Channel Myanmar

Robert Miano

H. P. Lovecraft’s The Old Ones (2024)
H. P. Lovecraft’s The Old Ones (2024)  ဒီဇာတ်ကားကတော့ စာရေးဆရာကြီး H. P. Lovecraft ရဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး ဒီနှစ်၂၀၂၄ ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပါတယ်။ Lovecraftian Works လို့ခေါ်တဲ့ Lovecraft ရေးသားဖန်တီးခဲ့တဲ့ ဇာတ်လမ်းဇာတ်ကောင်တွေက အနောက်တိုင်းက Horror ဒါရိုက်တာနဲ့ စာရေးဆရာတွေကို လွှမ်းမိုးမှုကြီးခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ကပ္ပတိန်ရပ်ဆဲလ်မာရှ့်ဆိုသူကို ရှေးကျတဲ့မကောင်းဆိုးဝါးတစ်မျိုးက ၉၃ နှစ်ကြာပူးကပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ လွတ်မြောက်အောင်ထွက်ပြေးရင်း ဒဏ်ရာရပြီး သားအဖနှစ်ယောက်က ကယ်တင်ခဲ့ပါတယ်။ သူနောက်ကိုလိုက်လာတဲ့ မကောင်းဆိုးဝါးများရဲ့ဘေးကလွတ်ဖို့ ရပ်ဆဲလ်တစ်ယောက် အတိတ်ကိုပြန်ပြီး ဒီအဖြစ်အပျက်ကြီးတစ်ခုလုံးကို ပြန်ပြင်ဖို့ကြိုးစားပါတော့တယ်။Lovecraft ရဲ့ဇာတ်လမ်းတစ်ပုဒ်ကို အသက်သွင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားက 3.4 rating ရရှိထားပြီး Low badget အမျိုးအစားဖြစ်ပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim
movie

H. P. Lovecraft’s The Old Ones (2024)

Scalper (2023)
Scalper (2023) Scalper ဆိုတာက သူ့ရဲ့သားကောင်တွေကို ဓားနဲ့ထိုးသတ်၊ ပြီးရင် အရေခွံတွေကို စုတ်ခဲ့တဲ့သူဖြစ်လို့ အရေခွံခွါသူဆိုပြီးနာမည်ကြီးတဲ့ လူသတ်သမားတစ်ဦး။Scalper ရဲ့ဒဏ်ကိုခံခဲ့ရတဲ့ နစ်နာသူမိသားစုထဲက ကလမ်မာတိုင်းကာတာဆိုတဲ့အမျိုးသမီးကတော့ Scalper ရဲ့မျက်နှာတည့်တည့်ကို သေနတ်နဲ့ပစ်ကာ Scalper ကိုအဆုံးသတ်ခဲ့တဲ့သူတစ်ဦး။ကလမ်မာတိုင်းက သာမန်အမျိုးသမီးမဟုတ်ဘူး။ သူကအကြားအမြင်စိတ်ပညာသည်တစ်ဦး။ အထူးသဖြင့် သေဆုံးသွားသူတွေနဲ့ ထိတွေ့မှုလုပ်လိုက်တဲ့ခါ သူတို့ရဲ့ဝိညာန်တွေနဲ့ဆက်သွယ်ပြီး သေဆုံးသူရဲ့ အတိတ်နဲ့ အနာဂတ်တွေကို မြင်တွေ့နိုင်တဲ့အစွမ်းအစရှိသူတစ်ဦး။ အခုလက်ရှိမှာတော့ ကလမ်မာတိုင်းဟာ သူ့ရဲ့စိတ်စွမ်းအင်ကြောင့်နာမည်ကြီးနေပြီး ရေဒီယိုကအစီအစဉ်တစ်ခုမှာပါ ဖိတ်ကြားခံထားရပြီး အသံလွှင့်တင်ဆက်နေပါတယ်။ဒီလိုနဲ့ ကလမ်မာတိုင်းတို့ အသံလွှင့်တင်ဆက်နေတုန်းမှာ ဖုန်းတစ်ကောလ်၀င်လာပြီး ဒီဖုန်းကော်လ်ကိုနားထောင်လိုက်မိတဲ့ကလမ်မာတိုင်းဟာ သေဆုံးခါနီး ဖုန်းခေါ်သူနဲ့ စိတ်ဆက်သွယ်မှုတစ်ခုရလိုက်ပြီး Scalper ပြန်ရောက်လာတာကိုသိရှိလိုက်ရတဲ့နောက်မှာတော့... ကလမ်မာတိုင်းကိုယ်တိုင် သတ်ခဲ့တဲ့ Scalper က တကယ်ပဲသေရွာကနေပြန်ရောက်လာတာလား၊ ဒါမှမဟုတ် Scalper ရဲ့ခြေရာကိုနင်းမယ့်သူ လူသစ်သမားအသစ်တစ်ယောက်ပေါ်လာတာလား၊ ကလမ်မာတိုင်းကိုရော ဘယ်လိုလက်စားပြန်ချေဦးမလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦး။ File size…(1.2 GB)/(544 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Horror Subtitle….Myanmar ...
movie

Scalper (2023)

Impuratus (2022)
Impuratus (2022)   အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ဆုများစွာဆွတ်ခူးခဲ့တဲ့ horror movie ကောင်းလေးတစ်ကားဖြစ်ပါတယ်။ Saving Private Ryan, Heat အစရှိတဲ့ဇာတ်ကားများအပါအဝင် ဇာတ်ကားပေါင်းများစွာသရုပ်ဆောင်ဖူးခဲ့တဲ့ ဝါရင့်မင်းသားကြီး Tom Sizemore မှ အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကြီး Clayton Douglas ဟာ သူ့အတွက် မကောင်းတဲ့အကြောင်းတွေနဲ့အမှတ်ရစရာနေ့မှာ စိတ်ရောဂါကုဆေးရုံကနေဖုန်းလက်ခံရခဲ့ပါတယ်။ သေကောင်ပေါင်းလဲဖြစ်နေတဲ့လူနာတစ်ယောက်က စုံထောက်ကြီးဆီကိုဝန်ခံချက်တစ်ခုပေးချင်လို့ပါဆိုပြီး နာမည်တပ်ခေါ်ခဲ့တာပါ။အဲဒါနဲ့ သမီးလေးမွေးနေ့ရှိလို့အိမ်ကိုပြန်နေတုန်း လမ်းမှာအဲ့ဒီဆေးရုံကိုဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုအယုံအကြည်မရှိတဲ့စုံထောက်ကြီးတစ်ယောက် ဖြစ်ရပ်ဆန်းတွေကြုံလာရပါတော့တယ်။ သူသွားတွေ့တဲ့လူနာက ဘယ်လိုထူးဆန်းမှုတွေနဲ့ပြည့်နှက်နေသလဲ၊ အဲ့ဒီလူနာက ဘာဖြစ်လို့ဒီစုံထောက်ကြီးကို နာမည်အတိအကျနဲ့ခေါ်ခဲ့တာလဲ၊ စုံထောက်ကြီးမှာရော သူ့ကိုယ်သူတောင်မသိထားတဲ့လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမဲ့ သရဲကားလေးတစ်ကားပါ။ သရဲကားဆိုပေမယ့် Jump scareတွေအများကြီးမပါဘဲ ချောက်ချားစရာဇာတ်ကွက်တွေနဲ့ဆွဲခေါ်သွားတဲ့ psychological thrillerဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်လို့ စိတ်ဝင်စားစရာလည်းကောင်းတဲ့ဇာတ်ကားလေးပါ။ File size…(1.1 GB)/(570 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar ...
movie

Impuratus (2022)

Mob Land (2023) 5.5
Mob Land (2023) Mob Land (2023)မင်းသားကြီး John Travolta ပါဝင်ထားပြီး မူးယစ်ဆေးစွဲသူတွေ ဆေးရောင်းတဲ့ လူဆိုးဂိုဏ်းတွေနဲ့ မသမာသူတွေ ကြီးစိုးနေတဲ့ မြို့အကြောင်းအခြေတည်ထားတဲ့ Action ရုပ်ရှင်သစ်တစ်ကားပါ။ယခင်က ပြိုင်ကားမောင်းသမားဖြစ်ခဲ့တဲ့ ရှယ်ဘီဟာ ဇနီး သမီးလေးနဲ့အတူ မြို့ငယ်လေးမှာ အခြေချခဲ့ပါတယ်။ သူ့အလုပ်က မြို့လေးနဲ့မအပ်စပ်တဲ့အတွက် သူတို့မိသားစုက အဆင်ပြေလှတယ်ရယ်တော့မဟုတ်ပါဘူး။ ယောက်ဖဖြစ်သူ ထရေးနဲ့ အသိ ရဲမှူးဘိုဒီတို့ကလည်း မကြာခဏလာလည်ကြပါတယ်။ဇနီးနဲ့သမီးလေး ဆွေမျိုးတွေဆီခဏသွားတဲ့အခါ ထရေးက ဆေးရောင်းသမားတွေဆီက ငွေကို ဓားပြတိုက်ဖို့ လာဆွယ်ပါတယ်။ ရှယ်ဘီက မလုပ်ချင်ပေမယ့် ငွေလိုနေတာရော ထရေးအဆွယ်ကောင်းတာကြောင့်ရော သဘောတူလိုက်ပါတယ်။အစီအစဉ်ဆွဲတုန်းကတော့ အဆင်ချောပေမဲ့ လက်တွေ့မှာ ထင်သလိုမဖြစ်လာဘဲ ထရေးက လူသတ်မိတဲ့အခါ...သူတို့ဓားပြတိုက်မိတာက မာဖီးယားဂိုဏ်းက ငွေတွေဖြစ်ပြီး အရှုပ်တွေဆက်တိုက်ဖြစ်လာတဲ့အခါ...ထရေးတို့ကို လက်စားချေဖို့ မာဖီးယားဂိုဏ်းက လူ လိုက်လာတဲ့အခါ...ရှယ်ဘီကရော ဘယ်လို ပြစ်မှုတွေ ဆက်လုပ်ရဦးမလဲ သူတို့ကျူးလွန်ခဲ့တဲ့အပြစ်အတွက် ဘာတွေပြန်ပေးဆပ်ရမလဲဆိုတာ စိတ်၀င်စားဖွယ် အားပေးရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune ...
movie

Mob Land (2023)

2023
Firestarter (1984) 6
Firestarter (1984) Firestarter (1984)King of Horror လို့တင်စားခံထားရတဲ့ စာရေးဆရာကြီး Stephen King ရဲ့ နာမည်တူ Firestarter (1980) ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ပထမဇာတ်ကားပေါ့။အန်တီ Drew Barrymore ကလေးပေါက်စဘဝက ရိုက်ကူးထားတာဖြစ်ပြီး Cast တွေကလည်း ကြမ်းသလို ဒီဇာတ်ကားက စူပါဟီးရိုးကားဆန်ဆန် ရိုက်ထားတဲ့ Firestarter (2022) ထက်စာရင် စာအုပ်ရဲ့ အနှစ်သာရနဲ့ ပိုပြီး နီးစပ်တယ်လို့ ပြောကြပါတယ်။ ဇာတ်ကားနှစ်ခုလုံးက သူ့အတိုင်းအတာနဲ့သူ အထိုက်အလျှောက်အောင်မြင်မှုတွေ ရခဲ့တာကတော့ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရူးမက်ဂီးနဲ့ ဗစ်ကီ (ခေါ်) ဗစ်တိုးရီးယားတို့ The Shop လို့ခေါ်တဲ့ အဖွဲ့အစည်းကလုပ်တဲ့ ဆေးဝါးစမ်းသပ်မှုတစ်ခုမှာ လုပ်အားပေးအနေနဲ့ ငွေရှာရင်းတွေ့ကြပါတယ်။ ဆေးကအစွမ်းပြလာတဲ့အချိန် တစ်ယောက်ရဲ့အတွေးကို တစ်ယောက်က ကြားရပြီး စိတ်စွမ်းအင်တွေရလာပါတယ်။ ပြီးတော့ ရှေးရေစက်ကြောင့် နှစ်ယောက်သား နီးစပ်သွားတယ်ပေါ့ဗျာ။သူတို့နှစ်ယောက် အိမ်ထောင်ကျပြီး ...
movie

Firestarter (1984)

1984
3 Ninjas Kick Back (1994) 4.5
3 Ninjas Kick Back (1994) 3 Ninjas Kick Back (1994) ===================များလှစွာသော Three Ninjas တွေထဲကမှ နောက်ထပ် ကားကောင်းလေး တစ်ကားပါ ပရိသတ်ကြီးရေ .. ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်က ကြိုက်လွန်းလို့ ခဏခဏကြည့်ပြီး အလွတ်နီးပါး ရနေတဲ့ ဇာတ်လမ်းလေးပါ။ဇာတ်ကြောင်းကတော့ .. ရော့ကီ၊ ကော့တ်နဲ့ တမ်တမ် ဆိုတဲ့ ညီအစ်ကို သုံးယောက် ရှိကြသဗျ။ သူတို့ဟာ နွေရာသီအားလပ် ရက်တွေမှာ အဘိုးဖြစ်သူရဲ့ အပန်းဖြေအိမ်လေးကို သွားပြီး နင်ဂျာသိုင်း သင်ကြပါတယ်။ တစ်ခုသောနွေရာသီမှာတော့ အဘိုးဖြစ်သူက လွန်ခဲ့တဲ့ အနှစ် ၅၀ က သူ ပြိုင်ပွဲဝင်ရင်း ဆုရခဲ့တဲ့ဓားမြှောင်တစ်ချောင်းရဲ့ သမိုင်းကို မြေး ၃ယောက်ကို ပြောပြပါတော့တယ်။ ဒီလိုနဲ့ ဒီဓားမြှောင်က တိုကျိုမှာရှိတဲ့ ရွှေလှိုဏ်ဂူတစ်ခုရဲ့ သော့ဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ဒီဓားမြှောင်ကို အဘိုးဖြစ်သူဟာ ယခုလက်ရှိ ဂျပန်နိုင်ငံ ကိုဂါမြို့မှာ ကျင်းပတဲ့ နင်ဂျာပြိုင်ပွဲမှာ အနိုင်ရသူကို ပြန်ပြီး လက်ဆင့်ကမ်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၅၀ ...
movie

3 Ninjas Kick Back (1994)

1994
Dungeons & Dragons (2000)
Dungeons & Dragons (2000) Dungeons & Dragons (2000)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။~ ဇာတ်လမ်းအကျဉ်း ...
movie

Dungeons & Dragons (2000)

2000
Donnie Brasco (1997)
Donnie Brasco (1997) IMDb Rating(7.7) / Rotten Tomatoes (88%)ကပ္ပတိန်ဂျက်စပဲရိုးဇာတ်ရုပ်နဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုအောင် နာမည်ကြီးလှတဲ့ Johnny Depp နဲ့ အော်စကာလျာထားစာရင်းကိုးကြိမ်ဝင်ခဲ့ပြီး တစ်ကြိမ်ရရှိ၊ ရွှေကမ္ဘာလုံးဆု ၁၈ ကြိမ်လျာထားခံခဲ့ရပြီး (လေးဆုရရှိ)ခဲ့၊ BAFTA , Emmy Eward စတဲ့ဆုပေါင်းမြောက်များစွာပိုင်ရှင် မင်းသားကြီး Al Pacino (Godfather Trilogy) တို့က အဓိကဇာတ်ဆောင်နှစ်ဦးအဖြစ်ပါဝင်ထားပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီးတော့ အကောင်းဆုံး Gangster ရုပ်ရှင်တွေ၊ Organized Crime Thrillers တွေအကြောင်းပြောမယ်ဆိုရင်ချန်လှပ်ထားလို့မရတဲ့ အထင်ကရဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။Donnie Brasco ဟာ ၁၉၇၀ ဝန်းကျင်၊ နယူးယောက်ခ်က Bonanno ဒုစရိုက်မိသားစုထဲစိမ့်ဝင်ထောက်လှမ်းခဲ့တဲ့ အက်ဖ်ဘီအိုင် သူလျှိုအေးဂျင့် Pistone (Johnny Depp) ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအလွတ်သဘောအခြေခံထားတာဖြစ်ပါတယ်။ဘရက်စကိုဟာ အရွယ်ရနေပြီဖြစ်တဲ့ မာဖီးယားလက်မရွံ့တစ်ယောက်ဖြစ်တဲ့ Lefty Ruggiero (Al Pacino) ကြီးကိုချဉ်းကပ်ပြီး သူ့ရဲ့ယုံကြည်မှုအားပေးထောက်ခံမှုတွေကိုရအောင်ကြိုးစားရင်းနဲ့ မာဖီးယားဂိုဏ်းထဲကို အတွင်းကျကျနေရာယူနိုင်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ဒုစရိုက်သမားဖြစ်ပေမယ့် သူ့အပေါ်တကယ်နှစ်နှစ်ကာကာသံယောဇဉ်ကြီးရှာတဲ့ Lefty နဲ့ညီရင်းအစ်ကိုလို ဆက်ဆံရေးခိုင်မာနက်ရှိုင်းလာခဲ့တဲ့ အလုပ်တာဝန်နဲ့ ကျင့်ဝတ်တွေစောင့်ထိန်းရမယ့် စည်းတွေကြားဗျာများလာတဲ့အခါ...။Action,Crime ...
movie

Donnie Brasco (1997)

Little Fockers (2010) 5.5
Little Fockers (2010) Little Fockers (2010) ရုပ်ရှင်အညွှန်းသားမက် နဲ့ ယောက္ခထီးဆိုတာ များသောအားဖြင့်မတည့်ကြတာ များပါတယ် တည့်ပြန်ရင်လည်း သားမက်ဘက်ကနေ သည်းခံရတဲ့အပိုင်း‌တွေ ယောက္ခထီး အထင်ကြီးအောင်လို့လုပ်ယူနေရတဲ့အပိုင်းတွေရှိတာပါပဲဒီဇာတ်လမ်းကလည်း သားမက်နဲ့ ယောက္ခမ ကြားက အလွဲအချော်တွေ အထင်လွဲတာတွေကိုမှ အတည်ပေါက်ဟာသလေးတွေနှောပြီး ရိုက်ထားတဲ့ Meet The Parents trilogy ရဲ့ နောက်ဆုံး ရုပ်ရှင်ပဲဖြစ်ပါတယ်နောက်ဆုံး ရုပ်ရှင်ဖြစ်သလို အခွီရဆုံးလည်းဖြစ်မှာပါ မင်းသားကြီး Robert De Niro နဲ့ Ben Stiller တို့ရဲ့ bromance တွေ Dramatic moments တွေကို ပိုမြင်ရမယ့် အပိုင်းဆိုလည်း မမှားပါဘူး အဲ ယောက္ခထီးနဲ့ သားမက်ရဲ့ လက်ရုံးရည်ချင်းယှဉ်ကြတဲ့ အခန်းတွေလည်းပါသေးတယ်နော်ဇာတ်လမ်းကတော့ ဂရက်နဲ့ ပမ်နဲ့ လက်ထပ်ပြီးတဲ့ နောက် သားလေးတစ်ယောက် သမီးလေးတစ်ယောက် ဆိုပြီး အမြွှာနှစ်ယောက်ရခဲ့ပါတယ် ကလေးရပြီးတဲ့နောက်ပိုင်းမှာ သူတို့ အိမ်ထောင်ရေးအခြေအနေက အရင်လိုသာယာနိုင်ဦးမလား ...
movie

Little Fockers (2010)

[+18] Sliver(1993) 5.0
[+18] Sliver(1993) [+18] Sliver (1993) Dark Side Production မှတင်ဆက်သည်..... IMDb Rating.... 5.0/10  ရုံးပိတ်ရက်လည်းဖြစ်သည်က တစ်ကြောင်း ၊အေးမြတဲ့ဆောင်းရာသီဖြစ်သဖြင့် အပြင်ထွက်လျှင် အေးသောကြောင့် အခန်းအောင်းနေတတ်သည့် ကျွန်ုပ်တို့ ပုရိသအပေါင်းတို့အဖို့လွန်စွာမှပျင်းရိညဉ်းငွေ့ဖွယ်နေ့ရက်များဖြစ်ပေသည်...ထိုသို့သောအချိန်များကို စနစ်တကျကုန်ဆုံးဖို့ရာ  ဇတ်လမ်းကောင်းလေးနဲ့ ဖြတ်သန်းသင့်သဖြင့်  မည်သည့်ဇာတ်လမ်းအမျိုးအစားကိုရွေးချယ်ကြည့်ရှုရမည်ကိုသိသော်လည်းအချက်အလက်များနှင့် ကိုက်ညီသည့် အနှီဇာတ်ကားကိုရွေးချယ်ဖို့အခက်ရှိနေကြမည်ဖြစ်သည်...ဇာတ်လမ်းလည်းကောင်းရမည်...မင်းသမီးကလည်း စပါးကြီးမြွေတစ်ကောင်လိုညှို့အားပျင်းသည့်မင်းသမီးမျိုး..ရှောင်လွှဲရန်ခက်ခဲသည့် လောကဇာတ်ခုံမှာ ဖိုမကိစ္စရပ်များ ဒါတွေပြည့်စုံရမည်....ဒီလိုအချက်များနှင့်ကိုက်ညီသည့်ဇာတ်ကားကို Dark Side မှာ ညွှန်းဆိုပေးရမည်ဆိုလျှင်တော့ .Sliver(1993) ကိုကြည့်ပါလို့ပဲ ပြောချင်သည်..... Sliver ဆိုတာ U.S အသုံးအရတော့ အထပ်မြင့်တိုက်ခန်း အဆောက်အဦးပါ။ ဒီ ဇာတ်လမ်းက Silver တစ်ခုက အဖြစ်အပျက်တွေ အကြောင်းပါ။ဒီအဆောက်အဦး လူသေမှု ၂ခုဖြစ်ခဲ့ပြီး ပိုင်ရှင်ကလည်း ဘယ်သူမှန်းမသိရပါဘူး။ Carleyလို့ခေါ်တဲ့ စာအုပ်အယ်ဒီတာမလေး အဲ့ဒီ အဆောက်အဦးကို ရောက်လာပြီးတဲ့နောက် လူသေမှုတွေလည်း ထပ်ဖြစ်ခဲ့ပါတယ်။ဒီလူသတ်မှုတွေဟာ သူမနဲ့တိုက်ရိုက်ပတ်သက်လာတဲ့အချိန်မှာ၊အဆောက်အဦးပိုင်ရှင်ကလည်း သူမ လုံးဝမမျှော်လင့်ထားတဲ့ သူဖြစ်နေတဲ့အပြင်လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေတဲ့ ...
movie

[+18] Sliver(1993)

1993
Girls Trip (2017) 6.6
Girls Trip (2017) ကောလိပ်မှာအချစ်ဆုံးသူငယ်ချင်းဟောင်းတွေဖြစ်ကြတဲ့ Ryan, Sasha , Lisa နဲ့ Dina တို့တွေဟာကျောင်းပြီးသွားတဲ့အချိန်မှာတော့ တစ်ယောက်တစ်လမ်းဆီခွဲထွက်ပြီး ကိုယ့်ဘဝကိုယ်ရှေ့ဆက်ကြပါတယ်အိမ်ထောင်ကျပြီး ကလေး၂ယောက်အမေဖြစ်သွားတဲ့ လီဆာအောင်မြင်တဲ့စာရေးဆရာမ တစ်ယောက်ဖြစ်လာတဲ့ ရိုင်ယန်အတင်းပြောတဲ့ Blog တစ်ခုလုပ်ရင်း ငွေကြေးအခက်အခဲဖြစ်နေတဲ့ ဆာရှာအရင်ကလိုပဲ ကလေးဆန်နေဆဲဖြစ်တဲ့ ဒီနာ တို့ရိုင်ယန်ရဲ့အလုပ်ကိစ္စတစ်ခုကြောင့် နယူးအော်လန်ကို အတူတူခရီးထွက်ဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ်နယူးအော်လန်ကိုရောက်တဲ့အချိန်မှာပဲ ရိုင်ယန်ရဲ့ယောကျာ်းဖြစ်သူ စတီးဝပ် ဖောက်ပြန်နေတာကိုသိခဲ့ကြတယ်သူတို့သူငယ်ချင်းရိုင်ယန်ကို ဘယ်လိုကူညီကြမလဲယောကျာ်းနဲ့ဖောက်ပြန်နေတဲ့ စနိုက်ကြော်မကိုရော ၄ယောက်ပေါင်းပြီး ဘယ်လိုနှိပ်ကွပ်ကြမလဲနယူးအော်လန်မှာ သူငယ်ချင်း၎ယောက်ဘယ်လိုတွေ သောင်းကျန်းကြမယ်ဆိုတာကိုပရိတ်သတ်ကြီး ဆက်ကြည့်ရမှာပါဒီဇာတ်ကားက သူငယ်ချင်းတွေကြားမှာရှိတဲ့ သံယောဇဉ် နဲ့ အချစ် ကို ဖော်ပြတဲ့ဇာတ်ကားဖြစ်ပါတယ်စကားလုံးကြမ်းကြမ်းတွေပါလို့ မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူး BFF တွေနဲ့အတူကြည့်ပါ အူတက်အောင်ရယ်ရပါမယ် ?သူငယ်ချင်းတွေကိုချစ်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ခုပါ ?  (ဘာသာပြန်သူကတော ပြည့်စုံပါ)  File Size : (850 MB) and (350 MB) Quality : Bluray 720p Running Time : ...
movie

Girls Trip (2017)

2017