူးထားပါတယ်...သူ့ကို သူတို့ကျောင်းရှိ အေရွန်ရိုင်လီဆိုသည့် ပေါ်ပြူလာအဖြစ်ဆုံးကောင်လေးကဟောလိုးဝင်းနေ့မှာကျင်းပမယ့် သူ့ရဲ့ပါတီပွဲကိုလာဖို့ဖိတ်ကြားထားပါသေးတယ်...သူလဲ ဟောလိုးဝင်းပါတီပွဲမှာ ဒိုရိုသီအနေနဲ့ဝတ်ပြီးတက်ရောက်ဖို့အတွက်ပြင်ဆင်ထားပါတယ်...ဒါပေမယ့်လဲ ပွဲနေ့မှာ သူ့အမေက ရမ့်ကို အဲလ်ဘတ်ကိုထိန်းထားခိုင်းပြီးသူ့ရည်းစားနဲ့အတူအပြင်ထွက်သွားပါတော့တယ်...ရမ်လဲစိတ်ပျက်ပျက်နဲ့သူ့မောင်လေးကိုခေါ်ပြီး အပြင်ဘက်ထွက်လာရမှာတော့ကံဆိုးစွာနဲ့ အဲလ်ဘတ်ကိုပျောက်သွားတာကြောင့် ရမ့်အနေနဲ့ သူ့အမေပြန်မလာခင်မှာအဲလ်ဘတ်ကိုတွေ့အောင် ရှာရတော့မှာပါ...ကဲ ဒါဆို သူနဲ့သူ့သူငယ်ချင်းတွေ အဲလ်ဘတ်ကိုရှာပုံတော်ဖွင့်ပုံနဲ့အဲလ်ဘတ်ဘယ်လိုပျောက်သွားတယ်ဆိုတာကိုတော့ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး File Size : (742 MB) and (299 MB) Quality : BluRay 720p Running Time : 1hr 26 min Format : Mp4 Genre :  Adventure ,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by MiKi Encoded by Moe Myint Lwin
movie

Fun Size (2012)

2012
The Lego Batman Movie (2017) 7.3
The Lego Batman Movie (2017) The LEGO Batman (2017) IMDb - 7.3/10_____Rotten - 90%    2017 အစောပိုင်းရဲ့ အသေခွီရတဲ့ Animation ဇာတ်ကားကို ပြပါဆိုရင်တော့ ဒီကားလေးကိုပဲပြရပါမယ်. ဇာတ်ကားအစ ကုမ္ပဏီ တံဆိပ် intro ထဲက ဆြာဘတ်ရဲ့ ဖောက်ချက် ဖောက်ချက်တွေဆိုတာ ဇာတ်ကား စလည်ဆုံးကို မပျင်းရိရအောင် အခွီတွေ တစ်ပြုံကြီးနဲ့ အဖောက်တွေ တစ်ပြုံကြီးနဲ့ ကြည့်ရသူ ပြုံးပျော်စေရအောင် ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်... DC ရဲ့ နာမည်ကျော် ဆြာဘတ်နဲ့ အချစ်တော်ဗီလိန်ကြီးတွေကို WB Entertainment Lego ကုမ္ပဏီ တို့ ပေါင်းပြီး Lego အရုပ်ကလေးတွေ ပုံစံနဲ့ ဇာတ်ကောင်တွေကို တင်ဆက်ထားပြီး ဇာတ်ကားရုံမတင်ခင်ကတည်းက ဇာတ်ကောင် MiniFiguresလေးတွေထွက်ရှိထားလို့ Lego Minifigures collectorsတွေကြားရေပန်းစား ခဲ့ပြီး ဖြစိပါတယ်    ဇာတ်လမ်းအကျဉ်းကတော့ Batman ရဲ့ စိမ်းကားလှတဲ့စကားတစ်ခွန်းကြောင့် Batman ရဲ့ respect ကို ရယူချင်တဲ့ Joker ဟာအကြံအစည်သစ်တစ်ခုနဲ့ ဗီလိန်တစ်ကာ့ထိပ်ခေါင်ကြီးတွေ ကိုအကျဉ်းချထားတဲ့ အာကာသ phantom Zone ကို ဖွင့်ချဖို့ကြံစည်ပါတော့တယ် ဒါကို ဆြာဘတ်ဟာ အိမ်တော်ထိန်းကြီး အဲဖရက် ရဲ့မင်းကြီးဂေါ်ဒွန်ရဲ့ သမီး ...
movie

The Lego Batman Movie (2017)

2017
Million Dollar Baby (2004) 8.1
Million Dollar Baby (2004) Million Dollar Baby (2004) IMDb - 8.1/10______Rotten - 91% Won 4 Oscars. Another 64 wins & 84 nominations.  ဒီနေ့အတွက် 2004 ခုနှစ်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားကိုတင်ပေးချင်ပါတယ်။ IMDb rating 8.1/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Million Dollar Baby ဆိုတဲ့ရုပ်ရှင်ဟာ ရိုးစင်းပေမယ့် နက်ရှိုင်းတဲ့အမှန်တရားအပြည့်နဲ့ ဇာတ်လမ်းတစ်ခုပါ။ ဒီဇာတ်လမ်းမှာ အသက်ကြီးနေပြီးဖြစ်တဲ့ စကားကိုကန့်လန့်ပြောတတ်တဲ့ လက်ဝှေ့ထရိန်နာတစ်ယောက် ရယ်၊ သူ့ရဲ့သူငယ်ချင်း တစ်ချိန်က အောင်မြင်ခဲ့တဲ့လက်ဝှေ့သမားဟောင်းကြီးပေမယ့် မျက်လုံးတစ်ဖက် ကွယ်ပြီး အားကစားရုံမှာ အောက်ခြေသိမ်းလုပ်နေရတဲ့ သူရယ်၊ လက်ဝှေ့သမားတစ်ယောက်ဖြစ်ချင် စိတ်ပြင်းပြပြီး ဇွဲလုံ့လကြီးတဲ့ အမျိုးသမီးတစ်ဦးရယ်ကို အဓိကဇာတ်အိမ်တည်ထားတာပါ။ အနှစ်သာရပြည့်ဝတဲ့ နောက်ခံစကားပြောတွေကလည်း ဒီဇာတ်ကားရဲ့တစ်ခန်းနဲ့တစ်ခန်းအကူး အပြောင်းကို မပျင်းရအောင်ခေါ်ဆောင်ပေးသွားမှာပါ။ သာမန်လက်ဝှေ့ရုပ်ရှင်တော်တော် များများမှာကတော့ အောင်မြင်နေတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝတစ်ဆစ်ချိုုးမှာကြုံရတဲ့ဒုက္ခရယ်၊ ဒီဒုက္ခကို ဘယ်လိုကျော်ဖြတ်ပြီး ထိပ်ဆုံးကိုပြန်ရောက်သွားသလဲဆိုတာကိုပဲ Happy Ending လေးနဲ့သိမ်းထားပေးပြီး ကြည့်ရတဲ့သူစိတ်ပျော်အောင်ရိုက်ပြတတ်ကြပါတယ်။ ဒီရုပ်ရှင်မှာတော့ အသက် ၃၁ နှစ်မှ သေချာထရိန်နာနဲ့လေ့ကျင့်ခွင့်ရတဲ့၊ လက်ဝှေ့ထိုးတာသုံးနှစ်ရှိတာတောင် သဲအိတ်တစ်အိတ်မဝယ်နိုင်တဲ့ စားပွဲထိုးမလေးက သူ့ရဲ့အိပ်မက်တွေကို ဘယ်လိုဇွဲနပဲနဲ့ အောက်ခြေကနေအဆင့်ဆင့် အကောင်အထည် ဖော်သွားလည်းဆိုတာ တေ့ွရမှာပါ။ ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေနဲ့ဖွဲ့စည်းထားတဲ့အလျောက် သူ့ရဲ့အောင်မြင်မှုတွေနေဝင်ချိန်မှာထားတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်တွေကလည်း တွေးစရာတွေပေးသွားမှာပါ။ သူရွေးချယ်လိုက်တဲ့လမ်းဟာ အရှုံးပေးထွက်ခွာခြင်းလား? အနိုင်ပိုင်းထွက်ခွာခြင်းလား? ဒီနှစ်ခုကြားက ...
movie

Million Dollar Baby (2004)

2004