Channel Myanmar
Rob Delaney
Northern Comfort (2023)
Northern Comfort (2023)  ဇာတ်လမ်းအကျဉ်းကတော့ လေယာဉ်စီးရမှာကို အလွန်ကြောက်ရွံ့တဲ့ဆာရာတစ်ယောက် တစ်နေ့မှာ သူမရဲ့ချစ်သူ မိသားစုနဲ့ခရီးသွားဖို့ ဖြစ်လာပါတော့တယ်။ မိမိလေယာဉ်စီးရတာကို အလွန်ကြောက်တတ်မှန်းမသိစေချင်တဲ့ဆာရာဟာ ချစ်သူမသိအောင် လေယာဉ်စီးမကြောက်တတ်အောင်‌ လေ့ကျင့်ပေးတဲ့အတန်းကိုသွားတတ်ပါတော့တယ်။ခရီးစဉ်မတိုင်ခင် သင်တန်းနှင့်အတူ လေယာဉ်ကိုစမ်းသပ်စီးနင်းပြီး အကြောက်တရားကို ကျော်ဖြတ်ဖို့ကြိုးစားကာ ချစ်သူနဲ့အတူခရီးထွက်ဖို့ စီစဉ်ထားရာမှ ရုတ်တရတ် သင်တန်းအချိန်စာရင်း အပြောင်းအလဲဖြစ်သွားသောအခါ ဆာရာတစ်ယောက် ချစ်သူနဲ့အတူခရီးသွားနိုင်ပါ့မလား သင်တန်းနဲ့အတူ စမ်းသပ်စီးနင်းသော လေယာဉ်ခရီးစဉ်ကရော အဆင်ပြေချောမွေ့ပါ့မလား လေယာဉ်စီးရတာကြောက်သူတွေစုပြီး ဘယ်လို‌‌တွေပြဿနာဖြစ်လာမလဲ စသည်တို့ကို ဟာသနှောကာပေါ့ပေါ့ပါးပါးကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(677 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie
Northern Comfort (2023)
Deadpool & Wolverine (2024)
Deadpool & Wolverine (2024)  မာဗယ်ရုပ်ရှင်တွေထဲမှာ ထုတ်တိုင်းပေါက်တဲ့ ဒက်ပူးရုပ်ရှင်တွဲတွေရဲ့ ၃ ကားမြောက် ရုပ်ရှင်လာပါပြီ။ ဒီရုပ်ရှင်မှာတော့ ဓာတ်ပူး နဲ့အတူ ဝူဗရင်းဇာတ်ကောင်ကိုလည်း မူရင်းမင်းသားကြီး Hugh Jackman ပဲ သရုပ်ဆောင်ပြီး ပါဝင်ထားပါတယ်။ ဇာတ်လမ်းရော အက်ရှင်ရော ဟာသရော ရိုက်ချက်တွေရော ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။ ဒီရုပ်ရှင်ဟာ Loki စီးရီးထဲက TVA အချိန်ခရီးသွားအဖွဲ့နဲ့ ချိတ်ထားတာမို့ ဒါမကြည့်ခင် Loki စီးရီး ကို အရင်ကြည့်ရင် ပိုနားလည်မှာပါ။ဇာတ်လမ်းအကျဉ်းဓာတ်ပူးဟာ သူ့ချစ်သူ ဗန်နက်ဆာနဲ့ လမ်းခွဲပြီး ဓာတ်ပူးဘဝကနေလည်း အနားယူနေပါပြီ။ ဒါပေမဲ့ TVA အဖွဲ့က သူ့ဆီရောက်လာပြီး ဓာတ်ပူးနဲ့ အခြားသူတွေ အချိန်ခရီးသွားထားတာတွေကြောင့်ဖြစ်လာတဲ့ အချိန်စီးကြောင်းပြဿနာတွေကို ပြန်လိုက်ရှင်းဖို့ တာဝန်ပေးလာပါတယ်။ ဓာတ်ပူးနဲ့အတူ ဒီကိစ္စတွေကိုရှင်းရမဲ့သူက ဝူးဗရင်းဖြစ်နေပြီး သူတို့နှစ်ယောက် အချိန်စီးကြောင်းအစုံမှာ အခြား ဓာတ်ပူးနဲ့ဝူးဗရင်း ကိုယ်ခွဲတွေ၊ အခြား X-men တွေနဲ့ ...
movie
Deadpool & Wolverine (2024)
Argylle (2024)
Argylle (2024) Kingsmen ဒါရိုက်တာ Matthew Vaughn ရဲ့ လက်ရာအသစ် အက်ရှင် သရေလာ ကားပါ။ကင်းမန်းစတိုင် ဖိုက်တင်ခန်း ကောင်းကောင်းတွေနဲ့ စပိုင်ဇာတ်လမ်းရိုက်ကူးထားတာပါပဲ။စူပါမန်းမင်းသား Henry Cavill၊ John Cena နဲ့ Dua Lipa တို့ကတော့ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ အဓိက မင်းသမီးကတော့ Bryce Dallas Howard ပါပဲ။ဇာတ်လမ်းအကျဉ်းအယ်လီကွန်ဝေးဆိုတဲ့ စာရေးဆရာမ တစ်ယောက်ဟာ ၅ နှစ်အတွင်းရောင်းအကောင်းဆုံး ကမ္ဘာကျော် စပိုင် ဝတ္ထု ၄ အုပ်ကို ထုတ်ဝေခဲ့တဲ့သူပါ။၅ အုပ်မြောက်စာအုပ်ကို အဆုံးသတ်ပြီး စာမူကြမ်းထွက်တဲ့အချိန်မှာပဲ သူ့ကိုလုပ်ကြံမဲ့ အေးဂျင့်တွေ စပိုင်တွေ၊ သူ့ကိုကယ်မဲ့ စပိုင်တွေ တကယ်တွေ့လာရပြီးသူ့စာအုပ်တွေထဲက အဖြစ်တွေက အပြင်မှာပါ တကယ်ဖြစ်နေတာကို သိလိုက်ရပါတယ်။ကြောက်စရာကောင်းတဲ့ လျို့ဝှက်အဖွဲ့ကြီးနဲ့ အေးဂျင့်တွေက သူ့ကို ဘာလို့အသည်းအသန်လိုချင်နေတာလဲဆိုတာကို တဖြည်းဖြည်းနဲ့ သူကိုယ်တိုင်သိလာရပြီးအသက်ရှင်ဖို့အတွက် ရုန်းကန်ရပါတော့တယ်။ www.cmapp.tv မှာ member ဝင်ပြီး CM ...
movie
Argylle (2024)
4K HEVC
Last Christmas (2019) 6.6
Last Christmas (2019) ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။ Romance ကား ကောင်းကောင်းလေးပါပဲ။ ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ် မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။ နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။ ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။ မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။ ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရော အစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊ ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ…..။ File size…(6.7 GB)/(2.1 GB)/(1.1 GB) Quality…WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Littleneo
movie
Last Christmas (2019)
4K HEVC
Love at First Sight (2023) 7.0
Love at First Sight (2023)  ပေါ့ပေါ့ပါးပါးအချစ်ဇာတ်အိမ်လေးကိုမှ ပုံပြင်ဆန်ဆန်တင်ဆက်ထားပေးထားတဲ့Love at first sight ဆိုတဲ့ Netflix ကထုတ်လွှင့်ခဲ့တဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေနော် “ဟာဒလီ” ဆိုတဲ့ကောင်မလေးကတော့ အချိန်နဲ့ပတ်သတ်ရင် အမြဲလိုလိုနောက်ကျပြီးဟိုမေ့ဒီမေ့နဲ့ ရှက်ပြာပြာနိုင်တတ်တဲ့သူပေါ့ တစ်နေ့ လန်ဒန်ကိုအကြောင်းကိစ္စတစ်ခုနဲ့ခရီးသွားဖို့လေဆိပ်အရောက်မှာ ထုံးစံအတိုင်း ချိန်းထားချိန်ထက် နောက်ကျပြီးရောက်သွားတော့ လေယာဉ်မမှီခဲ့ပါဘူး ဒါနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာပဲ “အိုလီဗာ”ဆိုတဲ့ကောင်လေးနဲ့ အကြောင်းတိုက်ဆိုင်ပြီး တွေ့ဆုံခဲ့ပါတယ်..“အိုလီဗာ” ဆိုတဲ့ကောင်လေးကတော့ မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်လာတဲ့အရာတွေကိုကြောက်ရွံတတ်ပြီး အရာရာကို ကိန်းဂဏန်းသင်္ချာနဲ့ပဲ တိုင်းတာကြည့်တတ်သူပါတူညီချက်အနေနဲ့ နှစ်ယောက်သားကိုယ်စီမှာ အကြောက်တရားသုံးခုစီရှိတတ်ကြပြီးတော့ဒီတူညီတဲ့အကြောင်းတရားလေးတွေက သူတို့ကို ဘယ်လိုကံကြမ္မာမျိုးကိုခေါ်သွားမလဲ……“ဟာဒလီ” နဲ့ “အိုလီဗာ” ကရော ဘာကိစ္စကြောင့် လန်ဒန်ကို သွားကြတာလဲ……စတာတွေကို ဆက်သိချင်ရင်တော့ ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်နော်.... File size…1.32 GB / 615MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Love at First Sight (2023)
The School for Good and Evil (2022) 5.8
The School for Good and Evil (2022) The School for Good and Evil (2022)(1080p ရပါပြီ)နက်ဖလစ်ရဲ့ သရုပ်ဆောင်အစုံနဲ့ နှစ်နာရီခွဲကြာတဲ့ မှော်စိတ်ကူးယဉ်ရုပ်ရှင်အသစ်လာပါပြီ။ဟိုးရှေးရှေးတုန်းက ပုံပြင်ကမ္ဘာထဲမှာ အရမ်းအစွမ်းထက်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သူတော်ကောင်းနဲ့မိစ္ဆာကြားမှာ ဟန်ချက်ညီစေဖို့ မှော်ကျောင်းတစ်ကျောင်းကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ မိစ္ဆာညီဟာ စိတ်ပြောင်းပြီး စွမ်းအားအကုန်လုံးကို သိမ်းပိုက်ဖို့ သူ့အစ်ကိုကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ သေဆုံးသွားခဲ့ပါတယ်။အဲဒီကတည်းက သူတော်ကောင်းနဲ့မိစ္ဆာအတွက်ကျောင်းမှာ သူတော်ကောင်းတွေဘက်ကပဲ အရေးသာခဲ့တာ နှစ် ၂၀၀ လောက်ကြာခဲ့ပါပြီ။ အဲဒီကျောင်းမှာ မိစ္ဆာဆိုရင်လည်း ပုံပြင်တွေထဲက နာမည်ကြီး လူဆိုးကြီးတွေရဲ့ သားသမီးတွေတက်ရောက်နေတာဖြစ်ပြီ သူတော်ကောင်းတွေဘက်မှာလဲ ဘုရင်အာသာရဲ့သားတို့၊ စနှိုးဝိုက်ရဲ့သမီးတို့ စသည်ဖြင့် ပုံပြင်ဇာတ်လိုက်တွေရဲ့ မျိုးဆက်တွေ တက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ သူတို့ဆီမှာ စာဖတ်သူဆိုတဲ့ ပုံပြင်မျိုးရိုးမဟုတ်တဲ့ အပြင်လောကက သူတွေလည်း တက်ခွင့်ရတတ်ပါတယ်သေးတယ်။ တစ်နေ့မှာတောာ့ အဲဒီကျောင်းကို ဆိုဖီဆိုတဲ့ စိတ်ထားကောင်းတဲ့ကောင်မလေးနဲ့ အက်ဂ်သာဆိုတဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက် ...
movie
The School for Good and Evil (2022)
2022
Deadpool 2 (2018) Super Duper Cut 7.7
Deadpool 2 (2018) Super Duper Cut Deadpool 2 (2018) ကို အလန်းဆုံးဗားရှင်းဖြစ်တဲ့ Super Duper Cut Version နဲ့ တင်ဆက်လိုက်ပါတယ်။အရင် Version တွေမှာမပါတဲ့ အခန်းအပိုအလိုတွေအများကြီးပါပါတယ်အလန်းကြီးပါ အခုပဲ ဒေါင်းလုတ်ဆွဲကြည့်လိုက်ပါ---------------Deadpool ရုပ်ရှင်ဆိုတဲ့အတိုင်း တစ်ကားလုံးက Deadpool ပီသခဲ့တယ်။အရင်ကားထက်ပိုပြီး ပြောင်၊ ပိုပြီးအရှက်မရှိ၊ ပိုပြီးကြမ်းထားတယ်။အထူးသဖြင့် Credit scene တွေဆို ရစရာကိုမရှိဘူး။Plot ပိုင်းမှာ အရမ်းကြီးတော့မရှိ။ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းအများစုက action ရယ် ဓာတ်ပူး မျက်နာပြောင်နေတာရယ်က အဓိက များတယ်၊ကိုဓာတ်ပူးရဲ့ X Force အဖွဲ့ skill ကိုပြထားတာ‌လည်း တော်တော်မိုက်တယ်။တော်တော်ကိုကြမ်းပြထားနိုင်တယ်။ ထင်မထားဘူး။Domino နဲ့ Cable ကိုပုံဖော်ထားတာလည်း တော်တေယ်လေးကောင်းတယ်။Cable လုပ်တဲ့ Thanos ကြီးလည်း သရုပ်ဆောင်လန်ထွက်နေတာပဲ။မဆီမဆိုင်စဉ်းစားမိတာက Deadpool ဘေးမှာနေရင်း Cable ကြီး မရယ်မိအောင် တော်တော်လုပ်ယူရမလားပဲ။Deadpool 2 ဟာ တစ်ကားလုံးနီးပါး ဗြင်းနေတာနဲ့ ...
movie
Deadpool 2 (2018) Super Duper Cut
2018
4K HEVC
The Bubble (2022)
The Bubble (2022) The Bubble (2022) စိတ်အပန်းပြေ ရယ်နေရတဲ့ ဟာသကားလည်းကြည့်ချင် ရုပ်ရှင်ထုတ်လုပ်ရေးလောကရဲ့ အခြေအနေကို ရှယ်သရော်ထားတဲ့ ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သင့်အတွက်ပါပဲ။ ရယ်ရတယ်ဆိုရာမှာ တစ်ချို့အခန်းတွေက ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဗဟုသတနည်းနည်းရှိမှ ရယ်ရမှာဖြစ်ပြီး တစ်ချို့အခန်းတွေကတော့ တမင်ကလိထိုင်ထိုးနေတဲ့ ဟာသကားတွေလို ရယ်ရပါတယ်။ အကုန်နားလည်ရင်တော့ ခွက်ထိုးခွက်လန် ရယ်နေရမယ့်ကားပါပဲ။ Rating တော့ နည်းပါတယ်။ ဒါပေမဲ့ ခင်ဗျားကို တော်တော်အူမြူးစေမှာကတော့ အမှန်ပါပဲ။ မယုံရင် ဂူးဂဲမှာ ဝေဖန်ရေးသမားပေးတာမဟုတ်တဲ့ User Reviewတွ ဖတ်ကြည့်လို့ရပါတယ်။ရုပ်ရှင်ထဲပါ၀င်သူတွေကတော့ Professor X ခေါ် James McAvoy, Mandalorian တစ်ဖြစ်လဲ Pedro Pascal, Nebula တစ်ဖြစ်လဲ Karen Gillan, Dr. Strange ခေါ် သခွားသီး၊ X-Files စီးရီးတွေထဲက အေးဂျင့် Muldor တစ်ဖြစ်လဲ David Duchovny ...
movie
The Bubble (2022)
2022
Ron’s Gone Wrong (2021) 7.2
Ron’s Gone Wrong (2021) Ron's Gone Wrongဒီတစ်ခါမှာတော့ မတွေ့မမြင်ရတာ ကြာပြီဖြစ်သလို Big Hero 6, The Mitchells vsThe Machines တို့လိုမျိုး လူသားနဲ့ စက်ရုပ်ရဲ့ ဆက်ဆံရေးကိုအခြေခံထားတဲ့Animation ဇာတ်ကားတွေဘက်ကို တဖန်ပြန်လှည့်ရအောင်ပါ။"ခင်ဗျားတို့တွေ အထီးကျန်တယ်လို့ ခံစားရဖူးလား""ထောင့်စွန်းတစ်နေရာမှာ ရပ်နေရပြီး ကသိကအောက်နဲ့ ဘယ်သူ့ကိုမှ စကားသွားမစရဲဘဲနဲ့လေ"တော်ရုံတန်ရုံ စကားမပြောရဲတဲ့လူတွေ သူငယ်ချင်းရှာဖို့ခက်တဲ့သူတွေအတွက်နည်းပညာဟာ အထောက်အပံ့တစ်ခု ဖြစ်လာပါတယ်။ ဒီလိုနဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့bubble ဟာ bubble robot ဆိုတဲ့ စက်ရုပ်လေးတွေကို လူတွေအတွက် "best friend"(အကောင်းဆုံးသူငယ်ချင်း) အဖြစ် ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ ဖုန်းတွေ tablet တွေထက်လုပ်ဆောင်နိုင်စွမ်းမြင့်တဲ့ ဒီစက်ရုပ်လေးတွေက ပိုင်ရှင်ရဲ့ ဒေတာအချက်အလက်တွေကိုသိမ်းယူပြီးတော့ bubble network ကနေတစ်ဆင့် ဝါသနာတူ အကြိုက်တူ သူငယ်ချင်းတွေကို ရှာဖွေပေးပါတယ်။သူငယ်ချင်းတွေကို ရှာဖွေပေးတဲ့အပြင် သူကိုယ်တိုင်ကိုက ပိုင်ရှင်အနီးနား ၆ ပေအတွင်းမှာနေပေး ကူညီပေး စကားပြောပေးတဲ့ ...
movie
Ron’s Gone Wrong (2021)
2021
HEVC 1080p 5.1
Home Sweet Home Alone(2021)
Home Sweet Home Alone(2021) Home Alone(2021) ==============Comedy,Familyခရစ်စမတ် ရာသီစာလို့ပြောလို့ရပြီးကလေးဘဝက လူတိုင်းနှစ်သက်ခဲ့တဲ့ Home Alone ရဲ့ Rem‌akeHome Sweet Home Alone ထွက်ရှိလာပါပြီ. ဇာတ်လမ်းကတော့ ခရစ်စမတ် မိသားစုအားလပ်ရက်ခရီးမှာ မက်စ်ဝဲမာဆာဆိုတဲ့၁၀ နှစ်သားကောင်လေးက အိမ်မှာ ၁ ယောက်ထဲကျန်ခဲ့တဲ့ ပုံစံနဲ့တည်ထားပါတယ်သူ့ဆီကနေ မက်ကင်ဇီစုံတွဲက တန်ဖိုးကြီးကြွေရုပ်ကို လုယူဖို့ကြိုးစားတဲ့ပုံစံကို တင်ဆက်ထားတာပါဒါကို မက်စ်ဝဲလ်တစ်ယောက် ဘယ်လိုအလွဲလွဲအချော်ချော်တွေ လုပ်ရင်းနဲ့ ဖြတ်သန်းသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ . ၁၉၉၀ ကျော်က Home Alone ကားတွေလောက်မှီမယ်မထင်ပေမယ့်...ငယ်ဘဝဇာတ်ကားတွေကို ပြန်လည်သတိရစေပြီးခရစ်စမတ်မှာ မိသားစုနဲ့ ကြည့်ရှုဖို့အတွက် ကားကောင်းလေးဖြစ်စေမှာပါ( ဇာတ်လမ်းအညွှန်းကိုတော့ Thiha Yan Naing ရေးသားပြီးဘာသာပြန်သူများကတော့ Thiha Yan Naing & Thura Hein တို့ဖြစ်ပါတယ်)   File size…970MB / 1.4GB Quality… 720 p  / 1080p WEB RIP X264 ...
movie
Home Sweet Home Alone(2021)
2021
Fast and Furious Presents: Hobbs & Shaw 6.6
Fast and Furious Presents: Hobbs & Shaw    Fast and Furious ကနေခွဲထွက်လာတဲ့ ၂၀၁၉ ရုပ်ရှင်ကားအသစ်ကို တင်ပေးထားပါတယ်။ အဓိက သရုပ်ဆောင်၂ယောက်ကတော့ ဒဝိန်းဂျွန်ဆန် နဲ့ ဂျေဆင် စတာသန် တို့ပါပဲ။The rock ကြီးနဲ့ transporter မင်းသားဆို ပိုသိကြမှာပါ။ဒီရုပ်ရှင်ကတော အက်ရှင်အသားပေးပါပဲ သာမန်လူတွေ မလုပ်နိုင်လောက်မယ့် အမိုက်စား အကြမ်းစားအက်ရှင်တွေနဲ့ပေါ့။ နောက်ပြီးတော့ မင်းသား ၂ ယောက် မတည့်အတူနေ ပုံစံနဲ့ ကြည့်ရှုတဲ့သူတွေကို ဟာသရသလေးတွေ ပျော်ရွွင်ဖွွယ်ရာဖြစ်အောင်ထည့်ပေးထားပါသေးတယ်။ကမ္ဘာကြီးတစ်ခုလုံးကို သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို အသုံးချမယ့် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ အဲဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားရတဲ့ စီအိုင်အေး အေးဂျင့်မလေးကို သူတို့နှစ်ယောက် လိုက်ကယ်ရင်း အဲဒီ အဖွဲ့နဲ့ ရင်ဆိုင်ကြတာပေါ့။ဒီမင်းသားကြီး ၂ ယောက် ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး။ အလန်းစားအက်ရှင်ခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ စတန့်ခန်းတွေကို တစ်၀ကြီးမြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ကြပါဦးဗျို့......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ် File Size : (2.5 GB) and (1.2 GB) Quality : BluRay 1080p ...
movie
Fast and Furious Presents: Hobbs & Shaw
2019
Wrath of Man (2021) 7.4
Wrath of Man (2021) Wrath Of Man (2021) Web-Dl 720p & 1080p Web rip x264အကြည်ရပါပြီ --------------------------------(ခဏနေ 1080p ထပ်တင်ပေးပါ့မယ်)ဂျေဆန် စတေသန်ကြီးရဲ့ အက်ရှင်ကား အကြမ်းတစ်ခု လာပါပြီ။ ဒီကားကတော့ အတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့လော့စ်အန်ဂျလိမှာ ဖော်တီကိုဆိုတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ သူတို့တွေက ကာစီနိုတွေ၊ ကုန်တိုက်တွေကနေ ငွေတွေ သယ်ပို့ပေးတာတွေကို ဝန်ဆောင်မှုပေးတာပါ။ငွေသယ်ကားတွေနဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုပေါ့။ အမြဲတမ်း ဒေါ်လာ သန်းချီပြီးသယ်နေရတာဖြစ်တော့ ဓားပြတွေ မျက်စိကျတဲ့ ကားတွေပါပဲ။ တစ်နေ့မှာ ကားတစ်စီး ဓားပြတိုက်ခံရပြီးအစောင့်နှစ်ယောက် သေသွားခဲ့တယ်။ အဲဒီနောက်မှာ လူသစ်ဝင်လာတာကတော့ ကျွန်တော်တို့ရဲ့ ဖိုက်တာကတုံးပေါ့။ ကတုံးဝင်လာပြီးပြီးချင်းဓားပြခြောက်ယောက် မသာပေါ်သွားအပြီးမှာ ကတုံးလည်း သူရဲကောင်းဖြစ်သွားတာပေါ့။ ဒါပေမယ့်သူဝင်လာရတဆက ရည်ရွယ်ချက်တွေ၊ ဓားပြမှုတွေ နဲ့ ဓားပြတွေ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်ရမှာပါပဲ။...Translated by : ...
movie
Wrath of Man (2021)
2021
Bombshell (2019) 6.8
Bombshell (2019) ဒါကတော့ 2019ရဲ့ လူစောင့်ကြည့်ခံရတဲ့ကားတွေထဲကတစ်ကားဆိုတာကတော့ရုပ်ရှင်နဲ့ရင်းနှီးသူတွေသိပြီးသားဖြစ်မှာပါ။ရုပ်သံတင်ဆက်သူအမျိုးသမီးတွေကိုဇာတ်အိမ်တည်ထားတဲ့အတွက်တကယ့်အ‌ချောအလှဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့Charlize Theron, Nicole Kidman နဲ့ Margot Robbieတို့ ဦးဆောင်ပါဝင်ထားတာပါ။Charlize Theronနဲ့ Margot Robbieတို့ Oscar ဆန်ကာတင်စာရင်းတွေဝင်ပြီးတခြားဆုတွေရရှိပြီး အောင်မြင်မှုရခဲ့ပါတယ်။ဇာတ်လမ်းကတော့ Republicanပါတီကိုအလေးပေးတဲ့Fox News ရုပ်မြင်သံကြားချန်နယ်အတွင်းအမျိုးသမီးအစီစဉ်တင်ဆက်သူများစွာဟာ ခေါင်းဆောင်ပိုင်းအမျိုးသားတွေရဲ့လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှု၊ ဖိအားပေးခံရမှုတွေကိုခံခဲ့ရတဲ့အကြောင်းပါ။ရာထူးအာဏာကြီးပြီး ပိုက်ဆံကျောထောက်နောက်ခံရှိတဲ့သူကို တရားစွဲဖို့လုပ်ရင်းဘယ်လိုဂယက်တွေကြုံတွေ့ဆိုတာမြင်ရမှာပါ။အပြင်မှာလည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရသူအမျိုးသမီးများစွာလည်းရှိနေပါတယ်။တစ်ချို့ကတော့ လိင်ကိစ္စနှင့်အောင်မြင်မှုကို လဲလှယ်ခဲ့ကြသူတွေပေါ့။နစ်နာသူတစ်ယောက်ယောက်က မဖွင့်ဟခဲ့လို့တခြားသူတွေပါနစ်နာရတဲ့အဖြစ်မျိုးတွေဖြစ်ရတာကိုပြသသွားခဲ့ပါတယ်။မင်းသမီးတွေကိုကြည့်ရတာနဲ့တင်တန်နေတာမို့ ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 372 MB ) Quality : WEB-DL 720p Running Time : 1 ...
movie
Bombshell (2019)
The Hustle (2019) 5.4
The Hustle (2019) 2019 ထဲမကြာသေးမီကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ the Hustle ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် …Crime/Comedy ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီးတော့ မပြုံးဘဲဝါးလုံးကွဲ ရယ်ချင်သူများနဲ့ဂျိမ်းစ်ဘွန်းဆန်ဆန် စုံထောက်ဆန်ဆန် ရုပ်ရှင်ကားတွေကို နှစ်သက်သူတွေအတွက် ကြည့်ရမယ့်စာရင်းထဲ ထည့်ဖို့ဇာတ်ကားလေးပါ …ပန်နီ ရပ်စ်ဆိုတဲ့ ဝတုတ်တုတ်ကောင်မလေးဟာ အွန်လိုင်းမှာ ခပ်မိုက်မိုက်ကောင်မလေးတွေရဲ့ပုံတွေတင်ပြီးတော့အပြင်မှာ ဒိတ်ချင်တဲ့ ယောက်ျားတွေကို လိမ်စားနေတဲ့ ကြုံရာကျပန်း လူလိမ်မလေးတစ်ယောက်ပေါ့ …ဂျို့စ်ဖင်း ချက်စ်တာဖီးဒ် ဆိုတဲ့ ချောမောလှပတဲ့ အမျိုးသမီးကတော့ သန်းကြွယ်သူဌေးတွေကိုမှ ပစ်မှတ်ထားလေ့ရှိတဲ့နိုင်ငံတကာပတ်ပြီး အကွက်ချလိမ်လည်တတ်တဲ့ လူလိမ်အကြီးစားတစ်ယောက်ပေါ့တစ်နေ့တော့ ခပ်ဝဝ လူလိမ်မလေးတစ်ယောက်နဲ့ ခပ်လှလှ လူလိမ်မကြီးတစ်ယောက်တို့ဟာရထားတစ်စီးပေါ်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြပါတော့တယ်…ရယ်မောရင်းရင်ခုန်ရမယ့် ဒီဇာတ်ကားလေးကို နာမည်ကြီးဟောလိဝုဒ် စတားတွေဖြစ်ကြတဲ့Anne Hathaway နဲ့ Rebel Wilson တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြလို့ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားတော်မူကြပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (750 MB) ...
movie
The Hustle (2019)
2019
Pokémon Detective Pikachu (2019) 6.9
Pokémon Detective Pikachu (2019) CM Fan အားလုံး စောင့်မျှော်နေကြတဲ့ ချစ်ဖို့ကောင်းတဲ့ပီကာချူး လေး ရဲ့ ပိုကီမွန် ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါပြီ ဇတ်လမ်းပုံစံ ကတော့ တင်မ် ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ပိုကီမွန်ထရိန်နာ ဖြစ်ချင်နေသူပါ တစ်ရက်မှာတော့ တင်မ် ရဲ့ အဖေ ကွယ်လွန်သွားပြီလို့အကြောင်းကြားလာတာကြောင့် ရိုင်းမ်မြို့တော်ကိုထွက်လာခဲ့ပါတယ်... ပိုကီမွန် တွေ နဲ့ လူတွေ တစ်သားထဲ ရင်ဘောင်တန်းနေနိုင်တဲ့မြို့ဖြစ်ပြီး ပိုကီမွန်တွေကလဲ လူသားတွေ နဲ့ အလုပ်တူတူလုပ်ကြပါတယ် ဖခင်ဖြစ်သူ ရဲ့ အိမ်ကို ရောက်လာတဲ့ တင်မ် ဟာပီကာချူး နဲ့ အမှတ်မထင် တွေ့ဆုံကြရင်းပီကာချူး စကားပြောတာကို နားလည်ပြီးကြားနိုင်စွမ်းရှိတာတင်မ် တစ်ယောက်ထဲ ရှိတာကို သိသွားတဲ့ နောက်မှတော့တင်မ် ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ ကိစ္စမှာတင်မ် နဲ့ ပီကာချူး တို့ တွဲဖက်ညီညီ ပူးပေါင်းပြီးအဖြေရှာကြတဲ့ အခါမှာတော့.... ဒီဇတ်လမ်းဟာ ပီကာချူး မူလ Animation ကားတွေနဲ့မတူညီပဲ ကွဲထွက်နေမှာဖြစ်ပြီး ရသ ...
movie
2019
Once Upon a Deadpool (2018) 7.2
movie
2018