Channel Myanmar

Rishikanth

Sevappi (2024) 6.7
Sevappi (2024) Sevappi (2024) ငါ့ကြက်မဥ ငါ့ဥ IMDb _6.7/10ဆွံ့ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ မိသားစုသံယောဇဉ်တွေနဲ့ ကလေးတယောက်ရဲ့မေတ္တာကို ပုံဖော်ထားတဲ့ တမီလ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ "ငါ့ခြံထဲမှာ ဥတဲ့ဥ ငါ့ကြက်မရဲ့ ဥ"ဆိုတဲ့ အရိုးရဲ့သီချင်းလေးလိုပဲ။ ဒီဇာတ်လမ်းလေးထဲမှာတော့ ငါ့ကြက်မရဲ့ဥကို ငါ့သမီးလေးအထင်နဲ့ ပြုစုစောင့်ရှောက်နေတဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်း။ ကိုယ့်ကိုယ်ကိုယ်ထက် တူတူမတွေကို ပိုပိုပြီးချစ်ကြတဲ့ ဦးလေးဖြစ်သူတွေရဲ့ဇာတ်လမ်း။ကလေးတစ်ယောက် ဘယ်လိုမွေး။ အနမ်းတစ်ပွင့်ကနေ မွေးပါသတဲ့။ ဒါက သွားတူလာတူနေနေကြတဲ့ ကလေးနှစ်ယောက် ထိုင်ပြောနေတဲ့စကားတွေ။ ဒီကနေပဲ ဦးလေးဖြစ်သူပေးတဲ့ ကြက်မလေးကို ချစ်လွန်းလို့ နမ်းလိုက်မိရာကစ ဘော်ဒါဘော်ကျွတ်ပြောထားတဲ့ အနမ်းကြောင့် ရင်သွေးလေးရတယ်ဆိုတဲ့စကားကိုသတိရပြီး ကြက်မလေးကနေ သူ့ကလေးမွေးမယ်လို့ထင်ပါလေရော။အဲဒါအပြင် ရွာပြင်မှာရှိတဲ့ ကျောက်တုံးအကြီးကြီးအောက်မှာက ရတနာသိုက်ရှိပါတယ်ဆိုတဲ့ ကောလဟာလလိုလို ဘာလိုလိုကလည်း ရှိပြန်ရော။ ဒီလိုအရှုပ်ထုတ်တွေကြားထဲမှာမှ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ပြုံးရွှင်စွာနဲ့ခံစားကြည့်ရှုကြပါဦးလို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.62GB / 733MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 53mins Subtitle….Myanmar ...
movie

Sevappi (2024)

Neymar(2023) 6.6
Neymar(2023) Neymar 2023ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးပဲ ဖြစ်ပါတယ် လူငယ်ဟာသကားလေးဆိုပေမဲ့ အဓိကဟာသလုပ်မှာကတော့ ခွေးတစ်ကောင်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့...... ကွန်ဂျာဗာနဲ့အာကမ်ရှ်တို့က ဆယ်ကျော်သက်ကျောင်းသားအရွယ်လေးတွေပါ ကွန်ဂျာဗာက ဒိုနာဆိုတဲ့မြီးကောင်ပေါက်မလေးကိုကြိုက်လို့ ဘေးကနေဆရာကြီး အာကမ်ရှ်က အခါတော်ပေးရွှေဖူးစာရေးပေးပါတော့တယ် အဲ့မှာပဲ မိန်းမပိုးနည်း ဆယ့်ကိုးနည်းထဲက စော်ခွေးမွေးရင် ကိုယ်လိုက်မွေးဆိုတဲ့အကွက်အတွက် ခွေးမျိုး‌ခွေးသန်းလေးလိုက်ရှာရပါတော့တယ်သူတို့သွားရှာတဲ့နေရာက ခွေးတွေကလည်း ပိုင်ရှင်က ဘောပွဲဖန်မို့ ခွေးအားလုံးက လူကာကူ ရာမိုစ့် ပီပီ ဒရော့ဘာ စသည်ဖြင့် ဆရ ကောင်နာမည်တွေပါပဲ အဲ့မှာပဲ ကွန်ဂျာ‌ဗာတို့ ငတိနှစ်ကောင်အတွက် ရလာတဲ့ခွေးက နေမာပါတဲ့ နေမာတစ်ကောင် ဘယ်လိုတွေအကွက်တွေပြပြီး ကွန်ဂျာဗာတို့ အာကမ်ရှ်တို့နဲ့အတူ ပတ်မွှေမလဲဆိုတာ ပရိသတ်ကြီးပဲ တခွီးခွီးနဲ့ ကြည့်တော်မူကြပါကုန်အညွှန်းနဲ့ ဘာသာပြန် CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…3.5GB /1.52GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Zwe~V~Yunni~Saii
movie

Neymar(2023)

2023
O2 (2022) 5.6
O2 (2022) O2 (oxygen) Kaathuvaakula Rendu Kaadhal ကားထဲက နာမည်ကြီး ဘောလိ၀ုဒ်မင်းသမီး Nayanthara နဲ့ နာမည်ကြီး ကလေးသရုပ်ဆောင် Rithvik တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ O2 ဆိုတဲ့ Disney+Hostarကထုတ်လွှင့်တဲ့ တမီးလ် Thriller ဇာတ်ကားလေး ထွက်ရှိလာပါပြီ။ ဇာတ်လမ်း ဇာတ်အိမ်ကိုက တခြားတမီးလ်ကားတွေနဲ့ မတူပဲ ထူးထူးခြားခြားလေး ရိုက်ကူးထားပြီး မိခင်မေတ္တာကိုအပြည့်အဝဖော်ပြထားတဲ့ ကားကောင်းလေးတစ်ကားပါ ။ ဒီကားလေးထဲမှာ မင်းသမီး Nayanthara က မုဆိုးမ ကျန်းမာရေးမကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ သားတစ်ယောက်မိခင် ပါဗက်သီ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပါ .... ဗီရာကတော့ ပါဗက်သီရဲ့ သားလေးဖြစ်ပြီး ငယ်စဉ်ထဲက cystic fibrosis လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်း နံရံတွေထူတဲ့ ရောဂါဝေဒနာကို ခံစားနေရတာကြောင့် သွားလေရာနေရာ အောက်စီဂျင်အိုးသယ်သွားပြီး အောက်စီဂျင်နဲ့ အသက်ဆက်နေရတဲ့ ဝေဒနာသည်ကလေးလေးပါ သားဖြစ်သူကို ခွဲစိတ်ကုသဖို့အတွက် ကုမ်ဘာတာကနေ ကိုချင် ကို ဘတ်စ်ကားနဲ့ ခရီးထွက်လာတဲ့ အချိန် ..... တစ်ချိန်ထဲမှာပဲ အဲဒီဘတ်စ်ကားပေါ်မှာ အကျင့်ပြက် ချစားတဲ့ ...
movie

O2 (2022)

2022
Sila Nerangalil Sila Manidhargal (2022) 8.4
Sila Nerangalil Sila Manidhargal (2022) Sila Nerangalil Sila Manidhargal (2022)ယခုနှစ်မှထွက်ရှိထားတဲ့အိန္ဒိယတောင်ပိုင်းကားတစ်ကားဖြစ်ပါတယ်။ဇာတ်အိမ်တည်ထားပုံကတော့အထူးတလည် နက်နဲတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ကိုယ့်ဘဝကိုယ်စီလျှောက်လှမ်းနေကြတဲ့လူငယ်လေးယောက်ဟာတစ်နေ့မှာတော့ဆိုးဝါးလှတဲ့မတော်တဆမှုတစ်ခုမှာ ပါဝင်ပတ်သက်မိကြပါတယ်။သာမန်ဇာတ်ကားတွေနဲ့မတူတာကတော့ ဒီဇာတ်ကားဟာ အဓိက‌ဇာတ်ကောင်ရယ်လို့တိတိကျကျမပါဘဲ ဇာတ်ကောင် လေးယောက်လုံးကို ကြည့်နေရင်းမှာတင်ဒီဇာတ်ကောင်တွေရဲ့ဘဝထဲကို ကိုယ်တိုင်စီးမျောသွားစေနိုင်လောက်အောင်ဇာတ်ကောင်တစ်ခုချင်းကိုအသားပေးပုံဖော်ပြထားလို့ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းကိုကြည့်လိုက်မယ်ဆိုရင် လူတိုင်းဟာ အမှားတွေလုပ်တတ်ပြီးတော့ဘဝကြီးကလည်းအမြဲတမ်းအဲဒီအမှားတွေကိုပြန်ပြင်ဖို့အခွင့်အရေးပေးလေ့ရှိတယ်ဆိုတာကိုယုံကြည်ပြီးတော့ ကိုယ့်ဘက်ကပြင်ဆင်ချင်တဲ့စိတ်ပဲရှိဖို့လိုတယ်ဆိုတာကိုနားလည်လာစေမှာပါ။ဒီဇာတ်ကောင်လေးယောက်ကရော သူတို့အမှားတွေကို ပြန်မြင်နိုင်ပါ့မလား။ပြင်ဆင်ဖို့ရောသူတို့မှာအခြေအနေတွေပေးလာပါ့မလား။ အသိတရားဝင်တဲ့အချိန်မှာ ပြင်ဆင်ဖို့မှီပါဦးမလား။လမ်းပေါ်ကအက်ဆီးဒန့်တစ်ခုကနေစတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ နှစ်နာရီကျော်ကုန်သွားမှန်းမသိအောင်ကိုပရိသတ်တွေအတွက်ဖျော်ဖြေမှုရသကောင်းတွေပေးသွားမှာဖြစ်လို့တောင်ပိုင်းဒရာမာကားကောင်းတွေ ကို ကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တယ်လို့ပဲ ညွှန်းလိုက်ပါရစေ။  File size…1.8GB /900MB / 400MB Quality…720p WEB DL / 480p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Haruko
movie

Sila Nerangalil Sila Manidhargal (2022)

2022