Channel Myanmar

Rino Romano

Get Him to the Greek (2010) 6.3
Get Him to the Greek (2010)  2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(2.4 GB)/(1.3 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Get Him to the Greek (2010)

The Super Mario Bros. Movie (2023) 7.3
The Super Mario Bros. Movie (2023) The Super Mario Bros Movie (2023)စူပါမာရီယိုဟာ သမိုင်းတလျှောက်ရောင်းအားအကောင်းဆုံး ဂိမ်းပဲဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားနဲ့ ပလက်ဖောင်းများလွန်းလို့ လူသန်းပေါင်းဘယ်လောက်ကစားဖူးလဲတောင် ပြောရခက်ပါတယ်။ အခုတခေါက်ကတော့ ဒီဂိမ်းကို ကာတွန်းအဖြစ်အသက်သွင်းထားတာပါပဲ။ မာရီယိုအဖြစ် ခရစ်ပရက်၊ မင်းသမီးလေးအဖြစ် အာညာတေလာဂျွိုင်း၊ လူဝီးဂျီအဖြစ် ချာလီဒေး နဲ့ လိပ်ကြီးဘောင်ဆာအဖြစ် ဂျက်ဘလက်တို့လို နာမည်ကျော်တွေ သရုပ်ဆောင်ထားပါတယ်။ ထွက်ခဲ့ဖူးတဲ့ မာရီယိုဂိမ်းမျိုးစုံထဲက ကာရိုက်တာတွေ၊ လက်နက်တွေ၊ တီးလုံးတွေ၊ နေရာတွေကို သူ့နေရာနဲ့သူ ပြန်သုံးပေးထားပါတယ်။ ကြည့်ရတာ အပန်းပြေတဲ့ ကာတွန်းကားလေးပါပဲ။ဇာတ်လမ်းအကျဉ်းမာရီယိုနဲ့လူဝီးဂျီတို့ ညီအစ်ကိုဟာ လူတိုင်းက အထင်သေးရတဲ့ ဘရွတ်ကလင်းရဲ့ ရေပိုက်ပြင်သမားညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရေပိုက်တစ်ခုကနေ မှော်တိုင်းပြည်ထဲကို‌ရောက်သွားပါတော့တယ်။လူဆိုးဘုရင်ကြီး ဘောင်ဆာဟာ စူပါကြယ်ကြီးကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ မှော်လောကထဲကို တိုင်းပြည်အားလုံးကို သိမ်းပိုက်ဖို့ ကြံစည်ထားတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူက မှိုတိုင်းပြည်က မင်းသမီးလေးမက်မွန်သီးကို အရမ်းချစ်နေတာမို့ သူနဲ့အတူ ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ မင်းသမီးလေးကို လက်ထပ်ခွင့်တောင်းဖို့လာခဲ့ပါတယ်။ မင်းသမီးက လက်မခံခဲ့ရင်တော့ မှိုတိုင်းပြည်ကိုဖျက်ဆီးပစ်မှာပါပဲ။ ဒါကိုသိတဲ့ မင်းသမီးလေးဟာ မာရီယိုနဲ့ပူးပေါင်းပြီး ဒန်းကီးကောင်တို့ရဲ့တိုင်းပြည်ကိုစစ်ကူသွားတောင်းခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကာတွန်းထဲမှာ ...
movie

The Super Mario Bros. Movie (2023)

2023
4K HEVC
Stuart Little 3: Call of the Wild (2005) 5.6
Stuart Little 3: Call of the Wild (2005) Stuart Little 3: Call of the Wild (2005) ============================ ယခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ကြည့်ရတာပေါ့ပေါ့ပါးပါးရှိပြီး လူတော်တော်များများနဲ့ရင်းနီးပြီးသားဖြစ်တဲ့ ကြွက်ကလေး စတူးဝပ်လစ်တဲလ် ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။၁၉၉၉ ခုနှစ်မှာ Stuart Little -1 ကိုထွက်ရှိခဲ့ရာမှ ပရိတ်သတ်အခိုင်အမာရရှိခဲ့ပြီး နောက် Stuart Little 2 နှင့် 3 ကို အသီးသီးဆက်လက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Stuart Little 3 မှာတော့...ကြွက်ကလေး စတူးဝပ်တို့ မိသားစုဟာ နွေရာသီအား လပ်ရက်မှာ အပန်းဖြေစခန်းတစ်ခုကိုသွားခဲ့ကြပါတယ်။ သဘာဝတရားကြီးကိုချစ် မြတ်နိုးပြီး စွန့်စားခန်းတွေလုပ်ရတာသဘောကျတဲ့ စတူးဝပ် အတွက်တော့ ထိုတော တွင်းစခန်းမှာနေရတာဟာ တကယ့်ကိုကြီးမားတဲ့ ဆုလာဘ်တစ်ခုလိုဖြစ်နေပါတော့တယ်။ မိဘနှစ်ပါးလုံးဆီက ကလေးတစ်ယောက်လိုပဲ အမြဲဆက်ဆံခံရတာကို သဘောမကျတဲ့ စတူးဝပ်တစ်ယောက် ဒီတောတွင်းခရီးစဉ်ကိုအသုံးချပြီး ဘယ်လိုအပြောင်းအလဲတွေကို ဖန်တီးယူမလဲ... သစ်တောထဲမှာ ဘယ်လိုမျိုးအန္တရာယ်များတဲ့စွန့်စားခန်းတွေကို ကြုံတွေ့ ရမလဲဆိုတာကိုတော့ ကိုယ်တိုင်ခံစားကြည့်ကြပါဦး…(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ Thar Htet ဖြစ်ပါတယ်)File Size - (1.23 GB) /(644 MB) / (469 MB) Quality ...
movie

Stuart Little 3: Call of the Wild (2005)

2005