Channel Myanmar

Robert Knepper

The Hunger Games: Mockingjay – Part 2 (2015) 6.6
The Hunger Games: Mockingjay – Part 2 (2015) The Hunger Games: Mockingjay - Part 2 (2015)IMDb Rating (6.5) / Rotten Tomatoes (70%)ကတ်နစ်တို့တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှာ အရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲ ကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော နောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ.......။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:16:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myo Nyunt
movie

The Hunger Games: Mockingjay – Part 2 (2015)

2015
4K HEVC
The Hunger Games: Mockingjay – Part 1 (2014) 6.6
The Hunger Games: Mockingjay – Part 1 (2014) The Hunger Games: Mockingjay - Part 1 (2014)IMDb Rating (6.6) / Rotten Tomatoes (70%)ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC Format…mkv/mp4 Duration….02:02:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Aye Chan Su
movie

The Hunger Games: Mockingjay – Part 1 (2014)

2014
4K HEVC
Jack Reacher 2: Never Go Back (2016) 6.3
Jack Reacher 2: Never Go Back (2016) Jack Reacher 2: Never Go Back (2016)IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ.....။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။File size…(5.1 GB)/(1.9 GB)/(1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 ...
movie

Jack Reacher 2: Never Go Back (2016)

2016
4K HEVC
Good Night, and Good Luck (2005) 7.4
Good Night, and Good Luck (2005)  ဆုပေါင်း ၃၉ ဆု၊ အော်စကာ ဆန်ကာတင် ၆ဆုအပါအဝင် ဆန်ကာတင်ပေါင်းတစ်ရာကျော် ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ မစိမ်းတဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားပါ၊ဇာတ်လမ်းက ၁၉၅၀ ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူအက်ဒ်မော်ရိုးနဲ့ ကွန်မြူနစ်တွေကို မြေလှန်ပစ်ချင်နေတဲ့ အမတ် မက်ကာတီတို့ကြားက အပြန်အလှန်ခြေကန်မှုတွေကိုအဓိကထားဇာတ်အိမ်တည်ထားပါတယ်။မော်ရိုးက ကိုယ့်အလုပ်ရဲ့အားသားချက်ကိုသုံးပြီး လူထုကို နိုင်ငံရေးအတွေးအခေါ်လူမှုရေးစသဖြင့်ပညာပေးတင်ဆက်ပေးနေသူပါ၊ မဟုတ်မမှန် မတရားတာတွေဆို သူနဲ့ သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက ရုပ်မြင်သံကြားကနေတဆင့် အတိုင်အဖောက်ညီညီဖော်ထုတ်ပါတယ် ။ မက်ကာတီကျ ရထားတဲ့အာဏာလေးနဲ့ ကွန်မြူနစ်ရှင်းထုတ်တယ်ဆိုတဲ့အမည်ခံနဲ့ ကိုယ်နဲ့မကြည် မကျေနပ်တဲ့လူတွေကိုပါ ဝါးလုံးယမ်းတာတွေလုပ်တတ်ပါတယ် ၊ဒီကားမှာ ထိုနှစ်ဦးအပြင် အဲ့ခေတ်ကာလတုန်းက အမေရိကန်ရဲ့ ကွန်မြူးနစ်အယူသီးပုံတွေ ၊ရုပ်မြင်သံကြားအပေါ်လူတွေရဲ့အမြင်၊ မော်ရိုးတို့ သတင်းတင်ဆက်သူတွေရဲ့ခံယူချက်စတဲ့ လက်တွေ့ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားတာမို့ သမိုင်းရုပ်ရှင်တွေကိုစိတ်ဝင်စားသူတွေရဲ့ အသည်းစွဲပါပဲ ။ File size…(1.5 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

Good Night, and Good Luck (2005)

WarHunt (2022)
WarHunt (2022)  Genre – Action, Horror, Thriller ၁၉၄၅ ခုနှစ်မှာ ဂျာမနီရဲ့အမည်းရောင်တောအုပ်ထဲ အမေရိကန် စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့တယ်။ ပျက်ကျသွားတဲ့လေယာဉ်ပေါ်မှာ လျှို့ဝှက်ပစ္စည်းတစ်ခုပါနေတယ်။ ဒီတော့ ဆာဂျင်ဘရူဝါ ဦးဆောင်တဲ့ ၁၂ ယောက်ပါ တပ်ဖွဲ့လေးကဒီ လေယာဉ်ပျက်ကို သွားပြီး စုံစမ်းထောက်လှမ်းဖို့ ဖြစ်လာတယ်။ ဒါပေမဲ့ မေဂျာကလည်းရောက်လာပြီး ဒီလေယာဉ်ပေါ်က ပစ္စည်းပြန်ယူဖို့ သူ့လူ ဝပ်ရှ်ဆိုတာကို အမိန့်အာဏာသုံးပြီးအတင်းလာပို့သွားတယ်။ ဒီလိုနဲ့ ၁၃ ယောက်ပါ တပ်ဖွဲ့လေးက အမည်းရောင်တောအုပ်ထဲ လေယာဉ်ပျက်လိုက်ရှာကြတဲ့အချိန်မှာတော့ ဆာဂျင်ထင်နေသလို မရိုးရှင်းပဲ သဘာဝလွန်ထူးခြားဆန်းကြယ်တာတွေ ပါဝင်လာတဲ့အခါ…..။ တောထဲက သွေးစုပ်ခံရတဲ့အလောင်းကောင်တွေကဘာလဲ၊ ထူးခြားတဲ့အမျိုးသမီးတွေရော ဘယ်သူလဲ၊အမေရိကန်ရော ဂျာမန်ရော လိုချင်နေကြတဲ့ လျှို့ဝှက်ပစ္စည်းဆိုတာရော ဘာတွေဖြစ်နေမလဲ၊ အကုန်လုံး ဒီတောထဲကနေ ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်ကြပါ့မလားဆိုတာသည်းထိတ်ရင်ဖို ကြည့်ရမယ့်ကားပါ။ဆာဂျင်နေရာကတော့ ကျွန်တော်တို့ရဲ့ Prison Break ထဲက လူဆိုးကျော်ကြီး T-Bag ပဲဖြစ်ပါတယ်ဗျ။ File size…1.35GB / ...
movie

WarHunt (2022)

Species III(2004) 4.2
Species III(2004) Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။Species 3 (2004) ဇာတ်လမ်းအကျဉ်း.... ဂြိုလ်သားတွေနဲ့လူသားတွေကြား တစ်ဖက်နဲ့တစ်ဖက်သတ်ဖြတ်နေတဲ့တိုက်ပွဲတွေထဲက ကျန်ရှိနေတဲ့ ဂြိုလ်သားမျိုးကို စမ်းသပ်မွေးမြူဖို့ ဆုံးဖြတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ.... အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.5 GB)/(900 MB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:51:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Species III(2004)

1080p HEVC
Phantoms (1998) 5.4
Phantoms (1998) Phantoms (1998)မြို့ငယ်လေးတစ်ခုက ရှိသမျှ‌လူတွေအားလုံးကို နာရီပိုင်းလောက်နဲ့ အသက်ဇီဝိန်ချွေသွားတဲ့ အဖြစ်အပျက်ကြီး အမေရိကားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇာတ်ကားကိုပြောတာနော်။ တကယ်မဟုတ်ဘူး။မနက်ခင်းကြီး မြို့ငယ်ကနေထွက်၊ ရည်းစားတစ်ကောင်နဲ့ ပရောပရည်လုပ်နေတဲ့ အယ်လ်အေက ညီမကို အတင်းအကျပ်ပြန်ခေါ်လာတဲ့ အစ်မကြီးလုပ်သူ ညနေခင်းအချိန် မြို့ထဲအရောက်မှာ လူတွေအားလုံး ပျောက်သူပျောက် သေ‌သူသေဖြစ်ကုန်ကြပါတယ်။ ညီအစ်မနှစ်ယောက်သား မြို့ထဲကပြန်ထွက်ဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ပိတ်မိသွားတဲ့အခါ...လူသားမျိုးနွယ်ရဲ့ မျိုးတုံး‌ပျက်သုဉ်းခြင်းကို ယူဆောင်လာနိုင်တဲ့၊ လူတွေလိုပဲ စဉ်းစားဉာဏ်အသိပညာနဲ့ Stranger thing (လူထူးသူစိမ်း) ကြီးကို အဏုဇီဝပညာရှင်တစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဆရာဝန်မတစ်ယောက်နဲ့ မနူးမနပ်အပျိုပေါက်မလေးတို့ လေးယောက်သား ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာ အထိတ်ထိတ်တလန့်လန့်ကြည့်ရှုရမယ့် ၁၉၉၈ က ဇာတ်ကားတစ်ကားပါ။တစ်ခါတစ်ခါကျ ဇာတ်ကား Rating တွေထက် သရုပ်ဆောင်တွေက အလေးပိုသာသွားတဲ့အချိန်ရှိတတ်သလိုပဲ ဒီကားထဲပါတဲ့ သရုပ်ဆောင်များကတော့ နှယ်နှယ်ရရ မဟုတ်ပါဘူး။ပထမဆုံး သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆရာ Ben Affleck ကို မြင်တွေ့ရပါမယ်။ Pearl ...
movie

Phantoms (1998)

1998
The Retaliators (2021)
The Retaliators (2021) The Retaliators (2021)~ Rotten Tomatoes - 88% ~ခရစ်စမတ်ကလည်း တဖြည်းဖြည်းနီးလာလေတော့ ပြုံထွက်လာတဲ့ ချိုချိုမြမြ ခရစ်စမတ်ကားတွေကိုကြည့်ရင်း အီစိမ့်နေလောက်ကြရောပေါ့။ ဒီတော့ သွေးထွက်သံယို ခရစ်စမတ်ကားလေး တစ်ဖြတ် ကြည့်လိုက်ကြပါဦး။ဂျွန်ဘစ်ရှော့ဆိုတဲ့ သင်းအုပ်ဆရာဟာ ဆာရာနဲ့ ရေဘက္ကာအမည်ရ သမီးနှစ်ယောက်နဲ့အတူ နေထိုင်တဲ့ တစ်ခုလပ်ဖခင် တစ်ယောက်ပါ။ ခရစ်စမတ်ကာလဖြစ်လို့ သမီးကြီးဖြစ်သူ ဆာရာက ပါတီကို သွားချင်ပါတယ် ပူဆာတာကို ခွင့်ပြုမိရာကစလို့ ဒီအနိဌာရုံတွေ စတင်ပါတယ်။ဆာရာ့ကို ပါတီလွှတ်လိုက်တဲ့ညမှာပဲ သမီးဖြစ်သူဆီက စိုးရိမ်တကြီးနဲ့ လူလိုက်ခံနေရပါတယ်ဆိုပြီး ဂျွန့်ဆီကို ဖုန်းဝင်လာခဲ့ပြီး အဲဒီညမှာပဲ သင်းအုပ်ဆရာကြီးဟာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဂျက်ဆိုတဲ့ စုံထောက်တစ်ယောက် ရောက်လာပြီး သမီးဖြစ်သူ ဆာရာသေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ကြောင်း သိလိုက်ချိန်မှာတော့ ဂျွန်ဟာ ဒီကိစ္စကို စုံစမ်းရင်း ထူးဆန်းတဲ့ အခြေအနေတွေနဲ့ပါ ကြုံလာရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Act Molemy ...
movie

The Retaliators (2021)

2021
Transporter 3 (2008) 6
Transporter 3 (2008) Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ...ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။Transporter 1,2 အောင်မြင်ပြီးနောက် ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလမှာ Transporter 3 ဆက်လက် ထွက်ရှိခဲ့ပါတယ်။ Europa နဲ့ Lionsgate ရုပ်ရှင် ထုတ်လုပ်ရေးတို့ ပူးပေါင်းဖန်တီးလိုက်တဲ့ Transporter 3 ဟာ Boxoffice မှာ ဝင်ငွေကောင်းဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ Transporter ...
movie

Transporter 3 (2008)

1080p HEVC
The Day the Earth Stood Still (2008) 5.5
The Day the Earth Stood Still (2008) Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ဇတ်ကားကောင်း တစ်ကားဖြစ်ပါတယ်ဇတ်လမ်း ပုံစံကတော့ နောဧ ရဲ့ လှေကြီးနဲ့ ခပ်ဆင်ဆင်တူမလား ပဲ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပေးတယ်ဒါပေမယ့် တစ်ချိန်ချိန်မှာ လူသားတွေ အတ္တကြီးလာမယ် အချင်းချင်းတိုက်ခိုက်ကြမယ်ဆိုရင်တော့ရေကြီးမှု တွေ မုန်တိုင်းတွေ မီးလောင်တိုက်တွင်းမှုတွေ ငလျင်တွေ ရောဂါ တွေ ပို့လွှတ်ပြီး ပြန်ဖျက်စီးမှာ ဖြစ်ပြီးတာဝန်ပေးအပ်ချက်အရ အသက်ရှင်မယ့် လူသား ၂ ဦး နဲ့ သတ္တဝါအစုံ ဖိုမ ၂ ကောင်ဆီ ပြန်လည်ယူဆောင်သွားပြီးကမ္ဘာအသစ် ပြန်လည်ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်...ဒီရုပ်ရှင်ကားမှာတော့ ကမ္ဘာကို သိမ်းယူဖို့ ဖျက်စီးမရနိုင်တဲ့ အကောင်ကြီး တစ်ကောင် အရင်ပို့လိုက်ပါတယ်ပြီးနောက် သတ္တဝါပေါင်းစုံကို သိမ်းယူမယ့် အလင်းရောင် အလုံးကြီးတွေ ကမ္ဘာအနှံ့က နေရာအစုံကို ပစ်ချလိုက်ပါတယ်ပင်လယ်ထဲကိုလဲ ပစ်ချပါတယ် ဘယ် သတ္တဝါ တစ်မျိုးစီမှ မကျန်ရအောင် အကုန်ယူဆောင်သွားပါတယ်ဒီလို ယူဆောင်လို့ ပြီးသွားရင်တော့ ဖျက်ဆီးရေး လုပ်ငန်းစတင်မှာ ဖြစ်ပြီး ဘယ်သက်ရှိမှ ကမ္ဘာပေါ်မှာ ကျန်မနေခဲ့ရတော့ပါဘူး...ဒီလို ဖျက်စီးဖို့ အတွက်ကို ကမ္ဘာဖျက်ဖို့ ရောက်ရှိလာတဲ့သူက Klaatu လို့ နာမည်တွင်တဲ့ လူသားအသွင်ယူထားတဲ့ ...
movie

The Day the Earth Stood Still (2008)

2008
HEVC 1080p 5.1
Redemption Day (2020) 5.3
Redemption Day (2020) Redemption Day (2021)===================IMDb Rating - IMDb Rating - 5.3/10 ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ဒီရက်ပိုင်း ပူပူနွေးနွေးထွက်ရှိထားတဲ့ action, thriller ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဘရက်ဒ်ပက်စတန်ဆိုတဲ့ အမေရိကန်ရေတပ်ကပ္ပတိန်တစ်ဦးရဲ့ ဇနီးဖြစ်သူ ရှေးဟောင်းသုတေသနပညာရှင် ကိတ်ပတ်စတန်ဟာမော်ရိုကိုနိုင်ငံမှာတွေ့ရတဲ့ လူသားအရိုးစုတွေကို သုတေသနလုပ်ဖို့ အဖွဲ့နဲ့အတူ မော်ရိုကိုနိုင်ငံကိုလာခဲ့ကြပါတယ်။ ကံဆိုးချင်တော့အရိုးစုတွေကိုလေ့လာရင်း မော်ရိုကိုနဲ့ အာလ်ဂျီးရီးယားရဲ့ နယ်စပ်မျဥ်းကို မတော်တဆဖြတ်မိသွားပြီး ဓားစာခံအဖြစ်ဖမ်းခေါ်သွားခံရပါတယ်။ ဒီသတင်းကိုကြားရတဲ့အခါ ခင်ပွန်းဖြစ်သူ ဘရက်ဒ်ပက်စတန်တစ်ယောက် သူကြုံခဲ့ရတဲ့ သူ့ကိုအိပ်မက်ဆိုးအဖြစ် ခြောက်လှန့်နေတဲ့ စစ်အနိဌာရုံတွေကို အန်တုပြီး ဇနီးဖြစ်သူကိုသွားကယ်ဖို့ သူ့မိတ်ဆွေဖြစ်သူ မော်ရိုကိုအထက်တန်းအရာရှိ ယိုးနက်စ်နဲ့အတူရန်သူ့နယ်မြေထဲ စွန့်စားလာကြတဲ့ စစ်ဆင်ရေးပုံရိပ်တွေကို မြင်ကြရမှာပါ။ Action ကားဆိုပေမယ့်လည်း သွေးထွက်သံယိုခန်းတွေသိပ်မပါတဲ့အတွက် အသည်းငယ်တတ်သူတွေအဖို့ရော မိသားစုတွေနဲ့ပါ ကြည့်လို့သင့်တော်မယ့်ဇာတ်ကားတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့  အညွှန်းကို MTA မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ MTA, August တို့ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie

Redemption Day (2020)

2021
1st Born(2019) 5.4
1st Born(2019) 1st Born(2019)(unicode)ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အီရန်လူမျိုးယောက်ျား ဘန်ဂျမင်နဲ့အမေရိကန်အမျိုးသမီးကိတ်တို့ဟာ အိမ်ထောင်ကျပြီးခုနစ်နှစ်အတွင်းကလေးမရကြပါဘူး ကလေးမရကြတော့ ကလေးမွေးစားဖို့စီစဉ်ကြပါတယ် စီစဉ်နေတုန်းမှာပဲ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ကြပါတယ် ကံဆိုးစွားနဲ့ပဲကလေးမှာ ရောဂါဖြစ်နေတာကိုသိလိုက်ပါတယ် အဲ့ရောဂါက အဖိုးတွေရဲ့ရိုးတွင်းချဉ်ဆီနဲ့မှကုလို့ရမယ်ဖြစ်ပါတယ် အဲ့ဒါမှာဇာတ်လမ်းကစပါတော့တယ် ဘန်ဂျမင်ရဲ့အဖေကအမေရိကန်ကိုမုန်းပါတယ် မုန်းလွန်းလို့ကျောင်းသားဘဝတည်းက အီရန်မှာရှိတဲ့အမေရိကန်သံရုံးကိုဝင်တိုက်တာပါ အဲ့လောက်ကိုမုန်းပါတယ် ဘန်ဂျမင်ရဲ့အမျိုးသမီးကိတ်ရဲ့အဖေကလည်း ဆီနိတ်တာဖြစ်ဖို့ကြိုးပမ်းနေတဲ့အချိန်လဲဖြစ်ပါတယ် ယောက္ခမချင်းက နိုင်ငံကိုတအားချစ်တဲ့လူတွေပီပီ ဘယ်လိုတွေဖြစ်မလဲဆိုတာ ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုပေးကြပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်....(zawgyi)ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အီရန်လူမျိုးယောက်ျား ဘန်ဂျမင်နဲ့အမေရိကန်အမျိုးသမီးကိတ်တို့ဟာ အိမ်ထောင်ကျပြီးခုနစ်နှစ်အတွင်းကလေးမရကြပါဘူး ကလေးမရကြတော့ ကလေးမွေးစားဖို့စီစဉ်ကြပါတယ် စီစဉ်နေတုန်းမှာပဲ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ကြပါတယ် ကံဆိုးစွားနဲ့ပဲကလေးမှာ ရောဂါဖြစ်နေတာကိုသိလိုက်ပါတယ် အဲ့ရောဂါက အဖိုးတွေရဲ့ရိုးတွင်းချဉ်ဆီနဲ့မှကုလို့ရမယ်ဖြစ်ပါတယ် အဲ့ဒါမှာဇာတ်လမ်းကစပါတော့တယ် ဘန်ဂျမင်ရဲ့အဖေကအမေရိကန်ကိုမုန်းပါတယ် မုန်းလွန်းလို့ကျောင်းသားဘဝတည်းက အီရန်မှာရှိတဲ့အမေရိကန်သံရုံးကိုဝင်တိုက်တာပါ အဲ့လောက်ကိုမုန်းပါတယ် ဘန်ဂျမင်ရဲ့အမျိုးသမီးကိတ်ရဲ့အဖေကလည်း ဆီနိတ်တာဖြစ်ဖို့ကြိုးပမ်းနေတဲ့အချိန်လဲဖြစ်ပါတယ် ယောက္ခမချင်းက နိုင်ငံကိုတအားချစ်တဲ့လူတွေပီပီ ဘယ်လိုတွေဖြစ်မလဲဆိုတာ ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုပေးကြပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်....File Size : (850 MB) ...
movie

1st Born(2019)

2018
R.I.P.D. (2013) 5.6
R.I.P.D. (2013) R.I.P.D. (2013)_____IMDb - 5.6/10    ဒီကားကတော့ ၁၉ ၉ ဝ ကျော်ကထွက်ရှိခဲ့တဲ့ Man In Black နဲ့ပုံစံတူတဲ့ကားဖြစ်ပါတယ်... Deadpool မင်းသားဖြစ်တဲ့ Ryan Reynolds ကရဲအရာရှိတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့လက်တွဲဖော်လုပ်ကြံမှု့ကြောင့် စစ်ဆင်ရေးတစ်ခုမှာသေဆုံးသွားခဲ့ပါတယ်... သူသေဆုံးသွားတဲ့အချိန်မှာ သူ့ကို R.I.P.D လို့ခေါ်တဲ့ Rest In Peace Department ကနေ သူ့ကို အမှု့လိုက်ဖို့အတွက်ပြန်လည်ဆင့်ခေါ်လိုက်ပါတယ်... R.I.P.D ရဲ့အမှု့တွေကတော့ ငရဲပြည်ကနေလွတ်လာတဲ့ လူယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးတွေကို လိုက်လံဖမ်းဆီးနှိမ်နင်းရတာပဲဖြစ်ပါတယ်... ဒီလိုလိုက်လံစုံစမ်းရင်း ထူးဆန်းတဲ့ အကောင်တွေ ကမ္ဘာမြေပြင်ကို ကျလာမှာကို နောက်ဆုံးမှာတော့ တားဆီးရပါတော့တယ်.... သူတို့ဟာ တကယ့်လူ့ဘဝထဲကိုဝင်တဲ့ အခါ လက်ရှိရုပ်သွင်ပြင်နဲ့ဝင်ရတာမဟုတ်ပဲနဲ့ သူတို့ရဲ့ ID Card မှာပါတဲ့ ရုပ်နဲ့ဝင်ရပါတယ်... ဒါကြောင့် သူများတွေအမြင်မှာတော့ သူတို့ဟာ တခြားပုံဖြစ်နေတတ်ပါတယ်.. အက်ရှင်ကားအမျိုးအစားဖြစ်ပြီးတော့ အိမ်မှာနေရင်းပိတ်ရက်မှာအပျင်းဖြေဖို့အတွက် သင့်တော်တဲ့ကားဖြစ်ပါတယ်...     File Size : (760 MB) Quality : BluRay 720p Running Time : 1hr 36min Format : Mp4 Genre : Action,Adventure,Comedy Encoded by Moe ...
movie

R.I.P.D. (2013)

2013
Percy Jackson: Sea of Monsters (2013) 5.8
Percy Jackson: Sea of Monsters (2013) Percy Jackson: Sea of Monsters (2013)IMDb - 5.8/10_____Rotten 42%  ရှေး ဂရိဒဏ္ဍာရီထဲက နတ်ဘုရားတွေ… နတ်ဘုရားမတွေအကြောင်း …သူတို့ရဲ့စွမ်းအားတွေ… နတ်ဘုရားတွေနဲ့ လူသားတွေချစ်ကြိုက်မိရာမှမွေးဖွားလာတဲ့ သွေးနှောနတ်ဘုရားတွေ…ဂရိဒဏ္ဍာရီထဲက သတ္တဝါဆန်းတွေ…ဒါတွေဟာ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အဆန်းတကြယ် ဖြစ်မနေတဲ့အကြောင်းအရာတွေ အနည်းနဲ့အများ ရင်းနှီးပြီးသား အကြောင်းအရာတွေလို့ယူဆမိတယ်… ဘာလို့ဆို နတ်ဘုရားတွေပေါ်အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ပေါင်းလည်း နည်းမှမနည်းဘဲကိုး… အဲ့ဒီ နည်းမှမနည်းတဲ့ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာထဲမှ…ဒီနေ့အတွက် ရေနတ်ဘုရားရဲ့သားတော် ဖြစ်တဲ့ ပါစီဂျက်ဆန်ရဲ့ စွန့်စားခန်း ဇာတ်လမ်းလေး၂ပုဒ် ကို တင်ဆက်ပေးချင်ပါတယ်… ဒီပါစီဂျက်ဆန် ကိုငယ်ငယ်က သိပ်နှစ်သက်ခဲ့ပြီး ခုတစ်ဖန်ပြန်လည်ကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်လည်း old but gold ဘာညာပေါ့နော်… နောက်ဇာတ်လမ်းအဆက်ဖြစ်တဲ့ The Sea of Monster ကတော့ တော်တော်လေးကိုလန်းတဲ့အပိုင်းတွေပါတာ ဝန်ခံရမှာပါ…    ဇာတ်လမ်းအစမှာတော့ သွေးနှောနတ်ဘုရားတွေရဲ့ စခန်းကို ကာကွယ်ထားတဲ့ သစ်ပင် တံတိုင်းကြီး ဖြစ်ပေါ်လာပုံတွေ… ပထမဇာတ်လမ်းမယ် အိုလန်ပတ်စ် ကိုကယ်တင်လိုက်ပြီးနောက် ဆက်ပြီးပုံမလာနိုင်တော့တဲ့ ပါစီတစ်ယောက် ...
movie

Percy Jackson: Sea of Monsters (2013)

2013
Hard Target 2 (2016) 5.3
Hard Target 2 (2016) Hard Target 2 (2016)_____IMDb - 5.3/10    IMDB 5.3 ရထားတဲ့ ဒီကားဟာ တကယ်တော့ ကျွန်တော်တို့အားလုံး ရင်းနှီးပြီးသားပါ ဒီကားရဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ Scott Adkins ကိုတော့ Expendables 2 မှာ ဗီလိန်တစ်ယောက်အနေနဲ့ Robert Knepper ကိုတော့ Prison Break မှာ T-Beg အနေနဲ့ ရင်းနှီးခဲ့ကြပြီးသားပါ ဒါတင်မကသေးပဲ... ဒီကားက ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာ ရိုက်ထားတဲ့ကားဆိုတာကိုတော့ FB ကျေးဇူးနဲ့ သိထားကြမှာပါ မြန်မာ-ထိုင်းနယ်စပ်မှာပေါ့ကဲ...ဇာတ်လမ်းအကျဉ်းလေးကတော့... သွေးသံရဲရဲ အနိဠာရုံတွေကို ရွံမုန်းသွားလို့ အဲဒီကိစ္စတွေကနေ အနားယူလိုက်တဲ့ Wes The Jailor Baylor တစ်ယောက် သူ့ရဲ့နောက်ဆုံးတာဝန်ဆိုပြီး ဒေါ်လာတစ်သန်းနဲ့ ကမ်းလှမ်းတာကို မငြင်းနိုင်ခဲ့ဘူး သူကို လူသတ်မစ်ရှင်အတွက် ဆိုပြီး လာရောက်ပေးဖို့ ကမ်းလှမ်းခံခဲ့တဲ့နေရာကတော့ ကျွန်တော်တို့ရဲ့ ရွှေနိုင်ငံ... ရွှေနိုင်ငံကြီးကို ရောက်လည်းရောက်လာရော သိလိုက်ရတာကတော့ မုဆိုးကသားကောင်ဖြစ်သွားပြီဆိုတာ... လူ လူချင်းအမဲလိုက်ပြီး အဝတ်တစ်ထည် ရေတစ်ဘူးနဲ့ တောကြီး ...
movie

Hard Target 2 (2016)

2016