Channel Myanmar

Riku Hagiwara

A Girl in My Room (2022) 6.6
A Girl in My Room (2022) A Girl In My Room (2022)ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ A girl in my room ဆိုပြီး 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ လူသားကောင်လေးနဲ့ သူ့အခန်းထဲမှာပေါ်လာတဲ့သရဲမလေးတို့ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါမယ်နော်။ Yohei က နှစ်နှစ်လောက်တွဲခဲ့တဲ့ သူ့ကောင်မလေးကိုထားခဲ့ခြင်းကိုခံခဲ့ရပါတယ်။ Yoheiရဲ့ကောင်မလေးထွက်သွားပြီးတဲ့ညမှာပဲ သူ့အခန်းထဲမှာ သရဲမလေးပေါ်လာခဲ့ပါတယ်။ သရဲမလေးက အသက်ရှင်နေခဲ့တဲ့အချိန်တုန်းက အချစ်ကိုတစ်ခါမှမခံစားခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေပါတယ်။ စစချင်းမှာတော့ Yoဟာ သရဲမလေးကိုနှင်ထုတ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့ သူ့ကိုအန္တရာယ်မပေးတဲ့အတွက်နှင်ထုတ်ဖို့ကြိုးစားတာကိုရပ်လိုက်ပြီး တဖြည်းဖြည်းရင်းနှီးလာရာက တစ်ခါမှမချစ်ခဲ့ဖူးတဲ့သရဲမလေးဟာ Yo ကို သံယောဇဉ်တွေတွယ်လာခဲ့ပါ‌တော့တယ်။ တစ်ရက်မှာတော့ Yoရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Kana ဟာ Yo ရဲ့အိမ်မှာ သရဲရှိနေတယ်ဆိုတာကိုသိပြီး အဒေါ်ဖြစ်သူအကြားမြင်ဆရာမဆီကိုသွားပြီးတော့ မေးကြည့်ကြဖို့ Yoကို တိုက်တွန်းခဲ့ပါတယ်။ Yoကတော့ သရဲမလေးဟာ သူ့ရဲ့နာမည်ကိုတောင်မမှတ်မိတဲ့အတွက် သူ့အကြောင်းကိုနည်းနည်းဖြစ်ဖြစ်သိနိုင်မလားဆိုပြီးတော့ Kana ရဲ့ အကြံဉာဏ်ကိုလက်ခံပြီး အကြားမြင်ဆရာမဆီကိုသွားခဲ့ပေတဲ့ အကြားမြင်ဆရာမဟာ Yo အိမ်ကသရဲမလေးကိုဘာလုပ်လိုက်မှာလဲ။ သရဲမလေးက Yo အိမ်ကနေထွက်သွားရပြီး Yoနဲ့ခွဲသွားရမှာလားဆိုတာကိုတော့ အားလုံးက ဇာတ်ကားလေးကိုပဲစောင့်ကြည့်လိုက်ကြပါတော့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။Genre..... Fantasy, Romance Quality…. 1080p | ...
movie

A Girl in My Room (2022)

2022
My Beautiful Man: Eternal (2023) 7.3
My Beautiful Man: Eternal (2023) My Beautiful Man : Eternal (2023)ဒီဇာတ်လမ်းလေးကတော့ 2021မှာ My Beautiful Man ဆိုပြီး Season 1 နဲ့ 2ထွက်ထားတဲ့ ဂျပန်BLဇာတ်လမ်းတွဲ‌လေးရဲ့ နောက်ဆက်တွဲ My Beautiful Man: Eternal ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်ကနေဘွဲ့ရခါနီးလို့ နာမည်ကြီးဓာတ်ပုံဆရာဆီမှာ လက်ထောက်အဖြစ်စတင်လုပ်ကိုင်နေတဲ့ Hira နဲ့ အနုပညာနယ်ပယ်မှာစတင်နာမည်ရလာ‌နေပြီဖြစ်တဲ့ kiyoiတို့ချစ်သူနှစ်‌ယောက်။Hiraက သူ့အပေါ်မှာအရမ်းချစ်တယ်လို့ယုံကြည်ထားတဲ့ Kiyoi တစ်ယောက်ဟာ Hiraရဲ့ မပိုင်ဆိုင်ရရင်တောင် တည်ရှိနေပေးရုံ‌လေးနဲ့ လုံလောက်တယ်ဆိုတဲ့မြတ်နိုးခြင်းတွေ ချစ်ခြင်းမေတ္တာတွေကို နားလည်မပေးနိုင်ဘဲ သူ့ကိုချစ်တဲ့ Hiraဟာပြောင်းလဲသွားခဲ့ပြီလို့ အထင်လွဲခဲ့ပါတော့တယ်။Kiyoiရဲ့အထင်လွဲမှုတွေကို Hira ရဲ့ချစ်ခြင်းတွေနဲ့ ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size… 1.4GB | 607MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

My Beautiful Man: Eternal (2023)

2023
Assassination Classroom(2015) 6.2
Assassination Classroom(2015) Assassination Classroom (2015) -------------------------------------------------------- Anime ဖန်တွေကြားမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ စီးရီးတစ်ခုဖြစ်တဲ့ Assassination Classroom ရဲ့ Season 1 ကို LA အနေနဲ့ ပြန်ရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။Anime ကို LA ပြန်ရိုက်တာမလို့ ထုံးစံအတိုင်း ဂွမ်းတဲ့နေရာတွေအများကြီးဆိုပေမယ့် အဓိကဇာတ်ဆောင်ဖြစ်တဲ့ Koro sensei ကတော့ တစ်ပုံစံတည်းမလို့ ဖြေသာပါသေးတယ်လို့ ဆိုရမှာပါပဲ။ဇာတ်လမ်းအကျဥ်းကတော့ လ,ကိုဖျက်ဆီးပြီးတော့ နောက်နှစ် သုံးလပိုင်းမှာ ကမ္ဘာကိုပါဖျက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ရေဘဝဲလိုသတ္တဝါကြီးကို ဘယ်လိုနည်းနဲ့မှသတ်လို့မရတဲ့အဆုံး လက်လျှော့လိုက်ရတော့မယ့်အချိန်မှာ အကြောင်းအရင်းတော့မပြောပေမယ့် စာအရမ်းညံ့ပြီးအပယ်ခံတွေစုနေတဲ့ အလယ်တန်းတတိယနှစ် E ခန်းရဲ့ အတန်းပိုင်ဖြစ်ခွင့်ပေးရင် အဲဒီကလေးတွေသတ်တာခံပါမယ်လို့ သဘောတူလက်ခံခဲ့ပါတယ်။ဒီလိုနဲ့ ကလေးတွေကိုစာလည်းသင်ပေးရင်း လုပ်ကြံသတ်ဖြတ်ရေးပါသင်ပေးရင်းနဲ့ ဆရာနဲ့ သူ့တပည့်တွေကြားကသံယောဇဥ်ခိုင်မာလာပြီး နောက်ဆုံးမှာ သူ့ကိုလုပ်ကြံနိုင်သွားမလား ဒါမှမဟုတ် မအောင်မြင်ဘဲနဲ့ မူလအစီအစဥ်အတိုင်း ကမ္ဘာကိုပဲဖျက်ဆီးမလားဆိုတာ... File size…2.1GB / 1.2GB Quality…1080p BluRay   /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie

Assassination Classroom(2015)

2015
[18+]Wilderness: Part 1(2017) 7.2
[18+]Wilderness: Part 1(2017) [18+]Wilderness: Part 1(2017)***************************လက်ဝှေ့သမားဖြစ်တဲ့ ယူးဂျီကို သတ်ပစ်ချင်လောက်အောင် လက်စားချေချင်စိတ် ပြင်းပြနေတဲ့ ရှင်းဂျိက ‌ဘယ်လိုအနိုင်ယူရမလဲစဉ်းစားရင်း ပိုက်ဆံလည်း မရှိ အိမ်လည်းမရှိ လေလွင့်နေတဲ့အဆုံးအရှုံးပေါ်လုနီးနီး လက်ဝှေ့သင်တန်းကျောင်းကို ဝင်လိုက်ပါတော့တယ်....ငယ်ငယ်ကတည်းက အမေဖြစ်သူကလည်း ထားသွား အဖေလည်းသတ်သေသွားတာကြောင့်တစ်ကောင်ကြွက်ဖြစ်ခဲ့ရသူရှင်းဂျိဟာ အစ်ကိုကြီးခန်းဂျိနဲ့ ဆရာဖြစ်သူကို မိသားစုလို သံယောဇဉ်ရှိလာခဲ့ပါတယ်ခန်းဂျိကတော့ အထစ်အထစ်ဖြစ်နေပြီး အရမ်းရှက်တတ်တဲ့ ဆံသဆရာပါ စကားမထစ် လူရာဝင်ချင်လွန်းတဲ့သူဟာ အရည်အချင်းလည်း ရှိတာကြောင့် လက်ဝှေ့လောကထဲ ခြေချခဲ့ပါတယ်...အဲ့ဒီနောက်မှာတော့ ....လက်ဝှေ့ကြိုးဝိုင်းထဲ ဘယ်သူတွေအောင်မြင်ကြမလဲဆိုတာကိုတော့..ဇာတ်လမ်းလည်းကောင်းသလို အိပ်ရာခန်းတွေလည်းပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...မင်းသားက ကျွန်တော်တို့ Kamen Rider W တို့ Drowning Love တို့ထဲကမင်းသားမလို့မစိမ်းလောက်ဘူးထင်ပါတယ် ကြည့်ရှုခံစားလိုက်ပါဦးဗျာFile Size :(1.5GB) and (628 MB) Quality : Blu-Ray 720p Format…mp4 Duration…02:37:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  ...
movie

[18+]Wilderness: Part 1(2017)

Ox-Head Village (2022) 5.1
Ox-Head Village (2022) Ox-Head Village (2022)၂၀၂၂ရဲ့နောက်ဆုံးထွက် သည်းထိတ်ရင်ဖို ဂျပန်ရုပ်ရှင်ကို CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Howling Village,Suicide forest villageလို နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာရဲ့ ၃ကားမြောက် Horrorကားပါ။ စစချင်းမှာ ဟိုတယ်ပျက်ထဲကို သွားပြီးliveလွှင့်ပြထားတာကြောင့် "Gonjiam"လိုမျိုး ဇာတ်လမ်းလားလို့တောင် သွားသတိရမိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ -အထက်တန်းကျောင်းသူလေး ၃ယောက်က သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ ဟိုတယ်ပျက်ထဲကို liveလွှင့်ပြရာကနေ စပါတယ်။ သူတို့ထဲက "ရှိအွန်"ဆိုတဲ့ကျောင်းသူလေးကတော့ liveထဲမှာ သူ့ရုပ်ပါမှာစိုးလို့ နွားခေါင်း ခေါင်းစွပ်ကိုဆောင်းထားခဲ့ပါတယ်။ အဲဒါနဲ့ ကျန်တဲ့ကောင်မလေးတွေက ရှိအွန်ကို အခန်းတစ်ခုထဲမှာ အတင်းပိတ်ထားလိုက်ကြပါတယ်။ခဏကြာတော့ တံခါးကိုဖွင့်ပြီးပြန်ရှာကြည့်ပေမဲ့ ရှိအွန်ကတော့ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားခဲ့ပါပြီ။ ဒီအဖြစ်အပျက်ကို ကြည့်မိသွားတဲ့သူတော့ "ခန်အွန်"လို့ခေါ်တဲ့ကောင်မလေးပါ။ သူဟာ videoထဲက နွားခေါင်းဝတ်ထားတဲ့ ရှိအွန်နဲ့ ရုပ်ချင်းခွဲမရအောင် တူနေတာမို့ ဒီထူးဆန်းတဲ့ဖြစ်ရပ်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်။ခန်အွန်လည်း နွေရာသီကျောင်းပိတ်ရက်မှာ သူ့ရဲ့အီစီကလီကောင်လေး "ရန်"နဲ့အတူ liveထဲက ရေပူစမ်းဟိုတယ်ပျက်ကြီးရှိတဲ့မြို့ကို သွားကြပါတယ်။ အဲဒီမှာပဲ သူတို့ကိုလိုက်ပို့ပေးတဲ့taxiသမားက နွားခေါင်းပုံပြင်အကြောင်းကိုပြောပြပါတယ်။ဒီပုံပြင်ကိုနားထောင်မိတဲ့သူတိုင်းဟာ ...
movie

Ox-Head Village (2022)

12 Suicidal Teens (2019)
12 Suicidal Teens (2019) 12 Suicidal Teens (2019) ‌လောကကြီးကိုစိတ်ကုန်ပြီး ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်ချင်နေတဲ့ ဆယ်ကျော်သက်အရွယ် ကလေး ၁၁ ယောက်ဟာ အွန်လိုင်းပေါ်မှာတင်ထားတဲ့ အဆုံးစီရင်သူများစုဝေးမှုကြောင့် စွန့်ပစ်ထားတဲ့ ဆေးရုံဟောင်းတစ်ခုမှာ လာရောက်ဆုံစည်းမိကြပါတယ်။ သူတို့အားလုံးဆုံကြတဲ့အချိန် သူတို့ထက်အရင် အဆုံးစီရင်ထားတဲ့ စီစဥ်သူကိုမြင်လိုက်ရလို့ အားလုံးအံ့ဩားသင့်ပြီး သူတို့ဖာသာရှေ့ဆက်ကြတော့မယ့်အချိန်မှာ နောက်ဆုံးမှတကယ်ဝင်လာတဲ့ စီစဥ်သူ "ဆာတိုရှိ" လူ ၁၂ ယောက်စုဝေးမှုမှာ ၁၃ ယောက်ဖြစ်နေပြီး စာရင်းထဲမှာမပါတဲ့ ကုတင်ပေါ်မှကိုယ်တော်ချောကို သူတို့ဟာ အမှတ်စဥ် သုည လို့အမည်ပေးပြီး သူဘယ်လိုဒီကိုရောက်လာတယ်ဆိုတာကိုရှာဖွေကြပါတယ် ဝင်လာတဲ့ လူ ၁၂ ယောက်မှာ တစ်ယောက်ချင်းစီတွေ့ခဲ့ကြတဲ့ မူမမှန်တဲ့ သဲလွန်စတွေကိုပေါင်းပြီးတော့ ဒီ သုညကိုယ်တော် ဘယ်ကရောက်လာပြီး ဘယ်သူသတ်တာလဲကို ပူးပေါင်းဖော်ထုတ်ပြီးမှ သူတို့သတ်သေမှုကိုဆက်လုပ်ကြမယ်သဘောတူကြရင်း ရှာဖွေရင်းက မထင်မှတ်တာတွေဖြစ်ခဲ့ကြတယ်... လျို့ဝှက်ချက်ကိုယ်စီရှိနေတဲ့ သူတို့ ၁၂ ယောက်ဟာ သုည စုဝေးတဲ့အခန်းထဲရောက်လာပုံကို ဘယ်လိုအဖြေရှာကြမလဲ သူတို့တွေသတ်သေမှုရောဘယ်လိုဖြစ်သွားမလဲ "ဆာတိုရှိ" ရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဂျပန်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File Size : (1.66GB)/(866MB) Quality : Bluray (1080p,720p) Running Time : 1h57min  Format : Mp4 Genre : Mystery,Thriller Subtitle : ...
movie

12 Suicidal Teens (2019)