Channel Myanmar

Rish Shah

The Sweet East (2023) 6.8
The Sweet East (2023) IMDb 6.8 ရထားတဲ့ နည်းနည်းတော့ခပ်ကြောင်ကြောင်နိုင်မယ့် ဒရာမာရုပ်ရှင်တစ်ကားပါ။ရုပ်ရှင်တစ်ခုလုံးကို အိပ်မက်တစ်ခုဆန်ဆန် Alice in Wonderland လို အငွေ့အသက်နဲ့ ပေါင်းစပ်ပြီး ရိုက်ကူးထားပါတယ်။လီလီယန်က တက္ကသိုလ်ကစီနီယာကျောင်းသူတစ်ယောက်ပါ။ သူမဟာ အမေရိကန်အရှေ့ဖက်ကမ်းခြေပိုင်းက မြို့တွေနဲ့ သစ်တောတွေကို သွားရောက်လည်ပတ်မယ့် တက္ကသိုလ်ကျောင်း ပျော်ပွဲစားခရီးစဉ်နဲ့အတူလိုက်ခဲ့ပါတယ်။ဒါပေမဲ့ အပေါ်မှာ Alice in wonderland ကိုထည့်ပြောခဲ့တဲ့အတိုင်းပဲ လီလီယန်ဟာလည်း လေ့လာရေးအဖွဲ့ဆီကနေ တစ်ယောက်တည်းထွက်သွားခဲ့ပြီး သူမတစ်ဦးတည်း ခြေဦးတည့်ရာကို လျှောက်သွားပါတော့တယ်။ ခြေဦးတည့်ရာသွားတယ်ဆိုတဲ့အတိုင်း သူမက တွေ့ကရာလူနဲ့ ကားကြုံလိုက်စီး၊ တွေ့ကရာနေရာကိုသွား၊ တွေ့ကရာလူအိမ်မှာ၀င်တည်း အဲဒီလိုကိုသွားတာပါ။ဒီရုပ်ရှင်မှာက ပေးချင်တဲ့မက်ဆေ့ခ်ျတော့ များများစားစားပါမယ်မထင်ပါဘူး။ အဓိကက စီနီယာတန်း တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ရောက်တတ်ရာရာ လျှောက်သွား လျှောက်လုပ်တဲ့ စွန့်စားခန်းရှည်ကြီးကို ရိုက်ပြထားတာပါ။Rating ကတော့ အဆိုးကြီးမဟုတ်တာကြောင့် သမားရိုးကျရုပ်ရှင်တွေထက် ကွဲထွက်နေမယ့်ကားမျိုးကိုမှ ကြည့်ချင်တယ်ဆိုရင်တော့ မြည်းစမ်းကြည့်လိုက်ပါဦး။ File size…(2.3 GB)/(1.3 GB) Quality….Webrip 1080p / ...
movie

The Sweet East (2023)

Sitting in Bars with Cake (2023) 6.5
Sitting in Bars with Cake (2023) "အခက်ခဲဆုံးအချိန်တွေမှာ ဘေးနားမှာရှိနေပေးတဲ့သူကမှ စစ်မှန်တဲ့သူငယ်ချင်း" ဆိုတဲ့အတိုင်းပဲ ကိုယ်ကောင်းစားနေတုန်းကတော့အနားမှာရှိနေပေမဲ့ အခက်အခဲကြုံလာတဲ့အခါ တကယ့်သူငယ်ချင်းစစ်စစ်ပဲကျန်ခဲ့ပြီး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကြတဲ့ fake friend တွေနဲ့ကြုံဖူးကြမှာပါ ဒီဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ကြားကစစ်မှန်တဲ့ သံယောဇဉ်ကိုအသားပေးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ် IMDb 6.5 ရရှိထားပြီး ဒီနှစ်အတွင်း ကြည့်ရှုသူဆက်တိုက်မြင့်တက်လာနေတဲ့ ဇာတ်ကားဆိုရင်လည်းမမှားပါဘူး ဇာတ်လမ်းအကျဉ်းကတော့.... Jane နဲ့ Corrinne တို့ဟာငယ်ကတည်းကခင်လာခဲ့တဲ့သူငယ်ချင်းတွေဖြစ်ပြီး အရွယ်ရောက်လာတဲ့အထိအတူတူကြီးပြင်းလာခဲ့ကြတာပါ Corrinne ကတော့အပြင်ထွက်ရတာကြိုက်ပြီးအပေါင်းအသင်းများပေမဲ့ Jane ကတော့အရှက်ကြီးတဲ့စာဂျပိုးတစ်ယောက်ဖြစ်ပါတယ်တစ်နေ့တော့ Corrinne ရဲ့မွေးနေ့အတွက်ဘားတစ်ခုမှာ သွားကဲကြရင်း ဘားမှာကိတ်မုန့်တွေကျွေးတာက Jane ကိုလူတွေစိတ်ဝင်စားလာစေတယ်ဆိုတာကို သတိထားမိသွားပါတော့တယ် ဒီလိုနဲ့သူတို့သူငယ်ချင်းတွေစုပြီး "Cakebarring" ဆိုတဲ့ဘားတွေကိုကိတ်မုန့်ယူသွားပြီး Jane အတွက်ကောင်လေးရှာပေးဖို့ ပရောဂျက်ကြီးကိုစတင်လိုက်ပါတော့တယ် အားလုံးအဆင်ပြေချောမွေ့နေခဲ့ပေမဲ့ ရုတ်တရက် Corrinne တစ်ယောက်ဦးနှောက်အကျိတ်ကြောင့်ဆေးရုံတင်လိုက်ရပြီး ကင်ဆာရောဂါဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့..... ကင်ဆာရောဂါကလူကိုတစ်စတစ်စတိုက်စားနေပေမဲ့ Corrinne ကတော့ဘေးမှာအမြဲရှိနေပေးတဲ့သူငယ်ချင်းကြောင့် လုံးဝ အားမငယ်ခဲ့ရပါဘူး Corinne တစ်ယောက်ကင်ဆာရောဂါကိုတိုက်ထုတ်ရင်း သူတို့ကတိပေးထားတဲ့ "Cakebarring" ပရောဂျက်ကိုပြီးဆုံးအောင်လုပ်နိုင်ပါ့မလား ...
movie

Sitting in Bars with Cake (2023)

Do Revenge (2022) 6.7
Do Revenge (2022) Do Revenge (2022)(1080p ရပါပြီ)ထွက်ရှိထားတာ မကြာသေးပဲ hot ဖြစ်နေတဲ့ American Comedy Genre ဇာတ်ကားလေးဖြစ်ပြီး Riverdale မင်းသမီးချော Camila နဲ့ Stranger Things မင်းသမီး Maya Hawkes တို့အတွဲညီညီ သရုပ်ဆောင်ထားတဲ့ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ...ဒရေယာက အမေတစ်ခု သမီးတစ်ခုဖြစ်ပြီး ဆင်းရဲပေမယ့် ရို့စ်ဟေးလ်ကျောင်းကို ပညာသင်ဆုနဲ့ တက်ရောက်ခွင့်ရရှိထားသူပါ။ သူ့ရည်မှန်းချက်ကတော့ နာမည်ကျော် ရေးလ်တက္ကသိုလ်တက်ရဖို့ဖြစ်ပြီး ကျောင်းမှာလည်း ထိပ်ထိပ်ကြဲ လူချမ်းသာ သားသမီးတွေနဲ့ ဝင်ဆံ့တဲ့အထိ ပါးနပ်ပါတယ်။ကံဆိုးတာက သူ့ချစ်သူ သူဌေးသားမက်စ်ဆီက ဒရေယာရဲ့ sex tape ပျံ့လာခဲ့ပြီး ဒရေယာက စိတ်မြန်လက်မြန်နဲ့ မက်စ်မျက်နှာကို လက်သီးတစ်လုံးကျွေးလိုက်ရာက သူ့အချစ်ဆုံး သူငယ်ချင်းဆိုသူတွေကိုပါ ဆုံးရှုံးလိုက်ရပြီး အပယ်ခံဖြစ်သွားပါတော့တယ်။ကံကောင်းတာက သူ့အတွက် စစ်မှန်တဲ့သူငယ်ချင်းမလေး ပေါ်လာတာပါပဲ။ အဲဒါကတော့ သူ နွေရာသီ တင်းနစ်ကမ့်မှာ ဆုံခဲ့တဲ့ ...
movie

Do Revenge (2022)

2022
India Sweets and Spices (2021) 6
India Sweets and Spices (2021) အရင်ဆုံး ပြောချင်တာက ဒီကားလေးကို လူတိုင်းကြည့်သင့်တယ်လို့ ယူဆမိပါတယ်။ ယောက်ျားပဲဖြစ်စေ၊ မိန်းမပဲဖြစ်စေ ကြည့်ရှုသူအတွက် အယူအဆသစ်၊ အတွေးသစ်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းမျိုးလို့ စာရေးသူတော့ထင်မိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပါပဲနွေရာသီ တက္ကသိုလ် ကျောင်းပိတ်ရက်မှာ အိမ်ကို အလည်ပြန်လာတဲ့ ကောင်မလေးတစ်ယောက် လူငယ်ရေးရာ၊ မိသားစုရေးရာ ပြဿနာကို ကြုံလာရတဲ့အခါ ဒီ ပြဿနာတွေကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းဖို့ ကြိုးစားပုံကို တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲဒီလို ရိုးရှင်းတဲ့ ဇာတ်ကြောင်းလေးကိုမှ အပေါ်ယံ အမြင်လှပြီး အတွင်းမှာ ပျက်စီးနေကြတဲ့ လူကုံထံ အသိုက်အဝိုင်းက ရုပ်၀တ္ထုတွေကို တန်ဖိုးထားပြီး အဓိကနဲ့ သာမညမကွဲပြားမှုတွေ၊ ယောက်ျားကြီးစိုးမှု ဝါဒနဲ့ ကျားမတန်းတူ အခွင့်အရေးဖြစ်သင့်တဲ့ အကြောင်းအရာတွေနဲ့ ကွန့်မြူးထားပါတယ်ဒီဇာတ်လမ်းလေး အဆုံးထိ ကြည့်ပြီးတဲ့ အချိန်မှာ အကောင်းဆုံးလို့ မဆိုနိုင်ရင်တောင် " ကောင်းသားပဲ မဆိုးဘူး " လို့ အသိအမှတ်ပြုမိပါလိမ့်မယ်မိသားစုနဲ့လည်း အတူကြည့်နိုင်ပါတယ်။ ကြည့်နေရင်းမှာလည်း မိသားစုရေးရာ ဆောင်ရန်ရှောင်ရန်တွေကို ဆင်ခြင်မိစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါ File size…(1.6 GB) / (900 ...
movie

India Sweets and Spices (2021)

To All the Boys: Always and Forever (2021) 6.3
To All the Boys: Always and Forever (2021) To all the boys : Always and Forever (2021)လာရာဂျိန်းဟာ ချစ်သူနဲ့ စတန်ဖိုဒ့်တက္ကသိုလ်မှာအတူတူတက်ရင်း အနာဂါတ်အတွက် အိပ်မက်တွေအများကြီးမက်နေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ဦးပါ။ဒါပေမဲ့ လာရာဟာ အားကစားသမားတစ်ဦးဖြစ်တဲ့ ချစ်သူ ပီတာနဲ့ စတန်ဖို့ဒ်တက္ကသိုလ်အတူတက်ဖို့ စိတ်ကူးထားပေမယ့် ဘဝဟာ စီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး။ဒါ့အပြင် လေ့လာရေးခရီးသွားရင်း နယူးယော့ခ်မြို့ကိုချစ်မိသွားတဲ့ လာရာတစ်ယောက် နောက်ဆုံးမှာတော့ နယူးယော့ခ်တက္ကသိုလ်ဟာ သူတက်ချင်တဲ့တက္ကသိုလ်ဖြစ်တာကို နားလည်သွားခဲ့ပါတယ်။ချစ်သူနဲ့အတူတူ အနာဂါတ်ခရီးကိုဖြတ်သန်းချင်ပေမယ့်ဘဝခရီးအတွက် ရွေးချယ်ဖို့ဆုံးဖြတ်ချက်ချရတော့မယ့်အချိန်မှာတော့လာရာတစ်ယောက် သူ့ရည်ရွယ်ချက်ကိုလည်း လက်မလွှတ်ချင်ခဲ့ပါဘူး။ဒီဇာတ်လမ်းလေးထဲမှာတော့ အချစ်နဲ့ အနာဂါတ်ဘဝရည်ရွယ်ချက်တွေကြား ဒွိဟဖြစ်နေတဲ့ဆယ်ကျော်သက်တစ်ယောက်..ချစ်သူနဲ့နီးစပ်ဖို့ကိုပဲရွေးချယ်မလားသူဖြစ်ချင်တဲ့လမ်းကိုပဲ ဆက်လျှောက်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်အပြင်အထက်တန်းကျောင်းသားတွေရဲ့လူငယ်ဘဝနဲ့ အနာဂါတ်အတွက်ရွေးချယ်မှုတွေကို မြင်တွေ့ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်File size… 1.7GB and 750MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 49min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin Lwin Aung Encoder ..... August
movie

To All the Boys: Always and Forever (2021)

2021